အခန်း (၈၅၀)
Vol. 57 Ch. 850
“ဒီလိုတိရစ္ဆာန်မျိုးကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို ကျွန်တော်သိတယ်”
တစ္ဆေစစ်သူကြီးရှစ်ယောက်ထဲမှာ တစ်ယောက်ဖြစ်သူ ကွေ့ဟွမ်းက ပြန်လည်ဖြေကြားလိုက်သည်။ ထို့နောက် သူကယွဲ့ရှောင်း၏ဝိညာဉ်အားသယ်ဆောင်ပြီး ဟင်းလင်းပြင်ထဲရှိ ဧရာမအနက်ရောင်ဝဲကြီးထံသို့ ဦးတည်ပျံသန်းသွားလိုက်သည်။
ဤအချိန်တွင် အမှောင်စီရင်စု၏ အမှောင်ဧကရာဇ် အန်းချီကရှေ့သို့လျှောက်လှမ်းထွက်လာပြီး သူ၏လက်သီးတို့ကိုလေးစားစွာဆုပ်၍ ရှစ်ဖုန့်ကိုပြောလိုက်သည်။
“ကြီးမြတ်သောဧကရာဇ် အလင်းစီရင်စုက လူသုံးယောက်က အလယ်ပိုင်းဒေသကြီးကို အပြင်းသွားတာပဲဖြစ်ရမယ်…အကယ်၍ ကျွန်တော်တို့သာသူတို့ကို ဂရုမထားဘဲနေလိုက်ရင် အမှောင်စီရင်စုအတွက် ဒုက္ခဖြစ်လာလိမ့်မယ်.. အခုဒီမှာကပြီးသွားပြီဆိုတော့ လမ်းခွဲကြပါစို့”
“အကယ်၍အနာဂတ်မှာတစ်ခုခုလိုအပ်တာရှိရင် ဒီစာလိပ်ကို ဖျက်ဆီးလိုက်ပါ ကျွန်တော်တို့ညီအကိုတွေဖြစ်နိုင်သမျှ အမြန်ဆုံးလာပါ့မယ်”
အန်းချီကပြောရင်းကျောက်စိမ်း စာခွေကို လွှဲပေးလိုက်သည်။
ရှစ်ဖုန့်က ၎င်းအားယူလိုက်ပြီးနောက် သူ၏ ကိုယ်ပိုင် ကျောက်စိမ်းပြားအားအန်းချီထံသို့လွှဲပေးလိုက်သည်။ သူကပြောလိုက်သည်။
“မင်းမှာအရေးကြီးတာလုပ်ဖို့ရှိတယ်ဆိုတော့ ဒီသခင်လေး မင်းကို ဆွဲမထားတော့ဘူး. ဒါပေမဲ့. အဲ့လူသုံးယောက်က ဧကရာဇ်ခြောက်ယောက်နဲ့အတူ အလယ်ပိုင်းဒေသကြီးကို ပြန်လာတယ်ဆိုရင် မင်းသူတို့ကို အနုင်ယူနိုင်မှာမဟုတ်ဘူး. မင်းတို့ခုနှစ်ယောက် နားထောင်ကြ”
ရှစ်ဖုန့်ကစကားပြောရင်း ကျန်နေသည့်တစ္ဆေစစ်သူကြီးရှစ်ဦးအား တစ်ချက်ကြည့်လိုက်ကာ နက်ရှိုင်းသောအသံဖြင့်အော်ပြောလိုက်သည်။
“ဟုတ်ကဲ့..ကြီးမြတ်သောဧကရာဇ်”
ရှစ်ဖုန့်၏ အော်သံအားကြားလိုက်ရသောအခါတွင် တစ္ဆေစစ်သူကြီးခုနှစ်ယောက်က သူတို့၏လက်သီးတို့ကို လေးစားစွာဆုပ်လိုက်ပြီး ပြန်လည်တုန့်ပြန်လိုက်ကြသည်။
ရှစ်ဖုန့်က ဆက်ပြော၏။
“အမှောင်ဧကရာဇ်နဲ့ ပျက်စီးခြင်းဧကရာဇ်တို့နဲ့အတူ အလယ်ပိုင်းဒေသကြီးကိုလိုက်သွား. အလင်းစီရင်စုက အဲ့သူတောင်းစားတွေကို သတ်ဖို့ သူတို့ကို ကူညီလိုက်”
“ဟုတ်ကဲ့ ကြီးမြတ်သောဧကရာဇ်”
တစ္ဆေစစ်သူကြီးခုနှစ်ဦးက ပြိုင်တူအော်ပြောလိုက်ကြသည်။
“ကြီးမြတ်သောဧကရာဇ်.. အကယ်၍ အလယ်ပိုင်းဒေသကြီးကို တစ္ဆေစစ်သူကြီးခုနှစ်ဦးကို ကျွန်တော်တို့နဲ့အတူထည့်လိုက်ရင် အဲ့စက်ဆုပ်ဖို့ကောင်းတဲ့သူတွေ အရှင့်ကိုထပ်ပြီး ပြန်လာတိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ..”
ရှစ်ဖုန့်က တစ္ဆေစစ်သူကြီးခုနှစ်ဦးအား အမိန့်ပေးလိုက်သည်ကိုကြားရသောအခါတွင် ပျက်စီးခြင်းဧကရာဇ်မြဲ့ထျန်းက စိုးရိမ်စွာပြောလိုက်သည်။
မြဲ့ထျန်း၏ စကားတို့အားကြားရသောအခါတွင် တစ္ဆေစစ်သူကြီးရှစ်ဦးမှတစ်ဦးဖြစ်သူ ကွေ့ကျဲ့က ရယ်မောပြီး ပြောလိုက်သည်။
“ညီအကိုမြဲ့ မင်းဒါနဲ့ပက်သက်ပြီး စိုးရိမ်စရာမလိုဘူး.. အဲ့သူတောင်းစားတွေငရဲဘုံဘုံနန်းကို မဝင်လာရဲမှာကိုပဲ တို့တွေကကြောက်တာ.. ငရဲဘုံဘုံနန်းရဲ့ အစီအရင်ကြီးကနေ ဘယ်ကျူးကျော်သူမှ အသက်ရှင်လျက် လွတ်မြောက်သွားတယ်ဆိုတာမျိုး လုံးဝမကြားဖူးသေးဘူး”
ရှစ်ဖုန့်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
“ဟုတ်တယ်.. သူတို့သာ ငရဲဘုံဘုံနန်းကို ဝင်ရဲတယ်ဆိုရင် အဲတာသူတို့တွေ သေချင်နေလို့ပဲ”
“ဒါဆိုရင် ကျွန်တော်စိတ်သက်သာရာရပါပြီ”
မြဲ့ထျန်းကခေါင်းညိမ့်လိုက်သည်။
“အချိန်ဖြုန်းနေလို့မရဘူး. သွားစို့”
တစ္ဆေစစ်သူကြီးရှစ်ဦးထဲမှကွေ့ဟွမ်းက လည်းပြောလိုက်သည်။
အန်းချီနှင့်မြဲ့ထျန်းကလည်းတစ်ချိန်တည်းတွင်ခေါင်းညိမ့်လိုက်ကြသည်။ ထို့နောက် အမှောင်စီရင်စု၏ အထွတ်အထိပ်ဧကရာဇ်နယ်ပယ်နှစ်ယောက်နှင့် ငရဲဘုံကိုးခုဧကရာဇ်၏ တစ္ဆေစစ်သူကြီး ခုနှစ်ဦးတို့ စုစုပေါင်းကိုးဦးက ဟင်းလင်းပြင်အား ထိုးခွင်းပြီး အဝေးသို့တစ်ဟုန်ထိုးပျံသန်းသွားသည်။
ကျွမ်းကျင်သူ ကိုးဦးထွက်ခွာသွားပြီးနောက် ရှစ်ဖုန့်ကသူ၏တပည့်သုံးဦးအားထပ်မံကြည့်လိုက်ပြီး ပြောလိုက်သည်။
“လာ.. ငရဲဘုံဘုံနန်းကိုငါ့နောက်ကနေလိုက်ခဲ့ကြ”
“ဟုတ်ကဲ့”
တပည့်သုံးဦးက ပြိုင်တူ ခေါင်းညိမ့်လိုက်ကြသည်။ ထို့နောက် သုံးယောက်သားလေကိုထိုးခွင်းပြီးကောင်းကင်ထဲရှိ ဧရာမအနက်ရောင်ဝဲကြီးထဲ့သို့ တစ်ချိန်တည်းပျံသန်းသွားကြသည်။
“ဟူး..ဟူး.ဟူး..ဟူး.ဟူး..ဟူး.. အား………”
မှုန်မှို်ငးသောကမ္ဘာအတွင်းတွင် နှိင်းယှဉ်ဖော်ပြ၍မရနိုင်သာ လေပြင်းတို့တစ်ဟူးဟူးခက်ထန်စွာတိုက်ခတ်နေပြီး တစ္ဆေသရဲတို့၏ စိတ်မချမ်းမြေ့ဖွယ်အော်ဟစ်သံလှိုင်းများ ကိုလည်း မရပ်မနားကြားရသည်။ ၎င်း၏ရှေ့တွင် သိပ်သည်းများပြားလှသော အဖြူရောင် တစ္ဆေသရဲတို့ရှိနေပြီး ၎င်းတို့က ဟင်းလင်းပြင်ထဲ၌ အဆက်မပြတ်လူးလွန့်ကခုန်နေကြသည်။
၎င်းတို့က သက်ရှိလူသားတို့၏အော်ရာများကိုရှာ တွေ့သွားသကဲ့သို့ သိပ်သည်းများပြားလှသောဝိညာဉ်များက အတူတကွစုစည်းသွားပြီး ပြင်းထန်သောဒီရေလှိုင်းကဲ့သို့ ရှစ်ဖုန့်နှင့်အခြားသူသုံးဦးထံတလိမ့်လိမ့် ဦးတည်လာသည်။
၎င်းတို၏ဖြူဖျော့ပြီးသုန်မှုန်သောမျက်နှာတို့ထက်တွင် ကြမ်းကြုတ်ရက်စက်မှုတို့ဖြင့်ပြည့်နှက်နေ၏။
“ဒီမကောင်းဆိုးဝါးတွေ. နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ဒီနေရာကို ဘယ်သူ ကပိုင်တယ်ဆိုတာကို မေ့နေကြပြီပဲ”
လင်ယဲ့ဖုန်းက သူ့ထံသို့ တလိမ့်လိမ့်ဦးတည်လာနေသော ယင်ဝိညာဉ်များကိုကြည့်၍ အေးစက်စွာအော်ပြောလိုက်သည်။ ထို့နောက် လေထဲ၌သူ၏လက်တို့ကိုလှုပ်ရှားလိုက်ပြီး သူ၏ရှေ့၌ အဖြူရောင်ရုန်းတစ်ခုပေါ်လာသည်။
သူက ဖားလောင်းသဏ္ဍန်တွန့်လိမ်နေသော အမိန့်ပေးစကားလုံးတစ်ခုကိုရေးဆွဲလိုက်၏။ ၎င်းက ငရဲဘုံကိုးခု ဧကရာဇ်သူ့အား သင်ကြားပေးခဲ့သော တစ္ဆေတစ်သောင်း အမိန့်ပေးခြင်းပင်ဖြစ်သည်။
တစ္ဆေတစ်သောင်းအမိန့်ပေးခြင်းအား မြင်တွေ့လိုက်ရသည့်အခိုက်အတန့်တွင် တလိမ့်လိမ့်ဦးတည်လာနေသော ယင်ဝိညာဉ်တို့၏ ကိုယ်များက ရုတ်ခြည်းပြင်းထန်စွာတုန်ယင်သွားသည်။ ၎င်းတို့၏သေလုအောင်ဖြူဖျော့သော မျက်နှာများ၌ လွန်စွာ တုန်လှုပ်အံ့အာသင့်သောအမူအယာ တစ်ခုကိုပြသလာသည်။ ထို့နောက်ချက်ချင်း ယင်ဝိညာဉ်များကတစ်ကောင်ပြီး တစ်ကောင်ဒူးထောက်ချလိုက်သည်။
တစ္ဆေတစ်သောင်းရှိခိုးဂါရဝပြုခြင်းဖြစ်၏။
“သွားစို့”
ရှစ်ဖုန့်က သူ၏တပည့်သုံးဦးအားဂရုမထားဘဲပြောလိုက်သည်။ ထို့နောက် ၎င်းတို့လေးယောက်က ထိုရှိခိုးဦးတိုက်နေသော ဝိညာဉ်များကို ထပ်မံအာရုံစိုက်ခြင်းမရှိတော့ပေ။ ၎င်းတို့၏ရပ်နေသောပုံရိပ်များက ထပ်မံလှုပ်ရှားသွားပြီး လေကိုဆက်လက်ထိုးခွင်းသွားကြသည်။
၎င်းတို့ရှေ့သို့သွားသကဲ့သို့ လင်ယဲ့ဖုန်း၏ရှေ့မှ တစ္ဆေတစ်သောင်းအမိန့်ပေးခြင်းကလည်း ၎င်းတို့နှင့်လိုက်ပါလာသည်။ သူတို့ဖြတ်သန်းသွားသောနေရာတိုင်းတွင် ဝိညာဉ်များက ရုတ်ခြည်းဒူးထောက်ပြီး ၎င်းတို့အား ဦးတိုက်ဂါရဝပြုကြ၏။
“အား…အား………ငါ့ကိုသတ်ပါ..အား.. ယိုမင်.. ငါ့ကို သတ်ပါ.. ငါ့ကိုသတ်လိုက်ပါ..အား.. သွားစမ်း. မကောင်းဆိုးဝါးတစ္ဆေတွေ..ငါ့ဆီကနေဖယ်ကြစမ်း. ငါက ပြိုင်ဘက်ကင်းဓားဧကရာဇ်ကွ.. အား…”
သူတို့ကောင်းကင်မှဖြတ်ပျံသန်းသွား သည့်အချိန်တွင် အောက်ဘက်ရှိသွေးနီရောင်မြစ်ထံမှ နှိုင်းယှဉ်ဖော်ပြ၍မရနိုင်သောစိတ်မချမ်းမြေ့ဖွယ်ကောင်းသည့် ငယ်သံပါအောင်အော်ဟစ်သံလှိုင်းတို့ထွက်ပေါ်လာသည်။
ဓားဧကရာဇ်ယွဲ့ရှောင်း၏ဝိညာဉ်က မကောင်းဆိုးဝါးတစ္ဆေထောင်ပေါင်းများစွာစုစည်းရာ သွေးမြစ်ထဲသို့ကျရောက်နေသည်။၎င်းတို့က ၎င်းတို့၏ကြမ်းကြုတ်ခက်ထန်သော ပါးစပ်များကိုဖွင့်ဟ၍သွေးမြစ်အတွင်းယွဲ့ရှောင်း၏ဝိညာဉ်အားကိုက်ခဲနေသည်။
“အား..အား..အား..အား”
ငယ်သံပါအောင်အော်ဟစ်သောစိတ်မချမ်းမြေ့ဖွယ်အသံလှိုင်းတို့မှတစ်ဆင့် ဤအချိန်၌ ယွဲ့ရှောင်းတစ်ယောက်လွန်စွာ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းသော ညှင်းပန်းနှိပ်စက်မှုကို ခံနေရကြောင်းပြောနိုင်သည်ဖြစ်သည်။
“ဟမ့်..ဓားဧကရာဇ်က ဒီလိုအဆုံးသတ်မျိုးနဲ့ပဲထိုက်တန်တယ်.. “
လောချင်းချွမ်က သွေးမြစ်အတွင်းရှိ သိပ်သည်းများပြားသော မကောင်းဆိုးဝါးတစ္ဆေတို့ကိုစိုက်ကြည့်၍ အေးစက်စွာပြောလိုက်သည်။
ယွဲ့ရှောင်း၏ စိတ်မချမ်းမြေ့ဖွယ် ငယ်သံပါအောင်အော်သံအားကြားရခြင်းက တကယ်စိတ်ကျေနပ်ဖို့ကောင်းသည်ဖြစ်သည်။
ဆရာ့အား လုပ်ကြံခြံကြသောထိုသူတောင်းစားများ ကြောင့်သာ ထိုအချိန်ကဆရာ့၏သေခြင်းဖြစ်လာခဲ့ခြင်းဖြစ်သည်။
“တစ်နေ့က အဲ့ဆန်ကုန်မြေလေးအကုန်လုံးကို ကျွန်တော်ဒီမှာစုစည်းပြီး သေခြင်းထက်ဆိုးတဲ့ တစ္ဆေထောင်နဲ့ချီနဲ့ ကိုက်ခဲမှုကို ခံစားခိုင်းမယ်”
လင်ယဲ့ဖုန်းက မုန်းတီးမှုအပြည့်ဖြင့်ပြောလိုက်သည်။
“ဟမ့်.. ဆရာ့ကို အတူတူလုပ်ကြံပြီးတဲ့နောက် ဒီသူတောင်းစားတွေက သူတို့ကိုယ်သူတို့အေးဆေးလေးနှပ်ပြီး နေလို့ရပြီထင်နေတာ.. ဆရာကကောင်းကင်ဘုံနဲ့ ကောင်းချီးပေးမှုကိုခံရပြီး သေပြီး ပြန်လည်မွေးဖွားလာမယ်ဆိုတာဘယ်သူကသိမှာလဲ”
မိုရှောင်ယောင်ကလည်း အေးစက်စွာနှာခေါင်းရှုံ့၍ပြောလိုက်သည်။
ထို့နောက် မိုရှောင်ယောင်က ရှစ်ဖုန့်အားကြည့်လိုက်ပြီးသူ၏နှလုံးသား ထဲမှမေးခွန်းကိုမေးလိုက်သည်။
“ဆရာ. အဲ့တုံးက ကျွန်တော်တို့ထဲကအချို့က ငရဲဘုံကိုးခု အမှတ်အသားကနေ ဆရာ့ကိုရှင်းရှင်းလင်းလင်းအာရုံခံနိုင်ခဲ့ကြတယ်. အဲ့တုံးက ဆရာ့ရဲ့ဝိညာဉ်က အစိတ်စိတ်အမွှာမွှာကွဲကြေသွားတာ.. ဘယ်လိုဖြစ်ပြီးဆရာ ပြန်လာနိုင်ခဲ့တာလဲ”
မိုရှောင်ယောင်၏စကားအားကြား လိုက်ရသောအခါတွင် လင်ယဲ့ဖုန်းကလည်း ပြောလိုက်သည်။
“ဟုတ်တယ်.. ဆရာ. ကျွန်တော်လည်းဒါကို အဖြေထုတ်မရဘူးဖြစ်နေတာ. ပြီးတော့လက်ရှိဆရာ့တစ်ခြားသူတစ်ဦးရဲ့ ခန္ဓာကိုယ်ကို ဝင်စီးထားတာမဟုတ်တာကို လည်းကျွန်တော်ခံစားမိတယ်.. ဒီကမ္ဘာမှာဒီလိုပြန်လည်ဝင်စားတာမျိုးက တကယ်ပဲဖြစ်နိုင်တာလား”
“တကယ်တော့ ဆရာလည်းဘယ်လိုအသက်ပြန်ရှင်လာလဲဆိုတာကို နားမလည်ဘူး. ထျန်းဟန်တိုက်ကြီးပေါ်မှာ တို့မသိသေးတဲ့ထူးဆန်းတဲ့အရာတွေ အများကြီးရှိတယ်”
“အဲ့တုံးက ဆရာ့ရဲ့ဝိညာဉ်က တကယ်အစိတ်စိတ်အမွှာမွှာကွဲကြေသွားပြီး လုံးဝဖျက်စီးခံလိုက်ရသင့်တာ.. ဒါပေမဲ့ လွန်ခဲ့တဲ့တစ်နှစ်က ဆရာ့ရဲ့ဒီခန္ဓာကိုယ်မှာ အရင်တုံးကမှတ်ဉာဏ်တွေပြန်ပြီးနိုးထလာခဲ့တယ်”
ရှစ်ဖုန့်ကပြောလိုက်သည်။
ထို့နောက်ရှစ်ဖုန့်ကဆက်ပြော၏။
“ဒါက ဆရာအဲ့တုံးကရခဲ့တဲ့ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်နဲ့ တစ်ခုခုသက်ဆိုင်တာလည်းဖြစ်ကောင်း ဖြစ်နေနိုင်တယ်”
“အရာခပ်သိမ်းရဲ့မူလဇစ်မြစ်”
“အရာခပ်သိမ်းရဲ့မူလဇစ်မြစ်”
“အရာခပ်သိမ်းရဲ့မူလဇစ်မြစ်”ဟူသောစကား အားကြားလိုက်ရသောအခါတွင် လင်ယဲ့ဖုန်းရော မိုရှောင်ယောင်ပါ ပြိုင်တူအံ့အားသင့်စွာပြောလိုက်ကြသည်။ သူတို့အနေဖြင့်ထိုအရာအားကြားဖူးသည်ဖြစ်၏။ လွန်ခဲ့သောဆယ့်ခြောက်နှစ်က သူတို့၏ ဆရာဖြစ်သူ ငရဲဘုံကိုးခုဧကရာဇ်က ပျက်စီးခြောက်ကပ်နေသော မန်ခူကုန်းမြေအတွင်း နတ်ဘုရားတစ်ပါးဖြစ်ရန်လျှို့ဝှက်ချက်ပါဝင်သည့် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်အားရရှိခဲ့သည်။
“ကောလဟာလတွေအရ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်မှာ နတ်ဘုရားတစ်ပါးဖြစ်ဖို့လျှို့ဝှက်ချက်ပါတယ်တဲ့. ဆရာက အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကနေ ပြန်လည်မွေးဖွားခြင်းလျှို့ဝှက်ချက်ကို သင်ယူခဲ့တာများဖြစ်နိုင်မလား”
လင်ယဲ့ဖုန်းကမေးလိုက်သည်။
“အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကအရမ်းကိုထူးဆန်းတယ်.. အဲ့တာကို ဆရာရခဲ့ပေမဲ့. ဆရာ့ရဲ့ထိန်းချုပ်မှုအောက်မှာမရှိဘူး. နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတောင်ဘာလျှို့ဝှက်ချက်ကို မှ မဖော်ထုတ်နိုင်သေးဘူး”
ရှစ်ဖုန့်ကပြောလိုက်သည်။
ထို့နောက်ရှစ်ဖုန့်ကဆက်ပြော၏။
“ကောင်းပြီ..ဒီအကြောင်းထပ်ပြီး မပြောကြရအောင်. မင်းတို့နှစ်ယောက် တစ်ခြားစီနီယာ နဲ့ဂျူနီဘာညီအကိုတွေဆီကနေဘာ
သတင်းတွေကြားထားသေးလဲ”
ဆက်ရန်……..
ဘာသာပြန်သူ-ARISE