အခန်း (၈၄၂)
Vol. 57 Ch. 842
လောချင်းချွမ်က ရှစ်ဖုန့်၏နောက်မှလိုက်ပါလာပြီး အဝါရောင်စမ်းချောင်း၏တလိပ်လိပ်ထ နေသော လှိုင်းများအတွင်းလျှောက်လှမ်းနေသည်။ ပတ်ဝန်းကျင်၌ လှိုင်းလုံးများက တလိပ်လိပ်ထနေသော်လည်း လောချင်းချွမ်၏ စိတ်ထဲတွင်တော့ စူးစူးဝါးဝါးအော်ဟစ်သောအသံများက တစ်ခုပြီးတစ်ခု ပဲ့တင်ထပ်နေဆဲဖြစ်သည်။
လောချင်းချွမ်ရှေ့သို့ဆက်လက်ချီတက် လာသကဲ့သို့ အော်သံများကလည်း ပို၍ကျယ်လောင်လာသည်။
ပထမဆုံးကသူဖခင်နှင့်မိခင်ဖြစ်ပြီး ထို့နောက် စူးစူးဝါးဝါးအော်ဟစ်သံများက သေခြင်းမဲ့တောင်တန်း၏ မိသားစုဝင်များထံမှဖြစ်သည်။
“မိသားစုခေါင်းဆောင်. ကျွန်တော့်ကိုကယ်ပါအုံး. ကျွန်တော့်ကိုကယ်ပါ ..သွေးပန်းခက်မျိုးနွယ်စုရဲ့ နတ်ဆိုးကြောင့် ကျွန်တော် လောယွမ် ခေါင်းဆောင်နဲ့အတူသေရလိမ့်မယ်”
“မိသားစုခေါင်းဆောင်”
စူးစူးဝါးဝါးငယ်သံပါအောင်အော်ဟစ်သောအသံများက တစ်ခုပြီးတစ်ခုထွက်ပေါ်လျှက်ရှိသည်။ လောချင်းချွမ်၏စိတ်က မြဲမြံခိုင်မာသော်လည်း အကြိမ်များစွာနောက်လှည့်လုနီးပါးဖြစ်ရသည်ဖြစ်သည်။ သူ၏ခန္ဓာကိုယ်နှင့်နှလုံးသားက အဆက်မပြတ်ရုန်းကန်နေရပြီး တုန်ယင်နေသည်။
သို့သော်ရှစ်ဖုန့်၏ စကားတို့အားသူအမြဲအမှတ်ရသည်ဖြစ်၏။ သူ့ကိုယ်သူဒုက္ခအဖြစ်ခံမည်မဟုတ်ပေ။
လောချင်းချွမ်တစ်ယောက် ဤလမ်းပေါ်တွင်အရမ်းခက်ခဲပင်ပန်းစွာ လျှောက်လှမ်းနေရပြီး သူ၏မျက်နှာထက်၌ နာကျင်မှု၊အပြင်းအထန်ရုန်းကန်မှုတို့ဖြင့်ပြည့်နှက်နေသည်။
ဤအခိုက်အတန့်တွင် အဝါရောင်စမ်းချောင်းလမ်းအား တကယ်တွေ့ကြုံခံစားဖူးကြသည့်သူများသာ လောချင်းချွမ်၏စိတ်အခြေအနေကို အမှန်တကယ်နားလည်နိုင်မည်ဖြစ်သည်။
“ထွက်သွား.ထွက်သွားကြစမ်း. ငါဒါတွေကိုမကြားချင်ဘူး. ငါမင်းတို့ရဲ့စိတ်ညှို့တာကို လုံးဝခံမှာမဟုတ်ဘူး”
ဆရာဖြစ်သူ၏ စကားတို့အား နှလုံးသားထဲ၌အမှတ်ရနေသော လောချင်းချွမ်က ရုတ်တရက် အော်ဟစ်ပေါက်ကွဲလိုက်သည်။
“ချင်းချွမ်. မင်းကသားတစ်ယောက်ဖြစ်ဖို့ မထိုက်တန်တဲ့ကောင်ပဲ. မင်းကိုတိရစ္ဆာန်မျိုးကို ပျိုးထောင်ခဲ့ရတာ အလကားပဲ.. ငါ့ရဲ့အားထုတ်မှုတွေအားလုံးအလကားပဲ.. ငါသာမင်းကဒီလိုတိရစ္ဆာန်တစ်ကောင်ဆိုတာကိုသိခဲ့ရင် ငါမင်းကိုအဲ့နေ့ကတည်းက သတ်ပစ်တယ်”
“လောချင်းချွမ်က မင်းက လောမိသားစုရဲ့ ခေါင်းဆောင်ဖြစ်ဖို့မထိုက်တန်ဘူး. လောမိသားစုတစ်ခုလုံးက သွေးပန်းခက်မျိုးနွယ်ကနတ်ဆိုးကြောင့် ဖျက်ဆီးခံရတော့မှာကို မင်းကမကူညီဘူး..အား…”
“လောချင်းချွမ်..”
“လောချင်းချွမ်..”
“လောချင်းချွမ်”
အသံများ နတ်ဆိုးကဲ့သို့သောအသံများက လောချင်းချွမ်၏နားထဲ၌ဆက်လည်ထွက်ပေါ်နေသည်။
လောချင်းချွမ်က သူ၏လက်သီးတို့ကို တင်းနေအောင်ဆုပ်ထားပြီး အံကိုတင်းတင်းကြိတ်ကာ သူ့ကိုယ်သူနောက်ပြန်မလှည့်ရန်တွန်းအားပေးနေသည်။
ဤအချိန်တွင် ရှေ့မှလျှောက်နေသော ရှစ်ဖုန့်က ရုတ်တရက်သူ၏လမ်းကြောင်းကိုရပ်တန့်လိုက်သည်။
ဤအချိန်တွင် ရှစ်ဖုန့်၏အသံက လောချင်းချွမ်၏နားထဲဝင်ရောက်လာသည်။
“ချင်းချွမ်.. အန္တရာယ်အရှိဆုံးက မင်းရှေ့က ကူကယ်ရာမဲ့မှု တံတားပဲ.. မင်းသာဒီကူကယ်ရာမဲ့မှုတံတားကိုဖြတ်သန်းနိုင်တာနဲ့ မင်းရဲ့ခရီးလမ်းက ချော့မွေ့သွားလိမ့်မယ်”
“ဒါပေမဲ့မှတ်ထားပါ. ကူကယ်ရာမဲ့မှုတံတားပေါ်မှာမင်းရှိနေတုံး မင်းအဲ့အသံတွေကိုပဲကြားရမှာမဟုတ်ဘူး. များပြားတဲ့အမှန်တကယ် မြင်ကွင်းတွေကိုပါမင်းမြင်တွေ့ရမှာ. မင်းရဲ့စိတ်ကိုကာကွယ်ပြီးတော့ ရှေ့ကိုဆက်ဖို့အာရုံစိုက်.. မဟုတ်ရင် မင်း. အဆုံးမဲ့ငရဲသစ်ငုတ်တိုအခြေအနေကိုကျရောက်သွားပြီး ဒီသခင်လေးတောင်မင်းကို ကယ်နိုင်စွမ်းရှိမှာမဟုတ်ဘူး”
“ကျွန်..ကျွန်တော်နားလည်ပါပြီ”
စကားပြောရာတွင်လောချင်းချွမ်၏အသံကအနည်းငယ်အားစိုက်နေရသည်။
“မှတ်ထားပါ.. ဘာတွေပဲဖြစ်နေပါစေ ဘာတွေပဲမြင်နေပါစေ အဲ့အပေါ်ကိုအာရုံသွားမစိုက်နဲ့”
ရှစ်ဖုန့်က ဆက်လက်ညွှန်ကြားသည်။ ထို့နောက်ရပ်တန့်နေသောသူ၏ခြေလှမ်းတို့ကိုရှေ့ဆက်လိုက်ပြီး ကူကယ်ရာမဲ့မှုတံတားပေါ်သို့ ခြေချလိုက်သည်။
အဝါရောင်စမ်းချောင်းလမ်းအား ဖြတ်သန်းပြီးနောက်ရှစ်ဖုန့်အနေဖြင့် ဤအသံများအားယခင်ကကြားဖူးသကဲ့သို့ အေးဆေးတည်ညိမ်မှုရှိနေဆဲဖြစ်သည်။ သူက တလိပ်လိပ်ထနေသော လှိုင်းလုံများထံသို့ဆက် လက်လျှောက်လှမ်းသွားသည်။
ရှစ်ဖုန့်ကိုယ်တိုင်ပင် အဝါရောင်စမ်းချောင်းလမ်းအား ဘယ်နှစ်ကြိမ် ဖြတ်သန်းခဲ့မှန်းကိုမမှတ်မိချေ။ လောချင်းချွမ်နှင့်အတူသည်ကား ထိုအကြားအာရုံနှင့်ဆိုင်သော စိတ်လှည့်စားမှုများက သူ့အားလုံးဝသက်ရောက်ခြင်းမရှိပေ။
ရှေ့သို့ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသော ပုံရိပ်ထံသို့ကြည့်၍ လောချင်းချွမ်၏ခြေထောက်တို့ကလည်း လှုပ်ရှားလိုက်သည်။ ထို့နောက် လောချင်းချွမ်၏ခြေထောက်ရှေ့တွင် တစ်မူထူးခြားသည့် သစ်သားတစ်ပြား တံတားတစ်ခုက ပေါ်လာသည်။
ထို့နောက်လောချင်းချွမ်ကလုံးဝတုန့်ဆိုင်ခြင်းမရှိဘဲ ၎င်းပေါ်ခြေချလိုက်သည်။ ဤသည်ကားရှစ်ဖုန့်ညွှန်းဆိုခဲ့သော ကူကယ်ရာမဲ့မှုတံတားဖြစ်သည်။
ထို့နောက်ချက်ချင်း သစ်သားတစ်ပြားတံတားပေါ်တွင် ခြေချလိုက်သောလောချင်းချွမ်မှာ ရုတ်ခြည်း သူ၏နေရှေ့မှ မြင်ကွင်းတို့ကပြောင်းလဲသွားသည်ကိုခံစားလိုက်ရသည်။ သူ့ရှေ့ရှိရှစ်ဖုန့်ကလည်းပျောက်ကွယ်သွားသည်။ သူ့ခြေဖဝါးအောက်ရှိ ကူကယ်ရာမဲ့မှုတံတားကလည်းပျောက်ကွယ်သွားသည်။ တလိပ်လိပ်ထနေသော အဝါရောင်စမ်းချောင်းကလည်းပျောက်ကွယ်သွားသည်။
သေခြင်းမဲ့တောင်တန်းသို့သူပြန်လည်ရောက်ရှိလာသည့်ပုံပေါ်၏။
သေခြင်းမဲ့တောင်တန်းအတွင်းလောမိသားစု အိမ်တော်မှ ပြိုလဲနေပြီး အပျက်အစီးပုံကြီးဖြစ်နေသည်။ လောချင်းချွမ်က အပျက်အစီးပုံပေါ်တွင်ရပ်နေသည်။ သူ၏ဘေးတွင်များပြားလှသော ထောင်နှင့်ချီသည့် အလောင်းများရှိနေသည်။ တစ်ယောက်စီတိုင်းက ဆိုးဆိုးဝါးဝါးသေဆုံးခဲ့ရခြင်းဖြစ်၏။
လောချင်းချွမ်၏မျက်လုံးထဲတွင် ရင်းနီးသောမျက်နှာများပေါ်လာသည်။ ထိုအလောင်းများအားလုံးက ယခင်လောမိသားစု၏ ကျင့်ကြံသူများဖြစ်ကြသည်။
“စိတ်လှည့်စားမှု.. စိတ်လှည့်စားမှုပဲ. အားလုံးက အစစ်အမှန်မဟုတ်တဲ့စိတ်လှည့်စားမှုပဲ”
လောမိသားစု၏အလောင်းများအားကြည့်ရင်းလောချင်းချွမ်က သူ့ကိုယ်သူပြောလိုက်သည်။
သူ၏မျက်လုံးတို့ကို ပိတ်လိုက်ပြီး ထိုမျှ ဝမ်းနည်းဖွယ်ကောင်းသောမြင်ကွင်းအား ကြည့်နိုင်ခြင်းမရှိချေ။ သူ၏ခြေထောက်တို့က ရှေ့ကိုဆက်တိုးပြီး လျှောက်လှမ်းလိုက်သည်။
သို့သော် လောချင်းချွမ်မျက်လုံးတို့အားပိတ်ထာသးည့်တိုင် ယင်းကအနည်းငယ်မှပင်သက်ရောက်မှုမရှိပေ။ ဤထူးဆန်းသောနေရာအတွင်းတွင် သူ၏မျက်လုံးတို့အားတင်းကျပ်စွာပိတ်ထားသည့်တိုင် ဝမ်းနည်းဖွယ်မြင်ကွင်းက သူ၏မျက်လုံးရှေ့၌ ပေါ်နေဆဲဖြစ်သည်။
ထိုအလောင်းများကဝမ်းနည်းဖွယ်သေဆုံးခဲ့ရသည့်ပုံစံအတိုင်းရှိနေဆဲဖြစ်၏။ ၎င်းတို့အားလုံးက ဝမ်းနည်းဖွယ်ကောင်းစွာ သေဆုံးခဲ့ရသောကြောင့်မျက်လုံးများကျယ်စွာပွင့်နေကြသည်။
“ခေါင်း..ခေါင်းဆောင်”
ဤအချိန်တွင် လောချင်းချွမ်ခေါင်းကိုလှည့်မကြည့်လျှင်ပင် သွေးများလူးနေပြီး အပြင်းအထန်ထိခိုက်ဒဏ်ရာရထားသောကိုယ်တစ်ခုက ဖြည်းညှင်းစွာတွန့်လိမ်ပြီး သူ့ထံသို့ဦးတည်ပြောလာသည်။
ဤလူငယ်၏မျက်နှာတွင်လည်းသွေးများအလိမ်းလိမ်းဖြစ်နေသည်။ ထိုသို့ဆိုလျှင်တောင်လောချင်းချွမ်ထိုလူအားမှတ်မိသည်ဖြစ်သည်။ ဤလူက လောမိသားစု၏နံပါတ်တစ်ပါရမီရှင်ဖြစ်သူ လောချန်ပင်ဖြစ်သည်။
“ခေါင်း..ခေါင်းဆောင်.. ကျွန်တော့်ကိုကယ်ပါအုံး.. ခေါင်းဆောင်.. ကျွန်တော်မသေချင်သေးဘူး. ကျွန်တော်အရမ်းနာကျင်နေတယ်.. ကျွန်တော့်ကိုကယ်ပါ ခေါင်းဆောင်..”
လောချန်ကသူ၏ သွေးအလိမ်းလိမ်းနှင့့် တုန်ယင်နေသောညာလက်အား လောချင်းချွမ်ထံသို့လှမ်းလိုက်သည်။
လောချင်းချွမ်ကမမြင်ဟန်ဆောင်ဆဲဖြစ်ပြီး စိတ်အားညှို့ယူမခံဘဲ ပြတ်သားစွာဖြင့် ရှေ့သို့ဆက်လျှောက်သွားလိုက်သည်။
ထို့နောက် လောချန်၏တုန်ယင်ပြီးအားနည်းသောအသံက သူ၏နောက်မှထွက်ပေါ်လာသည်။
“ခေါင်းဆောင်.. ကျွန်တော့်ကိုကယ်ပါအုံး. ခေါင်းဆောင်..ကျွန်တော်အရမ်းနာတယ်.. ကျွန်တော်မသေချင်သေးဘူး.. ကျွန်တော့်ကိုမထားခဲ့ပါနဲ့.. ကျွန်တော့်ကိုနောက်မှာမထားခဲ့ပါနဲ့.. ခေါင်းဆောင်ကျွန်တော့်ကိုထားခဲ့ရင်. ကျွန်တော်သေသွားမှာ”
“ခေါင်းဆောင်.. ခေါင်းဆောင်”
ဤအခိုက်အတန့်တွင် လောချင်းချွမ်အနေဖြင့် အပြင်းအထန်ဒဏ်ရာရာကာ တွန့်လိမ်လူးလွန့်နေသော လောမိသားစုဝင်များကို ဘေးနှစ်ဖက်လုံးတွင်မြင်တွေ့ရ၏။၎င်းတို့၏ကိုယ်များကသွေးအလိမ်းလိမ်းဖြစ်နေပြီး ၎င်းတို့၏မျက်နှာများထွက်တွင် နာကျင်မှုတို့ဖြင့်ပြည့်နှက်နေသည်။
၎င်းတို့ကဖြည်းညှင်းစွာတွန့်လိမ်လူးလွန့ နေပြီးပင်ပင်ပန်းပန်းခက်ခက်ခဲခဲနှင့်သူ့အား ခေါ်နေသည်။
လောမိသားစုဝင်များ၏ စိတ်မချမ်းမြေ့ဝမ်းနည်းဖွယ်ကောင်းသောမြင်ကွင်းအားမြင်တွေ့ရင်း လောချင်းချွမ်၏နှလုံးသားထဲ၌ ဆက်တိုက်အတက်အကျတို့ဖြစ်ပေါ်နေသော်လည်း သူကဒေါသတကြီးအော်ဟစ်လိုက်ဆဲဖြစ်၏။
“ထွက်သွားစမ်း. မင်းတို့အားလုံးထွက်သွားကြစမ်း.မင်းတို့အားလုံး. ငါ့ကိုလာပြီးညှို့ယူမနေကြနဲ့”
“ဟားဟား..ဟားဟားဟားဟားဟား”
ထို့နောက်ချက်ချင်း သွေးနီရောင်အစင်းကြောင်းတို့ဖုံးလွှမ်း နေသည့် ပုံရိပ်တစ်ခုကဟင်းလင်းပြင်ထဲမှဆင်းသက် လာပြီးဟက်ဟက်ပက်ပက်ရယ်မောနေသည်ကို လောချင်းချွမ်မြင်တွေ့လိုက်ရသည်။ ထို့နောက်သူက သွေးနီရောင်ဓားတစ်လက်ကိုကောက်ယူပြီး မြေပြင်ပေါ်ရှိ လောမိသားစုဝင်များ၏တွန့်လိမ်နေသော ကိုယ်များအတွင်းသို့ထိုးသွင်းလိုက်၏။
“အား..အား..အား.အား.အား”
စူးစူးဝါးဝါး နာကျင်မှုအပြည့်ဖြင့်အော်ဟစ်သောအသံများက ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ပဲ့တင်ထပ်နေသည်။ သွေးပန်းခက်မျိုးနွယ်ဝင်မှာ ထိုအော်ဟစ်သံတို့ကြောင့် စိတ်လှုပ်ရှားနေပြီး သူ၏ရယ်သံကပို၍ပို၍ကျယ်လောင်လာသည်။
“သေစမ်း. ကျိုင်းကောင်တွေ. မင်းတို့ကိုသတ်နေရတာ ဝက်တွေခွေးတွေကိုသတ်ရသလိုပဲ.. မင်းတို့လိုအားနည်းတဲ့သူတွေက ဒီကမ္ဘာမှာနေဖို့မထိုက်တန်ဘူး. သေစမ်း.မင်းတို့အားလုံးသေကြစမ်း”
သွေးပန်းခက်မျိုးနွယ်ဝင်က ဆက်လက်ရယ်မောကာ သူ၏ဓားဖြင့် အသက်များကိုဆက်လက်ရိတ်သိမ်းနေသည်။
သူကလူများ၏ခေါင်းအားဖြတ်ပို်ငးကာ ၎င်းတို့၏နှလုံးကိုဖောက်ထွင်းပြီး ကျောကိုဖြတ်သွားသည်အထိ ထိုးသွင်းခြင်းတို့ကိုပြုလုပ်၏။ သွေးများကနေရာအနှံ့ပြန့်ကျဲဖြန်းပက်နေပြီး ကမ္ဘာတစ်ခုလုံးအားကောင်းသော သွေးညှီနံ့များဖြင့်ပြည့်နှက်နေသည်။
လောမိသားစုဝင်တို့၏ဝမ်းနည်းဖွယ်ပုံတူများနှင့် သွေးညှီနံ့တို့က လောချင်းချွမ်၏အသိအမြင်အာရုံထဲရှင်းလင်းစွာ ရောက်ရှိလာသည်။
စူးစူးဝါးဝါးအော်ဟစ်သောအသံများက လောချင်းချွမ်၏နှလုံးသားအား ဓားများဖြင့်ထိုးသွင်းနေသည့်နှယ်ပင်ဖြစ်သည်။ ဤလက်တွေဆန်လှသောမြင်ကွင်းအားကြည့်ရင်း တကယ်ကြုံတွေ့ရသည်နှယ်ထင်ရကာ ဤအချိန်တွင်လောချင်းချွမ်တစ်ယောက် ရူးသွပ်တော့မည်နှယ်ခံစားရသည်။
သူ၎င်းအား မမြင်တွေ့လိုသောလည်း အရမ်းကို လက်တွေ့ကျစွာ မြင်တွေ့နေရသည်ဖြစ်သည်။
ကူကယ်ရာမဲ့မှုတံတားက လောချင်းချွမ်အားကူကယ်ရာမဲ့အောင်ပြုလုပ်နေသည်။
ဆက်ရန်…………
ဘာသာပြန်သူ-ARISE