အခန်း (၈၄၇)
Vol. 57 Ch. 847
မြေပြင်က တုန်ခါပြီးမြည်ဟိန်းလာသည်။ မြေပြင်မှ ပုံရိပ်များက တိုးထွက်လာပြီး သားရဲရိုင်းများကဲ့သို့ ဟိန်းဟောက်နေ၏။ သေခြင်းချီက ဧရိယာတစ်ခွင်လုံအား စတင်လွှမ်းခြုံလာ၏။
လင်ယဲ့ဖုန်းက မြေပြင်မှ ယင်အလောင်းကောင်တစ်သောင်းအား ဆင့်ခေါ်လိုက်၏။ လင်ယဲ့ဖုန်းက အလောင်းတစ်သောင်းအစီအရင်အား ခင်းကျင်းခဲ့ခြင်းဖြစ်သည်။
လင်ယဲ့ဖုန်းက သူ၏ခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ထဲရှိ အလင်းစီရင်စုမှ ပုံရိပ်ဆယ်ခုကိုကြည့်လိုက်သည်။ ၎င်းတို့ထုတ်ဖော်လိုက်သော ပြင်းထန်သည့် တိုက်ခိုက်မှုများအား ကြည့်လိုက်ပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။
“ငါ..လင်ယဲ့ဖုန်းဒီမှာရှိနေတာ. ဘယ်ကောင်ကဆင်းလာပြီးကြိုးစားရဲလဲ”
တစ္ဆေစစ်သူကြီး ရှစ်ဦး ပေါ်လာမှုက ယိုမင်အား သေတော့မည်ဟု ထင်နေကြသော ဧကရာဇ်ဆယ်ယောက်ကို လက်သင့်မခံနိုင်မှုများဖြင့်ပြည့်နှက်သွားစေသည်။ တစ္ဆေစစ်သူကြီးရှစ်ဦးပေါ်လာမှုက တိုက်ပွဲအတွင်းသူတို့၏ ဘက်သာမှုကိုတိမ်းစောင်းသွားစေသည်။
ဤသည်ကားငရဲဘုံဘုံနန်း၏ ဝင်ပေါက်ဖြစ်သော်လည်း ယင်းက ငရဲဘုံဘုံနန်းမှခြားနားသောကမ္ဘာတစ်ခုဖြစ်သည်။ ယိုမင်က ငရဲဘုံဘုံနန်းသို့ မကြာခင်သို့မဟုတ် နောက်ပိုင်း ပြန်လာလိမ့်မည်အား ၎င်းတို့ဆယ်ယောက်အတည်ပြုမည်ကို မည်သူက ထင်ပါမည်နည်။ ငရဲဘုံဘုံနန်းအတွင်းပုန်းအောင်းနေသော တစ္ဆေစစ်သူကြီးရှစ်ဦးကတော့ ဤအရာအားမျှော်လင့်ထားပုံရပြီး ယိုမင်ရောက်ရှိလာမှုအား ဝင်ပေါက်၌စောင့်ဆိုင်းနေခဲ့ကြသည်။
သို့သော် ယိုမင်က ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ်တစ်ဦးသာရှိသေးသည်ဖြစ်၏။ သူက ကြီးထွားလာနေဆဲဖြစ်သော ကျားပေါက်လေးတစ်ကောင်ကဲ့သို့ဖြစ်သည်။ ယခုက ၎င်းအားသတ်ရန်အကောင်းဆုံးအချိန်ဖြစ်၏။ အကယ်၍သူသာ အထွတ်အထိပ်ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့ ပြန်ရောက်သွားလျှင် ဖြစ်လာမည့်အကျိုးဆက်ရလဒ်က စိတ်ကူးကြည့်၍ပင်ရလိမ့်မည်မဟုတ်ပေ။
အနာဂတ်တွင် ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် ငရဲဘုံကိုးခု ဧကရာဇ် ယိုမင်က လက်စားချေလာလျှင် ၎င်းတို့ဆယ်ယောက်ထဲကမည်သူက ၎င်းအားတောင့်ခံနိုင်ပါမည်နည်း။ယိုမင်က ဘယ်လောက်ကြောက်လန့်ဖို့ကောင်းကြောင်းကို ၎င်းတို့ထက်မည်သူကမှပို၍ မသိနိုင်ချေ။
“တစ်ခြားသူတွေကိုလျစ်လျူရှုပြီး ငါတို့ရဲ့အားအကောင်းဆုံးတိုက်ခိုက်မှုကို အတူတကွ ထုတ်ဖော်ကြစို့ .. ငါတို့ရဲ့အသက်အဆီအနှစ်ကို လောင်ကျွမ်းပစ်ရမယ်ဆိုရင်တောင် ငါတို့ရဲ့ခွန်အားကိုတိုးမြှင့်ပြီး ယိုမင်ကိုသတ်ရမယ်.”
ဤအချိန်တွင် အလင်းဧကရာဇ် ဖြစ်သူကျင်းထျန်းယုက အခြားလူကိုးယောက်ကိုပြောလိုက်သည်။
“ဟုတ်တယ်. ယိုမင်ကိုသတ်.. ယိုမင်သေမှ အနားဂတ်မှ ငါတို့လုံးဝငြိမ်းငြိမ်းချမ်းချမ်းနေနိုင်မှာ”
“အဓိပ္ပါယ်မရှိတာတွေပြောတာရပ်ပြီး ယိုမင်ကိုသတ်ကြ”
“သတ်”
ထို့နောက်လိုက်ပါ၍ ပြင်းထန်သောတိုက်ခိုက်မှုများက ဟင်းလင်းပြင်ထဲမှအောက်သို့ကျဆင်းလာသည်။
ဧရာမမီးနဂါးများ၊ တလိမ့်လိမ့်ထနေသောလှိုင်းလုံးများ၊ ကောင်းကင်နှင့်မြေပြင်အားဆက်သွယ်ထားပုံရသည့် လေပြင်းမုန်တိုင်းတို့နှင့် ကောင်းကင်ကို ဖုံးလွှမ်းနေသော ဧရာမတောင်ကြီးများ၊ နတ်ဘုရားအပြစ်ပေးခြင်းကဲ့သို့သော ဧရာမဓားကြီးများ၊ အရောင်ကိုးမျိုးအလင်းတန်းများနှင့် ဧရာမလျှပ်စီးကြောင်းကြီးများက ကမ္ဘာကြီးများဖျက်စီးပစ်တော့မည်နှယ်ဦးတည်ကျဆင်းလာသည်။
ပြင်းထန်သော တိုက်ခိုက်မှု ခုနှစ်ခုက အရင်ဆုံးကျဆင်းလာသည်။ ၎င်းတို့အားအောက်ရှိကမ္ဘာကြီးနှင့် သက်ရှိအားလုံးအား လုံးဝဖျက်ဆီးပစ်ချင်သည့်နှယ်ဖြစ်သည်။
တစ်ချိန်တည်းတွင် အလင်းစီရင်စုမှ ဧကရာဇ်သုံးပါး၏တိုက်ခိုက်မှုများကလည်း ထွက်ပေါ်လာ၏။ ကမ္ဘာကြီး၏ ညစ်ညမ်းမှုနှင့် အညစ်အကြေးများအား သန့်စင်ပစ်တော့မည့်နှယ် မြင့်မြတ်သော အဖြူရောင်အလင်းကလည်း ဧရိယာအားဖုံးလွှမ်းလာသည်။
မြင့်မြတ်သောအဖြူရောင်အလင်းအတွင်း ပေါကြွယ်ဝသော အသက်အော်ရာတစ်ခုကိုထုတ်လွှတ်နေသည့် ဧရာမဓားကြီးတစ်ချောင်းရှိနေသည်။ ၎င်းအားစွမ်းအားကြီးအသက်စွမ်းအင်တစ်ခု ရှိနေသော်လည်း ဤအချိန်တွင် ၎င်းက အသက်များကိုရိတ်သိမ်းမည့် စွမ်းအားကြီးသတ်ဖြတ်ခြင်းလက်နက်တစ်ခု ဖြစ်လာသည်။
“မိစ္ဆာအမြစ်ဖျက်သုတ်သင်ခြင်း”
ကျင်းထျန်းယု၏ ဘေးမှ အေးစက်ပြီးလှပသောအမျိုးသမီးဖြစ်သူ ကံတရားဧကရာဇ် ဝူချမ်ရွှယ်က သူမ၏လက်တို့ဖြင့် ဆန်းကြယ်သောလက်သင်္ကေတစ်ခုကိုဖွဲ့စည်းလိုက်ပြီး အော်ပြောလိုက်သည်။ သူမဘာကိုလုပ်လိုက်မှန်းမသိသော်လည်း ကျ်ဆင်းလာသောစွမ်းအားကြီးတိုက်ခိုက်မှု များက ရုတ်ခြည်း ပို၍ စွမ်းအားကြီးမားလာသည်။
“သတ်”
မြေပြင်ထက်တွင် ရှစ်ဖုန့်၏ရှေ့၌ရပ်နေသောလင်ယဲ့ဖုန်းက ကမ္ဘာကြီးအားဖျက်စီးပစ်တော့မည့်နှယ် ကောင်းကင်ထက်မှကျဆင်းလာသည့် ပြင်းထန်သောစွမ်းအင်တို့ကိုကြည့်နေသည်။ လုံးဝကြောက်လန့်သည့်ဟန်မရှိဘဲ သူ၏ကိုယ်အားမတ်မတ်ရပ်ထား၏။
ထို့နောက် ကောင်းကင်ထဲ၌ ဧရာမ အနက်ရောင်သေခြင်းလက်ကြီးတစ်ဖက်ပေါ်လာသည်။ ၎င်းက ငရဲမှလာသည့်နှယ်ပင်ဖြစ်သည်။
“ငါတို့တစ္ဆေစစ်သူကြီးရှစ်ယောက် က ဒီမှာပွဲလာကြည့်တယ်လို့ နင်တို့ကတကယ်ထင်နေကြတာလား”
ဤအချိန်တွင် နောက်မှနှစ်လိုဖွယ်ကောင်းသောအသံတစ်ခုကိုကြားလိုက်ရသည်။ ဤနှစ်လိုဖွယ်ကောင်းသောအသံဖြင့်အော် ပြောလိုက်သူမှာ တစ္ဆေစစ်သူကြီးရှစ်ယောက်ထဲမှတစ်ဦးထဲ သောအမျိုးသမီးဖြစ်သူ ကွေ့မိန်၏အသံပင်ဖြစ်သည်။
“သတ်”
ကွေ့မိန်၏အော်သံနောက်သို့လိုက်ပါ၍ တစ္ဆေစစ်သူကြီးရှစ်ဦး၊ အမှောင်ဧကရာဇ်နှင့် ပျက်စီးခြင်း ဧကရာဇ်တို့ကလည်း ထိုးဆင်းလာသည်။ ၎င်းတို့ကရှစ်ဖုန့်နှင့်သူ့တပည့်တို့၏အပေါ်သို့ရောက်ရှိလာ၏။ ထို့နောက် အေးစက် မှောင်မိုက်ပြီး ဖျက်ဆီးသောစွမ်းအင်တို့က ပေါက်ကွဲထွက်ပေါ်လာသည်။
ဧရာမအဖြူရောင်အရိုးစုများ၊ ဧရာမအဖြူရောင် တစ္ဆေလက်သည်းများ၊ များပြားလှသော တစ္ဆေပုံရိပ်များ၊ မှုန်မှိုင်းအေးစက်သော တစ္ဆေဓားများ၊ ကောင်းကင်ထဲ၌ ပြည့်နှက်နေသည့် အစိမ်းရောင်တစ္ဆေမီးတောက်များ၊ တစ္ဆေတို့၏ ငိုကြွေးသံကဲ့သို့ အားကောင်းသော အသံလှိုင်းများ၊ ကောင်းကင်ထဲ၌ ပြည့်နှက်နေသော အရိုးဓားများ၊ အရိုး လှံများ၊အရိုးဆေဘာဓားများ၊ လေထုအား ရေခဲအဖြစ် အေးခဲစေနိုင်ပုံရသည့် အဖြူရောင်လေပြင်းမုန်တိုင်းများက ထွက်ပေါ်လာသည်။
ဧရာမအနက်ရောင်ဓားနှင့် ဖျက်ဆီးခြင်းစွမ်းအင်တို့ပြည့်နှက်နေသော ဧရာမ ဖျက်စီးခြင်းတံစဉ်တို့ကလည်း ထပ်ပေါင်းလာ၏။
၎င်းတို့၏တိုက်ခိုက်မှုက ထိုဧကရာဇ်ဆယ်ယောက်ထက်နိမ့်ကျခြင်း မရှိပေ။၎င်းတို့ကရှစ်ဖုန့်၏အထက်၌ ပေါက်ကွဲလာ၏။
ရှစ်ဖုန့်၏မျက်နှာအမူအယာက ပြောင်းလဲမှုမရှိဖြစ်ဆဲဖြစ်သည်။ သူက ကောင်းကင်ထဲရှိ ပြင်းထန်သောစွမ်းအင်တို့အား ကြည့်လိုက်ပြီး ၎င်းတို့ကရုတ်ခြည်းတစ်ခုနှင့်တစ်ခု ဆက်တိုက်ထိမှန်သွားကြသည်။
“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း”
“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း”
ဧရိယာအတွင်း၌ပေါက်ကွဲမှုများအဆက်မပြတ် ပဲ့တင်ထပ်နေသည်။ ဟင်းလင်းပြင်ကတုန်ခါနေပြီး မြေပြင်ကယီမ်းထိုးလှုပ်ခါနေသည်။ စွမ်းအင်တို့ထိပ်တိုက်တွေ့ဆုံသည့်နေရာတွင် အာကာသ အက်ကွဲကြောင်းများနှင့်အနက်ရောင်တွင်းပေါက်များဖြစ်ပေါ်လာ၏။ ဤသို့သာဆက်သွားနေလျှင် ကမ္ဘာတစ်ခုလုံးဖျက်ဆီးခံရလိမ့်မည်ဖြစ်သည်။
“ချင်းချွမ်..မင်းမြင်လား. ဒါတွေက အထွတ်အထိပ်ကျွမ်းကျင်သူ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်တွေရဲ့တိုက်ခိုက်မှုတွေပဲ”
ရှစ်ဖုန့်က သူ့ဘေးရှိ လောချင်းချွမ်ကိုပြောလိုက်သည်။
ပြင်းထန်သောစွမ်းအင်များကိုကြည့်ရင်း လောချင်းချွမ်က သူ လက်သီးတို့ကို တင်းနေအောင်ဆုပ်လိုက်သည်။ သူ၏မျက်နှာထက်တွင် လိုချင်တောင့်တမှုတို့ဖြင့်ပြည့်နှက်နေသည်။ ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် သူက ပြောလိုက်သည်။
“တစ်နေ့ကြ. ကျွန်တော်လည်းဒီလိုတိုက်ပွဲမျိုးမှာ ဝင်ပါနိုင်ရမယ်”
“အဲ့လိုနေ့မျိုးရှိလာလိမ့်မယ်”
ရှစ်ဖုန့်က ခြားနားမှုမရှိ ထပ်မံပြောလိုက်သည်။ ထို့နောက်သူကပြောသည်။
“ဒီနေ့ဒီလိုတိုက်ပွဲမျိုးကိုမြင်ရပြီး အဝါရောင်စမ်းချောင်းလမ်းမှာမင်းရရှိခဲ့တဲ့ ဉာဏ်အလင်းရမှုတွေနဲ့ဆိုရင် မင်းနောက်ထပ် အဆင့်ချိုးဖျက်ဖို့သိပ်မကြတော့ဘူးလို့ ဒီသခင်လေး ယုံကြည်တယ်”
“ဟုတ်ကဲ့”
လောချင်းချွမ်က ခေါင်းညိမ့်လိုက်သည်။
“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း”
ပြင်းထန်သောပေါက်ကွဲမှုများက အဆက်မပြတ်မြည်ဟိန်းထွက်ပေါ်နေသည်။ ပေါက်ကွဲသော စွမ်းအင်လှိုင်းများက ဦးတည်ချက်ပေါင်းစုံသို ကသောင်းကနင်းပြန့်ကျဲသွားသည်။ အနက်ရောင်အာကာသတွင်းပေါက်က ထပ်မံပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။ ၎င်းတို့ကထပ်တလဲလဲ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေခြင်းဖြစ်သည်။
ကမ္ဘာကြီးက ပို၍ ပို၍ပြင်းထန်စွာ လှုပ်ခါလာသည်။
ဤအချိန်တွင် လွန်စွာ လက်သင့်မခံနိုင်သော အသံတစ်ခုက ကောင်းကင်ထဲမှထွက်ပေါ်လာသည်။
“မဟုတ်ဘူး. ငါတို့မှာလူဆယ်ယောက်ပဲရှိပြီး သူတို့မှာ ဆယ့်တစ်ယောက်တောင်ရှိတယ်.. သူတို့ကယိုမင်ကိုကာကွယ်ဖို့အကောင်းဆုံးလုပ်နေကြတာ. ယိုမင်ကိုသတ်ဖို့ ငါတို့အတွက်မဖြစ်နိုင်ဘူး”
“ငါဒါကို လက်သင့်မခံနိုင်ဘူး. ငါဒါကို တကယ်လက်သင့်မခံနိုင်ဘူး. ငါတို့က ပြန်လည်မွေးဖွားလာတဲ့ယိုမင်ကိုသတ်နိုင်တော့မှာ..ဒါပေမဲ့.ဒါပေမဲ့.. လမ်းမှာလူတွေအများကြီးလာပိတ်နေတယ်”
“ငါတို့ဘာလုပ်သင့်လဲ.. အကယ်၍ ယိုမင်သာမသေရင် အနာဂတ်မှာငါတို့တစ်ရက်တောင် အေးအေးချမ်းချမ်းနေရမှာမဟုတ်ဘူး”
“ငါတို့လုပ်နိုင်တာဘာမှမရှိဘူး. ငါတို့အခုလုပ်နိုင်တာတစ်ခုကပြန်ဆုတ်တာပဲ. ဒီလိုသာဆက်သွားနေရင် ယိုမင်ကိုသတ်ဖို့ကျရှုံးရုံတင်မကဘူး. ငါတို့ရဲ့အသက်တွေပါ ဆုံးရှုံးရလိမ့်မယ်”
“ယိုမင်ကိုဒီနေ့သတ်ဖို့ကမဖြစ်နိုင်တော့ဘူး. ဆုတ်ကြစို့”
နောက်ဆုံးအသံက အလင်းဧကရာဇ် ကျင်းထျန်းယု၏အသံပင်ဖြစ်သည်။
ဤအချိန်တွင် အထွတ်အထိပ်ဧကရာဇ်နယ်ပယ်ဆယ်ယောက်မှာ အမှောင်စီရင်စုမှ လူသုံးယောက်နှင့် တစ္ဆေစစ်သူကြီးရှစ်ဦးတို့ပေါ်လာမှုကြောင့် ယိုမင်အားသူတို့သတ်ရန်အတူတကွပူးပေါင်းလုပ်ဆောင်လျှင်တောင် မျှော်လင့်ချက်မရှိတော့မှန်းသိလိုက်ကြသည်။
မည်မျှပင် လက်သင့်မခံနိုင်ပါစေ သူတို့ပြန်လည်ဆုတ်ခွာရမည်ဖြစ်သည်။
“သွားစို့”
“ဆုတ်ကြ”
“ယိုမင်က အတိတ်တုံးက မကောင်းတာတွေအများကြီးလုပ်ခဲ့တယ်.. ငါတို့ကပဲသူ့ကိုသတ်ချင်နေတာလို့တော့ငါမထင်ဘူး. ထျန်းဟန်တိုက်ကြီးမှာသူပြန်လည်မွေးဖွား လာတဲ့သတင်းကိုငါတို့ဖြန့်ပြီးတော့ ကြီးမားတဲ့အရာတစ်ခုလုပ်ဖို့အခြားကျွမ်းကျင်သူတွေကိုငါတို့စုစည်းရမယ်”
“လက်တလော မွန်းစတားမျိုးနွယ်ကပြန်လာပြီး မွန်းစတားမျိုးနွယ်ရဲ့စစ်တပ်ကို ဦးဆောင်တဲ့သူက မွန်းစတားဧကရာဇ်ရဲ့သားယောင်ဟွမ်က ဦးဆောင်တယ်လို့ ကြားထားတယ်”
“မွန်းစတားဧကရာဇ်က ထျန်းယောင်တောင်ပေါ်မှာ ယိုမင်ရဲ့လက်ထဲသေခဲ့ရတာ.. ငါတို့ယောင်ဟွမ်နဲ့ ပူးပေါင်းပြီး ယိုမင်ကို အတူတကွသတ်လို့ရတယ်”
ဆက်ရန်………….
ဘာသာပြန်သူ-ARISE