အခန်း (၈၄၃)
Vol. 57 Ch. 843
လောချင်းချွမ်မှာ လက်တွေ့ဆန်သောပုံတူများအားကြည့်ရင်း သူ၏စိတ်နှလုံးပူဆွေးမှုညှင်းပန်းနှိပ်စက် ခံရသည့်ဒဏ်ကို အခြေခံအားဖြင့် တောင့်ခံကာ ရှေ့သို့တစ်လှမ်းချင်းချီတက်နေ၏။
ဖြည်းဖြည်းချင်း နောက်ဆုံးတွင်သူ့အနေဖြင့် အပျက်အစီးပုံများကြားထဲမှထွက်လာပြီး ဟင်းလင်းပြင်တစ်ခုအတွင်းသို့ရောက်လာသည်ကို လောချင်းချွမ်မြင်တွေ့လိုက်ရသည်။
သူဟင်းလင်းပြင်အတွင်း၌ရှိနေသည်ကို သဘောပေါက်လိုက်သောအခါတွင် လောချင်းချွမ်က စိတ်သက်သာရာရစွာဖြင့်တိတ်တဆိတ် သတ်ပြင်းချလိုက်သည်။ သို့သော် ဤအခိုက်အတန့်တွင် လောချင်းချွမ်၏နားအတွင်းသို့ ဟက်ဟက်ပက်ပက်ရယ်မောသည့်အသံတစ်ခုဝင်ရောက်လာသည်။
“ဟားဟား..ဟားဟားဟားဟား”
အနက်ရောင်ချပ်ဝတ်တန်ဆာတို့နှင့် နတ်ဘုရားတစ်ပါးကဲ့သို့ပုံရိပ်တစ်ခုက လောချင်းချွမ်၏ရှေ့တွင်ပေါ်လာသည်။ သူကကောင်းကင်ထဲသို့မော့၍ ဟက်ဟက်ပက်ပက်ကိုရယ်မောနေသည်။
ဤပုံရိပ်အားမြင်တွေ့ရသောအခါတွင် လောချင်းချွမ်၏ကိုယ်ကတုန်ယင်သွားပြီး “ဆရာ”ဟု သူ၏နှုတ်ဝမှထွက်သွားသည်။
ဟုတ်ပေသည်။လောချင်းချွမ်၏မျက်လုံးတို့ရှေ့၌ရှိနေသည့်ပုံရိပ်က ငရဲဘုံကိုးခု ဧကရာဇ် ယိုမင်ပင်ဖြစ်သည်။
ထို့နောက်ချက်ချင်း ပြင်းထန်သောစွမ်းအင်များ၊မိုးကြိုးများ၊ရေလှိုင်းများ၊ မီးများ၊လေပြင်းများန၊တလက်လက်တောက်ပနေသော အလင်းများနှင့် ထောင်ပေါင်းများစွာသောဓားတို့က နေရာအနှံ့မှထွက်ပေါ်လာပြီး အလယ်ဗဟိုရှိ ယိုမင်ထံသို့ဦးတည်သွားသည်ကို လောချင်းချွမ်မြင်တွေ့လိုက်ရသည်။
ထို့နောက်ချက်ချင်း ဟင်းလင်းပြင်အတွင်းပုံရိပ်ခုနှစ်ခု ထွက်ပေါ်လာပြီး ယိုမင်အားဝန်းရံထားကာ သူ၏လွတ်မြောက်နိုင်သောလမ်းများအားလုံးကို တားဆီးထားသည်။
“ဟားဟားဟားဟားဟား”
နတ်ဘုရားကဲ့သို့ယိုမင်က ဆက်လက်ရယ်မောပြီးအော်ပြောလိုက်သည်။
“သတ်..သတ်စမ်း.. သတ်ကြ.. သတ်ပစ်.. သတ်.. ငါယိုမင် ဒီနေ့မင်းတို့အသုံးမကျတဲ့ကောင်တွေကိုသတ်ပစ်မယ်.. ချင်းချွမ် လာပြီးဒီတိုက်ပွဲမှာငါ့ကိုကူစမ်း”
“ဆရာ”
လောချင်းချွမ်၏ကိုယ်က ထပ်မံတုန်ယင်သွားသည်။
“ချင်းချွမ် ဒီတိုက်ပွဲကို လာကူစမ်း”
ယိုမင်၏အသံအားထပ်မံကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ပြင်းထန်သောစွမ်းအင်စီးကြောင်းများက ယိုမင်၏ကိုယ်အားအဆက်မပြတ်ပြင်းထန်စွာတိုက်ခိုက်လာသည်။
“အား.အား..အား.အား..”
ယိုမင်၏ပါးစပ်မှ နာကျင်မှုအပြည့်ဖြင့်အော်ဟစ်သောအသံများဆက်တိုက်ထွက်ပေါ်လာ၏။
“ချင်းချွမ်.. တပည့်မိုက်. ငါမင်းကိုလာပြီးကူဖို့ပြောနေတယ်.. ဒီခုနှစ်ယောက်က မင်းဆရာကိုသတ်တာကို စောင့်ကြည့်ချင်နေတာလို့ငါ့ကိုမပြောစမ်းနဲ့”
“မဟုတ်ဘူး..ဒါကအတုအယောင်ပဲ. အရာအားလုံးကအတုအယောင်ပဲ. အားလုံးကစိတ်လှည့်စားမှုတစ်ခုပဲ. စိတ်လှည့်စားတာပဲ”
လောချင်းချွမ်၏ နှလုံးသားကထပ်မံစိတ်ပိုင်းဖြတ်လိုက်သည်။ သူ၏ရှေ့ရှိမြင်ကွင်းအား လျစ်လျူရှုလိုက်ပြီး ရှေ့သို့ပြတ်သားစွာလျှောက်လှမ်းလိုက်၏။
သူ၏ရှေ့ရှိတိုက်ပွဲက သူနှင့်ဘာမှမဆိုင်သကဲ့သို့တစ်လှမ်းချင်းလျှောက်လှမ်းနေသည်။
လောချင်းချွမ်ချဉ်းကပ်ရောက်ရှိလာသည့်တိုင် ပြင်းထန်သောစွမ်းအင်တို့နှင့် သူ့ရှေ့ရှိ အော်ဟစ်မြည်တမ်းနေဆဲဖြစ်သောနတ်ဘုရားပုံရိပ်အား လျစ်လျူရှုထားသည်။ သူ၏ကိုယ်က ပြင်းထန်သောစွမ်းအင်တို့အား ဖြတ်သန်းသွားပြီး နတ်ဘုရားကဲ့သို့ပုံရိပ်၏ကိုယ်အားထွင်းဖောက်သွားသည်။
“လောချင်းချွမ်..တပည့်မိုက်. ယိုမင်ဆိုတဲ့ငါ့မှာမင်းလိုတပည့်မျိုးမရှိဘူး. အခုကစပြီး မင်းကို ငရဲဘုံ ကိုးခု အဆက်အနွယ်ကနေထုတ်ပယ်ပြီး မင်းက ယိုမင်ဆိုတဲ့ငါရဲ့တပည့်မဟုတ်တော့ဘူး”
လောချင်းချွမ်ကရှေ့သို့တစ်လှမ်းချင်းလျှောက်လှမ်းနေသကဲ့သို့ သူ၏နောက်မှ ဒေါသတကြီးအော်ဟစ်နေသည်။ သို့သော် လောချင်းချွမ်က လုံးဝလှုပ်ရှားခြင်းမရှိပေ။ ဖြည်းဖြည်းချင်းအကွာအဝေးတစ်ခုအတွင်း၌ ရင်းနှီးသောအသံက ပျောက်ကွယ်သွား၏။
ဤအချိန်တွင်လောချင်းချွမ်၏ရှေ့ရှိမြင်ကွင်းကလည်းရုတ်ခြည်းပြောင်းလဲသွားသည်။ သူကတလိပ်လိပ်ထနေသော အဝါရောင်စမ်းချောင်း၏အလယ်ဗဟိုသို့ရောက်ရှိနေပြီး ကူကယ်ရာမဲ့မှုတံတားအဆုံး၌ရပ်နေသည်ကို သူတွေ့လိုက်ရသည်။သူ၏ရှေ့တွင် သွေးနီရောင်ချပ်ဝတ်နှင့်ပုံရိပ်တစ်ခုက သူ့အားခြားနားမှုမရှိသည့်ပုံစံဖြင့်ကြည့်နေပြီး သူ့ကိုပြောလိုက်သည်။
“ချင်းချွမ်..မင်းဆရာ့ကိုစိတ်မပျက်စေဘူး.. မင်းအဝါရောင်စမ်းချောင်းလမ်းကိုလျှောက်ပြီး ဒီတံတားကိုဖြတ်ကျော်ခဲ့တယ်”
“ဆရာ”
လောချင်းချွမ်က တီးတိုးရေရွတ်လိုက်သည်။ ဤနေရာသို့ပြန်ရောက်ပြီး ရင်းနီးသောပုံရိပ်အားထပ်မံမြင်တွေ့ရသောအခါတွင် လောချင်းချွမ် စိတ်သက်သာရာရစွာဖြင့်သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက်မှသာသူ၏ကိုယ်နှင့်စိတ်တို့က လုံးဝပြေလျော့သွား၏။ စိတ်ပေါ့သွားမှုနှင့်အတူ လောချင်းချွမ်လုံးဝပင်ပန်းနွမ်းနယ်မှု ကိုပါခံစားလိုက်ရသည်။
“ဆရာ.နောက်ဆုံးတော့ပြီးသွားပြီ”
လောချင်းချွမ်ကတီးတိုးရေရွတ်လိုက်သည်။
ထိုအရာများက အရမ်းကိုကြီးစွာသောဆင်းရဲကို ခံစားရသည်ဖြစ်၏။ လောချင်းချွမ်၎င်းတို့အားထပ်မံမမြင် တွေ့လိုတော့ပေ။ သူချစ်သောသူများအား တစ်စုံတစ်ယောက်က သတ်ဖြတ်နေခြင်းကိုကြည့်နေရသည့် ဤခံစားချက်က သူ၏နှလုံးသားအားဓားမြှောင်တစ်လက်ဖြင့်လှီးဖြတ်နေသည့်နှယ်ပင်ဖြစ်သည်။
“ပြီးသွားပြီ”
ရှစ်ဖုန့်ကခြားနားမှုမရှိပြောလိုက်သည်။ ထို့နောက်သူကလှည့်လိုက်ပြီးတီးတိုးရေရွတ်ပြောလိုက်၏။
“သွားစို့”
“ကောင်းပါပြီ”
“ကောင်းပါပြီ”
ရှစ်ဖုန့်လှည့်လိုက်သည့်အခိုက်အတန့်တွင် လက်တစ်ဖက်နှင့်ဓားရှည်တစ်လက်ကရှစ်ဖုန့်၏ခေါင်းထက်၌ပေါ်လာပြီး ရှစ်ဖုန့်၏ခေါင်းအားခုတ်ပိုင်းလိုက်သည်ကို လောချင်းချွမ်မြင်တွေ့လိုက်ရသည်။
“ဆ..ဆရာ”
ဤမြင်ကွင်းအားမြင်သောအခါတွင် လောချင်းချွမ်တုန်လှုပ်အံ့အားသင့်သွားသည်။ ဓားကရှစ်ဖုန့်၏ခေါင်းအား ဖြတ်တော့မည်ဖြစ်၏။
“ဆရာ”
လောချင်းချွမ် ကမန်းကတမ်း အော်ဟစ်လိုက်သည်။ သူ၏ညာလက်၌ အဖြူရောင်အလင်းတစ်ခုတောက်ပလာပြီး ဓားအား တိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။သို့သော် ရုတ်တရက် သူ၏လက်အားလောချင်းချွမ်ရုတ်သိမ်းလိုက်၏။
“စိတ်လှည့်စားမှု..နောက်ထပ်စိတ်လှည့်စားမှုတစ်ခုပဲ”
လောချင်းချွမ်တီးတိုးရေရွတ်လိုက်သည်။ ထိုဓားပေါ်လာသည်ကားအရမ်းကိုရှင်းလင်းလှ၏။ သူ့ဆရာ၏စိတ်ဝိညာဉ်အာရုံခံနိုင်မှုအရ ၎င်းအာမည်ကဲ့သို့ အာရုံမခံမိဘဲနေပါမည်နည်း။ ထို့အပြင်သူကဤဓားအောက်၌စိတ်ခံစားချက်မဲ့နေသည်ဖြစ်သည်။
သူကအခြားသူ၏ အသနားအညှာတာခံဖြစ်နေသည်။ဤသည်ကားသူ၏ဆရာလုံးဝမဟုတ်ပေ။ သူ့အနေဖြင့်ကူကယ်ရာမဲ့မှုတံတားအားဖြတ်သန်းခြင်းမပြီးဆုံးသေးပေ။
ဤအချိန်တွင် လောချင်းချွမ် ပြတ်သားစွာရှေ့သို့ ဆက်လက်လျှောက်လှမ်းလိုက်သည်။
“အား”
ဝမ်းနည်းဖွယ်အော်သံနှင့်အတူ သူချစ်သောသူတစ်ယောက်အားဓားနှင့်ပိုင်းဖြတ်ခြင်းကို ကူကယ်ရာမဲ့စွာဖြင့်နောက်ထပ် လောချင်းချွမ်ကြည့်နေရသည်။ သွေးများက ဖြန်းပက်သွားပြီး ဘေးနှစ်ဖက်ရှိ အဝါရောင်စမ်းချောင်းအတွင်းကျဆင်းသွားသည်။
“ဒါကဆရာသာဆိုရင်ဘယ်လိုလုပ်အလွယ်တကူအသတ်ခံရမှာလဲ.. ဘယ်လိုလုပ်ငါလောချင်းချွမ်ကဒါကိုယုံမှာလဲ. “
လောချင်းချွမ်က ခိုင်မာစွာပြောဆိုသကဲ့သို့ ရှေ့သို့ဆက်လက်လျှောက်သွားလိုက်သည်။
နောက်တစ်ကြိမ် သူ၏ရှေ့ရှိအဝါရောင်စမ်းချောင်းအတွင်း၌ သွေးနီရောင် သွေးပြန်ကြောများဖြင့်ပုံရိပ်တစ်ခုကို လောချင်းချွမ်မြင်တွေ့လိုက်ရသည်။သူ့ဆရာအားပိုင်းဖြတ်သွားသောဓားကသူ့ထံသို့ဦးတည်လာနေ၏။
“အကယ်၍ ငါ့ဆရာသာဒီဓားအောက်မှ တကယ်သေသွားတယ်ဆိုရင် ငါလောချင်းချွမ်ဘာမှမလုပ်နိုင်ဘူး. ဒီဓားနဲ့သေတဲ့အထိထိုးစိုက်ခံရင်တောင် ငါလောချင်းချွမ်ဟာသေဖို့ထိုက်တန်တယ်”
လောချင်းချွမ်က သူ့ကိုယ်သူထပ်မံပြောလိုက်ပြီး သူ့ထံသို့တစ်ဟုန်ထိုးဦးတည်လာနေသော ဓားကို ရင်ဆိုင်လိုက်သည်။သူက၎င်းအားလျစ်လျူရှုထား၏။
မကြာခင် ဓားကသူ၏မျက်ခုံးနှစ်ခုကြားထဲသို့တိုးဝင်သွားသည်။
“စိတ်လှည့်စားတာ..ဒါကတကယ် စိတ်လှည့်စားတာပဲ”
ထို့နောက်ချက်ချင်း ပျံသန်းနေသောဓားကပျောက်ကွယ်သွားပြီး အဝါရောင်စမ်းချောင်းအတွင်းရှိ သွေးနီရောင်ပုံရိပ်မှာလည်း မြူကဲ့သို့ မှေးမှိန်ပျောက်ကွယ်သွားသည်။
လောချင်းချွမ်၏ ခြေဖဝါးအောက်တွင် သူရောက်ရှိခဲ့ဖူးသော ကူကယ်ရာမဲ့မှုတံတား၏အဆုံးသတ်က တစ်ဖန်ပြန်ပေါ်လာသည်။ သို့သော် သူက ကူကယ်ရာမဲ့မှုတံတား၏အဆုံးသတ်သို့ရောက်ရှိနေကြောင်းကို တွေ့လိုက်ရသည်။
သူ၏ရှေ့တွင်အဝါရောင်မြစ်ကမ်းပါး တစ်ခုရှိနေသည်။ သူက ကူကယ်ရာမဲ့မှုတံတား၏အဆုံးသို့ရောက်ရှိရုံသာမက အဝါရောင်စမ်းချောင်းလမ်း၏အဆုံး သို့လည်းရောက်ရှိနေသည်။
“ငါတကယ်ပဲ ကူကယ်ရာမဲ့မှုတံတာရဲ့ အဆုံးကိုရောက်ရှိနေတာလား. ..”
သို့သော်ယခုအခါတွင် လောချင်းချွမ်ထိုအရာအားမယုံကြည်ပေ။ ကူကယ်ရာမဲ့မှုတံတားကအတုလားအစစ်လားဆိုသည်ကိုပြောရန်ခက်ခဲသည်ဖြစ်သည်။
“ငါအဆုံကိုရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ ကိစ္စမရှိဘူး. ဒါက အတုဖြစ်ဖြစ်အစစ်ဖြစ်ဖြစ်အရေးမပါဘူး. ငါရှေ့ကိုပဲဆက်လျှောက်နေသင့်တယ်”
လောချင်းချွမ်ကရှေ့သို့ဆက်လက် လျှောက်လှမ်းသွားသည်။ တစ်ဆက်တည်းခြေလှမ်းရှစ်လှမ်း လှမ်းပြီးနောက် ကမ်းခြေပေါ်သို့သူ၏ခြေထောက်ကရောက်ရှိသွား၏။
ဤအချိန်တွင် လောချင်းချွမ်၏ရှေ့၌သွေးနီရောင်ပုံရိပ်ကထပ်မံပေါ်လာသည်။ ထိုငယ်ရွယ်သောမျက်နှာနှင့်အမူအယာက လောချင်းချွမ်နှစ်ကြိမ်မြင်တွေ့ခဲ့ရသည်နှင့် တစ်ထေရာတည်းတူညီသည်ဖြစ်သည်။
“အရမ်းကောင်းတယ်..ဒီလမ်းကြောင်းကို အောင်အောင်မြင်မြင်နဲ့ပြီးမြောက်မယ်ဆိုတာကိုဆရာသိနေတယ်”
ရှစ်ဖုန့်ကလောချင်းချွမ်ကိုပြောလိုက်သည်။
ထို့နောက်သူကပြောသည်။
“မင်းက အဝါရောင်စမ်းချောင်းလမ်းကို အောင်အောင်မြင်မြင်ဖြတ်သန်းပြီး ကူကယ်ရာမဲ့မှုတံတားကိုဖြတ်သန်းရင်း မင်းရဲ့စိတ်ကိုလေ့ကျင့်ခဲ့တယ်.. မင်းစိတ်တည်ငြိမ်သွားရင်..မင်းမြင်တွေ့ခဲ့ရတဲ့ အရာအားလုံးကို မင်းရဲ့ စိတ်ရင့်သန်ကောင်းမွန်ဖို့အတွက် ဦးတည်ပြီး မှတ်သားခံစားပါ”
ဆက်ရန်………
ဘာသာပြန်သူ-ARISE