← Chapters

အခန်း (၈၄၅)

Vol. 57 Ch. 845

အခန်း (၈၄၅)

Vol. 57 Ch. 845

“ငါတို့မင်းကိုစောင့်နေတာတော်တော်ကြာပြီ ယိုမင်”

ကျယ်လောင်ပြီး ထည်ဝါသော အသံက အမှောင်ထုကောင်းကင်အတွင်းမှ ထွက်ပေါ်လာသည်။

ထို့နောက်လိုက်ပါ၍ ဟင်းလင်းပြင်အတွင်းမှုန်ဝါးသော ပုံရိပ်သုံးခုပေါ်လာပြီးဖြည်းဖြည်းချင်း ရှင်းလင်းလာသည်။

ကောင်းကင်ထဲ၌ပေါ်လာသော ပုံရိပ်သုံးခုအားစိုက်ကြည့်ရင်း ရှစ်ဖုန့်ကအေးစက်စွာပြုံးလိုက်ပြီး အော်ပြောလိုက်သည်။

“အလင်းဧကရာဇ် .. ကျင့်ထျန်းယု”

“အသက်ဧကရာဇ်.. မိုဖန်းချန်”

“ကံတရား ဧကရာဇ် …ဝူချမ်ရွှယ်”

၎င်းတို့က ယောက်ျားနှစ်ယောက်နှင့်မိန်းမ တစ်ယောက်ဖြစ်သည်။ ဤနမည်သုံးခုအားရှစ်ဖုန့်ကတစ်ခုချင်း ထုတ်ဖော်ပြောလိုက်၏။

အထက်ရှိလူများ၏နမည်သုံးခုအားကြားလိုက်ရသောအခါတွင် လောချင်းချွမ်တုန်လှုပ်အံ့အားသင့်သွားသည်။ ဤလူသုံးယောက်မှာ အလယ်ပိုင်းဒေသကြီးရှိ အလင်းစီရင်စုမှ အလင်း၊အသက်နှင့် ကံတရားဟူသည့် ဧကရာဇ်သုံးပါးဖြစ်ကြ၏။

ဤလူများအားလုံးက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်များဖြစ်ကြသည်။ ၎င်းတို့က ထျန်းဟန်တိုက်ကြီးပေါ်၌ဝင့်ကြွားစွာ ရပ်နေသောသူများဖြစ်ကြသည်။

“ဟားဟား”

အလယ်၌တစ်ကိုယ်လုံးမှ သန့်စင်မွန်မြတ်သော အဖြူရောင်အလင်းကိုထုတ်လွှတ်ပြီး အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ရှိသည်။ ဤလူက အလင်းဧကရာဇ် ကျင့်ထျန်းယုဖြစ်သည်။ ရှစ်ဖုန့်ကသူ၏နမည်အားထုတ်ပြောသည် ကိုကြားသောအခါတွင် သူကရယ်မော၍ပြောလိုက်သည်။

“မင်းကငါတို့သုံးယောက်ကို မှတ်မိတယ်ဆိုတော့ မင်းကယိုမင်ပဲဖြစ်ရမယ်”

“ဟမ့်”

ရှစ်ဖုန့်က နှာခေါင်းရှုံ့လိုက်ပြီး ဝင့်ကြွားစွာပြန်ပြောလိုက်သည်။

“ဒီသခင်လေးကယိုမင်ပဲ”

“ဆရာ”

ရှစ်ဖုန့်က သူ၏သရုပ်မှန်အား ဤလူသုံးယောက်ရှေ့၌ဝင်ခံသည်ကို ကြားရသောအခါတွင် လောချင်းချွမ်ကတုန်လှုပ်သွားပြီး ရှစ်ဖုန့်ကိုအော်ပြောလိုက်သည်။

“အဆင်ပြေတယ်”

လောချင်းချွမ်၏အော်ခေါ်သံအားကြားရသောအခါတွင် ရှစ်ဖုန့်က သူ၏လက်ကိုဝေ့ယမ်းပြပြီး ပြောလိုက်သည်။

“ဒီလူသုံးယောက်ကဒီနေရာမှာပေါ်လာပြီး တို့တွေရဲ့လမ်းကိုပိတ်တယ်ဆိုမှတော့ ဒီသခင်လေးသရုပ်မှန်ကိုဝန်မခံရင်တောင် အကယ်၍ဒီသခင်လေးကယိုမင်ဟုတ်မ နေခဲ့ရင်တောင်.. သူတို့က ဒီသခင်လေးကိုလွှတ်ပေးမှာမဟုတ်ဘူး”

“ငရဲဘုံဘုံနန်းရဲ့ဝင်ပေါက်မှာ သူတို့က လူတစ်ယောက်မပြောနဲ့ လူထောင်ချီလည်းသတ်ပစ်ကြမှာပဲ”

“ဟားဟား.. ယိုမင်ကတော့ ယိုမင်ပါပဲ. မင်းမှာ မြင့်မားတဲ့နိုးကြားမှုရှိတာပဲ.. “

ရှစ်ဖုန့်၏စကားတို့အားကြားရမှုအပေါ်တွင် ညာဘက်၌ရပ်နေသည့် အစိမ်းရောင်ဝတ်ရုံကိုဝတ်ဆင်ထားသောအသက်ဧကရာဇ်က ရယ်မောလိုက်သည်။ သူ၏ကိုယ်မှအားကောင်းသော အသက်အော်ရာကိုထုတ်လွှတ်နေသည်။ သူက အသက်ဧကရာဇ်. မိုဖန်းချန်ပင်ဖြစ်သည်။

“မင်းမှာဒီလောက် နိုးကြားအသိတွေရှိနေမှတော့.. မင်းရဲ့ဝိညာဉ်လုံးဝပျောက်ကွယ်သွားပြီး ထျန်းဟန်တိုက်ကြီးပေါ်ကနေ ပျောက်သွားလိုက်တော့”

အလင်းဧကရာဇ် ကျင့်ထျန်းယုက ဂရုမထားဟန်ဖြင့်ပြောလိုက်သည်။ ထို့နောက် သူ၏ညာလက်အားဆန့်ထုတ်ပြီး ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့ထံလက်ဖဝါး ဖြင့်ချိန်ရွယ်လိုက်သည်။ သူ၏လက်ဖဝါးမှအားကောင်းသော အဖြူရောင်အလင်းတစ်ခုတောက်ပလာပြီး ရုတ်ခြည်းမှောက်မိုက်သော ကမ္ဘာအားထွန်းလင်းသွားစေသည်။

“ငါ..လင်ယဲ့ဖုန်းဒီမှာရှိနေတာ.. ငါ့ဆရာရဲ့ဝိညာဉ်ကိုဘယ်ကောင်ကဖျက်ဆီးရဲသလဲဆိုတာကိုကြည့်ကြသေးတာပေါ့”

ဤအချိန်တွင် လွန်စွာခက်ထန်သော ကြုံးဝါးသံတစ်ခုက ဤဧရိယာအတွင်းထွက်ပေါ်လာသည်။

ရုတ်ခြည်းဟင်းလင်းပြင်အတွင်း၌အားကောင်းသောစွမ်းအင်အတက်အကျတစ်ခုဖြစ်ပေါ် လာပြီး ဤဧရိယာအတွင်းအားကောင်းသောသေခြင်းအော်ရာတစ်ခု ဖြန့်ကျက်ထွက်ပေါ်လာသည်။ထို့နောက် အနက်ရောင်ပုံရိပ်တစ်ခုက ကောင်းကင်ထဲ၌ဖြည်းဖြည်းချင်းပေါ်လာ၏။

ဖြည်းဖြည်းချင်းရှင်းလင်းလာသော အနက်ရောင်ပုံရိပ်အားကြည့်ရင်း လောချင်းချွမ်၏ကိုယ်ကရုတ်တရက်တုန်တက်သွားသည်။

“အ..အကြီးဆုံးစီနီယာအကို ..အကြီးဆုံးစီနီယာအကိုပဲ”

သေခြင်းဧကရာဇ်လင်ယဲ့ဖုန်းက လေထဲ၌တဖျပ်ဖျပ်လူးလွန့်နေသော အနက်ရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသည်။သူ၏ကိုယ်၌ အနက်ရောင်သေခြင်းမြူတစ်ခုဝန်းရံနေပြီး အားကောင်းသောသေခြင်းအော်ရာတစ်ခုကိုထုတ်လွှတ်နေသည်။ သူ၏ သင့်တင့်ပြီးခံ့ညားသောမျက်နှာက အေးစက်နေကာ အလင်းစီရင်စုမှ လူသုံးယောက်အားအေးစက်စွာစိုက်ကြည့်နေသည်။

“ငါအန်းချီဒီမှာရှိနေတာ ဘယ်သူက ငရဲဘုံကိုးခုဧကရာဇ်ကို ထိခိုက်အောင်လုပ်ရဲလဲ”

“သူတောင်းစားသုံးယောက် အလယ်ပိုင်းဒေသကြီးထဲမှာကုတ်ကုတ် လေးနေရမဲ့အစား ဒီကိုတကယ်သေဖို့လာရဲသေးတယ်”

ထို့နောက်နောက်ထပ် ခံ့ညားသော အသံနှစ်ခုပဲ့တင်ထွက်ပေါ်လာသည်။ အားကောင်းသောအမှောင်အော်ရာနှင့် ဧရိယာတစ်ခွင့်ဖြန့်ကျတ်ကာအရာ အားလုံးအားဖျက်ဆီးပစ်နိုင်ပုံရသော ကြီးစိုးသည့်အော်ရာတစ်ခုတို့ထွက်ပေါ်လာသည်။ လင်ယဲ့ဖုန်း၏ဘေးတွင် ပုံရိပ်နှစ်ခု ဖြည်းဖြည်းချင်းပေါ်လာသည်။

ဤလူနှစ်ယောက်မှာ အလယ်ပိုင်းဒေသကြီးရှိ အမှောင်စီရင်စုမှ နောက်ထပ် အထွတ်အထိပ် ဧကရာဇ်နှစ်ပါးဖြစ်သည်။၎င်းတို့က အမှောင်ထုဧကရာဇ် အန်းချီနှင့် ပျက်စီးခြင်းဧကရာဇ် ရှဲ့ထျန်းတို့ဖြစ်ကြသည်။

“မင်းတို့”

သူတို့ရှေ့ရှိ ပုံရိပ်သုံးခုအားမြင်တွေ့လိုက်ရသောအခါတွင် အလင်းစီရင်စုမှလူသုံးယောက်၏မျက်နှာများမှာ ရုတ်ခြည်း ပုံမှန်မဟုတ်စွာအေးစက်သွားကြသည်။

ပြောနေရင်းရန်သူများနှင့်တွေ့ဆုံရသည့်အခါသူတို့၏ မျက်လုံးများနီရဲလာသည်။ အလယ်ပိုင်းဒေသကြီးအတွင်းစီရင်စုနှစ်ခု အရှင်သခင်ခြောက်ယောက်တို့မှာ နှစ်ပေါင်းများစွာတိုက်ခိုက်နေကြ သည်ဖြစ်သည်။

လင်ယဲ့ဖုန်း၏အေးစက်သောမျက်နှာက သူ့ရှေ့ရှိလူသုံးယောက်ထံမှအောက်သို့ပြောင်းရွှေ့သွားသည်။ မကြာခင် သူ၏ရှေ့တွင်ရင်းနီးသောအဖြူရောင်ပုံရိပ်တစ်ခု ပေါ်လာသည်။၎င်းက စတုတ္ထဂျူနီယာညီဖြစ်သူ လောချင်းချွမ်ဖြစ်သည်။

ထို့နောက်လောချင်းချွမ်ဘေးမှ ရင်းနီးမှုမရှိသော ပုံရိပ်တစ်ခုကိုလင်ယဲ့ဖုန်းမြင်တွေ့လိုက်ရသည်။ ၎င်းက ရင်းနီးမှုမရှိသောငယ်ရွယ်သည့် မျက်နှာဖြစ်သော်လည်း အတိတ်ကထိုလူ၏မျက်နှာနှင့် အေးစက်သောမျက်နှာကရုတ်ခြည်း တစ်ထပ်တည်းဖြစ်လာသည်။

လင်ယဲ့ဖုန်းက လျင်မြန်စွာလှုပ်ရှားလိုက်ပြီး ရှစ်ဖုန့်၏ရှေ့၌ဆင်းသက်လိုက်သည်။ သူကဒူးတို့ကိုကွေးညွှတ်လိုက်ပြီး မြေပြင်ပေါ်ခပ်ပြင်းပြင်းထောက်ချလိုက်သည်။ မြေပြင်ပေါ်တွင်အက်ကွဲရာနှစ်ခုပေါ်လာပြီး ရှေ့နောက်ပြန့်ကျဲသွားသည်။

လင်ယဲ့ဖုန်း၏မျက်နှာထက်တွင် စိတ်လှုပ်ရှားပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်နေသည်။ သူကကျယ်လောင်စွာအော်ပြောလိုက်သည်။

“ဆရာ”

သူ့ရှေ့၌ဒူးထောက်နေသော ယခင်တပည့်ဖြစ်သူအားကြည့်ရင်း ရှစ်ဖုန့်ကခြားနားမှုမရှိပြောလိုက်သည်။

“ကောင်းပြီ..ထတော့. ဒီသခင်လေး ဒီလိုသေမျိုး ဓလေ့ထုံးတမ်းတွေကို သဘောမကျတာမင်းလည်းသိတယ်..မင်းကအခုအရှင်သခင်တစ်ပါးဖြစ်နေပြီ.. အပြင်လူတွေရှေ့မှာ ဒီလိုမျိုးလုပ်နေစရာမလိုဘူး”

“ဆရာတစ်ယောက်ကဖခင်တစ်ဦးလိုပါပဲ.. လင်ယဲ့ဖုန်း ဆရာ့ရဲ့ကြင်နာမှုတွေကို အမြဲအမှတ်ရနေမှာပါ”

လင်ယဲ့ဖုန်းက ရှစ်ဖုန့်အားကြည့်၍အေးစက်စွာအော်ပြောလိုက်သည်။ သူ၏ ထည်ဝါပြီးအားပြင်းသောအသံက ကော်းကင်နှင့်မြေပြင်ကြားထဲ၌ ရိုက်ခတ်သွားသည်။

ဤအချိန်တွင် ဒူးထောက်နေသောပုံရိပ်က ဖြည်းညှင်းစွာထရပ်လာသည်။ သူကလှည့်လိုက်ပြီး ရှစ်ဖုန့်၏ရှေ့တွင်ရပ်လိုက်သည်။ သူက ကောင်းကင်ထဲရှိ အလင်းစီရင်စုမှ လူသုံးယောက်ကိုမော့ကြည့်လိုက်၏။ သူ၏တစ်ကိုယ်လုံးတွင်သတ်ဖြတ်ခြင်း စိတ်ဆန္ဒတို့ဖြင့်ပြည့်နှက်နေသည်။ သူ၏မျက်နှာထက်တွင်သတ်ဖြတ်လို စိတ်တို့ဖြင့်ပြည့်နေသည်။ သူကဒေါသတကြီးထပ်မံ အော်ဟစ်လိုက်သည်။

“စပ်ဆုပ်ဖို့ကောင်းတဲ့သုံးကောင်. ငါ့ဆရာကို သူ့ရဲ့အထွတ်အထိပ်မရောက်ခင် ဘယ်လိုတောင်သတ်ဖို့ကြိုးစားရဲတာလဲ. ဒီနေငါလင်ယဲ့ဖုန်းဒီမှာရှိနေတာ ဘယ်သူကငါ့ဆရာ ရဲ့ဆံပင်တစ်ချောင်းကိုထိရဲလဲဆိုတာ ကြည့်သေးတာပေါ့”

“ဒီနေငါလင်ယဲ့ဖုန်းဒီမှာရှိနေတာ ဘယ်သူကငါ့ဆရာ ရဲ့ဆံပင်တစ်ချောင်းကိုထိရဲလဲဆိုတာ ကြည့်သေးတာပေါ့”

“ဒီနေငါလင်ယဲ့ဖုန်းဒီမှာရှိနေတာ ဘယ်သူကငါ့ဆရာ ရဲ့ဆံပင်တစ်ချောင်းကိုထိရဲလဲဆိုတာ ကြည့်သေးတာပေါ့”

လင်ယဲ့ဖုန်း၏သတ်ဖြတ်လိုစိတ် တို့ပြည့်နေသည့် ဒေါသတကြီးအော်ဟစ်သံက ထပ်မံပဲ့တင်ထပ်နေသည်။

“ဟမ့်”

ဤအချိန်တွင်အသက်ဧကရာဇ် မိုဖန်းချန်က အထင်သေးမှုအပြည့်နှင့်နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။

“ငါတို့တွေတိုက်ခိုက်နေတာ နှစ်ပေါင်းများစွာကြာပြီ. ငါတို့ရဲတိုက်ခိုက်ရေးခွန်အားက အမြဲတန်းတူပဲ. ယိုမင်ကအတိတ်တုံးက မကောင်းတဲ့အရာတွေအများကြီးလုပ်ခဲ့တာ. ငါတို့သုံးယောက်တည်းက သူ့အသက်ကို လိုချင်တာလို့ထင်မင်းထင်နေတာလား. ဒီနေ့ ယိုမင် ဒီမှာသေရမယ်. မင်းတို့တွေဘယ်အချိန်ထိပုန်း နေကြအုံးမှာလည်း

မိုဖန်းချန်၏အသံပျောက်သွားသည်နှင့် ဟင်းလင်းပြင်ထဲ၌ ဖော်ပြ၍မရနိုင်သော စွမ်းအားကြီးစွမ်းအင်အတက်အကျတို့ဖြစ်ပေါ်လာသည်။ အလင်းစီရင်စုမှလူသုံးယောက်၏နောက်တွင် ပုံရိပ်များတစ်ခုပြီးတစ်ခုပေါ်လာ၏။ စွမ်းအားကြီးအော်ရာများတစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။

လူခုနှစ်ယောက်စုစုပေါင်းပုံရိပ်ခုနှစ်ခု ထွက်ပေါ်လာခြင်းဖြစ်သည်။

ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့မှာ လူသုံးယောက်နောက်မှပေါ်လာသော ပုံရိပ်ခုနှစ်ခုအားမြင်တွေ့ရသောအခါတွင် သူတို့၏သတ်ဖြတ်ခြင်းစိတ်ဆန္ဒများက သူတို့၏ကိုယ်မှရုတ်ခြည်းမြင့်တက်ထွက်ပေါ်လာသည်။

လောချင်းချွမ်ကအကြီးဆုံးစီနီယာအကိုဖြစ်သူလင်ယဲ့ဖုန်းကိုအော်ပြောလိုက်သည်။

“အကြီးဆုံးစီနီယာအကို.. ကျွန်တော်တို့ဆရာ အရင်ကသေခဲ့ရတဲ့အကြောင်းပြချက်က ဒီစက်ဆုပ်ဖို့ကောင်းတဲ့လူခုနှစ်ယောက်က ဆရာ့ကိုလုပ်ကြံခဲ့တာ. ဒီလူခုနှစ်ယောက်က အကြွင်းမဲ့သေဖို့ထိုက်တန်တယ်”

“ဘာ”

လင်ယဲ့ဖုန်းမှာ လောချင်းချွမ်၏စကားတို့အားကြားသောအခါတွင်သူ၏စိတ်ရောကိုယ်ပါရုတ်ခြည်းတုန်လှုပ်သွားသည်။ သူ၏အေးစက်သောမျက်နှာက လူခုနှစ်ယောက်အားတစ်ယောက်ပြီး တစ်ယောက် ကြည့်လိုက်သည်။

သူ၏အံကိုတင်းတင်းကြိတ်ပြီး ခက်ထန်စွာပြောလိုက်၏။

“ရောင်စဉ်ဧကရာဇ် ကျိယဲ့ဟောင်….”

“ငရဲမီးတောက်ဧကရာဇ် ဝမ်ကူးချိုး”

“တော်ဝင်လေဧကရာဇ် မင်ယန်”

“မိုးကြိုး ဧကရာဇ် အောင်လိုင်ရှင်း”

“ဓားဧကရာဇ် ယွဲ့ရှောင်း”

“နေကြာနှင်းစက် ဧကရာဇ် ကူးဖှေးယွဲ့..”

“တောင်တန်းဧကရာဇ် သွမ့်ရှင်းယု”

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters