အခန်း (၈၄၆)
Vol. 57 Ch. 846
မှောင်မိုက်သောကောင်းကင်ထဲတွင် အလင်းစီရင်စု၏လူသုံးယောက်၏နောက်မှ ပုံရိပ်ခုနှစ်ခုပေါ်လာသည်။ ၎င်းတို့က ငရဲဘုံကိုးခုဧကရာဇ် အား သတ်ဖြတ်ခြင်းအစီအရင်ဖြင့်သတ်ဖြတ်ခဲ့ ကြသော ဧကရာဇ်နယ်ပယ် ခုနှစ်ယောက်ဖြစ်သည်။
ဤအချိန်တွင် အသက်ဧကရာဇ် မိုဖန်းချန်က သူ၏ခေါင်းကိုငုံ့လိုက်ပြီး ရှစ်ဖုန့်နှင့်သူ၏တပည့်များကိုကြည့်လိုက်သည်။ သူကလှောင်ပြောင်ပြောဆိုလိုက်၏။
“ဒီနေ့ငါတို့ဆယ်ယောက် အတူတကွပူးပေါင်းလုပ်ဆောင်ရင် ဒီကမ္ဘာပေါ်မှာ ယိုမင်ကို ဘယ်သူကများကယ်နိုင်အုံးမလဲဆိုတာကို ငါတွေ့ချင်သေးတယ်”
မိုဖန်းချန်ကစကားပြောရင်း အမှောင်ဧကရာဇ် အန်းချီနှင့် ပျက်စီးခြင်းဧကရာဇ် ရှဲ့ထျန်းတို့အားကြည့်လိုက်ပြီးအေးစက်စွာရယ်မော၍ပြောလိုက်၏။
“မင်းတို့သုံးယောက်လည်း ယိုမင်နဲ့အတူသေလမ်းကိုလိုက်ရမှာ .ဒီနေ့ကစပြီးအလယ်ပိုင်းဒေသကြီးမှာ အမှောင်စီရင်စုဆိုတာထပ်ပြီးရှိစရာမလိုတော့ဘူး”
“မောက်မာလိုက်တာများ”
မိုဖန်းချန်၏စကားတို့အားကြားပြီး နောက်ရှစ်ဖုန့်က သွေးအေးစွာရယ်လိုက်ပြီး ပြောလိုက်သည်။
“မင်းမိုဖန်းချန်က အရင်တုံးက အရမ်းစကားများတယ်ဆိုတာကို ဒီသခင်လေး သဘောမပေါက်ခဲ့ဘူး. ဒီသခင်လေးသာစောစောသိခဲ့ရင် အဲ့အချိန်တုံးအလင်းစီရင်စုကိုဖျက်ဆီးပြီး မင်းကိုသေတဲ့အထိပါးကြီးရိုက်တယ်”
“ဟားဟား..ဟားဟားဟားဟားဟား”
ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် မိုဖန်းချန်၏မျက်နှာထက်တွင် မည်သည့်ဒေါသလက္ခဏာကိုမှပြသခြင်း မရှိချေ။ ထိုအစားသူကဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
“အရင်တုံးကလား . ဟားဟား အရင်တုံးက . ယိုမင် ငါမိုဖန်းချန် အရင်တုံးက မင်းကိုတယ်ကြောက်ခဲ့တာ. ဒါပေမဲ့အခုမင်းက ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ်လေး တစ်ယောက်ပဲ. မင်းမှာ ငါ့ကိုဒီလိုပြောပိုင်ခွင့်ဘာရှိလို့လဲ”
မိုဖန်းချန်၏စကားတို့အားကြားပြီးနောက် လင်ယဲ့ဖုန်းတစ်ယောက်နောက်တစ်ကြိမ်ထပ်မံဒေါသထွက်သွားသည်။ သူကကောင်းကင်ထဲသို့လက်ညှိုးထိုးပြီး အော်ငေါက်ပြောဆိုလိုက်သည်။
“မိုဖန်းချန်.. မင်းသေဖို့ထိုက်တန်တယ်. ငါ့ဆရာကို ဘယ်လိုတောင်ဒီလိုမျိုးပြောရဲတာလဲ ငါ လင်ယဲ့ဖုန်း. မင်းကို အပိုင်းပိုင်းဖြတ်ပစ်မယ်လို့ကျိန်ဆိုတယ်”
လင်ယဲ့ဖုန်း၏ စကားတို့အားကြားပြီးနောက် မိုဖန်းချန်က ထပ်မံအထင်သေးမှုအပြည့်ဖြင့်ရယ်မောလိုက်သည်။
“ဟားဟားဟား..ငါ့ကို အပိုင်းပိုင်းဖြတ်ပစ်မယ်တဲ့လား. လင်ယဲ့ဖုန်း ဘာလို့မင်းမျက်လုံးတွေကို ဖွင့်ပြီးဒီနေ့ဘယ်သူကအပိုင်းပိုင်းဖြတ်ခံရမလဲဆိုတာကိုမကြည့်တာလဲ”
“တော်လော်ပြီ မိုဖန်းချန်.. အဓိပ္ပါယ်မရှိပြောနေတာတွေကိုရပ်တော့. မလိုလားအပ်တဲ့ ပြဿနာတွေကိုရှောင်ဖို့အတွက် ယိုမင်ကို ဖြစ်နိုင်သမျှ အမြန်ဆုံး သတ်ကြစို့. “
အလင်းစီရင်စုဂိုဏ်း၏နောက်ဘက်ရှိ လူခုနှစ်ယောက်ဘက်ခြင်းမှတစ်ယောက်က ပြောလိုက်သည်။ စကားပြောလိုက်သောသူမှာ မိုးကြိုးဧကရာဇ် အောင်းလိုင်ရှင်းပင်ဖြစ်သည်။
ငရဲမီးတောက်ဧကရာဇ် ဝမ်ကူးချိုးကကြားဖြတ်ဝင်ပြောလိုက်၏။
“ဟုတ်တယ်.. စကားတွေပြောပြီးအချိန်ဖြုန်းနေစရာမလိုဘူး. . ယိုမင်ရဲ့ဝိညာဉ်ဖျက်ဆီးခံရမှသာ တို့တွေ အေးအေးချမ်းချမ်းအနားယူနိုင်မှာ”
“ယိုမင်ကိုသတ်”
“ယိုမင်”
ထို့နောက်လိုက်ပါ၍ အသံများတစ်ခုပြီးတစ်ခုကိုကြားလာရ၏။ ၎င်းတို့အားလုံးက ယိုမင်အားသတ်ချင်ကြသည်။
“ဟီးဟီး”
သူတို့၏စကားသံများအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က ရယ်မောပြီးပြောလိုက်သည်။
“မင်းတို့ဆန်ကုန်မြေလေးတွေက အရင်ကနဲ့အတူတူပဲ. မင်းတို့ကိုယ်မင်းတို့ အရမ်းယုံကြည်မှုတွေရှိနေကြတယ်…ဒီနေ့ ဒီသခင်လေး သေမယ်လို့မင်းတို့ထင်နေတာလား”
“ငါတို့တွေ အင်အားကိုပူးပေါင်းရင် ယိုမင်ဒီနေ့တကယ်သေမှာ..”
နောက်ထပ်လူတစ်ယောက်က အေးစက်သောအသံဖြင့် ပြန်ဖြေသည်။
ရှစ်ဖုန့်က စကားပြောသောသူအားကြည့်၍ ပြောလိုက်သည်။
“ဓားဧကရာ် ယွဲ့ရှောင်. မင်းကနေထိုင်ခဲ့တဲ့သက်တမ်းအလျှောက်စွမ်းအားကြီးလာပါလား.. ပြီးခဲ့တဲ့အဲ့နှစ်တွေကသာ မင်းအဲ့စကားပြောခဲ့ရင် ဒီသခင်လေး မင်းကိုတကယ် သေတဲ့အထိပါးရိုက်တယ်”
“ဟမ့်”
ယွဲ့ရှောင်းက အေးစက်စွာနှာခေါင်းရှုံးလိုက်သည်။
ယခင်က သူက မြင့်မားပြီးအရှိန်အဝါကြီးမာသော ဓားဧကရာဇ်တစ်ပါးဖြစ်ခဲ့ပြီး တကယ်ကိုယိုမင်ပါးရိုက်ခြင်းအားခံခဲ့ရသည်ဖြစ်သည်။ သိ့သော် သူ့အနေဖြင့် လက်တုန့်ပြန်ရဲခြင်း သို့မဟုတ် အသံထွက်ရဲခြင်းမရှိချေ။
“မင်းကသေရတော့မှာ.. မင်းကိုပြောစရာဘာကြောင်းမှမရှိဘူး..”
ဤသို့ပြောပြီးနောက် ယွဲ့ရှောင်းကရှစ်ဖုန့်အား လျစ်လျူရှုလိုက်သည်။
“ကောင်းပြီ..အားလုံးပဲ. အတူတူတိုက်ကြစို့.. အမှောင်စီရင်စုဂိုဏ်းကဒီပြဿနာကောင် သုံးကောင်ကို သတ်ပြီးမှ ယိုမင်ကိုတို့သတ်ကြမယ်..”
ဤအချိန်တွင် အလင်းဧကရာဇ် ကျင့်ထျန်းယုက လူအုပ်အားပြောလိုက်၏။
“ဟုတ်တယ်..တိုက်ကြ”
တိုက်ပွဲခေါ်သံနောက်သို့လိုက်ပါ၍ဆယ်ယောက်သော ဧကရာဇ်နယ်ပယ်တို့က စတင်တိုက်ခိုက်လိုက်ကြသည်။
ဟင်းလင်းပြင်ထဲ၌ ပြင်းထန်သော မီးတောက်များပေါ်လာသည်။ ဓားချီတို့ကလည်း အဆီးအတားမဲ့စတင်လှုပ်ရှားလာသည်။ ထို့နောက်လိုက်ပါ၍ လေပြင်းများ၊ တလိပ်လိထနေသော လှိုင်းလုံးများနှင့် လျှပ်စီးများလည်းလင်းလက်လာ၏။
“ဟားဟား..ဟားဟားဟား”
ကောင်းကင်ထဲ၌ပေါ်လာသည့် စွမ်းအင်စီးကြောင်းများကို ကြည့်ရင်း ဤစွမ်းအင်စီးကြောင်းများဆင်းသက်လာသည်နှင့် သူ၏လက်ရှိခွန်အားဖြင့်ဆိုလျှင် ဤကမ္ဘာ၌ သူထပ်မံသေရမည်ဖြစ်သည်ကို ရှစ်ဖုန့်သံသယမရှိပေ။
ထိုစွမ်းအားကြီးမားသောစွမ်းအင်များပေါ်လာသောအခါတွင် လင်ယဲ့ဖုန်း၏မျက်နှာထက်၌ပင် ထိတ်လန့်မှုတစ်ခုဖြစ်ပေါ်လာသည်။ သို့သော် ရှစ်ဖုန့်ကတော့ ကောင်းကင်ထဲသို့မော့ကြည့်၍ ရယ်မောနေ၏။
ထို့နောက်လိုက်ပါ၍ ရှစ်ဖုန့်က ရယ်မောရင်းပြောလိုက်သည်။
“မင်းတို့ ဆန်ကုန်မြေလေးတွေ.. မင်းတို့ဒီသခင်လေးကိုသတ်ချင်တယ်ဆိုရင် ဘာလို့မင်းတို့ရဲ့ခွေးမျက်လံးတွေကို ကျယ်ကျယ်ဖွင့်ပြီးတော့ မင်းတို့ရောက်နေတာဘယ်မှာလဲဆိုတာကို မကြည့်ရတာလဲ”
“ဒီသခင်လေးရဲ့အိမ်ရှေ့ကိုလာပြီး ဘယ်လိုတောင် ဒီသခင်လေးကိုသတ်ဖို့ကြိုးစားရဲတာလဲ.. ဒီသခင်လေးရဲ့ တစ္ဆေစစ်သူကြီးရှစ်ဦးက မေတ္တာတရားကြီးမားတဲ့ သက်သက်လွတ်သမားတွေလို့မင်းတို့ထင်နေတာလား”
ထို့နောက်ရှစ်ဖုန့်က မော့ကြည့်၍ နက်ရှိုင်းသောအသံဖြင့်အော်ပြောလိုက်သည်။
“မင်းတို့ရှစ်ယောက်. မြန်မြန်လာပြီး ကိုယ်ထင်ပြကြစမ်း. ဒီသခင်လေးကို ဒီဆန်ကုန်မြေလေးတွေထပ်ပြီးသတ်တာကိုမင်းတို့က မြင်ချင်နေကြတာလား”
“ဟားဟား. ငါတို့ကောင်းကောင်းပုန်းနေကြပေမဲ့ ကြီးမြတ်သော ဧကရာဇ်က ရှာတွေ့တုံးပဲ”
“ဒါပေါ့. ကြီးမြတ်သောဧကရာဇ်က ဘယ်သူမို့လဲ. သူ့ရဲ့ဝိညာဉ်ဖျက်ဆီးခံရတာတောင် ပြန်လည်မွေးဖွားလာတဲ့ဟာကို”
“ဒီတစ်ကြိမ် တို့တွေတော့ထပ်ပြီး အပြစ်ပေးခံရတော့မယ်”
“ညီအကို တို့ သူတို့ကို သတ်ကြ”
ဤအချိန်တွင် ဧရာမအနက်ရောင်ဝဲကြီး ထံမှ အသံများထွက်ပေါ်လာသည်။ ထို့နောက် ဧရာမအနက်ရောင်ဝဲကြီးထံမှ အနက်ရောင်ချပ်ဝတ်ပုံရိပ်များတစ်ခုပြီးတစ်ခုထွက်ပေါ်လာ၏။
စုစုပေါင်းပုံရိပ်ရှစ်ခုဖြစ်သည်။ ၎င်းတို့က ငရဲဘုံကိုးခု ဧကရာဇ် အောက်မှ တစ္ဆေစစ်သူကြီးရှစ်ဦးဖြစ်၏။
တစ္ဆေစစ်သူကြီးရှစ်ဦးပေါ်လာသည်နှင့် ၎င်းတို့က ဟင်းလင်းပြင်ထဲ၌ဝင့်ကြွားစွာရပ်နေပြီး သူတို့ရှေ့ရှိ ပုံရိပ်ဆယ်ခုအားစိုက်ကြည့်နေကြသည်။ ရုတ်ခြည်း အေးစိမ့်သော လေပြင်းတို့တိုက်ခတ်လာပြီး ကမ္ဘာက ပုံမှန်မဟုတ်စွာအေးစက်လာသည်။
“တ..တစ္ဆေစစ်သူကြီး ရှစ်ဦး. ဒါကကောင်းလိုက်တာ”
တစ္ဆေစစ်သူကြီးရှစ်ဦးအားကြည့်ရင်း လောချင်းချွမ်၏မျက်နှာထက်ရှိ အကြောက်တရားကချက်ချင်းမှေးမှိန်ပျောက်ကွယ်သွားကာ စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။
“ဟားဟား.တစ္ဆေစစ်သူကြီးရှစ်ဦး”
လင်ယဲ့ဖုန်းကလည်း အော်ပြောလိုက်သည်။
“တိုက်”
“တိုက်ကြ”
အမှောင်ဧကရာဇ် အန်းချီနှင့် ပျက်စီးခြင်းဧကရာဇ်မြဲ့ထျန်းတို့ကလည်း တစ္ဆေစစ်သူကြီးရှစ်ဦးအားမြင်တွေ့လိုက် ရသောအခါတွင် သူတို့မျက်နှာထက်ရှိ ရီဝေမှုတို့ လွင့်စင်ပျောက်ကွယ်သွားသည်။
သူတို့နှစ်ဦးက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်များ ဖြစ်ကြသော်လည်း လင်ယဲ့ဖုန်းအပါအဝင်မှ သူတို့ဘက်ကတွင်စုစုပေါင်း သုံးယောက်သာရှိသည်ဖြစ်သည်။ အခြားတစ်ဖက်တွင်တော့ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်က ဆယ်ဦးတောင်ရှိသည်ဖြစ်၏။
အကယ်၍ သူတို့တိုက်ခိုက်ကြလျှင် ရင်ဖိုခြင်းပင်ခံစားရလိမ့်မည်မဟုတ်ပေ။
သို့သော် တစ္ဆေစစ်သူကြီးရှစ်ဦးပေါ်လာမှုနှင့်အတူ အခြေအနေက လုံးဝ ကွဲပြားသွားသည်။ တစ္ဆေစစ်သူကြီး ရှစ်ဦးက တစ္ဆေများဖြစ်ကြသော်လည်း ၎င်းတို့၏တိုက်ခိုက်ရေးခွန်အားက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ရှိသည်ဖြစ်သည်။
သိပ်မကြာခင် အန်းချီနှင့်မြဲ့ထျန်းထံမှ တိုက်ပွဲခေါ်သံနှစ်ခုထွက်ပေါ်လာသည်။ သူတို့၏ကိုယ်များကလှုပ်ရှားသွားပြီးသူတို့ရှေ့ရှိ လူရှစ်ယောက်ထံသို့ပျံသန်းသွားကာ ၎င်းတို့နှင့်တွေ့ဆုံလိုက်သည်။
အလင်းစီရင်စုဘက်မှ လူဆယ်ယောက်မှာ တစ္ဆေစစ်သူကြီးရှစ်ဦးပေါ်လာမှုအား တွေ့လိုက်ရသောအခါတွင် သူတို့၏အမူအယာများကသိသိသာသာပြောင်းလဲသွားသည်။ မူလက အခြေအနေကသူတို့၏ထိန်းချုပ်မှု အောက်၌ရှိနေပြီး ငရဲဘုံကိုးခုဧကရာဇ်က သေချာပေါက်သေလိမ့်မည်ဟုသူတို့ထင်ခဲ့ကြသည်။ သို့သော် တစ္ဆေစစ်သူကြီးရှစ်ဦးက အတွင်းမှ ပြေးထွက်လာလိမ့်မည်ဟု သူတို့ လုံးဝမမျှော်လင့်ထားခဲ့ကြပေ။
“ဘာပဲဖြစ်ဖြစ်. . ယိုမင်ကိုအရင်သတ်ကြစို့”
ဤအချိန်တွင် ဓားဧကရာဇ် ယွဲ့ရှောင်းက အော်ပြောလိုက်သည်။
ယခင်က သတ်ဖြတ်ခြင်းအစီရင်အားခင်းကျင်း ခဲ့ကြသော လူခုနှစ်ယောက် ယိုမင်အားအသေစေချင်ဆုံးဖြစ်သည်။
“ငါလင်ယဲ့ဖုန်းဒီမှာရှိနေရင် ဘယ်သူဆင်းလာပြီး ကြိုးစားရဲလဲ.”
ယွဲ့ရှောင်း၏ အော်သံအားကြားရသောအခါတွင် ရှစ်ဖုန့်၏ရှေ့၌ရပ်နေသောလင်ယဲ့ဖုန်းက အော်ပြောလိုက်သည်။ တစ်ချိန်တည်းတွင် အနက်ရောင်သေခြင်းတိုင်လုံးကဲ့သို့ လင်ယဲ့ဖုန်း၏ကိုယ်မှ သိပ်သည်းသော အနက်ရောင်သေခြင်းမြူတို့ကိုထုတ်လွှတ်လာသည်။
“ဘန်း.ဘန်း..ဘန်း..ဘန်း”
ဤအချိန်တွင်မြေပြင်က ပြင်းထန်စွာစတင်တုန်ခါလာပြီး မြေပြင်များ များစွာသော ပုံရိပ်များ တိုးထွက်လာသည်။
“ဂါး..ဂါး.ဂါး.ဂါး.ဂါး.”
သားရဲများကဲ့သို့ခက်ထန်သောအော်သံများက ထွက်ပေါ်လာ၏။
၎င်းတို့မှာ လင်ယဲ့ဖုန်း၏ အလောင်းတစ်သောင်းအစီအရင်မှ ယင်အလောင်းကောင်တစ်သောင်းပင်ဖြစ်သည်။
ဆက်ရန်……
ဘာသာပြန်သူ-ARISE