အခန်း (၈၄၄)
Vol. 57 Ch. 844
ရှစ်ဖုန့်ကလောချင်းချွမ်အား စကားပြောပြီးနောက် တုန့်ဆိုင်းနေသောလောချင်းချွမ်အားလျစ်လျူရှုလိုက်ပြီး လှည့်ကာရှေ့သို့လျှောက်လိုက်သည်။
ခဏမျှလျှောက်လှမ်းပြီးသည့်နောက်တွင် လောချင်းချွမ်ကနောက်၌ မှင်တွေစွာရပ်နေဆဲဖြစ်သည်ကို ရှစ်ဖုန့်သဘောပေါက်လိုက်၏။ သူကလှည့်လိုက်ပြီး သူ၏ညာလက်အားလက်သည်းကုတ် အသွင်ပြုလုပ်ကာ နောက်ပြန်ဆွဲလိုက်သည်။
ရုတ်တရက် လောချင်းချွမ်မှာ သူ့ထံသို့လာနေသော အားကောင်းသည့်စုပ်ယူအားတစ်ခုကိုခံစားလိုက်ရသည်။ သူကလန့်သွားပြီးခါးသက်စွာပြုံးလိုက်သည်။
“ဒီဆရာဖြစ်သူက အစစ်ဖြစ်တဲ့ပုံပဲ”
ကူကယ်ရာမဲ့တံတားပေါ်တွင် မည်မျှပင် ကြမ်းကြုတ်ပြင်းထန်သော စွမ်းအင်တိုက်ခိုက်မှုများဖြစ်ပါစေ အားလုံးက စိတ်အာရုံလှည့်စားမှုသာဖြစ်ပြီး သူ၏ခန္ဓာကိုယ်အား ဘာမှခံစားရခြင်းမရှိပေ။
သို့သော်ရှစ်ဖုန့်ကသူ့အားလှမ်းဆွဲလိုက်ချိန်တွင် ဤသည်ကား အမှန်တကယ်ဆရာဖြစ်သည်ကို လောချင်းချွမ်သိလိုက်သည်။
လှမ်းဆွဲခံရပြီးနောက် လောချင်းချွမ်က ရှစ်ဖုန့်၏ရှေ့သို့မျောလွင့်လာသည်။ အကောင်းအတိုင်းရှိနေဆဲဖြစ်သော ရှစ်ဖုန့်အားကြည့်၍ လောချင်းချွမ်စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချမိသည်။ သူ၏အစက ပြေလျော့ရာမှ ပြန်တင်းကျပ်သွားသော အကြောများမှာ ယခုအချိန်တွင် လုံးဝပြေလျော့သွားပြီဖြစ်သည်။
“မင်းဆရာကို မင်းကူကယ်ရာမဲ့မှုတံတားပေါ်မှာ ခုဏကတွေ့ခဲ့လို့လား”
ရှစ်ဖုန့်က လောချင်းချွမ်အားကြည့်၍ ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။
ရှစ်ဖုန့်၏စကားအားကြားပြီးနောက် လောချင်းချွမ်က သွားပေါ်အောင်ရယ်ပြီး ပြောလိုက်၏။
“ဆရာ့ကိုမြင်ခဲ့ရုံတင်မကဘူး. နှစ်ကြိမ်အသတ်ခံရတာပါတွေ့ခဲ့ရတာ. ကျွန်တော်တစ်ချက်လှုပ်ရှားလုနီးပါးဖြစ်တော့မလို့ပဲ”
“သွားစို့.”
ရှစ်ဖုန့်ကလှည့်လိုက်ပြီး ရှေ့သို့ဆက်လက်လျှောက်သွားလိုက်သည်။ သူတို့၏ရှေ့တွင် မှောင်မိုက်သော ကုန်းမြေတစ်ခုရှိနေဆဲဖြစ်သည်။ များပြားလှသော အဝါရောင်မီးတောက်များက ကောင်းကင်ထဲ၌ အိုပုံစံအမျှင်တန်းလေးများအဖြစ်ကခုန်နေသည်။
လောချင်းချွမ်က ရှစ်ဖုန့်ဘေးသို့လျှောက်သွားလိုက်သည်။ရှစ်ဖုန့်ကပြောလိုက်သည်။
“ကံကောင်းတာက မင်းရဲ့ဆရာကိုကယ်ဖို့အတွက် မင်းမလှုပ်ရှားခဲ့တာပဲ.. မဟုတ်ရင်. မင်းဒီနေရာကို ဘယ်တော့မှထပ်ပြီးလာနိုင်မှာမဟုတ်ဘူး”
“ဆရာ ဒီအဝါရောင် စမ်းချောင်းနဲ့ ကူကယ်ရာမဲ့မှုတံတားက ဘယ်လိုတည်ရှိမှုမျိုးလဲ…ဆရာ့ကြည့်ရတာအရမ်းကို သူ့ကိုကြောက်တဲ့ပုံပဲ..သူကကျွန်တော့်ကိုဒီလိုလက်တွေ့ဆန်လွန်းတဲ့ စိတ်လှည့်စားမှုတစ်ခုကိုတောင်ပြုလုပ်နိုင်တယ်”
လောချင်းချွမ်ကရှစ်ဖုန့်အားဤမေးခွန်းကိုမေးလိုက်သည်။
“ရှေးခေတ်အချိန်ကာလကလတည်းက အဝါရောင်စမ်းချောင်းထဲမှာ အဝါရောင်စမ်းချောင်းဂိုဏ်းခေါင်းဆောင် လို့ခေါ်တဲ့ စွမ်းအားကြီး သက်ရှိတစ်ဦးနေထိုင်တယ်.. မင်းအဝါရောင်စမ်းချောင်းလမ်းပေါ်ခြေချပြီး ကူကယ်ရာမဲ့မှုတံတားကိုဖြတ်သန်းတာနဲ့ စိတ်အာရုံလှည့်စားမှုတစ်ခုကို မင်းမြင်တွေ့ရလိမ့်မယ်..ဒီစိတ်လှည့်စားမှုမှာ မင်းညှို့ယူခံလိုက်ရတာနဲ့ မင်းကို အဝါရောင်စမ်းချောင်းဂိုဏ်းခေါင်းဆောင်က ဖမ်းစားလိမ့်မယ်”
ရှစ်ဖုန့်ကပြောလိုက်သည်။
“အဝါရောင်စမ်းချောင်းရဲ့ ခေါင်းဆောင်”
လောချင်းချွမ်က ဤရင်းနှီးကျွမ်းဝင်မှုမရှိသောနမည်ကို ရေရွတ်ပြီးနောက် မေးလိုက်သည်။
“ဒီအဝါရောင်စမ်းချောင်းဂိုဏ်းခေါင်းဆောင်ကဘယ်လောက်တောင်စွမ်းအားကြီးလို့လဲ. အဲ့တုံးက အကြီးဆုံးစီနီယာအကို တောင်အသတ်ခံရလုနီးပါးဖြစ်ခဲ့ရတယ်”
“အရမ်း အားကောင်းတယ်”
ရှစ်ဖုန့်ကပြောလိုက်သည်။
“အဲ့တုံးက ဒီအဝါရောင်စမ်းချောင်းရဲ့ဂိုဏ်းခေါင်းဆောင်က လင်ယဲ့ဖုန်းကို ဆွဲဆောင်သွားချိန်မှာ ဒီသခင်လေးက သူနဲ့ညှိနှိုင်းပြီး သူ့လိုချင်တဲ့အခြေအနေတွေကိုလက်သင့်ခံခဲ့ရတယ်..အဲ့နောက်မှသာ အဝါရောင်စမ်းချောင်းရဲ့ဂိုဏ်းခေါင်းဆောင်ကူ့ကိုလွှတ်ပေးဖို့ဆန္ဒရှိခဲ့တာ.. ဒါပေမဲ့အခု မင်းရဲ့အာရုံကိုသာ အဝါရောင်စမ်းချောင်းရဲ့ဂိုဏ်းခေါင်းဆောင်ကဖမ်းစားသွားရင် ဒီသခင်လေးသူနဲ့ညှိုနှိုင်းနိုင်စွမ်းရှိမှာ မဟုတ်ဘူး”
“ဆရာတောင်အဲ့အချိန်တုံးက သူနဲ့စေ့စပ်ညှိနှို်ငးခဲ့ရတယ်.. ဆရာတောင်သူလိုချင်တဲ့အခြေအနေတွေကိုလက်သင့်ခံခဲ့ရတယ်”
ရှစ်ဖုန့်၏စကားတို့အားကြားလိုက်ရသောအခါတွင် လောချင်းချွမ် တုန်လှုပ်အံ့အားသင့်သွားသည်။ ထိုအချိန်ကသူ၏ဆရာမှာ ဤကမ္ဘာပေါ်တွင်အသန်မာဆုံးသော သူဖြစ်သည်။
ထိုအချိန်က သူသည်ပင် အဝါရောင်စမ်းချောင်းဂိုဏ်းခေါင်းဆောင်နှင့် စေ့စပ်ညှိနှိုင်းပြီးသူတောင်းဆိုသောအခြေအနေတို့ကိုလက်သင့်ခံခဲ့ရသည်။အဝါရောင်စမ်းချောင်းဂိုဏ်းခေါင်းဆောင်က မည်မျှစွမ်းအားကြီးမားပါသနည်း။
ဤအရာအားကြားပြီးနောက် ကူကယ်ရာမဲ့မှုတံတားပေါ်၌သူရှိခဲ့စဉ်က အခြေအနေတို့အားပြန်အမှတ်ရမိသော အခါတွင် လောချင်းချွမ်တစ်ယောက်တို့ အကြောက်တရားတို့စွဲကျန်နေခဲ့ဆဲဖြစ်သည်။ သူသာထိုအချိန်က စိတ်လှည့်စားမှုအောက်တွင်ကျဆင်းပြီး လှုပ်ရှားမှုတစ်ခုကိုပြုလုပ်ခဲ့လျှင်……
အကယ်၍သူ၏ဆရာပြောသည့်အတိုင်းသာဆိုလျှင် သူ့အနေဖြင့်တကယ်ကြီးထာဝရပျက်ကိန်းစိုက်လိမ့်မည်ဖြစ်သည်။
“ဒီအဝါရောင်စမ်းချောင်းရဲ့ဂိုဏ်းခေါင်းဆောင် က အရင်တုံးကဒီသခင်လေးထက်ပိုသန်မာတယ်.. “
ရှစ်ဖုန့်က လောချင်းချွမ်အားအမှန်အတိုင်းဖြေပြီး ဆက်ပြောသည်။
“ဒါပေမဲ့ဒီကောင်က ရှေးအချိန်ကတည်းက တစ်ယောက်ယောက်နဲ့သဘောတူညီမှုတစ်ခုလုပ်ထားခဲ့တယ်.. ခွင့်ပြုချက်မရှိဘဲ အဝါရောင်စမ်းချောင်းထဲကနေထွက်သွားလို့မရဘူး..ဒါကြောင့်ထျန်းဟန်တိုက်ကြီးမှာရှိတဲ့လူတွေက အဝါရောင်စမ်းချောင်းဂိုဏ်းခေါင်းဆောင်ရဲ့တည်ရှိမှုကိုမသိကြတာ”
“အဝါရောင်စမ်းချောင်းရဲ့အောက်မှာဘာရှိလဲ.. အဲ့တာကဘယ်လိုကမ္ဘာမျိုးလဲ..ပြောရရင် ဒီသခင်လေး အမြဲတမ်းအဲ့တာကိုသိချင်ပြီး စူးစမ်းချင်နေခဲ့တာ..ဒါပေမဲ့ အဝါရောင်စမ်းချောင်းဂိုဏ်းခေါင်းဆောင်ရဲ့ တည်ရှိမှုကြောင့် ဒီသခင်လေး မဆင်မခြင်မလုပ်ရဲဘူး”
“ထျန်းဟန်တိုက်ကြီးကအရမ်းအရမ်းကိုမှကြီးမားကျယ်ပြောတယ်.. တို့တွေသိမြင်တာကအဲ့တာရဲ့ထောင့်စွန်းလေးပဲ.. ဒီသခင်လေးတို့မသိတဲ့နေရာဒေသတွေနဲ့ စွမ်းအားကြီးသက်ရှိတွေအများကြီးရှိတယ်”
ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် လောချင်းချွမ်က ခေါင်းညိမ့်သည်။
ဤကမ္ဘာနှင့် သူသွားမည့်ငရဲဘုံဘုံနန်းတို့ကဲသို့ပင် ၎င်းအား ဘယ်နေရာ၌ရှိသည်ကို မည်သူမှမသိကြချေ။ ဤကဲ့သို့နေရာတစ်ခုရှိသည်ဖြစ်သောကြောင့် အခြားသောလျှို့ဝှက်နယ်မြေများလည်းရှိရမည်ဖြစ်သည်။
ထို့နောက်လောချင်းချွမ်က ၎င်းအကြောင်းတွေးနေခြင်းကိုရပ်လိုက်သည်။ သူလုံလောက်အောင်သန်မာမှသာ လျှို့ဝှက်နေမြေများအား စူးစမ်းလေ့လာနိုင်မည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက အကယ်၍သူသာ အဝါရောင်စမ်းချောင်းအတွင်း မဆင်မခြင်ဝင်သွားခဲ့လျှင် သူသေရလိမ့်မည်ဖြစ်သည်။
“ဆရာ.ငရဲဘုံဘုံနန်းနဲ့ဘယ်လောက်ဝေးသေးလဲ”
လောချင်းချွမ်၏စကားအားကြားပြီးနောက် ရှစ်ဖုန့်ကရှေ့သို့စိုက်ကြည့်လိုက်သည်။ သူတို့ရှေ့တွင် ဖရိုဖရဲဖြစ်နေသော အဝါရောင်မီးတောက်တို့ရှိသော်လည်း ရှစ်ဖုန့်အနေဖြင့် ၎င်းအား ဖြတ်မြင်နိုင်စွမ်းရှိပုံရကာ ပြောလိုက်သည်။
“တို့တွေရောက်ကာနီးပြီ”
ထို့နောက်ရှစ်ဖုန့်ကခပ်တိုးတိုးရေရွတ်လိုက်သည်။
“ဒီသခင်လေး အဝေးကိုရောက်နေတာ တော်တော်ကြာပြီ.. အခုငရဲဘုံဘုံနန်းကဘယ်လိုရှိနေလဲဆိုတာကိုသိချင်မိတယ်.. ဒီသခင်လေးသာမရှိရင် အဲ့ငတိရှစ်ကောင် ဒီနှစ်တွေမှာ တော်တော်လေးဂနာမငြိမ်ဖြစ်နေမှာ ပြောရဲတယ်”
ရှစ်ဖုန့်ပြောသော ငတိရှစ်ကောင်ဆိုသည်ကား သူ၏အောက်မှ တစ္ဆေစစ်သူကြီးရှစ်ဦးကိုဆိုလိုခြင်းဖြစ်၏။
ရှစ်ဖုန့်အနေဖြင့် ၎င်းတို့၏သစ္စာစောင့်သိမှုကိုသံသယမရှိသော်လည်းအကယ်၍သူသေပြီးနောက် ၎င်းတို့အေးအေးလူလူနေနေသည်ဆိုလျှင် ယင်းကထူးဆန်းလိမ့်မည်ဖြစ်၏။
မှုန်မှိုင်းသောကမ္ဘာအတွင်းရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က ရှေ့သို့ဆက်လက်လျှောက်လှမ်းနေပြီး များပြားလှသောအဝါရောင်မီးတောက်တို့ကိုဖြတ်ကျော်ခဲ့သည်။
သူတို့နှစ်ယောက်အတွင်းပိုင်းသို့ပိုရောက်လာသကဲ့သို့ ကခုန်နေသောအဝါရောင်မီးတောက်တို့က ဖြည်းဖြည်းချင်းလျော့ပါးလာပြီးသူတို့ရှေ့မှ အေးစက်သောအော်ရာတစ်ခုလာနေသည်ကို လောချင်းချွမ်တွေ့လိုက်ရသည်။
ဤအော်ရာက တစ္ဆေဝိညာဉ်တို့၏ အော်ရာဖြစ်၏။ဤအော်ရာများအားခံစားရချိန်တွင် ဒဏ္ဍာရီကဲ့သို့နမည်ကျော် ငရဲဘုံဘုံနန်းကသူတို့နှင့်သိပ်မဝေးတော့မှန်း လောချင်းချွမ်သိလိုက်သည်။
ယင်အော်ရာများက သိပ်သည်းသည်ထက်သိပ်သည်းလာပြီးဤကမ္ဘာအတွင်း သိပ်သည်းလှသော ယင်အော်ရာများကြောင့် နေရာတစ်ခုလုံး အေးခဲတော့မည့်နှယ်ဖြစ်သည်။ဤဧရိယာသို့ ရောက်လာပြီးနောက် ကခုန်နေသော အဝါရောင်မီးတောက်များမှာထပ်မံ ပေါ်မလာတော့ပေ။
ထို့နောက်လောချင်းချွမ်မော့ကြည့်လိုက်သောအခါတွင် ဟင်းလင်းပြင်ထဲ၌ ဖြည်းညှင်းစွာလည်ပတ်နေသော ဧရာမအနက်ရောင်ဝဲကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။ လောချင်းချွမ်အာရုံခံမိသည့်သိပ်သည်း လှသောယင်အော်ရာများက ဤဧရာမအနက်ရောင်ဝဲကြီးထံမှ လာခြင်းဖြစ်သည်။
“ဒါကငရဲဘုံဘုံနန်းပဲ”
လောချင်းချွမ်ကဧရာမအနက်ရောင်ဝဲကြီး ကိုကြည့်၍ အံ့အားသင့်စွာရေရွတ်ပြောလိုက်သည်။
“ဟုတ်တယ်”
လောချင်းချွမ်၏ရေရွတ်သံအားကြားရသောအခါတွင် ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ဒီအနက်ရောင်ဝဲက ငရဲဘုံဘုံနန်းကိုဝင်တဲ့ဝင်ပေါက်ပဲ.မင်းဝင်လိုက်တာနဲ့ ဆရာ့ရဲ့နယ်မြေဖြစ်တဲ့ ငရဲဘုံဘုံနန်းကိုရောက်လိမ့်မယ်”
ရှစ်ဖုန့်ကကောင်းကင်ထဲရှိအနက်ရောင်ဝဲကြီးကို စိုက်ကြည့်ရင်းလောချင်းချွမ်ကိုပြောလိုက်သည်။ရုတ်ခြည်းသူ၏မျက်နှာကအေးစက်မှုအဖြစ်ပြောင်းလဲသွား၏။
“ဒါပေမဲ့ တစ်ချို့ကောင်တွေက ဆရာအိမ်ပြန်လာတာကို ကြိုဆိုချင်ပုံမရဘူး”
“ဟမ်”
ရှစ်ဖုန့်၏စကားအားကြားပြီးနောက် လောချင်းချွမ်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏မျက်နှာကအေးစက်မှုအဖြစ်ပြောင်းသွားသည်။
“ဟားဟားဟား..မင်းရှာတွေ့သွားပြီလား.. မင်းက ယိုမင် ပြန်ဝင်စားတဲ့သူဖြစ်မယ်.. မင်းထျန်းဟန်တိုက်ကြီးပေါ်ပြန်လာပြီဆိုတဲ့သတင်းကြားပြီးတဲ့နောက်ငါတို့မင်းကို ဒီမှာစောင့်နေတာတော်တော်ကြာနေပြီ.. ယိုမင်”
ဤအချိန်တွင်ရယ်မောသံနှင့်အတူ ဟင်းလင်းပြင်ထဲမှ စကားပြောသံထွက်ပေါ်လာသည်။
ဆက်ရန်……
ဘာသာပြန်သူ-ARISE