အခန်း (၈၄၈)
Vol. 57 Ch. 848
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ဖြင့် ယိုမင်အားသတ်ရန်လာခဲ့ကြသော ဧကရာဇ်နယ်ပယ်ဆယ်ယောက်မှာ အမှောင်စီရင်စုမှ ဩဇာရှင်သုံးဦးနှင့် တစ္ဆေစစ်သူကြီးရှစ်ဦးတို့ပေါ်လာမှုကြောင့် ၎င်းတို့ လက်သင့်မခံနိုင်သော်လည်း ဆုတ်ခွာရန်ပြင်ဆင်လိုက်ကြသည်။
ထို့နောက်ချက်ချင်း ကောင်းကင်ထဲရှိပုံရိပ်များက ကြယ်ဆယ်စင်းကဲ့သို့ ဦးတည်ချက်အနှံ့သို့စတင်ခွဲဖြာသွားသည်။
ဤအချိန်တွင် ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ယောက်ျားတစ်ဦး၏အသံထွက်ပေါ်လာသည်။
“သွားရောဟ..အကြီးဆုံးစီနီယာအကိုကြီးက ငါ့ကိုသတင်းပေးပြီးသားကို ဒီလိုမျိုးဖြစ်ရပ်ကြီးကို ငါထပ်ပြီးနောက်ကျသွားတဲ့ပုံပဲ.. နေကြပါအုံး. ငါတော့ထပ်ပြီးအပြစ်ပေးခံရတော့မှာပဲ”
ထိုအသံအားကြားလိုက်ရသောအခါတွင် လောချင်းချွမ်၏ကိုယ်က ရုတ်ခြည်းတုန်ယင်သွားသည်။ သူကဘေးရှိရှစ်ဖုန့်အားကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။
“ဒုတိယစီနီယာအကို.. ဒါကဒုတိယစီနီယာအကိုရဲ့အသံပဲ.. ဒုတိယစီနီယာအကိုလည်းဒီကိုရောက်လာပြီ”
“ဒီကလေး.. သူထပ်ပြီးတော့ နေရာကောင်းတစ်ချို့မှာ စည်းစိမ်ယစ်ပြီး နောက်ကျနေပြန်ပြီ.. နှစ်ပေါင်းများစွာကြာပြီးတာတောင် သူလုံးဝမပြောင်းလဲသေးဘူး..”
ထိုစကားလုံးများနှင့်ထိုအသံအား ကြားရပြီးနောက် ရှစ်ဖုန့်၏မျက်နှာထက်တွင် စိတ်ပျက်မှုတစ်ခုကိုပြသလာသည်။
“ကောင်စုတ်..ငါမင်းကိုဒီကိုလာဖို့ သတင်းပေးထားပြီးသား.. ဒီလိုမျိုးဆရာ့ရဲ့ပြန်လည်မွေးဖွားတဲ့ဖြစ်ရပ် အကြီးကြီးမှာ တောင်မင်းက နောက်ကျနေသေးတယ်.. ငါမင်းကို တကယ် အားကျသား. နောက်ကျမင်း ဆရာ့ရဲ့ အရှင်လတ်လတ်အရေခွံနွှာတာကိုခံရလိမ့်မယ်”
ရှစ်ဖုန့်၏အထက်၌ရှိနေသော လင်ယဲ့ဖုန်းက အပြစ်ဖော်ဆုံးမသည့်လေသံဖြင့် အော်ပြောလိုက်၏။
ထို့နောက်လင်ယဲ့ဖုန်းကထပ်မံအော်ပြောသည်။
“အန်းချီ..မြဲ့ထျန်း.. တစ္ဆေစစ်သူကြီးရှစ်ဦးတို့ ဆရာ့ကိုကာကွယ်ထားကြ.. ရှောင်ယောင်.. သူ့ကိုသတ်ဖို့ငါ့နောက်ကိုလိုက်ခဲ့”
“ဟုတ်ကဲ့ စီနီယာအကိုကြီး”
ယခင်ကအသံကထပ်မံထွက်ပေါ်လာသည်။ ထို့နောက် ဟင်းလင်းပြင်ထဲ၌ အဖြူရောင်အလင်းတန်းတစ်ခုပေါ်လာပြီး လင်ယဲ့ဖုန်းနောက်သို့လိုက်သွား၏။ ၎င်းက အဖြူရောင်ဥက္ကာပျံတစ်ခုကဲ့သို့ မြင့်မားသောအမြန်နှုန်းဖြင့်ညက်ညောစွာရွေ့လျားသွားသည်။
ဧကရာဇ်ဆယ်ယောက်က ထွက်ပြေးသွားသကဲ့သို့ ဖရိုဖရဲဖြစ်နေသော စွမ်းအင်များကလည်း ဖြည်းဖြည်းချင်း အနည်ထိုင်လာသည်။ ဤအချိန်တွင် ငရဲဘုံကိုးခု ဧကရာဇ်၏လက်အောက်၌ရှိနေမြဲဖြစ်သော တစ္ဆေစစ်သူကြီးရှစ်ဦးက သူတို့၏ခေါင်းများအားငုံ့၍ လောချင်းချွမ်၏ဘေး၌ရပ်နေသော လူငယ်ကိုကြည့်လိုက်သည်။
ထို့နောက် တစ္ဆေစစ်သူကြီးရှစ်ဦးက လှုပ်ရှားလိုက်ပြီး ရှစ်ဖုန့်ရှေ့သို့မျောလွင့်ဆင်းလာသည်။ ၎င်းတို့အားလုံးကဒူးတစ်ဖက်စီထောက် လိုက်ကြပြီး ရှစ်ဖုန့်ကိုဦးညွှတ်ဂါဝရပြုလိုက်ကြသည်။ သူတို့ကပြိုင်တူ အော်ပြောလိုက်ကြသည်။
“တစ္ဆေစစ်သူကြီးရှစ်ဦးက ကြီးမြတ်သောဧကရာဇ်ကို နှုတ်ခွန်းဆက်သပါတယ်”
ရှစ်ဖုန့်က သူ့နောက်သို့ နေရာတိုင်းလိုက်ပါနေကြဖြစ်သော လက်အောက်ငယ်သားရှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏စိတ်ထဲ၌အတိတ်မှမြင်ကွင်းများက ပေါ်လာသည်။သူက နှလုံးသားထဲမှသက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“မင်းတို့ရှစ်ယောက်လုံးထကြ”
“ဟုတ်ကဲ့ ပါ ကြီးမြတ်သော ဧကရာဇ်”
လူရှစ်ယောက်ကထပ်မံပြိုင်တူ တုန့်ပြန်လိုက်ကြပြီး နောက် တစ်ယောက်စီမြေပြင်မှထက်ရပ်လိုက်ကြကာ အေးစက်မှုတို့ပြည့်နှက်နေသော ဖြူဖျော့သည့်မျက်နှာများဖြင့် သူတို့ရှေ့ရှိ ရှစ်ဖုန့်အားစိုက်ကြည့်နေကြသည်။
ကြီးမြတ်သော ဧကရာဇ်၏အသွင်အပြင်ကပြောင်းလဲသွားသော်လည်း သူ၏အော်ရာကတော့ သူတို့နှင့်ရင်းနှီးသောအော်ရာဖြစ်နေဆဲဖြစ်သည်။
“ကြီးမြတ်သောဧကရာဇ်”
ဤအချိန်တွင် အမှောင်ဧကရာဇ် အန်းချီနှင့်ပျက်စီးခြင်းဧကရာဇ်မြဲ့ထျန်းတို့က လည်း လှုပ်ရှားလိုက်ပြီး ဆင်းသက်လိုက်ကြကာ ရှစ်ဖုန့်အား လေးစားမှုအပြည့်ဖြင့်အော်ပြောလိုက်ကြသည်။
ရှစ်ဖုန့်က လူနှစ်ယောက်အားကြည့်ကာ ၎င်းတို့ကိုခေါင်းညိမ့်ပြလိုက်ပြီး ပြောလိုက်သည်။
“ဒီနေ့ကိစ္စမှာမင်းတို့ရဲ့အကူအညီအားလုံးအတွက် ကျေးဇူးတင်ပါတယ်.. ငါ..ယိုမင်.. ဒါကိုထာဝရမှတ်ထားမယ်”
“အရှင်.. ဘာလို့ဒီလိုပြောရတာလဲ.ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး အရှင်ကျေးဇူးတင်တာကိုခံရမှာလဲ”
ရှစ်ဖုန့်၏စကားအားကြားသောအခါတွင်အန်းချီကပြောလိုက်သည်။
“အရှင်က ယဲ့ဖုန်းရဲ့ဆရာပဲ.. ယဲ့ဖုန်းက ကျွန်တော်တို့နဲ့သေခြင်းရှင်ခြင်းကို နှစ်ပေါင်းများစွာ မျှဝေခဲ့တဲ့ ကျွန်တော်တို့ရဲ့ညီအကိုပဲ.. အရှင်ကလည်းကျွန်တော်တို့ရဲ့အကြီးအကဲပဲ.. အဲ့တာထက်ပိုတာက. အရင်တုံးက အရှင်က ကျွန်တော်တို့ကို သိုင်းပညာမှာ အကြိမ်များစွာ သင်ကြားပေးခဲ့တာ”
“အန်းချီပြောတာဟုတ်တယ်”
ဤအချိန်တွင် မြဲ့ထျန်းကလည်း ပြောလိုက်သည်။
“ကျွန်တော်တို့ရဲ့အမှောင်စီရင်စုပြဿနာတက်နေချိန်မှာ.. အရှင်က တစ္ဆေစစ်သူကြီးရှစ်ဦးကိုကူညီဖို့အတွက်အ ကြိမ်များစွာ လွှတ်ပေးခဲ့တယ်.. ကျွန်တော်တို့အမှောင်စီရင်စုနဲ့ ငရဲဘုံဘုံနန်းက တစ်ပူးတွဲတွဲဖြစ်နေတာ နှစ်ပေါင်းများစွာရှိနေပြီ”
၎င်းတို့၏စကားများအားကြားပြီးနောက် ရှစ်ဖုန့်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
“ငါယိုမင် အထွတ်အထိပ်အခြေအနေကိုပြန်ရောက်ရင် ကိုယ်တိုင်ကိုယ်ကျ အလယ်ပိုင်းဒေသကြီးကိုလာပြီးတော့ မင်းတို့အတွက် အလင်းစီရင်စုက သုံးယောက်ကို အမြစ်ဖြတ်ချေမှုန်းသုတ်သင်ပေးမယ်”
“အဲ့သုံးကောင်..သူတို့တွေသေသင့်တာ တော်တော်ကြာနေပြီ”
ထိုလူသုံးယောက်အား ရည်ညွှန်းပြောဆိုသောအခါတွင် အန်းချီနဲ့မြဲ့ထျန်းတို့၏ မျက်နှာက်ထက်၌ ခါးသီးမုန်းတီးမှုတို့ဖြင့်ပြည့်နှက်နေသည်။
အမှောင်စီရင်စုနှင့် အလင်းစီရင်စုတို့က မီးနှင့်ရေကဲ့သို့ဖြစ်သည်။ နှစ်ပေါင်းများစွာတိုက်ခိုက်လာပြီးနောက် နှစ်ဖက်စလုံး မရေတွက်နိုင်သောသေကြေပျက်စီးမှု တို့ကိုခံစားခဲ့ရသည်။ နှစ်ဖက်လုံးကလည်းအခြားတစ်ဖက်ကိုတစ်ဖက်ဝါးမျိုလိုကြ၏။
“အိုး..ဟုတ်သား”
ထို့နောက်ချက်ချင်း ရှစ်ဖုန့်က တစ်စုံတစ်ခုကို တွေးမိပြီး သူ၏ညာလက်ကို ဆန့်ထုတ်လိုက်သည်။ ရုတ်ခြည်းသူ၏လက်ဖဝါးပေါ်၌ ရှေးကျသောအဖြူရောင်ရုန်းတစ်ခုပေါ်လာသည်။
“ဒါက”
လက်ဖဝါးပေါ်ရှိ ရှေးဟောင်းအဖြူရောင်ရုန်းအားမြင်တွေ့လိုက်ရသောအခါတွင် အန်းချီ၏မျက်နှာကရုတ်ခြည်းတုန်လှုပ်အံ့အားသင့်မှုအဖြစ်ပြောင်းလဲသွားသည်။
ထို့နောက်ရှစ်ဖုန့်က အန်းချီကိုပြောလိုက်၏။
“ဒီရှေးဟောင်းရုန်းကို ရှေးဟောင်းအမွေအနှစ်နယ်မြေထဲမှာ ဒီသခင်လေးတွေ့ခဲ့တာ. ဒါကကောင်းကင်နဲ့မြေကြီးရဲ့အမှောင်ထု ဥပဒေသကိုကိုယ်စားပြုတယ်.. ဒါက မင်းကျင့်ကြံထားတဲ့အမှောင်သိုင်းပညာနဲ့ သဟဇာတဖြစ်တယ်…ဒါကမင်းအတွက် အရမ်းအကျိုးရှိလိမ့်မယ်..ဒါကိုမှတ်သားထား”
“ကျ.ကျွန်တော်ဒါကိုခံစားနိုင်တယ်”
ရှေးဟောင်းရုန်းအားစိုက်ကြည့်ရင်း အန်းချီက အံ့အားသင့်စွာပြောလိုက်သည်။
သူတို့၏အဆင့်၌ နောက်ထပ်အဆင့်ချိုးဖျက်ရန်မှာ အရမ်းကိုခက်ခဲသည်ဖြစ်သည်။ ၎င်းကကောင်းကင်သို့တက်ရသလို ခက်ခဲသည်ဖြစ်၏။ငရဲဘုံကိုးခု ဧကရာဇ်ဖြစ်သောယိုမင်ပင် အထွတ်အထိပ်ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်မှထပ်မ့ချိုးဖျက်နိုင်ခဲ့ခြင်းမရှိပေ။
သို့သော် အကယ်၍ အန်းချီသာ အမှောင်ထုဥပဒေသကို ကိုယ်စားပြုသော ရှေးဟောင်းရုန်းအား ဆင်ခြင်နားလည်ခဲ့လျှင် အမှောင်သိုင်းပညာ၌သူပို၍နက်ရှိုင်းစွာနားလည်လာနိုင်သည်ဖြစ်သည်။ သူအဆင့်မချိုးဖျက်နိုင်ခဲ့လျှင်တောင် သူ၏တိုက်ခိုက်ရေးခွန်အားက တိုးမြင့်လာလိမ့်မည်ဖြစ်သည်။
ထို့နောက်သူက သူ၏လက်အောက်ငယ်သားများဖြစ်ကြသော တစ္ဆေစစ်သူကြီးရှစ်ဦးကို ကြည့်လိုက်သည်။ သူ၏ဘယ်လက်ကိုဆန့်ထုတ်လိုက်ပြီး နောက်ထပ်ရှေးဟောင်းရုန်းတစ်ခု က သူ၏ဘယ်လက်ဖဝါးပေါ်တွင်ပေါ်လာသည်။
ထို့နောက်ချက်ချင်း တစ္ဆေစစ်သူကြီးရှစ်ဦးက ထပ်မံပေါ်လာသော ရှေးဟောင်းရုန်အားကြည့်လိုက်ပြီး သူတို့၏မျက်နှာများကပြောင်းလဲသွားကြသည်။
တစ္ဆေစစ်သူကြီးရှစ်ဦးက သေခြင်းဝိညာဉ်များကိုကျင့်ကြံကြသည်ဖြစ်သည်။ ရှစ်ဖုန့်၏ ဘယ်လက်ဖဝါးပေါ်၌ပေါ်လာသော ရှေးဟောင်းရုန်းက သေခြင်းဥပဒေသကိုကိုယ်စားပြုသည်ဖြစ်၏။
“မင်းတို့အားလုံး ဒီရှေးဟောင်းရုန်းကို မှတ်သားထားသင့်တယ်..”
ထို့နောက်ရှစ်ဖုန့်က တစ္ဆေစစ်သူကြီးရှစ်ဦးကို ပြောလိုက်သည်။
ယခင်ဘဝ၌ဖြစ်စေ ယခုဘဝ၌ဖြစ်စေ ရှစ်ဖုန့်ကသူ၏တပည့်များကော တစ္ဆေစစ်သူကြီးရှစ်ဦးတို့၏အပေါ်၌ဘာမှဖုံးကွယ်ထားခြင်းမရှိပေ။
အတိတ်တုံးက သူ့အနေဖြင့် ၎င်းတို့အား သိုင်းပညာတွင် အကောင်းဆုံး လမ်းညွှန်ပြသပေးရန် အမြဲကြိုးစားခဲ့သည်ဖြစ်သည်။ ၎င်းတို့၏ဖိနပ်များအဖြစ်သူ့ကိုယ်သူထားရှိပြီး တစ္ဆေစစ်သူကြီးရှစ်ဦး၏ အကြွင်းမဲ့သစ္စာတရားကိုသူရရှိခဲ့သည်။
“ကျေးဇူးတင်ပါတယ်. ကြီးမြတ်သောဧကရာဇ်”
တစ္ဆေစစ်သူကြီးရှစ်ဦးက ရှစ်ဖုန့်အား ပြိုင်တူ ကျေးဇူးတင်လိုက်ကြသည်။ ထို့နောက် အန်းချီကဲ့သို့ပင် သူတို့က ရှေးဟောင်းရုန်းကို မှတ်သားနေကြသည်။
နောက်ဆုံးတွင်ရှစ်ဖုန့်က ပျက်စီးခြင်းဧကရာဇ် မြဲ့ထျန်းကိုကြည့်လိုက်သည်။
“ဒီသခင်လေးရခဲ့တဲ့ ရှေးဟောင်းရုန်းတွေထဲမှာ ပျက်စီးခြင်းဥပဒေသကကိုကိုယ်စားပြုတဲ့ ဘာရှေးဟောင်းရုန်းမှမပါခဲ့ဘူး”
“ဟားဟား. အဆင်ပြေပါတယ်”
မြဲ့ထျန်းကရှစ်ဖုန့်အားပြုံး၍ပြောလိုက်သည်။
“ကောင်းကင်နဲ့မြေကြီးရဲ့ဥပဒေသကိုကိုယ်စားပြုတဲ့ ရှေးဟောင်းရုန်းက တော်တော်လေးကိုရှားပါးတယ်”
ပျက်စီးခြင်း သိုင်းပညာ။ ပျက်စီးခြင်းစွမ်းအားကတကယ့်ကိုရှားပါး သောသိုင်းပညာဖြစ်သည်။ ထျန်းဟန်တိုက်ကြီးအတွင်းတွင် ပျက်စီးခြင်းသိုင်းပညာကိုကျင့်ကြံသော သိုင်းပညာရှင် အချို့သာရှိပြီး ပျက်စီးခြင်းဧကရာဇ်တစ်ယောက်တည်း ကသာ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်အထွတ်အထိပ်သို့ရောက်အော်ကျင့်ကြံနိုင်ခဲ့ခြင်းဖြစ်သည်။
မကြာခင်တွင် တစ္ဆေစစ်သူကြီးရှစ်ဦးနှင့် အမှောင်ဧကရာဇ်တို့က အလွန်လျှင်မြန်စွာ ရှေးဟောင်းရုန်းကိုမှတ်သားနိုင်သွားသည်။ ရှစ်ဖုန့်ကသူ၏လက်သီးတို့ကိုဆုပ်လိုက်ပြီး ရှေးဟောင်းရုန်းနှစ်ခုက ပျောက်ကွယ်သွား၏။
“သူတို့နှစ်ယောက်လည်းပြန်လာပြီ”
ထို့နောက်ရှစ်ဖုန့်ကခေါင်းကိုလှည့်လိုက်ပြီး အနောက်ဘက်သို့ကြည့်လိုက်သည်။ သူကကောင်းကင်ထဲသို့မော့ကြည့်လိုက်ပြီး လွန်စွာမြင့်မားသောအမြန်နှုန်းဖြင့်ပြန်လည်ပျံသန်းလာနေသော အဖြူရောင်အလင်းတန်းနှစ်ခုကိုတွေ့လိုက်ရသည်။
ဤလူနှစ်ယောက် ရန်သူနောက်သို့ဖမ်းဆီးရန်လိုက်သွားသော ရှစ်ဖုန့်၏ အကြီးဆုံးတပည့်လင်ယဲ့ဖုန်းနှင့် တစ်နေရာတွင်ပုန်းအောင်းနေတတ်သော လောချင်းချွမ်၏ ဒုတိယစီနီယာအကို ကြောင့်ကြမဲ့ဧကရာဇ် မိုရှောင်ယောင်တို့ပင်ဖြစ်သည်။
ဆက်ရန်…….
ဘာသာပြန်သူ-ARISE