အခန်း (၈၅၂)
Vol. 57 Ch. 852
“အဲ့အချိန်ကြရင် ယိုမင်ကို သတ်ချင်တဲ့အဲ့ အထွတ်အထိပ်ကျွမ်းကျင်သူတွေက သေချာပေါက်အလယ်ပိုင်းဒေသကြီးကိုလာပြီးငါတို့နဲ့ပူးပေါင်းမှာပဲ”
အလင်းဧကရာဇ် ကျင်းထျန်းယုက အခြား ဧကရာဇ်ရှစ်ဦးကိုပြောလိုက်သည်။ ဤသို့ပြောပြီးနောက် သူက သွားပေါ်အောင်အေးစက်စွာရယ်၍ ပြောလိုက်၏။
“မမေ့ကြနဲ့. အထူးသဖြင့်မင်းတို့ခြောက်ယောက်. ဘာလို့အဲ့တုံးက ငါတို့ယိုမင်ကို သတ်ခဲ့လဲဆိုတဲ့အကြောင်းပြချက်ကို”
“ယိုမင်ကို ဘာလို့ငါတို့သတ်ရလဲဆိုတဲ့အကြောင်းပြချက်”
ထို့နောက်ကျင်းထျန်းယုက ထပ်မံအေးစက်စွာပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဟုတ်တယ်.. ငါက ယိုမင်ကမ္ဘာကြီးမှာပြန်လည်မွေးဖွားလာတဲ့သတင်းတင်မဟုတ်ပဲ.. သူ့ပြန်လည်မွေးဖွားလာတာနဲ့ နတ်ဘုရားတစ်ပါးဖြစ်ဖို့လျှို့ဝှက်ချက်ပါရှိတဲ့ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်သတင်းကိုပါဖြန့်ခဲ့တာ”
“ယိုမင်ဘာလို့သူရဲ့ဝိညာဉ်ဖျက်ဆီးခံရပြီး တောင်ပြန်လည်မွေးဖွားလာနိုင်လဲဆိုတာကိ ချမ်ရွှယ်ကကံတရားစွမ်းအင်ကို အသုံးပြုပြီးကြည့်တဲ့အခါမှာ အဲ့တာက အရာခပ်သိမ်းရဲ့မူလဇစ်မြစ်အကူအညီ ကြောင့်ဖြစ်တယ်လို့ငါပြောခဲ့တယ်.. ဒီကမ္ဘာမှာ နတ်ဘုရားတစ်ပါးဖြစ်လာမဲ့လျှို့ဝှက်ချက်ကို လူဘယ်နှစ်ယောက်လောက်က တောင့်ခံနိုင်မှာလဲ..အရာခပ်သိမ်းရဲ့မူလဇစ်မြစ်”
“အရာခပ်သိမ်းရဲ့မူလဇစ်မြစ်..ဟမ့်”
ဤအချိန်တွင်သန်မာထွားကြိုင်းသော်လည်းအမြဲတမ်းဆိတ်ဆိတ်နေတတ်သော တောင်တန်းဧကရာဇ် သွမ့်ရှင်းယုက အေးစက်စွာနှာခေါင်းရှံ့လိုက်ပြီး ပြောလိုက်သည်။
“ စွဲဆောင်ဖြားယောင်းမှုတစ်ခုအဖြစ် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကို အသုံးပြုတယ်…လူတွေအများကြီး ငါတို့နဲ့ပူးပေါင်းဖို့အလယ်ပိုင်းဒေသကြီး ကိုလာပြီး ယိုမင်ကိုသတ်မယ်ဆိုတာ ငါသေချာပြောရဲတယ်”
“အင်း”
ထို့နောက် ဧကရာဇ်အားလုံးက တိတ်တဆိတ်ခေါင်းညိမ့်လိုက်ကြသည်။
သူတို့အဆင့်သို့ရောက်ရှိသည့်မည်သူမဆို အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏ ဖြားယောင်းသွေးဆောင်မှုအား သေချာပေါက်ညှို့ယူခံရလိမ့်မည်ဖြစ်သည်။ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့ရောက်ရှိပြီးနောက် မည်သူကများ ထပ်မံအဆင့်ချိုးဖြတ်ပြီး ဒဏ္ဍာရီလာနတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်ကာ ကမ္ဘာကြီးအားအပေါ်စီးမှနေ၍ မကြည့်ချင်ပဲနေပါမည်နည်း။
တစ်ချိန်တည်းတွင် ငရဲဘုံဘုံနန်း၌ဖြစ်သည်။
ရှစ်ဖုန့်နှင့်သူ၏တပည့်သုံးဦးက အနက်ရောင်မြစ်တစ်ခုအတွင်းလုံးဝ နစ်မြုပ်နေကြ၏။ ဤအနက်ရောင်မြစ်မှာ ရှစ်ဖုန့်အစောပိုင်းကပြောခဲ့သော ငရဲဘုံကိုးခု မြစ်ဖြစ်သည်။
ငရဲဘုံကိုးခု မြစ်က ငရဲဘုံဘုံနန်းအတွင်းပေါက်ဖွားလာခဲ့သည်မှာဟိုးရှေးယခင်အချိန်ကတည်းကဖြစ်သည်။ ဤငရဲဘုံကိုးခုမြစ်က ငရဲဘုံဘုံနန်း၏ စွမ်းအင်အဆီအနှစ်တို့ကိုစုစည်းထားခြင်းဖြစ်၏။
ရှစ်ဖုန့်နှင့်တပည့်သုံးဦးက မြစ်အတွင်းနှစ်မြုပ်နေသကဲ့ အေးစိမ့်ကာ ခန္ဓာကိုယ်အားကွဲကြေစေနိုင်လောက်သော သူတို့၏ခန္ဓာကိုယ်အတွင်း တစ်ဟုန်ထိုးရူးသွပ်စွာဝင်ရောက်လာသည့် လွန်စွာ အေးစက်သည့် စွမ်းအင်လှိုင်းတို့ကို ရုတ်ခြည်းခံစားလိုက်ရသည်။
သို့သော် နှိုင်းယှဉ်ဖော်ပြ၍ပင်မရနိုင်အောင်အေးစက်သည့်စွမ်းအင်တို့က သူတို့၏ကိုယ်အတွင်းတစ်ဟုန်ထိုး ဝင်ရောက်လာပြီးနောက် ခန္ဓာကိုယ်အတွင်း၌တလိမ့်လိမ့်အုံကြွလာ၏။ ၎င်းကသူတို့၏ခန္ဓာကိုယ်ကိုပိုသန်မာလာ စေပြီး သူတို့၏ဒန်တန်အတွင်းလည်း ဝင်ရောက်ကာ ငရဲဘုံကိုးခုစွမ်းအင်များအဖြစ်ပြောင်းလဲ သွားကြ၏။
ရှစ်ဖုန့်နှင့်သူ၏တပည့်သုံးယောက်မှာ နှိုင်းယှဉ်ဖော်ပြ၍မရနိုင်သောအေးစိမ့်မှုကိုခံစားရပြီးသူတို့၏ကိုယ်များအပိုင်းပိုင်းဖြစ်တော့မတတ် ခံစားရသော်လည်း မည်သူကမှထိုအရာအား ခုခံခြင်းမပြုလုပ်ကြချေ။
သူတို့ကငရဲဘုံကိုးခုမြစ်အတွင်းဝင်ရောက် နေခြင်းကြောင့် သူတို့၏ခွန်အားများက ပို၍ပို၍သန်မာလာကြသည်ဖြစ်သည်။
မိုရှောင်ယောင်၏ သိုင်းနယ်ပယ်ကျင့်ကြံမှုက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့ရောက်ရှိ နေပြီးဖြစ်ပြီး ငရဲဘုံကိုးခု ခန္ဓာကိုယ်မှာလည်း ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့ရောက်ရှိ နေပြီးဖြစ်သည်။ ငရဲဘုံကိုးခုမြစ်အတွင်းပြောင်းလဲမှုကသူ့အတွက်အနည်းဆုံးဖြစ်၏။
သို့သော် သူက ငရဲဘုံကိုးခု မြစ်အတွင်းဝင်ရောက်နေဆဲဖြစ်ပြီး ငရဲဘုံကိုးခု မြစ်၏စွမ်းအင်တို့အား အရူးအမူးစုပ်ယူနေဆဲဖြစ်ကာ ထွက်ခွာသွားရန်ဆန္ဒမရှိပေ။
“ဒုတိယစီနီယာအကို အကိုရဲ့ သိုင်းနယ်ပယ်ရော ကာယခန္ဓာကိုယ်ကပါ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကိုရောက်ရှိနေတာတောင် အကိုကကျွန်တော်တို့နဲ့ ငရဲဘုံကိုးခုမြစ်ထဲကစွမ်းအင်တွေကိုပြိုင်ပြီးစုပ်ယူနေတုံးပဲ. ဒါကနည်းနည်းရှက်ဖို့မကောင်းဘူးလား”
လောချင်းချွမ်က မိုရှောင်ယောင်အားပြောလိုက်သည်။
“ဟုတ်တယ်”
ထို့နောက် လင်ယဲ့ဖုန်းက ပြော၏။
“ငရဲဘုံကိုးခု မြစ်ထဲကစွမ်းအင်တွေက လွန်ခဲ့တဲ့ဆယ့်ခြောက်နှစ်ဆရာသေပြီး တဲ့နောက်မှာ စုစည်းလာတာ. ဒီမှာစွမ်းအင်ကအများကြီးမရှိဘူး. မင်းလိုအရှက်မရှိတဲ့ကောင်က တကယ်ကြီးဆင်းလာပြီးဒါကိုဖြုန်းတီး နေတယ်”
လင်ယဲ့ဖုန်း၏ သိုင်းနယ်ပယ်ကျင့်ကြံမှုက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့ရောက်ရှိနေသော်လည်း အခြေခံအားဖြင့် သူ၏တစ်ဘဝလုံးသိုင်းနယ်ပယ်၌သာ ပုံအောထားခြင်းဖြစ်၏။ သူသည်လည်းငရဲဘုံကိုးခု ခန္ဓာကိုယ်ကို ကျင့်ကြံသော်လည်း သူ၏ကာယခန္ဓာကိုယ်က အဆင့်ခုနှစ်၌သာရှိသေးပြီးလောချင်းချွမ်နှင့်အတူတူပင်ဖြစ်၏။
ငရဲဘုံကိုးခု မြစ်က ကာယခန္ဓာကိုယ်အတွက်ကောင်းမွန်ပြီး ကာယခန္ဓာကိုယ်ကို ခွန်အား တိုးလာစေသည်ဖြစ်သည်။ လင်ယဲ့ဖုန်းအနေဖြင့်ဤအခွင့်အလမ်းအား လက်လွှတ်ခံမည်မဟုတ်ပေ။ ပိုမသန်လာချင်သည့်သူမည်သူရှိမည်နည်း။ ငရဲဘုံကိုးခုဧကရာဇ်၏တပည့်များ ကြားထဲတွင် မည်သူကများ ငရဲဘုံကိုးခု ဧကရာဇ်ဖန်တီးခဲ့သောကာယခန္ဓာကိုယ်ကို မဖွဲ့စည်းချင်ပဲနေမည်နည်း။
“မဟုတ်ဘူး”
၎င်းတို့၏စကားများအားကြားရသောအခါတွင် မိုရှောင်ယောင်က စိတ်ပိုင်းဖြတ်ထားမှုအပြည့်ဖြင့် ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်းသန်မာလာနေတာကို ခံစားမိတယ်.. နောက်ရှစ်နှစ်ကနေဆယ်နှစ်အတွင်း ကျွန်တော့်ရဲ့ကာယခန္ဓာကိုယ်က အကန့်အသတ်ကိုချိုးဖျက်ပြီး နတ်ဘုရားနယ်ပယ်ကို ဝင်နိုင်လိမ့်မယ်”
“ကောင်းပြီ မင်းတို့နှစ်ယောက်လုံးငြင်းနေတာကိုရပ်တော့ မင်းတို့ဆရာ့အရဲအထွတ်အထိပ်ကိုပြန်ရောက်မှုကိုနှောက်ယှက်မိလိမ့်မယ်”
“ကျွတ်”
မိုရှောင်ယောင်၏စကားအားကြားလိုက်ရ သောအခါတွင် လင်ယဲ့ဖုန်းရော လောချင်းချွမ်ပါတစ်ချိန်တည်း “ကျွတ်”ဟုအသံထွက်လိုက်သည်။ လင်ယဲ့ဖုန်းကပြောလိုက်၏။
“ရှစ်နှစ်ကနေဆယ်နှစ်ဟုတ်လား.. ငရဲဘုံကိုးခုမြစ်ထဲကစွမ်းအင်က အကန့်သတ်မဲ့ပြီး မကုန်ဆုံးနိုင်ဘူးလို့မင်းကထင်နေတာလား..ဒီလိုသာဆက်သွားရင် ငရဲဘုံကိုးခုမြစ်ထဲကစွမ်းအင်ကိုငါတို့ လေးယောက်ဆယ်ရက်လောက်ပဲ စုပ်ယူနိုင်မှာ..ဆယ်ရက်ပြီးရင် စွမ်းတွေက လုံးဝစုပ်ယူခံလိုက်ရမှာ”
“ဆယ်ရက်လည်းကောင်းတာပဲ”
မိုရှောင်ယောင်က ပြောလိုက်သည်။
“ဆရာကဒီမှာဆယ်ရက်ပဲနေမှာလို့မပြောခဲ့ဘူးလား. ဆယ်ရက်ပြီးရင်တို့တွေ ထျန်းယောင်တောင်ပေါ်သွားပြီးမွန်းစတားမျိုးနွယ်စုကိုသတ်ပြီး နံပါတ်ခြောက်ဂျူနီယာညီဘယ်မှာရှိလဲဆိုတာကိုရှာမှာပဲဟာ”
ဆယ်ရက်။ရှစ်ဖုန့်က လွန်ခဲ့သောဆယ့်ခြောက်နှစ်ကစုဆောင်းခဲ့ သောငရဲဘုံကိုးခုမြစ်၏စွမ်းအင်ကသူတို့ လေးယောက်အတွက်ဆယ်ရက်စာပဲရှိမည်ဟုတကယ်တွက်ချက်ခဲ့ခြင်းဖြစ်သည်။
ငရဲဘုံကိုးခုမြစ်အတွင်း ဝင်ရောက်နေသောရှစ်ဖုန့်လည်း ယခုအခါ၌နမည်ကျော်ပုံရိပ်များဖြစ်နေကြပြီ ဤတပည့်သုံးဦး၏ပြောဆိုမှုများကိုကြားသည်ဖြစ်သည်။ ဤအချိန်တွင် သူတို့ကငယ်ငယ်ကကဲ့သို့ ငြင်းခုန်နေကြ၏။ အခိုက်တန့်တစ်ခုလောက် သူတို့အနေဖြင့်ထိုနေ့ရက်များသို့ပြန် ရောက်သွားသကဲ့သို့ပင်ဖြစ်သည်။
သူတို့၏ငယ်ရွယ်စဉ်က အပိုင်းများအား သူ့ရှေ့နှင့် သူတို့၏ စီနီယာ၊ဂျူနီယာများရှေ့၌သာပြသည်လည်းဖြစ်ကောင်းဖြစ်နိုင်သည်ဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်က ၎င်းတို့သုံးယောက်အားခြားနားမှုမရှိပြောလိုက်သည်။
“ကောင်းပြီ..ငြင်းခုန်နေတာကိုရပ်တော့. ငရဲဘုံကိုးခုမြစ်ထဲကစွမ်းအင်ကို စုပ်ယူဖို့ပဲအာရုံစိုက်..ထပ်ပြီး ဆူဆူညံညံလုပ်ရဲရင် အပြစ်ပေးခံရမယ်”
ဆရာကဆရာပင်ဖြစ်ဆဲဖြစ်သည်။ သူကယခင်ကအတိုင်းစည်းကမ်းကြီးတင်းကျပ်ဆဲဖြစ်၏။ မနာခံသူမှန်သမျှ အပြစ်ပေးခြင်းခံရမည်ဖြစ်သည်။
အခိုက်တန့်ခဏ သုံးယောက်သား သူတို့ဆရာနောက်သို့လိုက်ပြီးအတူတူကျင့်ကြံခဲ့သည့် ထိုနှစ်များသို့ရောက်သွားသည့်နှယ်ခံစားလိုက်ရသည်။
ထိုအချိန်က သူတို့မှာ ဆရာ့၏သင်ကြားပြသမှုအောက်၌ရှိပြီး သူတို့ထဲကအချို့က အလုပ်ကြိုးစားကာ အချို့ကတော့ ဆရာမရှိခင်အပျင်းထူကြပြီးအချို့ ကတော့တောင်အပြင်နှင့်အရောင်အသွေး စုံလင်သို့ ကမ္ဘာကြီးသို့ခိုးထွက်ကြသည်ဖြစ်၏။
ယခုနမည်ကျော်မိုရှောင်ယောင်မှာထိုအချိန်ကထပ်တလဲလဲသင်ကြားပြသခံရမှုကို ငြင်းဆန်သောသူဖြစ်၏။
သူက အခန်းအတွင်းအပြစ်ပေးခြင်းကိုအများဆုံးခံရသူဖြစ်ပြီး ဆူပူကြိမ်းမောင်းမှုအခံရဆုံးသူလည်းဖြစ်သည်။ သူတို့ကတော့မိုရှောင်ယောင်အပြစ်ပေးခံရခြင်းကိုစောင့်ကြည့်ကာတိတ်တဆိတ်နောက်ကွယ်၌ရယ်မောကြသည်ဖြစ်သည်။ အချို့ကတော့သူ့အား တိုင်တန်းကြပြီးနောက်ဆုံး၌သူတို့ပါ အတူတူရော၍အပြစ်ပေးခြင်းကိုခံကြရ၏။
အတိတ်မှမှတ်ဉာဏ်များက သူတို့၏စိတ်ထဲ၌ပေါ်လာသည်။ ထိုနောက်သုံးယောက်သားသူတို့၏ အကြည့်များကိုရှစ်ဖုန့်ဆီနှင့် တစ်ယောက်ကိုယ်တစ်ယောက်ဆီ ပြောင်းကြည့်လိုက် ကြ၏။ ယခုမှ သူတို့၏ငယ်ရွယ်သောမျက်နှာများက ရင့်ကျတ်အရွယ်ရောက်လာသည်ကို သူတို့တကယ်သဘောပေါက်လိုက်ကြသည်။ ယခုသူတိုအားလုံးကြီးပြင်းလာပြီဖြစ်သည်။
လင်ယဲ့ဖုန်းကအလယ်ပိုင်းဒေသကြီး၏အရှင်သခင်ဖြစ်လာသည်။ လောချင်းချွမ်ကသေခြင်းမဲ့တောင်တန်းမှ လောမိသားစုအမွေကိုဆက်ခံပြီး မိသားစုခေါင်းဆောင်ဖြစ်လာသည်။ သူကမိသားစု၏ တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်ရသည်ဖြစ်၏။
မိုရှောင်ယောင်..သူကတော့စရိုက်များစွာပြောင်းသွားခြင်းမရှိပေ။ သို့သော်ယခုအခါတွင် ကမ္ဘာပေါ်၌သူအားအနိုင်ယူနိုင်သည့် သူဟူ၍များစွာမရှိပေ။
တစ်ခါတစ်ရံတွင် သူတို့အနေဖြင့် အတိတ်မှထိုနှစ်ထိုရက်များအားပြန် အမှတ်ရမိကြ၏။ ထို့နောက်သုံးယောက်သားတစ်ယောက် ကိုယ်တစ်ယောက်ကြည့်လိုက်ကြပြီးပြုံး လိုက်ကြသည်။
ဆက်ရန်………
ဘာသာပြန်သူ-ARISE