← Chapters

အခန်း (၈၄၁)

Vol. 57 Ch. 841

အခန်း (၈၄၁)

Vol. 57 Ch. 841

မြင့်မြတ်ဓား အပိုင်းအစသုံးခု၏ ပေါင်းစည်းမှုဖြင့် သွေးသောက်ဓားက သံသယဖြစ်ဖွယ်မရှိ အဆင့်ကိုးသို့ တက်လှမ်းသွားပြီး ကြယ်တစ်ပွင့် ဧကရာဇ်နယ်ပယ် လက်နက်တစ်ခုဖြစ်လာသည်။

သွေးသောက်ဓားက ရှစ်ဖုန့်၏ ညာဘက်လက်ခလယ်၌ သွေးနီရောင်ဓားအမှတ်အသား ဖြစ်ပြန်လည်ပြောင်းသွားချိန်တွင် ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က သူတို့၏ ခရီးကိုဆက်လိုက်ပြီး ကောင်းကင်ထဲ၌ကခုန်နေသော အဝါရောင်မီးတောက်တို့ထံသို့ လျှောက်လှမ်းသွားလိုက်သည်။

လမ်း၏ စတင်ခြင်းက တိတ်ဆိတ်မှုဖြင့်ဖြစ်သည်။ ဤနေရာ၌မည်သည့်အခြားသော သက်ရှိမှရှိနေပုံမရပေ။ ဤမှုန်မှိုင်းသောကမ္ဘာအတွင်းအတွင် ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့၏ ခြေလှမ်းသံများကသာ ဖြည်းညှင်းစွာပဲ့တင်ထပ်နေသည်။

“ဖတ်..ဖတ်..ဖတ်..ဖတ်.”

ဖြည်းဖြည်းချင်း သူတို့၏ရှေ့၌ လှိုင်းလုံးများက အကန့်သတ်မဲ့သောပင်လယ်တစ်ခုကဲ့သို့ ပြင်းထန်စွာတလိပ်လိပ်ထလာသည်။ ၎င်းကရှစ်ဖုန့်နှင့်လောချင်းချွမ်တို့၏ မြင်ကွင်းအတွင်း၌ပေါ်လာ၏။

“ဗြန်း..ဗြန်း..ဗြန်း..ဗြန်း..”

လှိုင်းများရိုက်ခတ်သောအသံများက သူတို့၏နားအတွင်းပြင်းထန်စွာဝင်ရောက်လာသည်။

ပင်လယ်နှင့်ဖြည်းဖြည်းချင်းနီးကပ်လာသကဲ့သို့ ခက်ထန်ပြီးအုံကြွနေသောလှိုင်းများနှင့် အကန့်သတ်မဲ့သောပင်လယ်က တကယ်ကြီး အဝါရောင်ဖြစ်နေသည်ကို လောချင်းချွမ်မြင်တွေ့လိုက်ရသည်။

“အဝါရောင်စမ်းချောင်းလမ်း”

ယခင်ကရှစ်ဖုန့်ပြောခဲ့သော စကားက လောချင်းချွမ်၏စိတ်ထဲ၌ ရုတ်ခြည်းပေါ်လာသည်။ သူကသဘောပေါက်ဟန်ဖြင့်ပြောလိုက်သည်။

“ဒါကလမ်းရဲ့အစကိုး.. အဝါရောင်စမ်းချောင်းလမ်းက ငါတို့ရဲ့ရှေ့မှာနဲ့တူတယ်”

ရှစ်ဖုန့်က ရှေ့သို့စိုက်ကြည့်နေသည်။ လောချင်းချွမ်၏တီးတိုးရေရွတ်မှုအားကြားပြီးနောက် သူကခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ဟုတ်တယ်..ဒါကအဝါရောင်စမ်းချောင်းလမ်းပဲ”

“ဒါပေမဲ့ ဒီမှဦက ကြီးမားတဲ့အဝါရောင်စမ်းချောင်းကြီးပဲရှိတာ လမ်းကဘယ်မှာလဲ”

လောချင်းချွမ်ကမေးလိုက်သည်။

“ရှေ့ကိုဆက်ပြီးသွား. လမ်းကမင်းရဲ့ခြေဖဝါးအောက်မှာ”

ရှစ်ဖုန့်ကပြောလိုက်သည်။

“အိုး”

လောချင်းချွမ်ကနားလည်ဟန်ဖြင့်ခေါင်းညိမ့်လိုက်သည်။ ထို့နောက်သူက ရှစ်ဖုန့်နှင့်အတူရှေ့သို့ဆက်လက်သွားလိုက်၏။

သူတို့ကအုံကြွနေသောအဝါရောင်စမ်းချောင်းထံသို့တစ်လှမ်းချင်းချဉ်းကပ်လာခဲ့သည်။ ဤအချိန်တွင် သူ၏ကိုယ်အားဤကမ္ဘာ၏ရုတ်တရက်ဖိနှိပ်မှုကိုလောချင်းချွမ်ခံစားလိုက်ရပြီး လေကိုထိုးခွင်းနိုင်သော စွမ်းအားတို့ပျောက်ဆုံးသွားသည်။

ဤအချိန်တွင် သူတို့အနေဖြင့် အပလောကအတွင်း တစ်လှမ်းခြင်းခြေချလျှောက်လှမ်း၍သာရှေ့သို့ဆက်နိုင်မည်ဖြစ်သည်။ ရှစ်ဖုန့်ပြောသောသူတို့ခြေဖဝါးအောက်ရှိလမ်းကလုံးဝပေါ်မလာသေးချေ။

ဤအချိန်တွင်ရှစ်ဖုန့်က ထပ်မံပြောလိုက်သည်။

“မင်းဒီသခင်လေးနောက်ကနေ လိုက်ပြီး ရှေ့ကိုဆက်လျှောက်နေဖို့ပဲလိုအပ်တယ်.. မှတ်ထားပါ.. မင်းအဝါရောင်စမ်းချောင်းလမ်းပေါ်ကို ခြေချမိတာနဲ့ မင်းပြန်လှည့်လို့မရတော့ဘူး. ဘာတွေပဲမြင်မြင် ဘာတွေကိုပဲကြားရကြားရ မင်းပြန်ပြီးလှည့်လို့မရဘူး. အဝါရောင်စမ်းချောင်းလမ်းပေါ်မှာ လင်ယဲ့ဖုန်း သေလုနီးပါးဖြစ်သွားရတာက သူနောက်ပြန်လှည့်လို့ပဲ”

ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် လောချင်းချွမ်တုန်လှုပ်အံ့အားသင့်သွားသည်။ သူ၏အကြီးဆုံးစီနီယာအကိုဖြစ်သူ လင်ယဲ့ဖုန်းက ငရဲဘုံဘုံနန်းသို့သွားသည့် လမ်းပေါ်၌ သေလုနီးပါးဖြစ်ခဲ့ရသည်ဟု သူ့ကိုတစ်ခုပြောပြခဲ့ဖူး၏။ သူသေလုနီးပါးဖြစ်ခဲ့ရသည်က အဝါရောင်စမ်းချောင်းလမ်း၌ဖြစ်နေသည်။

ထိုအချိန်က လင်ယဲ့ဖုန်းမှာ ယခုသူ့ထက်များစွာ အစွမ်းထက်သန်မာသည်ဖြစ်သည်။ တလိပ်လိပ်ထနေသောဤအဝါရေ င်စမ်းချောင်း၏ ရေတို့က ကျင့်ကြံသူတစ်ဦးအတွက် ကိစ္စကြီးတစ်ခုဖြစ်ပုံရဟန်မရှိပေ။

သို့သော် လောချင်းချွမ်အနေဖြင့် ဤအဝါရောင်စမ်းချောင်းကထင်သလောက်မရိုးရှင်းမှန်းကိုသိသည်ဖြစ်သည်။

ရှစ်ဖုန့်က လောချင်းချွမ်ကိုပြောပြီးနောက် သူ၏ခြေထောက်အား တလိပ်လိပ်ထနေသော အဝါရောင်စမ်းချောင်းအတွင်းခြေချပြီးဖြစ်၏။

အဝါရောင်စမ်းချောင်း၏ ရေတို့က ရှစ်ဖုန့်၏ကိုယ်အားနစ်မြုပ်မသွားစေပေ။ သူ၏ခြေထောက်အောက်တွင် မမြင်နိုင်သော လမ်းတစ်ခုက သူ၏ကိုယ်အား နစ်မသွားစေရန် ထောက်ပံ့ပေးထားသကဲ့သို့ဖြစ်နေသည်။

ထို့နောက်ရှစ်ဖုန့်က ရှေသို့တစ်လှမ်းချင်းလှမ်းသွားပြီး တလိပ်လိပ်ထနေသောလှိုင်းတို့အတွင်း ဝင်သွားကာ ပြင်းထန်သောအဝါရောင်လှိုင်းတို့အားဆန့်ကျင်၍ရှေ့သို့ချီတက်သွားသည်။

ရှစ်ဖုန့်ကရှေ့သို့သွားသည်ကိုမြင်ရသောအခါတွင် လောချင်းချွမ်ကလည်းတုန့်ဆိုင်းနေခြင်းမရှိဘဲ ဆရာဖြစ်သူရှစ်ဖုန့်၏နောက်မှ တစ်လှမ်းချင်းလိုက်ပါလိုက်သည်။

“ချင်းချွမ်..ချင်းချွမ်”

အဝါရောင်စမ်းချောင်းလမ်းပေါ်သို့ခြေ ချချခြင်း လောချင်းချွမ်မှာ သူ၏နောက်ကျောမှ တစ်စုံတစ်ယောက်၏ ခေါ်နေသံကိုကြားရပြီး ဤအသံက အရမ်းကိုရင်းနှီးနေသည်ဟုထင်ရသည်။

“အဖေ”

လောချင်းချွမ်မှာ ဤအသံအားကြားလိုက်ရသောအခါတွင် ရုတ်တရက်တုန်လှုပ်အံ့အားသင့်သွားသည်။လောကဓံတရားတို့ကို ရင်ဆိုင်ရာဖော်မဲ့ညှိုးငယ်နေသော အသံကဲ့သို့ဖြစ်နေသည့် ဤအသံကား လွန်ခဲ့သောနှစ်ပေါင်းများစွာသေဆုံးသွားခဲ့ သူ၏ဖခင်ဖြစ်သူအသံပင်ဖြစ်သည်။

ဤနေရာ၌သူ၏ဖခင်ကမည်ကဲ့သို့ပေါ်လာပါသနည်း။

“အာရုံအပြောင်းအလဲတွေကိုဖျက်ပစ်စမ်း.. ဒီအသံတွေကြောင့်စိတ်အာရုံထွေပြားမခံနဲ့ နောက်ကိုလှည့်မကြည့်နဲ့.. “

ဤအချိန်တွင်ရှစ်ဖုန့်၏အသံကရှေ့မှထပ်မံထွက်ပေါ်လာပြီး လောချင်းချွမ်အားထပ်မံညွှန်ကြားလိုက်သည်။

ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက် လောချင်းချွမ်ကချက်ချင်းပြန်တုန့်ပြန် လိုက်ကာ သူ၏စိတ်ထဲ၌စိတ်ပိုင်းဖြတ်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

“ဟုတ်တယ်.. စိတ်လှည့်စားမှု..ဒါကစိတ်လှည့်စား မှုတစ်ခုပဲဖြစ်ရမယ်.. ငါအဖေကသေသွားတာနှစ်ပေါင်းများ စွာရှိနေပြီ.. ဘယ်လိုလုပ်ပြီးဒီမှာရှိနေမှာလဲ”

“မင်းနောက်ကိုကြည့်လိုမရဘူး”

လောချင်းချွမ်ကရှစ်ဖုန့်၏ စကားအား သူ၏နှလုံးသားထဲ၌မှတ်သားထားလိုက်သည်။

သူ၏ စီနီယာအကိုလင်ယဲ့ဖုန်းကြုံခဲ့ရသောအတွေ့အကြုံကိုထည့်ပေါင်းလိုက်လျှင် အကယ်၍ သူသာနောက်သို့ကြည့်မိသည်နှင့် ပြန်လမ်းမရှိသောနေရာသို့တကယ် ကျဆင်းသွားမည်ဖြစ်သည်ကို လောချင်းချွမ်သိသည်ဖြစ်သည်။

ထို့နောက် လောချင်းချွမ်က သူ့ဖခင်၏ ဝမ်းနည်းနေသောအသံကို လျစ်လျူရှုပြီး သူ၏လမ်းခရီးကိုဆက်လိုက်သည်။

“ချင်းချွမ်.. မင်းအဖေအရမ်းအေးတာပဲ. အရမ်းအေးတယ်. ချင်းချွမ်. မင်းအဖေကိုကြည့်ပါအုံး”

“ချင်းချွမ် .. မင်းဘာလို့ မင်းအဖေကိုစွန့်ပစ်သွားတာလဲ.. မင်းအဖေငါမင်းကိုမွေးခဲ့တာ အလကားပဲ.. မင်းက သားတစ်ယောက်ဖြစ်ဖို့မထိုက်တန်ဘူး. သေခြင်းမဲ့တောင်တန်းရဲ့လောမိသားစုက မကြာခင်ဒါမှမဟုတ်နောက်ကြ မင်းကြောင့်ကျဆုံးရလိမ့်မယ်”

ဤအချိန်တွင် သူ၏ဖခင်ကမည်သို့ပင်ပြောပါစေ လောချင်းချွမ်က မကြားချင်ဟန်ဆောင်ပြီး ၎င်းအားစိတ်လှည့်စားမှုတစ်ခုအဖြစ်မှတ်ယူထားကာ သူ၏လမ်းကိုဆက်လိုက်သည်။

“ချင်းချွမ်. မင်းကိုယ့်အဖေကိုဘယ်လိုတောင်လျစ်လျူရှုရဲတာလဲ.. မင်းကိုအသက်ရှင်အောင်ထားဖို့အတွက် မင်းအဖေဘယ်လောက်တောင်ပေးဆပ်အားထုတ်ကြိုးပမ်းခဲ့ရလဲ မင်းသိလား”

ဤအချိန်တွင် လောချင်းချွမ်၏နားထသို့ နောက်ထပ်ရင်းနီးသော အမျိုးသမီးတစ်ဦး၏အသံဝင်ရောက်လာပြီး ယင်းအသံက သူ၏ မွေးသမိခင်ကျေးဇူးရှင်၏အသံဖြစ်သည် ကိုလောချင်းချွမ် မှတ်မိသည်ဖြစ်၏။

“စိတ်လှည့်စားတာ..နောက်ထပ်စိတ်လှည့်စားတာပဲ.. ငါနောက်ကိုကြည့်လို့မဖြစ်ဘူး”

လောချင်းချွမ်ကသူ့ကိုယ်သူထပ်မံပြောလိုက်သည်။

သူမွေးမွေးချင်းလုပ်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုခံခဲ့ရသည်ကို သူငယ်ငယ်ကတည်းကမှတ်မိသည်ဖြစ်သည်။ သူအဆိပ်ခပ်ခံခဲ့ရပြီး သုံးရက်ထက်အသက်ပိုရှင်ရန်မဖြစ်နိုင်ခဲ့ပေ။

သို့သော်သူ၏ဖခင်က အမြဲတမ်း လက်လျော့ရန် ငြင်းဆန်ခဲ့သည်။ မည်မျှပင်ကုန်ကျပါစေ မည်မျှပင်သူကြိုးစားအားထုတ်ရပါစေ သားဖြစ်သူ၏အသက်ကိုကယ်တင်ချင်ခဲ့ပြီး သူ၏ကိုယ်အတွင်းသို့အသတ်ဓာတ်များအား နေ့တိုင်းအဆက်မပြတ်သွင်းပေးခဲ့သည်။

နှစ်ပေါင်းများစွာကျင့်ကြံထားခြင်းနှင့်ပင်ထိုသို့လုပ်နိုင်ရန်သူ့အတွက်ခဲယဉ်းလှသည်ဖြစ်သည်။

သူ့ဖခင်၏ကြင်နာမှုအားသူ့အနေဖြင့် နှလုံးသားထဲ၌ အမြဲအမှတ်ရနေသည်ဖြစ်သည်။

“အား..နာတယ်.. အရမ်းနာလိုက်တာ. အား”

ဤအချိန်တွင် နောက်ထပ်နာကျင်မှုအပြည့်ဖြင့်စူးစူးဝါးဝါး အော်ဟစ်သောအသံက လောချင်းချွမ်၏နောက်မှ ထွက်ပေါ်လာသည်။ ဤသည်ကား သူဖခင်၏ အော်ဟစ်မြည်တမ်းနေသောအသံဖြစ်သည်။

“နင်..သူ့ကို မရိုက်ပါနဲ့.. ရိုက်ချင်ရင် ငါ့ကိုရိုက်ပါ.. ငါ့ကိုသာရိုက်လိုက်ပါ”

ဤသည်ကား သူ့မိခင်၏တစ်စုံတစ်ယောက်အားတောင်းပန်အသနားခံနေသည့်အသံဖြစ်သည်။

“ချင်းချွမ်.. မင်းအဖေကို ကူပါအုံး. အကယ်၍ မင်းအဖေကို မင်းမကူရင်. သူ..သူတို့က သူ့ကို သေတဲ့အထိရိုက်ကြမှာ.. အား..”

မိခင်ဖြစ်သူ၏ အသနားခံသောအသံနှင့်နာကျင်စွာအော်ဟစ်သောအသံက လောချင်းချွမ်၏နောက်မှ ထပ်မံထွက်ပေါ်လာသည်။

အသံကအစစ်အမှန်ဖြစ်သလို ဝမ်းနည်းဖွယ်မြင်ကွင်းကလည်းသူ၏နောက်၌ တကယ်ဖြစ်ပျက်နေသကဲ့သို့ဖြစ်သည်။

“ချင်းချွမ်. မင်းက ကျေးဇူးကန်းတဲ့သားမိုက်”

“တိရစ္ဆာန်.. ငါတို့က မင်းကိုဘယ်တုံးကမှ မမွေးခဲ့သလိုမျိုးဟန်ဆောင်နိုင်လောက်အောင် အသဲမာတဲ့သားမိုက်”

“အဖေ…အမေ”

ဤကဲ့သို့စစ်မှန်သောအသံများကိုကြား ရပြီးနောက် လောချင်းချွမ်၏ကိုယ်က စတင်တုန်ယင်လာသည်။

“သား..သား. ..မဟုတ်ဘူး.စိတ်အာရုံချောက်ချားတာ.. ဒါတွေအားလုံးက စိတ်အာရုံချောက်ချားတာ.. နောက်ကိုမကြည့်နဲ့ လုံးဝမကြည့်နဲ့. လုံးဝ”

လောချင်းချွမ်ကနောက်တစ်ကြိမ် သူ့ကိုယ်သူပြောလိုက်ပြီး သူ၏လက်တို့ဖြင့်သူ၏နားတို့ကို ဖုံးအုပ်လိုက်သည်။

“အား..ချင်းချွမ်”

သို့သော် လောချင်းချွမ်သူ၏နားတို့အားတင်းကျပ်စွာပိတ်ထားသည့်တိုင် သူ၏နောက်ရှိအသံများက သူ့နားထဲသို့ ရှင်းလင်းစွာရောက်ရှိပြီး သူ၏စိတ်ထဲ၌ ပဲ့တင်ထပ်နေဆဲဖြစ်သည်။

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters