ဒီနေရာကိုမလာသင့်တဲ့သူ
Vol. 64 Ch. 1280
သေချာပေါက်ပင် မည်သူမှ မငြင်းဆန်ပေ။ ယန်ချန်း၏ညရှုခင်းကို ကြည့်ရန် သူတို့ထွက်လာခြင်းပင်။
ရှီမန်ဆုန်းသည် ပေထင်းဟွမ်အား အနောက်သို့ဆွဲထားသည်။ သူတို့နှစ် ယောက်သည် နန်ကုန်းချန်းရှီးနှင့် အစ်မဖြစ်သူတို့ အတန်ငယ်ကွာဝေးသွား သည်အထိစောင့်ပြီးမှ ရှီမန်ဆုန်းသည် ပေထင်းဟွမ်အား လက်အုပ်ချီလေသည် “ရှောင်ကျို့ ငါမလုပ်ချင်ပါဘူး ဒါပေမဲ့ အဘိုးက ခေါင်းမာနေတာ၊ ငါ မင်းကို မျက်နှာချင်းဆိုင်တွေ့ပြီး ကျေးဇူးတင်ချင်တာ”
ရှီမန်ဆုန်းသည် အဖြူရောင်ဘရိုကိတ်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ကျောက်စိမ်းသစ်ပင်ကဲ့သို့ လေကိုမျက်နှာမူထားပြီး ကျော့မော့သော ကိုယ်နှုတ် အမူအရာရှိသည်။ ဝါးစိမ်းများ၏ လေပြေလေညှင်းပင် သူ့ကိုမကျော်လွန်နိုင် ပေ။ သူမကို ကိုးရို့ကားယားနိုင်စွာနှင့် အရိုအသေပေးနေသည်ကို ကြည့်ပြီး ပေထင်းဟွမ်သည် အံ့အားသင့်မိကာ သူ့အား ရိုက်ချလိုက်သည် “အစ်ကိုရှီမန် ဘာမှလည်းမပြောဘဲနဲ့ ဘာအတွက်ကျေးဇူးတင်တာလဲဆိုတာ ဘယ်လိုလုပ် သိမှာလဲ”
ရှီမန်ပိုင်တို့သားအဖကို ရှာပေးသည့်အတွက် ရှီမန်မိသားစုသည် သူမအား ကျေးဇူးတင်နေသည်ကို ပေထင်းဟွမ်ရှင်းလင်းစွာသိသည်။ ရှီမန်မိသားစုသည် ရှီမန်ပိုင် သေသွားပြီဟု နဂိုကတွေးခဲ့ကြသည်။ မိသားစု၏တိုက်ရိုက်ဆက်ခံသူ သွေးသားသည် အပြင်တွင်နှစ်ပေါင်းများစွာနေခဲ့ပြီး များစွာခံစားရလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။ ထိုအကြောင်းအရာများကိုသိပြီးနောက် စိတ်ဓာတ် မကျစရာမဖြစ်နိုင်တော့ပေ။
ကံကောင်းစွာပင် ပေထင်းဟွမ်သည် ရှီမန်ပိုင်၏ခြေထောက်ကို ကုသပေး ခဲ့ပြီး သူ၏ခန္ဓာကိုယ်ထဲမှခွန်အားကို ပြန်အားဖြည့်ပေးခဲ့ကာ အသက်ရှင်ရန် သတ္တိကိုပြန်ပေးခဲ့သည်။
မတွေ့ရသည်မှာကြပြီဖြစ်သဖြင့် ပြောစရာများစွာရှိနေသည်။ ပေထင်းဟွမ်သည် ရှီမန်ပိုင်တို့သားအဖ၏ လက်ရှိအခြေအနေကို မေးလေသည် “ရှောင်ရုန်ရော ဘယ်လိုနေလဲ၊ အစ်ကိုကြီးရှီမန်ပိုင်ရော”
“ရှောင်ရုန်ကတော့ အာမြောင်နဲ့အတူ ကစားနေပြီ၊ သူတို့နှစ်ယောက်က တော့ မင်းကျွေးတဲ့ဆေးတွေကြောင့် သူတို့မျိုးဆက်မှာ အားအကောင်းဆုံးဖြစ် နေပြီ၊ တစ်ယောက်ချင်းစီမှာလည်း သားရဲရှိနေပြီ၊ နေ့တိုင်းတစ်ယောက်နဲ့ တစ် ယောက် တော်တော်တွယ်တာနေကြတာ၊ ပြီးတော့ မတိုက်ခိုက်ဘဲနဲ့ မအိပ်နိုင် တော့ဘူး၊ ငါ့အစ်ကိုကြီးနဲ့ မိုလိတို့က အတူပေါင်းပြီးဆေးသန့်စင်နေတာ အရူး အိုက်လန်နဲ့တောင်ယှဉ်နိုင်နေပြီ” ရှီမန်ဆုန်းသည် ပြုံးပြီး ခေါင်းခါလေသည်။
“ဟေး ဒီမှာ ဒီမှာ ဝင်သွားကြည့်ရအောင်” အရှေ့မှလျှောက်နေသော တုန်ဖန်းကျောက်သည် ရပ်ကာ လမ်းဘေးမှဝိညာဉ်လက်နက်များရောင်းသည့် ဆိုင်ကို ညွှန်ပြလေသည် “ငါ မှော်လက်နက်တစ်ခုဝယ်ချင်တယ်၊ မင်းတို့ ငါနဲ့ လိုက်ပြီးကြည့်ပေးကြဦး”
သူသည် မျက်နှာပြောင်လွန်းသည်။ လက်နက်ဝယ်မည်ဟု အော်ဟစ်နေ ရာ လမ်းသွားလမ်းလာများသည် ရပ်ပြီး တုန်ဖန်းကျောက်အားကြည့်ကြလေ သည်။
ပေထင်းဟွမ်နှင့် ရှီမန်ဆုန်းတို့ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက် ကြသည်။ တစ်ယောက်နှင့်တစ်ယောက်၏မျက်လုံးထဲမှ ကူကယ်ရာမဲ့သည့် အရိပ်အယောင်ကိုမြင်လိုက်ကြသည်။ ထို့နောက် သူတို့သည် တုန်ဖန်းကျောက် နောက်သို့လိုက်ကာ ဆိုင်ထဲဝင်ကြသည်။ မျိုးရိုးမြင့် အမျိုးသားငယ်နင့် အမျိုးသမီးငယ်တို့ပါဝင်သည့် အဖွဲ့ကြီးဖြစ်ရာ ဆိုင်ရှင်သည် သူတို့အား အလွန် ပင် အာရုံတစိုက်နှုတ်ဆက်လေသည် “သခင်လေးတို့ တော်တော်မြင်တတ်တာ ပဲ၊ ယန်းမြို့ကိုလာရင် လက်နက်ဝယ်ရမှာပေါ့၊ ဒီက ကျုပ်တို့စီးပွားရေးက အရမ်းမျှတတယ် လိမ်ညာတာတွေမရှိဘူ၊ ဆိုင်ထဲကလက်နက်တွေကို ကျုပ် အဘိုးကြီး ကိုယ်တိုင်လုပ်ထားတာပါ၊ ဒီကလက်နက်တွေက မှော်လက်နက် တွေဆိုတာ မြင်နိုင်ပါတယ်”
တုန်ဖန်းကျောက်သည် ဆိုင်ရှင်၏စကားကိုပင် ဆုံးအောင်နားမထောင် ပေ။ သူသည် ခေါင်းလှည့်ပြီး လျိုရွှီအား မေးလေသည် “သူပြောတာအမှန်လား ဆိုတာ ကူကြည့်ပေးဦး”
တုန်ဖန်းကျောက်၏အသံမှာ တိုးညင်းခြင်းမရှိပေ။ ဆိုင်ရှင်သည်လည်း သခင်တစ်ဘောက်ဖြစ်ကာ သေချာပေါက်ပင် ကြားနေရသည်။ လျိုရွှီသည် ဆိုင်ရှင်နှင့်အကြည့်ချင်းဖလှယ်ပြီးနောက် ခေါင်းကို ကူကယ်ရာမဲ့စွာခါယမ်း လိုက်သည် “ဦးလေးချီရှန့်က ငါ့အဖေရဲ့ညီလေးပဲ၊ သူက နတ်ဘုရားအဆင့် လက်မှုပညာသည်ပဲ မင်းကိုလိမ်မှာမဟုတ်ဘူး”
“အာ.. အသိအကျွမ်းတွေလား” တုန်ဖန်းကျောက်သည် ဒေါသထွက်လွန်း သဖြင့် သုံးပေအမြင့်ရောက်သည်အထိ ထခုန်မိလေသည် “ကောင်လေး မင်းတို့ မိသားစုကလက်နက်ရောင်းတာကို ဘာလို့စောစောကမပြောလဲ”
လျိုရွှီသည် တုန်ဖန်းကျောက်၏လက်ကို ပြန်ဆွဲလေသည်။ သူ့မျက်နှာမှ အပြုံးသည် ငိုနေသည်ထက်ပင် ကြည့်ရဆိုးနေသည် “ယန်ချန်းကိုလာတဲ့သူ တွေက မင်းလိုမသိတဲ့လူတွေမှမဟုတ်တာ”
ထိုစကားကြားပြီးနောက် ပေထင်းဟွမ်သည် စိတ်သက်သာရာရမိသည်။ ဈေးကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ ပစ္စည်းအစစ်အမှန်ကိုဝယ်ယူနိုင်သည်။ သူမသည် တံခါးဆီသို့ ခြေတစ်လှမ်းဆုတ်မည်အပြု ထိုအချိန်တွင် ရင်းနှီးသော အသံသည် လမ်းပေါ်မှထွက်လာလေသည် “ရွှီရှောင်မို သူများတွေကို အဲလောက် အနိုင်မကျင့်နဲ့၊ ယန်ချန်းမှာဘယ်သူမှ တိုက်ခိုက်ခွင့်မရှိဘူး၊ ငါ သွားတဲ့နောက်ကိုလိုက်နိုင်ရင်တောင် ဘယ်လိုလုပ်နိုင်မှာလဲ”