အခန်း (၈၅၃)
Vol. 57 Ch. 853
ငရဲဘုံဘုံနန်း၏ ငရဲဘုံကိုးခုမြစ်အတွင်း၌ဖြစ်သည်။
ရှစ်ဖုန့်နှင့် သူ၏တပည့်များ ငရဲဘုံကိုးခုမြစ်အတွင်း ဝင်ရောက်နေသည်မှာ တစ်ရက်ရှိသွားပြီဖြစ်၏။ မနေ့က လောချင်းချွမ်အနေဖြင့် ဓားဧကရာဇ်ယွဲ့ရှောင်း၏ ဝိညာဉ်ကို ဝါးမျိုခဲ့သည်။ သူက ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ်အား ချိုးဖျက်နိုင်ခဲ့ရုံသာမကသူ၏ဒန်တန်က ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်အတွက် ပြည့်စုံလုနီးပါးဖြစ်နေပြီဖြစ်သည်။
ငရဲဘုံကိုးခုမြစ်အတွင်း အေးစက်သောစွမ်းအင်တို့က ပြင်းထန်စွာတလိမ့်လိမ့်ထနေသည်ဖြစ်သည်။ ဤအချိန်တွင် လောချင်းချွမ်မှာ စွမ်းအင်တို့လုံးဝပြည့်နှက်သွားသည်ကိုအာရုံခံမိလိုက်သည်။ သူ၏သိုင်းပညာဆင်ခြင်နားလည်သေချာသော အဆင့်တစ်ခုသို့ရောက်သည်နှင့် ကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ်သို့အောင်မြင်စွာခြေချနိုင်လိမ့်မည်ဖြစ်၏။
ရှစ်ဖုန့်က လောချင်းချွမ်ဘက်ရှိပြောင်းလဲမှုများအား အာရုံခံမိပြီးဖြစ်သည်။ သူ၏ညာလက်အားဓားလက်ချောင်းအဖြစ်ဖွဲ့စည်းလိုက်ပြီး ဟင်းလင်းပြင်ထဲတစ်ချက်ပိုင်းဖြတ်လိုက်သည်။ ရုတ်ခြည်း မှောင်မိုက်သောဟင်းလင်းပြင်အတွင်း၌ ဧရာမအဖြူရောင်ဓားချီတစ်ခုပေါ်လာသည်။
“ကျေးဇူးတင်ပါတယ်. ကျေးဇူးတင်ပါတယ်..ဆရာ”
လောချင်းချွမ်မှာ အဖြူရောင်ဓားချီအားမြင်လိုက်ရသော အခါတွင် ရှစ်ဖုန့်ချန်ရစ်ထားခဲ့သောသိုင်းဆန္ဒကို ရုတ်ခြည်းခံစားမိလိုက်သည်။ သူကရှစ်ဖုန့်အားကျေးဇူးတင်စကား ဆိုလိုက်ပြီး ဓားချီအပေါ်အာရုံစူးစိုက်ကာ စတင်နားလည်ဆင်ခြင်လိုက်သည်။
သို့သော် ငရဲဘုံကိုးခု မြစ်အတွင်း နှစ်မြုပ်နေသောသူ၏ကာယကိုယ်ကတော့ အေးစက်သောစွမ်းအင်တို့ဝင်ရောက်လာမှုကို ရပ်တန့်ခြင်းမရှိပေ။ သူ၏ဒန်တန်ကပြည့်စုံသည့်အ ခြေအနေသို့ရောက်ရှိသွားသော်လည်း သူ၏ကာယခန္ဓာကိုယ်ကတော့ခွန်အားတိုးလာနိုင်သေးသည်ဖြစ်သည်။
တတိယနေ့တွင် လောချင်းချွမ်၏ကိုယ်မှ အဖြူရောင်အလင်းတစ်ခုလင်းလက်လာပြီး ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်သို့ အောင်မြင်စွာခြေချနိုင်ခဲ့၏။
လောချင်းချွမ်သူ၏မျက်လုံးတို့အား ထပ်မံဖွင့်လိုက်သောအခါတွင် သူ၏မျက်နှာထက်၌ပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်နေ၏။
ကုန်လွန်ခဲ့သောနှစ်များကိုပြန်တွေးကြည့်လျှင်သူ၏သိုင်းနယ်ပယ် ချိုးဖျက်ရန်က လွန်စွာခက်ခဲလှ၏။ သို့သော် လွန်ခဲ့သော ရက်အချို့က ပြန်လည်မွေးဖွားလာသောသူ၏ဆရာဖြစ်သူကသူ့ကိုရှာတွေ့ခဲ့ပြီး သူ့အားငရဲဘုံကိုးခု ပညာရပ်နှင့် လောကလန်၏ ကျင့်ကြံမှုပညာရပ်တို့အားကျွမ်းကျင်စေခဲ့သည်။
ထို့နောက်သူကဆရာ့နောက်သို့လိုက်ပါလာပြီးသေခြင်းမဲ့တောင်တန်းမှထွက်ခွာခဲ့သည်။ ထိုကတည်းယခုဆိုလျှင်သုံးလ ကုန်ဆုံးသွားပြီဖြစ်၏။ သေခြင်းမဲ့တောင်တန်းမှ သူထွက်ခွာလာစဉ်က ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်သာရှိသေးသည်ဖြစ်သည်။ သို့သော် ယခု သူ့အနေဖြင့် ကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ် သို့ခြေချနေပြီဖြစ်၏။
ဤအရာအားလုံးက အိမ်မက်တစ်ခုကဲ့သို့ဖြစ်၏။ သူ၏သေသွားသောဆရာဖြစ်သူက ပြန်လည်မွေးဖွားလာခဲ့ပြီး သူ သိုင်းနယ်ပယ်ကလည်းမြင့်တက်လာသည်ဖြစ်သည်။
ပျော်ရွှင်နေသော လောချင်းချွမ်အားကြည့်၍ ရှစ်ဖုန့်က ပြောလိုက်သည်။
“ ဒီနေ့အပါအဝင် ခုနှစ်ရက်နဲ့နေ့တစ်ဝက်ကျန်သေးတယ်.. ငရဲဘုံကိုးခုမြစ်ထဲက စွမ်းအင်တွေကို ဆက်ပြီးတော့စုပ်ယူ.. ဘာမတော်တဆဖြစ်ရပ်မှမဖြစ်ဘူးဆိုရင် မင်းရဲ့သိုင်းနယ်ပယ်ကျင့်ကြံမှုက ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်ကို အောင်အောင်မြင်မြင်ဝင်ရောက်နိုင်လောက်တယ်”
သူ၏ ကာယခန္ဓာကိုယ်နှင့် ဒန်တန်အတွင်းအရူးအမူးဝင်ရောက်လာသောစွမ်းအင်ကိုခံစားရင်း ရှစ်ဖုန့်စကားများဖြစ်သော “ခုနှစ်ရက်နှင့်နေ့တစ်ပိုင်းကလုံလောက်တယ်”သူသည်ကို ကြားပြီးနောက် ပြုံးလိုက်သည်။
“ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်..ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်….ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်”
ထိုသို့သာဆိုလျှင် သူ၏သိုင်းနယ်ပယ်က သူ၏ အကြီးဆုံးစီနီယာအကိုလင်ယဲ့ဖုန်း၊ ဒုတိယစီနီယာအကိုမိုရှောင်ယောင်တို့နှင့်ကြယ်တစ်ပွင့်သာ ကွာခြားတော့မည်ဖြစ်သည်။
လောချင်းချွမ်၏ခြေလှမ်းများက ၎င်းတို့နှင့်နီးကပ်သည်ထက်နီးကပ်လာပြီဖြစ်သည်။ သူသာ နောက်ထပ်ကြယ်တစ်ပွင့်ဖြတ်ကျော်နိုင်သည်နှင့် အထွတ်အထိပ်ကြယ်ကိုးပွင့် ဧကရာဇ်နယ်ပယ်ဖြစ်လာနိုင်ပြီး အကြွင်းမဲ့သိုင်းဧကရာဇ်တစ်ပါးဖြစ်လာလိမ့်မည်ဖြစ်သည်။
ပျော်ရွှင်မှုကိုခံစားပြီးနောက် လောချင်းချွမ်ကသူ့ကိုယ်တွင်းသို့ဝင်ရောက်နေသည့် အေးစိမ့်သောစွမ်းအင်တို့အပေါ်ဆက်လက်အာရုံစူးစိုက်လိုက်သည်။
ထို့နောက်အချိန်သုံးရက်ကုန်ဆုံးသွား၏။ လေးရက်မြောက်နေ့တွင် ကောင်းကင်မီးတောက်နှင့်ပေါင်းစပ်ထားသော ရှစ်ဖုန့်၏ဒန်တန်က အမှန်တကယ် အကန့်သတ်မဲ့လှသည်ဖြစ်သည်။ သူ၏သိုင်းနယ်ပယ်ကျင့်ကြံမှုက ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်သို့မရောက်ရှိခဲ့သော်လည်းငရဲဘုံကိုးခုမြစ်အတွင်းသူ၏ကာယကိုယ်ကတော့ လွန်ခဲ့သောသုံးရက်အတွင်းတိုးတက်ခဲ့သည်ဖြစ်သည်။ သူ၏ကာယခန္ဓာကိုယ်က ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ် သို့ရောက်ရှိနေပြီဖြစ်၏။
ရှစ်ဖုန့်၏အကြီးဆုံးတပည့်လင်ယဲ့ဖုန်းက လွန်ခဲ့သောသုံးရက်၌ ငရဲဘုံကိုးခုမြစ်အတွင်း ကာယခန္ဓာကိုယ်ကို လေ့ကျင့်ခဲ့၏။ သူ၏ ကာယခန္ဓာကိုယ်က အဆင့်ခုနှစ်သူတော်စင်နယ်ပယ်မှ အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ်သို့အဆင့်တက်ခဲ့သည်။
Dark, [10/13/2024 2:48 AM]
ဖြစ်စဉ်အနှေးကွေးဆုံးနှင့် ပြောင်းလဲမှုအနည်းဆုံးသူကတော့မိုရှောင်ယောင်ပင်ဖြစ်သည်။ သူ၏သိုင်းနယ်ပယ်ကော ကာယခန္ဓာကိုယ်ကပါ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့ရောက်ရှိပြီးသားဖြစ်၏။ ထို့ကြောင့် သူ၏တိုးတက်မှုဖြစ်စဉ်ကရိုးရှင်းစွာပင် မပြောပလောက်ပေ။
သို့သော် သူ့အနေဖြင့်ငရဲဘုံကိုးခုမြစ်အတွင်းသူ၏ကာယခန္ဓာကိုယ်ဖြည်းဖြည်ချင်းတိုးတက် လာမှုအား လွဲချော်လိုခြင်းမရှိချေ။
ထို့နောက်ငါးရက်ကုန်ဆုံးသွားသည်။
ဤသို့ဖြင့်ခြောက်ရက်ကုန်သွားသည်။
ခုနှစ်ရက်မြောက်ကုန်ဆုံးသွားပြန်သည်။
ရှစ်ရက်မြောက်ကုန်ဆုံးသွား၏။
ကိုးရက်မြောက်ကုန်လွန်သွားပြန်သည်။
ဆယ်ရက်မြောက်သို့ရောက်ရှိလာ၏။
ဆယ်ရက်မြောက်နေ့တွင် ကောင်းကင်မီးတောက်နှင့်ပေါင်းစပ်ထားသောသူ၏ဒန်တန်အတွင်းရှိစွမ်းအင်က နောက်ဆုံးတွင်ပြီးပြည့်စုံမှုအဆင့်သို့ ရောက်ရှိသွားသည်ကို ခံစားမိလိုက်သည်။အတွေးတစ်ချက်ဖြင့် သူ၏ကိုယ်မှ အဖြူရောင်အလင်းတစ်ခု ပေါက်ကွဲထွက်လာသည်။
နောက်ဆုံးတွင် သူအဆင့်ချိုးဖျက်သွားပြီဖြစ်သည်။ ကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ်အဆင့်မှ ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်အဆင့်သို့ အဆင့်တက်လှမ်းနိုင်ခဲ့၏။
သူပြန်လည်မွေးဖွာလာပြီးကတည်းကဆိုလျှင် တစ်နှစ်ခွဲသာရှိသေးသည်ဖြစ်သည်။ သူ၏သိုင်းနယ်ပယ်ကျင့်ကြံမှုကနောက်ဆုံးတွင် ယခင်အထွတ်အထိပ်နယ်ပယ်နှင့်နီးကပ်သည်ထက်နီးကပ်လာပြီဖြစ်သည်။
သူ၏ကိုယ်မှ အဆင့်ချိုးဖျက်အလင်းအားမြင်တွေ့ရသောအခါတွင် သူ၏တပည့်သုံးယောက်က ပျော်ရွှင်စွာဖြင့် အလျှင်အမြန် သူ့အား ဂုဏ်ပြုစကားပြောလိုက်ကြသည်။
“အဆင့်ချိုးဖျက်မှုအတွက်ဂုဏ်ပြုပါ တယ်ဆရာ”
“ကောင်းလိုက်တာ.. ဆရာထပ်ပြီးသန်မာလာပြန်ပီ.. အဲ့အမှိုက်ကောင်တွေကိုသတ်ဖို့က မလိုတော့ဘူး”
“ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်.. နောက်ဆုံးငါကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်ကို ပြန်ရောက်လာပြီ.. ကောင်းတယ်..အရမ်းကောင်းတယ်”
ထပ်မံအဆင့်ချိုးဖျက်ပြီးနောက်ရှစ်ဖုန့်၏မျက်နှာထက်၌ အေးစက်သောအပြုံးတစ်ခုထွက်ပေါ်လာသည်။
ယနေ့ကငရဲဘုံကိုးခု မြစ်အတွင်းဝင်ရောက်ခဲ့သည်မှာ ဆယ်ရက်မြောက်နေ့ဖြစ်သည်။ ယနေ့ပြီးနောက် ငရဲဘုံကိုးခုမြစ်မှသူထွက်ခွာပြီးငရဲဘုံဘုံနန်းမှထွက်ကာ ထိုမွန်းစတားဧကရာဇ်၏သားဖြစ်သူယောင်ဟွမ်ကို ကိုင်တွယ်ရန်အတွက် အနောက်ပိုင်းဒေသကြီးရှိ ထျန်းယောင်တောင်ပေါ်သို့ သူဦးတည်မည်ဖြစ်သည်။
ထျန်းယောင်တောင်ပေါ်ရှိကိစ္စအား ကိုင်တွယ်ပြီးလျှင် ဧကရာဇ်လင်ဝူ၏အမွေအားဆက်ခံသည့် လင်မိသားစုဆီသို့သူဦးတည်နိုင်သည်ဖြစ်၏။ ယခုသူ့၌ထိုသို့ဦးတည်နိုင်သောခွန်အား ရှိလာပြီဖြစ်သည်။
သူ၏ညီမရှစ်လင်ကသူ့အားထားခဲ့သည်မှာ တစ်နှစ်ခွဲကျော်ရှိပြီဖြစ်သည်။ တစ်နှစ်ခွဲကျော်အတွင်းထိုကောင်မလေးလင်မိသားစု၌ ကောင်းစွာနေထိုင်နေမည်လားဆိုသည်ကို သူသိချင်သည်။
ထိုကောင်မလေးက ယခုဆိုရှစ်နှစ်ရှိပြီဖြစ်သည်။ မကြာခင် ကိုးနှစ်သို့သူမရောက်ရှိလိမ့်မည်ဖြစ်၏။ ယခုဆိုသူမတော်တော်လေးထွား လာလောက်ပြီဖြစ်သည်။
အလယ်ပိုင်းဒေသကြီး အလင်းစီရင်စုရှိ အလင်းဧကရာဇ်၏နန်းတော်၌ဖြစ်သည်။
ငရဲဘုံကိုးခုဧကရာဇ်ပြန်လည်မွေးဖွားခြင်းနှင့်အရာခပ်သိမ်းရဲ့မူလဇစ်မြစ်သတင်းအား ဖြန့်ဝေရန်ကျင်းထျန်းယုအမိန့်ပေးပြီးနောက် ဤဆယ်ရက်အတွင်း ယခင်ကနမည်တစ်ခါမှမကြားဖူးသောအထွတ်အထိပ် ဧကရာဇ်နယ်ပယ်သုံးယောက်ရောက်ရှိလာသည်။
ဤလူသုံးယောက်ကြားထဲတွင်တစ်ယောက်က ဆံပင်အနီတို့ရှိပြီး ခက်ထန်သောမျက်နှာနှင့်ကြမ်းထော်သောပုံစံရှိသည့် အဘိုးကြီးဖြစ်သည်။ သူ့ကိုယ်သူ ဘိုးဘေးဟုန်ခုန်းဟုခေါ်၏။
ဘိုးဘေးဟုန်ခုန်းကတစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးအဖြစ်သတ်မှတ်၍ရသည်ဖြစ်သည်။ သူကနယ်ခြား၌ရာစုနှစ်များစွာ ပုန်းကွယ်နေခဲ့ပြီးသိုင်းပညာကျင့်ကြံခြင်းအားအာရုံစူးစိုက်နေသူဖြစ်သည်။ သို့သော်သူ့အနေဖြင့်ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့နှစ်ပေါင်းများစွာကပင် ရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး ထပ်မံအဆင့်မချိုးဖျက်နိုင်တော့ပေ။
သူပြန်လည်ထွက်ပေါ်လာသည့်အ ကြောင်းပြချက်က နတ်ဘုရားတစ်ပါးဖြစ်လာရန်လျှို့ဝှက်ချက်ပါရှိသည့် အရာခပပ်သိမ်းရဲ့မူလဇစ်မြစ်ကြောင့်ဖြစ်သည်။
မိသားစုနမည်လင်ပါရှိသည့် သက်လက်ပိုင်းအရွယ်လူတစ်ယောက် လည်းရောက်လာသည်။ သူ့အားလင်စန်းဟုခေါ်သည်။သူ့နမည်အားယခင်ကမည်သူကမှမကြားဖူးသော်လည်းသူ ကပုန်းကွယ်နေသောမိသားစုတစ်ခုဖြစ်သည့်လင်မိသားစုနှင့်ပက်သက်၍ မောက်မာစွာကြေညာခဲ့သောကြောင့်သူ့အား လင်မိသားစုမှဟုအားလုံးကသိကြခြင်းဖြစ်သည်။
လွန်ခဲ့သောနှစ်တစ်သောင်းက လင်မိသားစုကမိုးကောင်းကင်အောက်၌အင်အားအကြီးဆုံးတစ်ခါဖြစ်ခဲ့ပြီးကြီးမြတ်သောဧကရာဇ်လင်ဝူ၏ မျိုးဆက်များဖြစ်ကြသည်။
နင်ချန်ဟုခေါ်သောလူငယ်တစ်ဦးလည်းပါရှိသည်။ သူကဆိတ်ဆိတ်နေပြီး သူ့ကိုယ်သူမိတ်ဆက်ခြင်းမရှိပေ။
သို့သော် ငရဲဘုံကိုးခုဧကရာဇ်အားသတ်ရန်ဆုံးဖြတ်ထားသည့်လူများအနေဖြင့် သူ၏နောက်ခံအားဂရုစိုက်ခြင်းမရှိပေ။ သူသာငရဲဘုံကိုးခု ဧကရာဇ်အားသတ်ရန်သူတို့နှင့်ပူးပေါင်းလိုသ၍ သူ့၌အကြွင်းမဲ့ခွန်အားရှိနေလျှင် ကြိုဆိုမည်သာဖြစ်သည်။
ဆယ်ရက်အတွင်းအထွတ်အထိပ်ဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူသုံးဦးအား စုဆောင်းနိုင်မည်ဟုသူတို့မမျှော်လင့်ထားခဲ့ကြချေ။ ယခင်ကိုးယောက်၌ ပေါင်းလျှင် သူတို့၌စုစုပေါင်းဆယ့်နှစ်ယောက်ရှိပြီဖြစ်သည်။
Dark, [10/13/2024 2:48 AM]
“ထျန်းယောင်တောင်ပေါ်က မွန်းစတားနယ်မြေကဘယ်လိုလဲ”
အလင်းနန်းတော်အတွင်းအလင်းဧကရာဇ် ကျင်းထျန်းယုက နန်းတော်အတွင်းသို့ဝင်ရောက်လာသည့် လက်အောက်ငယ်သားတစ်ယောက်ကိုကြည့်၍နက်ရှိုင်းသောအသံဖြင့်မေးလိုက်သည်။
“ကြီးမြတ်သောဧကရာဇ်ကိုတင်ပြပါတယ်.. ကျွန်တော်တို့လူတွေ ထျန်းယောင်တောင်ပေါ်ကို ဝင်ရောက်ပြီး မွန်းစတားဧကရာဇ်ရဲ့သားယောင်ဟွမ်ကိုတွေ့ခဲ့ပေမဲ့ သူက ကမ်းလှမ်းမှုကို ဘယ်လိုအသိအမှတ်ပြုမရလဲမသိပါဘူး”
ဆက်ရန်…….
ဘာသာပြန်သူ-ARISE