လျိုရွှီဒီမှာရောက်နေပြီ
Vol. 64 Ch. 1279
“ရှောင်ကျို့”
ပေထင်းကျင် ရေရွတ်လိုက်ရာ တုန်ဖန်းကျောက်တို့ကို ထိတ်လန့်သွားစေ သည်။ သူ၏ထူးဆန်းသောမျက်နှာအမူအရာကြောင့် အားလုံးသည် မတည်ငြိမ် နိုင်တော့ပေ။ ရှီမန်ဆုန်းသည် မျက်မှောင်ကြုတ်ပြီး မေးလိုက်သည် “သခင်ကျင် မသက်မသာဖြစ်လို့လား”
ပေထင်းကျင်သည် ခေါင်းခါပြီး ပေထင်းဟွမ်၏ဆံပင်ကို လက်ဖြင့်ဖွလိုက် သည်။ သူ၏မျက်လုံးထဲမှ ချစ်ခြင်းပြည့်နေသည့်အကြည့်များသည် စီးဆင်းနေ ပြီး နှုတ်ခမ်းထောင့်မှာ အနည်းငယ်ပြုံးကွေးတက်နေသည်။ သူ့ရှေ့မှ မိန်းကလေး မည်သသို့ပင်ဖြစ်စေကာမူ ပေထင်းကျင်၏မျက်လုံးထဲတွင် သူမ သည် သူ၏ညီမငယ်ဖြစ်သည် “ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုကြီးက မင်းကို ထောက်ပံ့ပေးမှာပါ ရှောင်ကျို့ မကြောက်နဲ့”
စက္ကန့်အနည်းငယ်အတွင်းမှာပင် ပေထင်းကျင်၏ စိတ်ထဲတွင် များပြားလှသော အတွေးများဖြတ်ပြေးသွားလိမ့်မည်ဟု ပေထင်းဟွမ် ထင်မထားပေ။ သူမသည် ပေထင်းကျင်၏လက်မောင်းပေါ်သို့ ခေါင်းမှီကာ ပေထင်းကျင်၏ ရင်ဘတ်နှင့် သူမ၏ဦးခေါင်းကို ပွတ်သပ်ရင်းနှင့် ကျေနပ်စွာ ပြောလေသည် “အင်း အစ်ကိုကြီး ကျွန်တော်လည်းအတူတူပါပဲ ကျွန်တော်က အစ်ကိုကြီးကို အမြဲတမ်းထောက်ပံ့ပေးနေမှာ”
“အင်း ဟုတ်ပြီ မင်းတို့နှစ်ယောက် ရွံစရာကောင်းတာတွေ လုပ်နေတော့ မှာလား၊ အဲလောက်ကြီး ချစ်ခြင်းတွေပြမနေပါနဲ့၊ အနည်းဆုံးတော့ မင်းတို့ ညီအစ်ကိုတွေဆိုတာ ငါတို့မသိဘဲနေလို့လား” တုန်ဖန်းကျောက်သည် ရင်ထဲမှ အားကျမှုနှင့် မုန်းတီးမှုတို့ကို မဖော်ပြနိုင်တော့ပေ။ သူ ယန်ချန်းကိုရောက်လာ ပြီးနောက် ရှောင်ကျို့နှင့် အရင်ကလို လက်ပင်မတွဲရသေးပေ “ရှောင်ကျို့ သွားကြမယ် စားပြီးရင် ဈေးဝယ်ထွက်မယ်၊ ယန်ချန်းလမ်းပေါ်မှာ လက်နက် တွေတောင်ဝယ်လို့ရတယ်လို့ကြားဖူးတယ်၊ ငါ ဗိုက်လည်းဆာနေပြီ”
သူသည် ယန်ချန်းတွင်ရှိနေသည့် အချိန်ကိုအခွင့်ကောင်းယူကာ ခွန်အား ကို တိုးတက်အောင်လုပ်ရန် အဘိုးဖြစ်သူမှ မလာခင်ကမှာလိုက်သည်။ ယန်ချန်းတွင်ကျင်းပါသောပွဲပြီးသည့်နောက်တွင် မဟာမိတ်အင်ပါယာသည် သူ့ကို တိုင်းတစ်ပါးသို့ပို့လိမ့်မည်။
သူ တခြားတိုင်းပြည်သို့သွားရမည်ဟုကြားသည်နှင့် တုန်ဖန်းကျောက် သည် ရက်ပေါင်းများစွာ အိပ်မပျော်နိုင်လောက်အောင် ပျော်မိလေသည်။ သူ့ကို တိုင်းတစ်ပါးသို့ ပို့ပြီး ခွန်အားသန်မာအောင်လေ့ကျင့်ခိုင်းမည်ဆိုပါက ရှောင်ကျို့၏ လုံခြုံမှုအတွက် သူ့ကို လွှတ်မည်မှာ မလွဲပေ။
ပေထင်းဟွမ်၏ ဦးဆောင်မှုအောက်၌ များပြားလှသော လူငယ်များသည် ဈေးဝယ်ထွက်မည့်အချိန်တွင် လျိုရွှီပြန်ရောက်ကြောင်း ယန်ချန်းမှလူများ သတင်းပို့လေည်။ ပေထင်းဟွမ်သည် ယန်ချန်းနှင့် မရင်းနှီးလှသော်လည်း လျိုရှီ သည် နယ်ခံဖြစ်၍ ပို၍သက်တောင့်သက်သာဖြစ်စေသည်။
“ခေါင်းဆောင် မင်း ယန်ချန်းကိုလာမယ်ဆိုတာကြားလို့ အင်ပါယာ ကျောင်းတော်ကနေ တန်းပြန်လာတာ၊ အဲဒီကလေးရှန်းယန်ပိုက ငါ့ကို သေ အောင်အားကျနေတာ မင်းသိမှာတောင်မဟုတ်ဘူး၊ သူက ငါနဲ့အတူလိုက်ဖို့ အတင်းပြောနေတာ၊ သူ့ကိုစောင့်ဖို့စိတ်မရှည်တော့လို့” လျိုရွှီသည် မယုံနိုင် လောက်အောင်ဖြစ်ကာ စားပင်မစားနိုင်ဘဲ ပေထင်းဟွမ်တို့အဖွဲ့ကို ဦးဆောင် ကာ မြို့အပြင်သို့ ပျံသွားလိုက်သည်။
“ဟုတ်လှချည်လား မင်းက ဝိညာဉ်ဂိုဏ်းတောင်ဖြစ်သွားပြီ” ပေထင်းဟွမ် သည် လျိုရွှီ၏ခွန်အားကို တစ်ချက်ကြည့်ရုံနှင့်မြင်ရကာ သူ့ကိုချီးကျူးလေ၏။
လျိုရွှီသည် ရှက်ရွံ့စွာနှင့် ခေါင်းကိုကုပ်လိုက်သည်။ သေချာပေါက်ပင် သူသည် ပေထင်းဟွမ်၏ခွန်အားကိုမမြင်နိုင်ပေ။ သူမ၏ရောင်ဝါမှာ ပို၍ချုပ်ထိန်းထားသည်ကိုပင် သူ ခံစားရလေသည်။ တစ်ကိုယ်လုံးသည် ဓားအိမ်ထဲမှ ချွန်ထက်ခြင်းမရှိသည့်ဓားနှင့်တူသည်။ သို့သော် အလွန် အန္တရာယ် ကြီးသည့် ခံစားချက်မျိုးရသည်။ “ခေါင်းဆောင် ငါတို့သံမဏိအဖွဲ့ထဲမှာ အဖွဲ့ဝင် ၈ ယောက်ရှိတယ်၊ အကုန်လုံးက ကျောင်းအုပ်နန်လင်းရဲ့ အပြင်းအထန် လေ့ကျင့်မှုအောက်မှာ ဝိညာဉ်ဂိုဏ်းကိုတက်သွားပြီ ဒါပေမဲ့ ခေါင်းဆောင်နဲ့ ယှဉ်ရင်တော့ သူတို့တွေက နောက်ကောက်ကျနေပါပြီ”
ပေထင်းဟွမ်၏ခွန်အားကို ပြောဖို့ရန်မလိုပေ။ ယခုအချိန်ထိ ပေထင်းကျင်ပင် မသိသေးပေ။ သို့သော် ပေထင်းဟွမ်၏ အဆင့်တက်သည့် အရှိန်နှုန်းကို သူတို့ကဲ့သို့လူမျိုးပင် လိုက်မမှီနိုင်ကြောင်းကို အားလုံး ကောင်းစွာ သိထားကြသည်။ သူမ တန့်ကာမြို့မှထွက်ခွာချိန်တွင် ဓားနတ်ဘုရားအဆင့် သာရှိသေးသည်။ သူမ၏ ဓားနတ်ဘုရားအဆင့်နှင့်ဆိုလျှင် သူတို့၏နောက်ခံ ဖြစ်သည့် မီးတောက်မြို့နှင့် ဇာမဏီမြို့တို့ရှိလျှင်တောင် ၁၀ နှစ်ကြာသည့်တိုင် မဖြစ်နိုင်ပေ။
“အရင်ဈေးဝယ်ထွက်ကြတာပေါ့၊ မှောင်လာရင် ကန်ဘက်သွားပြီး လှေစီး ကြမယ် ဆိုမယ့် ကမယ့် ကောင်မလေးတွေကိုရှာကြတာပေါ့၊ ယန်ချန်းရဲ့ ညရှုင်းကို သောက်ရင်းစားရင်း ကြည့်ကြတာပေါ့ ဘယ်လိုလဲ” လူတစ်စု မြို့အပြင်သို့ ပျံသွားသည့်အချိန်တွင် လျိုရွှီ အကြံပြုလေသည်။