အခန်း (၈၄၉)
Vol. 57 Ch. 849
ကြောင့်ကြမဲ့ဧကရာဇ် မိုရှောင်ယောင်မှာ ကောလဟာလများအရ ငရဲဘုံကိုးခု ဧကရာဇ်၏ အောက်ရှိ တပည့်ခုနှစ်ယောက်တွင် ပါရမီအရှိဆုံးသူဖြစ်သည်ဟုဆိုသည်။
လင်ယဲ့ဖုန်းက အကြီးဆုံးတပည့်တစ်ဦးဖြစ်သော်လည်း ပါရမီစွမ်းရည်အရာတွင် သူက ရှောင်ယောင်ထက် အနည်းငယ်နိမ့်ကျသည်ဟု ငရဲဘုံကိုးခု ဧကရာဇ်ကိုယ်တိုင် ပြောကြားထားသည်။
ကြောင့်ကြမဲ့ဧကရာဇ် မိုရှောင်ယောင်မှာ အထွတ်အထိပ်ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့ရောက်ရှိခဲ့ရုံသာမက ငရဲဘုံကိုးခုဧကရာဇ်၏တပည့်ခုနှစ်ဦးထဲတွင်အံ့ဖွယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်တစ်ဦးတည်သော သူလည်းဖြစ်သည်။ ငရဲဘုံကိုးခု ဧကရာဇ် အမှောင်ခန္ဓာမှာ သိုင်းနယ်ပယ်ရော ကာယခန္ဓာနှစ်ခုလုံးပါ ကျင့်ကြံသည့်တည်ရှိမှုတစ်ခုဖြစ်သည်။ သူ၏ကာယခန္ဓာကိုယ်က လည်း ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့ရောက်ရှိနေသည်ဖြစ်၏။
အနောက်ဘက်မှ အလင်းတန်းနှစ်ခုက လေကိုထိုးခွင်းလာသည်။ ၎င်းတို့နီးကပ်လာသကဲ့သို့ မြေပြင်သို့ထိုးဆင်းလိုက်ကြသည်။ အလင်းတန်းနှစ်ခုက ရှစ်ဖုန့်၏ရှေ့သို့ တစ်ချိန်တည်းဆင်းသက်လိုက်ကြသည်။
အဖြူရောင်အလင်းမှေးမှိန်ပျောက်ကွယ်သွား သောအခါတွင် ပုံရိနှစ်ခု ထွက်ပေါ်လာပြီး တစ်ခုကအနက်နှင့်တစ်ခုကအဖြူဖြစ်သည်။ အနက်ရောင်ဝတ်ရုံအား ဝတ်ဆင်ထားသည့်သူက ငရဲဘုံကိုး ခု ဧကရာဇ်၏ အကြီးဆုံးတပည့်ဖြစ်သူ သေခြင်းဧကရာဇ် လင်ယဲ့ဖုန်းဖြစ်၏။
နှင်းဖြူရောင်ဝတ်ရုံအားဝတ်ဆင်ထားသည့်သူမှာ သူ၏ဆံပင်ရှည်တို့က လေထဲ၌တဖျပ်ဖျပ်လူးလွန့်နေသည်။ သူ၌ ယောက်ျားပီသချောမောသော အသွင်အပြင်တစ်ခုရှိ၏။ သူက ကြောင့်ကြမဲ့ဧကရာဇ် မိုရှောင်ယောင်ပင်ဖြစ်သည်။
ဤအချိန်တွင် မိုရှောင်ယောင်၏ ညာလက်၌ ဖွတ်ဖွတ်ကြေပြီး ထိခိုက်ဒဏ်ရာတို့ရရှိထားသော ခန္ဓာကိုယ်တစ်ခုကို သယ်ဆောင်ထားသည်။ ၎င်းက နမည်ကျော် ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် ဓားဧကရာဖ် ယွဲ့ရှောင်းပင်ဖြစ်သည်။
ယွဲ့ရှောင်းတစ်ယောက် ဆိုးရွားစွာ ထုနှက်ခံထားရသည်မှာသိသာသည်။
“ဆ..ဆရာ”
မိုရှောင်ယောင်က သူ့ရှေ့ရှိ ငယ်ရွယ်ပြီးရင်းနှီးမှုမရှိသော မျက်နှာအားကြည့်လိုက်ပြီး သူ၏ချောမောသောမျက်နှာထက်တွင် ရုတ်ခြည်း စိတ်လှုပ်ရှားပျော်ရွှင်မှုတစ်ခုဖြစ်ပေါ်လာသည်။ စိတ်လှုပ်ရှား ပျော်ရွှင်သော အသံနှင့်အတူ သူ၏ ဒူးတို့ကို ရွေ့လျားလိုက်ပြီး ရှစ်ဖုန့်ထံသို့ဒူးထောက်ချလိုက်သည်။
“ဘန်း” ဟူသောအသံနှင့်အတူ မြေပြင်က ထပ်မံညက်ညက်ကြေသွားပြီး ကျယ်လောင်သောမြည်ဟိန်းသံထွက်ပေါ်လာကာ ပြင်းထန်စွာလှုပ်ခါသွားသည်။
“ဆရာ..ဆရာ့တပည့် ရှောင်ယောင်ဆရာ့ကိုတွေ့ဖို့ဒီကိုရောက် လာပါပြီ.. ဆရာ့တပည့်က ဒီဘဝမှာ ဆရာ့ကိုထပ်ပြီးတွေ့ရအုံးမယ်လို့လုံးဝမထင်ထားခဲ့ဘူး”
ရှစ်ဖုန့်က သူ့ရှေ့ရှိဒူးထောက်နေသော တပည့်ဖြစ်သူကိုကြည့်လိုက်သည်။ အတိတ်တုံးက သူ့အနေဖြင့် ဤတပည့်ဖြစ်သူအား ပြင်းပြင်းထန်ထန်ဆက်ဆံခဲ့သည်။ ယင်းမှာ သူက တပည့်ခုနှစ်ဦးထဲတွင် အပျင်းအကြီးဆုံး၊ ကြိုးစားအားထုတ်မှုအနည်းဆုံး၊ အသောက်အစားအပျော်အပါးအမက်ဆုံးနှင့် ဇွတ်တရွက်နိုင်အဆုံးဖြစ်သောကြောင့်မှလွဲ၍အခြားတော့မဟုတ်ပေ။ သို့သော် သူက ၎င်းတို့ကြားထဲ၌ ပါရမီအရှိဆုံးသူဖြစ်နေပြန်သည်။
“ကောင်းပြီ.. မင်းက မင်းမျိုးဆက်ရဲ့ အထွတ်အထိပ်ကျွမ်းကျင်သူတစ်ဦးဖြစ်လာပြီးနေပြီ.. ကလေးတစ်ယောက်လိုလုပ်မနေနဲ့. ထတော့”
ရှစ်ဖုန့်အားခြားနားမှုမရှိပြောလိုက်သည်။
“ကျွန်တော်ဒီနေ့လိုဖြစ်လာတာက ဆရာ့ရဲ့နှစ်ပေါင်းများစွာ လမ်းညွှန်ပြသပေးတဲ့ကျေးဇူးတွေကြောင့်ပါ..ကျွန်တော့်နှလုံးသားထဲမှာ ဆရာကအမြဲတမ်း စည်းကမ်းတင်းကြပ်တဲ့ဖခင်တစ်ဦးပါပဲ.. ဒီနေ့.. ကျွန်တော်ထပ်ပြီးဆရာပြန်လည်မွေးဖွားလာတာကိုမြင်တွေ့ရပြီ”
မိုရှောင်ယောင်ကဤသို့ပြောလိုက်သကဲ့သို့ သူ၏ခေါင်းအား ငုံ့လိုက်ကာ မြေပြင်နှင့်ထိရိုက်သွားစေပြီး “ဘန်း”ဟူသော နောက်ထပ်အသံတစ်ခုထွက်လာစေသည်။
ရှစ်ဖုန့်က သူ၏ရှေ့ရှိတပည့်ထံသို့ကြည့်လိုက်သည်။ ထို့နောက်သူ၏ အကြည့်အား လင်ယဲ့ဖုန်းနှင့်လောချင်းချွမ်တို့ထံသို့ပြောင်းလိုက်၏။ သူကနှလုံးသားထဲမှသက်ပြင်းချလိုက်သည်။ သူ၏တပည့်များအားလုံးကြီးပြင်း လာကြပြီဖြစ်သည်။
အတိတ်ကိုပြန်လည်တွေးမိလျှင် ထိုငယ်ရွယ်နုနယ်သောမျက်နှာများက ယခု အရွယ်ရောက်ရင့်ကျက်လာကြပြီဖြစ်သည်။ ၎င်းတို့အားလုံးက၎င်းတို့နယ်ပယ်ဒေသက၏ ဇတ်ကောင်များနှင့်အရှင်သခင်များဖြစ်လာ ကြပြီး ကြီးမြတ်သောဧကရာဇ်များအဖြစ် လေးစားမှုအပြည့်ညွှန်းဆိုခံကြရသည်။
ရှစ်ဖုန့်ကရှေ့သို့လျှောက်လှမ်းထွက်လိုက်ပြီး သူ၏လက်တို့ကို လှမ်းလိုက်ကာ ဒူးထောက်နေသောမိုရှောင်ယောင်ကို ကိုယ်တိုင်ထူပေးလိုက်သည်။
ရှစ်ဖုန့်၏အကူအညီဖြင့် မိုရှောင်ယောင်က ဖြည်းညှင်းစွာထလာသည်။ ထို့နောက်သူ၏ညာလက်အားဆန့်ထုတ်လိုက်ကာ ဓားဧကရာဇ်ယွဲ့ရှောင်းကို ရှစ်ဖုန့်၏ရှေ့သို့ထားလိုက်သည်။
“ကျွန်တော်ဒီကိုအလျှင်စလိုလာရတာမို့ ဆရာ့အတွက် လက်ဆောင်ကြီးကြီးကိုမပြင်ဆင်လာခဲ့ရဘူး. ဒီတိရစ္ဆာန်က ဆရာ့အတွက်လက်ဆောင်ပဲ.. ဆရာဒါကိုကြင်နာစွာလက်ခံမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်.. အကြီးဆုံးစီနီယာအကို က ဆရာသေဆုံးရတဲ့အကြောင်းအရင်းကို ရှောင်းယောင်ကို ပြောပြထားပြီးပါပြီ”
စိတ်မကောင်းဖွယ်အခြေအနေဖြစ်နေသော ယွဲ့ရှောင်းအားကြည့်၍ ရှစ်ဖုန့်က အေးစက်စွာပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဒီကြီးမားတဲ့လက်ဆောင်ကို ဆရာလက်သင့်ခံတယ်”
ထိုသို့ပြောပြီးနောက် ရှစ်ဖုန့်ကသူ၏လက်ကိုဆန့်ထုတ်လိုက်ပြီး ယွဲ့ရှောင်းကိုယူလိုက်သည်။ ထို့နောက် သူ့ဘေးရှိလောချင်းချွမ်ကိုကြည့်၍ပြောလိုက်၏။
“ချင်းချွမ်..ဒီတိရစ္ဆာန်ကို ဆရာအခုသတ်မယ်… ပြီးရင် ငရဲဘုံကိုးခု ပညာရပ်ကို မင်းအဆက်မပြတ်လှည့်ပတ်ပြီးဒီတိရစ္ဆာန်ရဲ့ သေခြင်းစွမ်းအင်ကို ဝါးမျိုရမယ်.. အဝါရောင်စမ်းချောင်းလမ်းကိုဖြတ်ကျော်ပြီး ခုဏကတိုက်ပွဲကို မင်းကြည့်ပြီးတဲ့နောက် ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ်ကို ဝင်ရောက်ဖို့မင်းအတွက်ပြဿနာရှိမှာမဟုတ်ဘူးလို့ ဆရာ ထင်တယ်”
“ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ်..သေချာတာပေါ့.. အဆင့်ချိုးဖျက်ဖို့အတွက်ပြဿနာမရှိဘူး. အဲ့တာတင်မကဘူး. ကျွန်တော်အထွတ်အထိပ်ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ်ကိုတောင်ရောက်နိုင်တယ်..ဆရာ့ရဲ့အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်”
လောချင်းချွမ်ကပြောလိုက်သည်။
“ကောင်းတယ်”
ရှစ်ဖုန့်ကဤစကားနှစ်ခွန်းအား ပြောလိုက်ပြီးနောက် သူ၏လက်ထဲရှိဓားဧကရာဇ်ယွဲ့ရှောင်းအား သွေးနီရောင် မီးတောက်တို့လောင်ကျွမ်းစေလိုက်ပြီး သွေးနီရောင်မီးလူသားတစ်ယောက် အဖြစ်ပြောင်းလဲစေလိုက်သည်။
“အား..အား..အား..အား..အား..အား”
ရုတ်ခြည်းနှိုင်းယဉ်ဖော်ပြ၍မရနိုင်လောက် သော စိတ်မချမ်းမြေ့ဖွယ်အော်ဟစ်ငိုကြွေးသံ ကိုကြားလာရသည်။ ယခင်က ယွဲ့ရှောင်းမှာ သူ့အားသတ်ဖြတ်ရန် ကောင်းကင်ဘုံသတ်ဖြတ်ခြင်းအစီအရင်အား ခင်းကျင်းခဲ့သည့်ဧကရာဇ်များထဲမှတစ်ဦးဖြစ်သည်။ ရှစ်ဖုန့်အနေဖြင့်၎င်းအားသတ်ချင်သည် သာဖြစ်၏။
သို့သော်၎င်းအားမသတ်ခင်အလွယ်တကူသေဆုံးခွင့်မပြုနိုင်ပေ။
“ယို..ယိုမင်.. မင်းသေခြင်းဆိုးနဲ့သေမဲ့ကောင်. မင်းကသေခြင်းဆိုးနဲ့သေမဲ့ကောင်… အား..အား”
စိတ်မချမ်းမြေ့ဖွယ် ငယ်သံပါအောင်အော်ဟစ်သောအသံအား ကြားရသောအခါတွင် ရှစ်ဖုန့်က အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။
“ဟမ့်.. ဒီနေ့သေခြင်းဆိုးနဲ့သေမဲ့ကောင်ကမင်းပဲ.. ဓားဧကရာဇ် ယွဲ့ရှောင်း”
“အား”
နှိုင်းယှဉ်ဖော်ပြ၍မနိုင်သော စူးစူးဝါးဝါးငယ်သံပါအောင်အော်ဟစ်သည့် နောက်ဆုံးလှိုင်းပြီးသည့်နောက် ကမ္ဘာကြီးကတစ်ဖန်ပြန်လည်၍ ဆိတ်ငြိမ်ကျသွားသည်။
လောချင်းချွမ်က ငရဲဘုံကိုးခု ပညာရပ်အား အဆက်မပြတ်လှည့်ပတ်လိုက်ပြီး သေခြင်းစွမ်းအင်ကို ဝါးမျိုလိုက်သည်။ ရုတ်ခြည်း အဖြူရောင်အလင်းတစ်ခုကသူ၏ကိုယ်ပေါ်၌လင်းလက်လာပြီး သူ၏ သိုင်းနယ်ပယ်က ကြယ်ခြောက်ပွင့် ဧကရာဇ်နယ်ပယ်သို့ တိုက်ရိုက်ဝင်ရောက်သွားသည်။
အဝါရောင်စမ်းချောင်းလမ်းအားဝင်ရောက်ပြီး အစောပိုင်းကကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်နှစ်ဆယ့်တစ်ဦး၏တိုက်ပွဲအား တွေ့ကြုံခဲ့ပြီးသည့်နောက် လောချင်းချွမ်၏သိုင်းတာအိုအပေါ်နားလည်ဆင်ခြင်နိုင်မှုက အဆင့်သစ်တစ်ခုသို့ရောက်ရှိခဲ့ပြီဖြစ်သည်။ ယွဲ့ရှောင်း၏သေခြင်းစွမ်းအင်အား ဝါးမျိုပြီးသည့်နောက်သူ၏ဒန်တန်အတွင်းရှိ ငရဲဘုံကိုးခု စွမ်းအင်က လုံလောက်သောအဆင့်တစ်ခုသို့ရောက်ရှိသွားပြီး အဆင့်ချိုးဖျက်မှုအားလုပ်ဆောင်နိုင်သွားခြင်း ဖြစ်သည်။
ထို့နောက် သွေးနီရောင်မီးတောက်ကရှစ်ဖုန့်၏လက်အတွင်းပြန်လည်လှိမ့်ဝင်လာပြီး ရှစ်ဖုန့်၏လျှင်မြန်စွာဆုပ်ယူခြင်းကိုခံလိုက်ရသည်။ တစ်ချိန်တည်းတွင် ရှစ်ဖုန့်၏ကိုယ်ပေါ်၌ အဖြူရောင်အလင်းတစ်ခုလင်းလက်လာပြီး ကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ်သို့ဝင်ရောက်သွားသည်။
ရှစ်ဖုန့်က အနောက်ပိုင်းဒေသကြီးတွင်ရွှမ်းယွမ်ချန်ယွင်အားသတ်ခဲ့ပြီးနောက် အဆင့်ချိုးဖျက်လုနီးပါးအခြေအနေသို့ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ယခုသူက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်ဖြစ်သူ ယွဲ့ရှောင်း၏သွေးကိုဝါးမျိုခဲ့ပြီးနောက် သူအဆင့်ချိုးဖျက်ရန်မှာသံသဖြစ်ရန်မလိုပေ။
“ကောင်းလိုက်တာ. ဆရာလည်းအဆင့်ချိုးဖျက်သွားပြီ. သူကအထွတ်အထိပ်ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်နဲ့ ခြေတစ်လှမ်းနီးကပ်လာပြီ”
“အဆင့်ချိုးဖျက်တဲ့အတွက် ဂုဏ်ပြုပါတယ် ကြီးမြတ်သော ဧကရာဇ်”
လက်ရှိရှိနေသော လူအားလုံးကရှစ်ဖုန့်၏အဆင့်ချိုးဖျက်ခြင်းအတွက် ပျော်ရွှင်ကြသည်။ ယ ခင်ကထိပ်တန်းအဆင့်ကျွမ်းကျင်သူက ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် သိပ်မဝေးတော့သည်ကို ၎င်းတို့မြင်နိုင်စွမ်းရှိပုံရသည်။
ရှစ်ဖုန့်၏ ညာလက်ရှိ သွေးနီရောင်မီးတောက်က ပျောက်ကွယ်သွားသော်လည်း သူ၏လက်ထဲ၌ အဖြူရောင်အရိပ်တစ်ခု ရှိနေဆဲဖြစ်သည်။ ဤအချိန်တွင် အဖြူရောင်အရိပ်က အပြင်းအထန်ရုန်းကန်နေပြီး နှိုင်းယှဉ်ဖော်ပြ၍မရနိုင်သော စူးစူးဝါးဝါးအသံမျိုးဖြင့် အော်ဟစ်နေသည်။
“ယိုမင်. မင်းသတ်ချင်ရင်သတ်ပစ်လိုက်”
အဖြူရောင်အရိပ်က ယွဲ့ရှောင်း၏ ဝိညာဉ်မှလွဲ၍အခြားမဟုတ်ပေ။ ရှစ်ဖုန့်က ၎င်းအားသတ်ပြီး သူ၏ကိုယ်အား မီးရှို့ပြာချခဲ့သော်လည်း ၎င်း၏ဝိညာဉ်ကိုတော့ မဝါးမျိုခဲ့ပေ။
“မင်းကိုသတ်ရမှာလား..”
ယွဲ့ရှောင်း၏ စကားများအားကြားပြီးနောက် ရှစ်ဖုန့်က ထပ်မံသရော်လိုက်ပြီး ပြောလိုက်သည်။
“အရင်တုံးက ငါအသက်ရှင်နေတုံး မင်းတို့အမှိုက်ဧကရာဇ်တွေကိုငရဲဘုံဘုံနန်းမှာ တစ္ဆေတစ်သောင်းရဲ့ကိုက်ခဲမှုကို ထာဝရခံစားရအောင်လုပ်မယ်လို့ သေချာပေါက်ပြောခဲ့တယ်.. မင်းယွဲ့ရှောင်းက အရင်ဆုံးဖြစ်လိမ့်မယ်”
“ကွေ့ရောင်”
ရှစ်ဖုန့်ကနက်ရှိုင်းသောအသံဖြင့်အော်ပြောလိုက်သည်။
တစ္ဆေစစ်သူကြီးရှစ်ဦးထဲမှတစ်ဦးဖြစ်သော ကွေ့ရောင်က လျှောက်လှမ်းထွက်လာပြီး သူ၏လက်သီးတို့ကိုလေးစားစွာဆုပ်၍ ရှစ်ဖုန့်အားနက်ရှိုင်းသောအသံဖြင့်အော်ပြောလိုက်သည်။
“ဒီမှာရှိပါတယ်”
“ဒီမိစ္ဆာကို မင်းဘာလုပ်ရမယ်ဆိုတာသိတယ်မလား.”
ရှစ်ဖုန့်ကမေးလိုက်သည်။ ထို့နောက် သူ၏လက်ထဲမှဝိညာဉ်အား ကွေ့ရောင်ထံသို့ ပစ်ပေးလိုက်၏။
ကွေ့ဟွမ်းက သူ၏လက်ကိုလှမ်းကာ ၎င်းအားဖမ်းလိုက်ပြီး ပြေလိုက်သည်။
“သေချာတာပေါ့. ဒီလိုတိရစ္ဆာန်မျိုးကို ဘယ်လိုကိုင်တွယ်ရမလဲ ကျွန်တော်သိတယ်”
ဆက်ရန်……
ဘာသာပြန်သူ-ARISE