အခန်း (၈၅၁)
Vol. 57 Ch. 851
ရှစ်ဖုန့်က လင်ယဲ့ဖုန်းနှင့် မိုရှောင်ယောင်အားကြည့်၍ မေးလိုက်သည်။
“မင်းတို့နှစ်ယောက် တစ်ခြား ညီအကိုတွေနဲ့ပက်သက်ပြီး ဘာသတင်းတွေကြားသေးလဲ”
“သူတို့ထဲကအချို့က..”
လင်ယဲ့ဖုန်းကသသူ၏ခေါင်းကို ခါယမ်းလိုက်ပြီး ပြောလိုက်သည်။
“ဒီနှစ်တွေမှာ အမှောင်စီရင်စုနဲ့အလင်းစီရင်စု ကြားထဲက အခြေအနေတွေကအရမ်းကိုပြင်းထန်ခဲ့တယ်.. ကျွန်တော်ကအမြဲအလယ်ပိုင်း ဒေသကြီးမှာရှိပြီး အလင်းစီရင်စုနဲ့ ရင်ဆိုင်တိုက်ခိုက်နေခဲ့တာ.. ကျွန်တော့်ညီအကိုတွေနဲ့ တစ်ယောက်နဲ့တစ်ယောက်ထပ်ပြီး တွေ့တာရှားတယ်”
“ရှောင်းယောင် ကျုံးကျိုးကိုဖြတ်သွားတုံး ကျွန်တော်သူ့ကိုအာရုံခံမိပြီးဆရာ့ရဲ့ပြန်လည်မွေးဖွားလာတာကို လူတစ်ယောက်လွှတ်ပြီးသူ့ကိုသတင်းပေးခိုင်းလိုက်တာ.. ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အချို့က ဆဋ္ဌမ ဂျူနီယာယွမ်ရီမုံ့ရဲ့ မော်ကြွားဓားအိမ်တော်ကို မွန်းစတားမျိုးနွယ်ရဲ့သား ယောင်ဟွမ်က လုံးလုံးလျားလျားဖြိုပစ်လိုက်တယ်ဆိုတဲ့သတင်းကိုကျွန်တော်ရခဲ့တယ်.. ဆဋ္ဌမ ဂျူနီယာကမွန်းစတားမျိုးနွယ်ရဲ့ သတ်တာကိုခံလိုက်ရတယ်တဲ့”
“လွန်ခဲ့တဲ့ရက်အချို့က အနောက်ပိုင်းဒေသကြီးကို ယုံကြည်ရတဲ့ အထောက်တော်တစ်ဦးလွှတ်ခဲ့ပြီး မော်ကြွားဓားအိမ်တော်ထပ်ပြီး မရှိတော့ဘူးလို့ သူကသတင်းပို့ခဲ့တယ်.. အတိတ်က မော်ကြွားဓားအိမ်တော်က သင်္ချိုင်းမြေဖြစ်သွားခဲ့တယ်”
လင်ယဲ့ဖုန်းက မော်ကြွားဓားအိမ်တော်၏ဖြစ်ပျက်ခဲ့မှုများ အား ပြောရင်း သူ၏ဖြူဖျော့သောမျက်နှာထက်၌ ဝမ်းနည်းကြေကွဲမှုတို့ဖြည်းဖြည်းချင်းပေါ်လာသည်။
လင်ယဲ့ဖုန်း၏စကားများအားကြားပြီးနောက် မိုရှောင်ယောင်၏မျက်နှာက ပြောင်းလဲသွားပြီး အံ့အားသင့်စွာ ပြောလိုက်သည်။
“ဘာ. . ဆဋ္ဌမ ဂျူနီယာညီရဲ့ မော်ကြွားဓားအိမ်တော်.. ဆဋ္ဌမ ဂျူနီယာက..”
ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ဆရာလည်း မော်ကြွားဓားအိမ်တော်ကိုရောက်ခဲ့တယ်.. အဲ့ကလူတွေက တကယ်ပဲ မွန်းစတားမျိုးနွယ်စုသတ်တာကိုခံခဲ့ရတာ..ဒါပေမဲ့ ဆရာရောက်တော့ ယွမ်ရီမုံ့ရဲ့ အလောင်းကိုမတွေ့ခဲ့ဘူး.. သူသေလားရှင်လားကိုမသိရသေးပေမဲ့.. အမင်္ဂလာထက်တော့ပိုမဆိုးနိုင်ဘူး”
“ဆယ်ရက်. ငါဒီမှာ ဆယ်ရက်ပဲနေမှာ.. ဆယ်ရက်ပြီးရင် မွန်းစတားမျိုးနွယ်ရဲ့သား ယောင်ဟွမ်ကိုသတ်ပြီး သူ့ရဲ့ဝိညာဉ်ကိုဆွဲထုတ်ဖို့အတွက် မင်းတို့သုံးယောက်ကိုထျန်းယောင်တောင်ပေါ်ကိုခေါ်သွားမယ်.. အဲ့အချိန်ကြရင် ယွမ်ရီမုန့်သေလားရှင်လား တို့တွေသိရလိမ့်မယ်”
ရှစ်ဖုန့်ဤအရာအားပြောသည်နှင့် သူ၏တပည့်သုံးယောက်က ခေါင်းကိုပြိုင်တူညိမ့်လိုက်ပြီး ပြောလိုက်ကြသည်။
ထို့နောက် ရှစ်ဖုန့်ကမိုရှောင်ယောင်အားကြည့်၍ပြောလိုက်သည်။
“မင်းကအလွတ်လပ်ဆုံး. ကြောင့်ကြမဲ့ဆုံးနဲ့ အချစ်အတွက်ခရီးအလှည့်လည်ဆုံးပဲ.. ဒီနှစ်တွေမှာ မင်းရှောင်းထျန်းယီနဲ့ ချင်ယူဖန်းကိုတွေ့သေးလား”
“ပဥ္စမညီ ရှောင်းထျန်းယီနဲ့ကျွန်တော် လွန်ခဲ့တဲ့နှစ်နှစ်က တောင်ပိုင်းဒေသကြီးမှာ တွေ့ခဲ့တယ်..သတ္တမဂျူနီယာညီချင်ယူဖန်း.. သူကတော့ လွန်ခဲ့တဲ့နှစ်အချို့က ဒဏ္ဍာရီလာနတ်ဘုရားဆေးပင်ကို ရှာဖွေနေတယ်လို့ကြားတယ်.. ဒီနှစ်တွေမှာ ကျွန်တော်သူနဲ့မတွေ့ဖြစ်ဖူး..”
မိုရှောင်ယောင်ကပြောလိုက်သည်။
“ငါပြန်လည်မွေးဖွားလာတဲ့ သတင်းက ထျန်းဟန်တိုက်ကြီးတစ်ခွင်ကို ပျံ့နှံ့သွားလောက်ပြီ.. သူတို့သိသွားတာနဲ့ သေချာပေါက်ငါ့ကိုလာရှာမှာပဲ”
ရှစ်ဖုန့်ကပြောလိုက်သည်။
ဤအချိန်တွင်အောက်ဘက်ရှိအနက်ရောင် ပုံရိပ်တစ်ခုက တစ်ဟုန်တိုးထိုးတက်လာပြီး ရှစ်ဖုန့်၏ရှေ့တွင် ရပ်တန့်လိုက်သည်။ ၎င်းက ငရဲဘုံဘုံနန်းအတွင်းထွက်ခွာသွား သောကွေ့ရောင်ပင်ဖြစ်သည်။
ကွေ့ရောင်က သူ၏လက်သီးတို့ကိုလေးစားစွာဆုပ်လိုက်ပြီး ရှစ်ဖုန့်ကိုအော်ပြောလိုက်သည်။
“ကြီးမြတ်သောဧကရာဇ် ဒီမကောင်းဆိုးဝါးရဲ့ဝိညာဉ်ကို ကျွန်တော်ကိုင်တွယ်ပြီးပါပြီ”
“အင်း”
ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်ပြီးပြောလိုက်သည်။
“ကွေ့ရောင်.. ငရဲဘုံဘုံနန်းဝင်ပေါက်မှာ သွားစောင့်ကြပ်ချေ… တစ်ခြားတိရစ္ဆာန်တွေ ငရဲဘုံဘုံနန်းကို လာရဲရင် သူတို့မပြန်နိုင်အောင် သေချာလုပ်လိုက်”
“ဒီစစ်သူကြီးနာခံပါ့မယ်”
ကွေ့ရောင်က ထပ်မံအော်ပြောလိုက်သည်။ သူ၏ပုံရိပ်က လှုပ်ရှားသွားပြီး ငရဲဘုံဘုံနန်းဝင်ပေါက်နှင့် ပြင်ပကမ္ဘာသို့ပျံသန်းသွားသည်။
ကွေ့ရောင်ထွက်ခွာသွားပြီးနောက် ရှစ်ဖုန့်ကသူ၏တပည့်သုံးဦးအားထပ်မံကြည့်လိုက်ပြီး ပြောလိုက်သည်။
“သွားစို့. မင်းတို့ကိုဆရာ.. ငရဲဘုံကိုးခု မြစ်ကိုခေါ်သွားမယ်”
“ငရဲဘုံကိုးခု မြစ်”
မိုရှောင်ယောင်နှင့်လောချင်းချွမ်တို့ ဤစကားအားကြားလိုက်ရသောအခါတွင် သူ၏မျက်နှာအမူအယာများကများစွာပြောင်းလဲသွားခြင်းမရှိပေ။ သူတို့က ယိုမင်၏တပည့်များဖြစ်ကြသော်လည်း ငရဲဘုံဘုံနန်းသို့လုံးဝမရောက်ဖူးဘဲ ငရဲဘုံကိုးခု မြစ်ဆိုသည်ကားဘာလဲဆိုသည်ကို မသိကြပေ။
သို့သော်လင်ယဲ့ဖုန်းကတော့ ကွဲပြားသည်ဖြစ်၏။ ယခင်က သူ ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်ရောက်ချိန်တွင် အဆင့်ချိုးဖျက်နိုင်ခြင်းမရှိပေ။ ငရဲဘုံးကိုးခု မြစ်အတွင်းသုံးလကြာ နှစ်မြုပ်ဝင်ရောက်ခဲ့ပြီးနောက် နောက်ဆုံးတွင် ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့ဝင်ရောက်နိုင်ခဲ့ပြီး အထွတ်အထိပ်ဧကရာဇ်နယ်ပယ်တစ်ပါးဖြစ်လာခဲ့၏။
“သွားစို့”
ရှစ်ဖုန့်ကပြောလိုက်သည်။ သူ၏ပုံရိပ်ကဖျက်ခနဲဖြစ်သွားပြီး နောက်တစ်ကြိမ် မြင့်မားသောအမြန်နှုန်းဖြင့် ပျံသန်းလိုက်၏။
ထို့နောက်သူ၏တပည့်သုံးယောက်ကလည်းအလျှင်အမြန်နောက်မှလိုက်ပါကာ ကောင်းကင်ကိုလျှင်မြန်စွာထိုးခွင်းလိုက်သည်။
ဤအချိန်တွင် အရှေ့ပိုင်းဒေသကြီးအတွင်း၌ဖြစ်သည်။
“ငရဲဘုံကိုးခု ဧကရာဇ် ပြန်လည်မွေးဖွားလာပြီ.. အရင်တုံးက ပြိုင်ဘက်ကင်းကျွမ်းကျင်သူ ငရဲဘုံကိုးခု ဧကရာဇ်က သေဆုံးသွားပြီဆိုတဲ့ကောလဟာလရှိခဲ့တယ်.. အခု ကြီးမြတ်သော ဧကရာဇ်ပြန်လည်မွေးဖွားလာပြီတဲ့”
တောင်ပိုင်းဒေသကြီးအတွင်း၌ဖြစ်သည်။
“ငရဲဘုံကိုးခု ဧကရာဇ် ပြန်လည်မွေးဖွားလာပြီ.. ဒီသတင်းက ကမ္ဘာအနှံ့ပျံ့နှံ့သွားပြီ”
မြောက်ပိုင်းဒေသကြီးအတွင်း၌ဖြစ်သည်။
“ငရဲဘုံကိုးခု ဧကရာဇ် ပြန်လည်မွေးဖွားလာပြီတဲ့”
အလယ်ပိုင်းဒေသကြီး၏အလင်းစီရင်စု၌ဖြစ်သည်။
“သောက်ချီးပဲ.. ထျန်းဟန်တိုက်ကြီးရဲ့နံပါတ်တစ်ကျွမ်းကျင်သူ ငရဲဘုံကိုးခုဧကရာဖ်ပြန်လည်မွေးဖွားလာပြီလို့ငါကြားခဲ့တာ.. အဲ့တာကတကယ်အမှန်ပဲ. သူ့ရဲ့အကြီးဆုံးတပည့်ဖြစ်သူက အမှောင်စီရင်စုက သေခြင်းဧကရာဇ် လင်ယဲ့ဖုန်းပဲ.. ဒီတစ်ကြိမ်.. သူကသေချာပေါက်အမှောင်စီရင်စုကိုကူညီပြီးတော့ငါတို့ကိုတိုက်ခိုက်မှာ”
အမှောင်စီရင်စုအတွင်း၌ဖြစ်သည်။
“ကောင်းလိုက်တာ..ဒါကကောင်းလိုက်တာ..ငရဲဘုံကိုးခုဧကရာဇ် ကြီးမြတ်သောဧကရာဇ်ကတကယ်ပြန်လည်မွေးဖွားလာပြီ..ကြီးမြတ်သောဧကရာဇ်ပြန်လည်မွေးဖွားလာတာနဲ့အတူ အလင်းစီရင်စုကို ကိုင်တွယ်ဖို့အတွက်သူသေချာပေါက် ငါတို့ကိုကူညီမှာပဲ. အလင်းစီရင်စုရဲ့ပျက်ကိန်းကနီးလာပြီ.. ဒါကကောင်းလိုက်တာ”
ထျန်းဟန်တိုက်ကြီး၏ နံပါတ်တစ်ကျွမ်းကျင်သူ ငရဲဘုံကိုးခုဧကရာဇ်ပြန်လည်မွေးဖွားလာသည့်သတင်းက ထျန်းဟန်တိုက်ကြီးတစ်ခွင် တောမီးသဖွယ်ပျံ့နှံ့သွားသည်။
ကမ္ဘာတစ်ခုလုံး ဤအကြောင်းအားသိသွားပြီဟုပြော၍ရနိုင်သည်ဖြစ်၏။
အလင်းစီရင်စု၏ မြင့်မြတ်အလင်းနန်းတော်တွင်ဖြစ်သည်။
မြင့်မြတ်အလင်းနန်းတော်၌ မြင့်မြတ်အလင်းတန်းတို့ဖြင့်ပြည့်နှက်နေသည်။
ဤအချိန်တွင် မြင့်မြတ်အလင်းနန်းတော်မှ လွန်စွာအားကောင်းသောစွမ်းအားကြီး အော်ရာတစ်ခု ထုတ်လွှတ်လာသည်။ ယနေ့မြင့်မြတ်အလင်းနန်းတော်က ယခင်ကနှင့် ခြားနားနေသည်။ ထိုနေရာ၌ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်စုစုပေါင်း လူကိုးယောက်ရှိနေ၏။
အလင်းဧကရာဇ် ကျင်းထျန်းယုက မြင့်မြတ်အလင်းနန်းတော်အတွင်းနတ်ဘုရားအလင်းပလ္လင်ထက်တွင်ထိုင်နေသည်။ သူ၏ရှေ့၌ပုံရိပ်ရှစ်ခုကမျောလွင့်ရပ်တည်နေ၏။
ဤအချိန်တွင် ငရဲဘုံဘုံနန်း၌ရှစ်ဖုန့်အား သတ်ရန်မှ ပြန်လာကြသောလူကိုးယောက်မှာလည်း အခြေအနေကောင်းပုံမရပေ။ ဤတာဝန်က မလွဲချော်နိုင်ဟု သူတို့ထင်ခဲ့ကြသည်ဖြစ်သည်။ မျှောင်လင့်မထားစွာဖြင့် ပြန်လည်မွေးဖွားလာသောယိုမင်မသေဆုံးခဲ့ရုံသာမက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ဓားဧကရာဇ်ယွဲ့ရှောင်းကိုပင် သူတို့ဘက်က ဆုံးရှုံးခဲ့ရသေး၏။
“ဒီယိုမင်ဆိုတဲ့ကောင်..တကယ်ကံကောင်းတယ်.. ဒီနှစ်တွေမှာ ငါတို့ခုနှစ်ယောက် အရမ်းခက်ခက်ခဲခဲပူးပေါင်းပြီး နောက်ဆုံးသူ့ကို ရှင်းလင်းသုတ်သင်နိုင်ပြီး သူ့ရဲ့ဝိညာဉ်ပျောက်ကွယ်သွားစေခဲ့တာတောင်မှ တကယ်ကြီးပြန်လည်မွေးဖွားလာနိုင်တယ်.. ချီးပဲ. သူတကယ်သေဖို့ထိုက်တန်တယ်. ငါ့သူ့ကိုအရှင်လတ်လတ်အရေခွံနွှာပြီး အရိုးအရွတ်တွေကိုဆွဲထုတ်ပစ်ဖို့ကိုမစောင့်နိုင်တော့ဘူး”
ငရဲမီးတောက်ဧကရာဇ် ဝမ်ကူးချိုးက ဒေါသတကြီးအော်ဟစ်ပြောဆိုလိုက်သည်။
ထို့နောက်မိုးကြိုးဧကရာဇ် အောင်းလိုင်ရှင်း က လည်းပြောလိုက်သည်။
“ယိုမင်ကိုသာ ရှင်းလင်းမသုတ်သင်နိုင်ရင် ငါတို့တွေ အေးအေးချမ်းချမ်းစားနိုင်အိပ်နိုင်မှာ မဟုတ်ဘူး. အကယ်၍ သူပြန်လည်မွေးဖွားလာရင်တောင် ငရဲဘုံဘုံနန်းရဲ့အဝင်အဝမှာ ကြားဖြတ်တိုက်နိုင်ရင် သူသေချာပေါက်သေမှာလို့ငါတို့ထင်ခဲ့တာ. အဲ့မကောင်းဆိုးဝါးတွေက လမ်းတစ်ဝက်မှာပေါ်လာမယ်လို့ ဘယ်သူကထင်မှာလဲ”
အောင်းလိုင်ရှင်းက ပြောနေရင်း ဝူချမ်ရွှယ်အားအေးစက်စွာစိုက်ကြည့်၍ အပြစ်တင်သော လေသံဖြင့်ပြောလိုက်သည်။
“ကောလဟာလတွေအရ ကံတရားဧကရာဇ် ဝူချမ်ရွှယ်က ကံကြမ္မာကို မထိန်းချုပ်နိုင်ဘူးတဲ့. အားလုံးကမင်းရဲ့ထိန်းချုပ်မှုအောက်မှာပဲဆို. ဘာလို့ အဲ့မကောင်းဆိုးဝါးတွေဒီတစ်ကြိမ် ထွက်လာမှာကို မင်း ကြိုဟောကိန်းမထုတ်နိုင်တာလဲ”
အောင်းလိုင်ရှင်း၏ စကားတို့အားကြားလိုက်ရပြီးနောက် ဝူချမ်ရွှယ်က သူမ၏ခေါင်းကို လှည့်လိုက်သည်။ အေးစက်နေဆဲဖြစ်သောမျက်နှာဖြင့် ပြောလိုက်၏။
“ငါက ကံကြမ္မာကိုထိန်းချုပ်တယ်ဆိုပေမဲ့ ယိုမင်ရဲ့ကံကြမ္မာ က အလွယ်တကူထိန်းချုပ်နိုင်တာမဟုတ်ဘူး. ငါယိုမင်ပြန်လည်မွေးဖွားလာတာကို ဟောကိန်းထုတ်နိုင်ခဲ့တယ်.. အဲ့အတွက်နဲ့ငါတန်ကြေးဘယ်လောက်ပေးဆယ်ခဲ့ရလဲနင်သိလား”
“ကံတရားဆိုတာကိုနားမလည်ရင် သောက်ပေါက်ပိတ်ထား”
“တော်လောက်ပြီ..မင်းတို့နှစ်ယောက်လုံး. ငြင်းခုန်နေတာကိုရပ်တော့. ငါ့ရဲ့ အလင်းနန်းတော်ထဲမှာ ငြင်းခုန်ထက်တွန့်တက်နေတာက ဘာအသုံးဝင်လို့လဲ”
ကျင်းထျန်းယုက သူ့ရှေ့၌ငြင်းခုန်နေသည့် အောင်လိုင်ရှင်းနှင့် ဝူချမ်ရွှယ်တို့အားအော်ပြောလိုက်သည်။
ထို့နောက်ကျင်းထျန်းယုကဆက်ပြော၏။
“ငါအခြားဒေသကြီးလေးခုကိုလူတွေလွှတ်ပြီးတော့ ယိုမင်ပြန်လည်မွေးဖွားလာတာနဲ့ အလင်းစီရင်စုက ယိုမင်ကိုသတ်ဖို့အတွက်မင်းတို့ခြောက်ယောက်နဲ့ပူးပေါင်းထားတယ်ဆိုတဲ့သတင်းကို ဖြန့်ပြီးပြီ.. သတင်းတွေက မကြာခင်မှာပဲထျန်းဟန်တိုက်ကြီးတစ်ခုလုံး ပျံ့နှံ့သွားမယ်လို့ငါယုံတယ်.. အဲ့အချိန်ကြရင် ယိုမင်ကို ငါတို့နဲ့အတူသတ်ချင်တယ်ဘယ်ကျွမ်းကျင်သူမဆို သေချာပေါက်ငါတို့နဲ့ပူးပေါင်းဖို့အလယ်ပိုင်းဒေသကြီးကိုလာလိမ့်မယ်”
ဆက်ရန်………
ဘာသာပြန်သူ-ARISE