← Chapters

အခန်း (၈၅၄)

Vol. 57 Ch. 854

အခန်း (၈၅၄)

Vol. 57 Ch. 854

“သူကငါတို့ရဲ့ကြင်နာမှုကို အသိအမှတ်ပြုရကောင်းမှန်းမသိဘူး.. ဟုတ်လာ..မင်းဘာကိုဆိုလိုတာလဲ”

လက်အောက်ငယ်သားဖြစ်သူ၏ တင်ပြမှုအား ကြားရသောအခါတွင် ကျင်းထျန်းယုက မျက်မှောင်ကြုတ်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့်မေးလိုက်သည်။

“မွန်းစတားမျိုးနွယ်စုက လူသားမျိုးနွယ်နဲ့ ပူးပေါင်းဖို့ကို အထင်သေးတယ်လို့ပြောပါတယ်.. အကယ်၍ ငရဲဘုံကိုးခု ဧကရာဇ် ပြန်လည်မွေးဖွားလာရင်တောင် ငရဲဘုံကိုးခု ဧကရာဇ်ကို သတ်ဖို့ သူကိုယ်တိုင် မွန်းစတားမျိုးနွယ်စုကို ဦးဆောင်မယ်လို့ပြောပါတယ်”

ငယ်သားဖြစ်သူ၏ တင်ပြမှုအားကြားပြီးနောက် ကျင်းထျန်းယုက အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။

“ဟမ့်.. မွန်းစတားမျိုးနွယ်စုလေးကများ .. သူ့ရဲ့မွန်းစတားမျိုးနွယ်စစ်တပ်က ယိုမင်ကိသတ်နိုင်မှာတဲ့လား..အကယ်၍ ယိုမင်က သူ့အထွတ်အထိပ်ကိုပြန်ရောက်လာခဲ့ပြီး သူ့ရဲ့တပည့်တွေနဲ့ တစ္ဆေစစ်သူကြီးရှစ်ဦးနဲ့ဆိုရင် မွန်းစတားမျိုးနွယ်စု စစ်သည်သိန်းချီနဲ့ ထျန်းယောင်တောင်ပေါ်က မွန်းစတားဗိုလ်ချုပ်တွေကိုသတ်ပစ်ဖို့လုံလောက်တယ်”

“ကောင်းပြီ ယောင်ဟွမ်ကငါတို့ရဲ့ကြင်နာမှုကို ဘယ်လို အသိအမှတ်ပြုရမလဲမသိတာကြောင့် ငါတို့အဲ့ကိုသွားမှာမဟုတ်ဘူး. ကောလဟာလတွေအရ မော်ကြွားဓားအိမ်တော်က မွန်းစားမျိုးနွယ်စုစစ်တပ်ကြောင့်တစပြင်ဖြစ်သွားတယ်တဲ့..မော်ကြွားဓားအိမ်တော်ရဲ့အရှင်သခင်က ယိုမင်ရဲ့တပည့် ယွမ်ရီမုံ့ပဲ.အခု ယိုမင်က ငရဲဘုံဘုံနန်းကိုပြန်လာတာမို့ ဒီကိစ္စကိုကိုင်တွယ်ဖို့တစ်ယောက်ယောက်ကို သူ လွှတ်လောက်တယ်”

“အဲ့အချိန်ကြရင် ထျန်းယောင်တောင်ပေါ်ကိုသူဘယ်လောက်ပဲစေလွှတ်ပါစေ တို့တွေက ချက်ချင်းအဲ့ကိုသွားပြီး ယိုမင်လွှတ်လိုက်တဲ့သူကိုသတ်ပြီး ယိုမင်ရဲ့အားကိုးရတဲ့လက်မောင်း ကိုချိုးပစ်မယ်”

ကျင်းထျန်းယု၏အလင်းနန်းတော်၌ ရှေးခေတ်အချိန်ကာလ ကျန်ရစ်ခဲ့သောနေရာကူးပြောင်း အစီအရင်ရှိသည်ဖြစ်၏။ ဤအကျိုးကျေးဇူးဖြင့် ထျန်းယောင်တောင်ပေါ်မှ သတင်းရရချင်း ကျွမ်းကျင်သူများ လျှင်မြန်စွာသွားနိုင်မည်ဖြစ်သည်။

“ညီအကိုကျင်း မင်းက ယိုမင်ရဲ့လက်မောင်းကိုချိုးမယ်ပြောပြီးတော့ ဘာလို့ ရှေ့ကနေမစတာလဲ.”

ဤအချိန်တွင် မိုးကြိုးဧကရာဇ် အောင်းလိုင်ရှင်းကပြောလိုက်သည်။

“အမှောင်စီရင်စုရဲ့အန်းချီနဲ့မြဲ့ထျန်းတို့က ပြန်ရောက်နေပြီဆိုတဲ့သတင်းကို ရပြီးပြီမဟုတ်ဘူးလား. ယိုမင်ကသူ့ရဲ့တစ္ဆေစစ်သူကြီးခုနှစ်ယောက်ကိုတောင်စေလွှတ်လိုက်သေးတယ်”

“အခု အမှောင်စီရင်စုမှာ အထွတ်အထိပ်ဧကရာဇ်နယ်ပယ်ကိုးယောက်ရှိပြီး ငါတို့မှာက ဆယ့်နှစ်ယောက်တောင်ရှိတယ်..ငါတို့အတူတူတိုက်ခိုက်ပြီး အဲ့လူကိုးယောက်ကိုသတ်လိုက်ရင် ယိုမင်သူ့အထွတ်အထိပ်ကိုပြန်ရောက်ရင် တောင် ငါတို့ဆီကနေသနားညှာတာမှုကိုတောင်းခံရလိမ့်မယ်”

“အဲ့လောက်မရိုးရှင်းဘူး”

အောင်းလိုင်ရှင်း၏ စကားတို့အားကြားပြီးနောက် ကျင်းထျန်းယုကသူ၏ခေါင်းကိုခါယမ်းပြီးပြောလိုက်သည်။

“အမှောင်စီရင်စုက ငါတို့အလင်းစီရင်စုနဲ့အတူတူပဲ..သူတို့မှာ ရှေးဟောင်းအစီအရင်တစ်ခုရှိပြီး အဲ့တာကို အထွတ်အထိပ်ဧကရာဇ်ကိးယောက်က စောင့်ကြပ်တယ်.. ငါတို့ဆယ့်နှစ်ယောက်အဲ့တာကိုချိုးဖျက်ဖို့ဖြစ်နိုင်ပေမဲ့. ငါတို့အတွက်အချိန်တော်တော်လေး ယူရလိမ့်မယ်”

“အဲ့အချိန်ကြရင် သူတို့တွေကငါတို့ကိုသတိထားမိသွားပြီး..သူတို့အတွက်ထွက်ပြေးဖို့အချိန်ရသွားလိမ့်မယ်.. အကယ်၍ငါတို့ကသူတို့ကိုမသတ်နိုင်ခဲ့ရင် ငါတို့ကအမှောင်စီရင်စုက ဆန်ကုန်မြေလေးတွေအကုန်လုံးကို သတ်နိုင်ခဲ့ရင်တောင် အဲ့တာကအဓိပ္ပါယ်မရှိဘူး. …အဲ့အစားသူတို့က ငရဲဘုံဘုံနန်းကိုပြန်သွားပြီး ယိုမင်နဲ့ပေါင်းစည်းလိမ့်မယ်”

“အဲ့ကြသူတို့မှာလည်း ယိုမင်ကိုကာကွယ်ပေးနေတဲ့ အထွတ်အထိပ်ကျွမ်းကျင်သူဆယ့်နှစ်ယောက်ရသွားလိမ့်မယ်..သူတို့ကယိုမင်ကိုအရင်တုံးကလိုခွန်အားမျိုးပြန်ရအောင်ဖြည်းဖြည်းချင်းစွမ်းဆောင်နိုင်လိမ့်မယ်”

“ထျန်းယုပြောတာမှန်တယ်”

ကျင်းထျန်းယုစကားဆုံးပြီးပြီးချင်း အသက်ဧကရာဇ် မိုဖန်းချန်က ခေါင်းညိမ့်၍ ပြောလိုက်သည်။

“ငါတို့အလင်းစီရင်စုက အမှောင်စီရင်စုနဲ့ စစ်ဖြစ်နေတာ နှစ်ပေါင်းများစွာကြာပြီ.. အဲ့သုံးယောက်အပေါ်ငါတို့နားလည်ထားမှုကိုအခြေခံရရင် ငါတို့ကအမှောင်စီရင်စုကိုဖျက်ဆီးလိုက် ရင်တောင်သူတို့ကစိတ်ပူနေမှာမဟုတ်ဘူး. သူတို့က ယိုမင်ကိုစိတ်ပါလက်ပါကာကွယ်ပြီး စိတ်ပါလက်ပါအချိန်စောင့်လိမ့်မယ်.. ယိုမင်အထွတ်အထိပ်ကိုပြန်ရောက်တာနဲ့သူတို့ကငါတို့ကိုလက်စားပြန်ချေမှာပဲ”

“အကယ်၍အမှောင်စီရင်စုသာရှိနေသေးရင်..သေချာပေါက် အမှောင်စီရင်စုကသူတို့လူတွေအပေါ်လက်လျော့မှာမဟုတ်ဘူး.. အဲ့တာပဲသူတို့ကိုချည်နှောင်ထားမှာ..တို့တွေအစုလိက်အပြုံလိုက်သတ်မှာကိုသူတို့တွေ စိုးရိမ်ပြီး ယိုမင်နဲ့အချိန်တစ်ခုအထိ ပေါင်းစည်းမှာမဟုတ်ဘူး”

“ဟုတ်တယ်”

မိုဖန်းချန်၏စကားတို့အားကြားပြီး နောက်ကျင်းထျန်းယုကခေါင်းညိမ့်ပြီးနက်ရှိုင်းသောအသံဖြင့်ထောက်ခံလိုက်သည်။ ထို့နောက်သူကပြောလိုက်၏။

“အခုနေအကောင်းဆုံးအခွင့်အရေးက သတင်းအချက်အလက်တွေကိုစုဆောင်းဖို့ပဲ..သူတို့ရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ဖို့ လူတွေကိုစေလွှတ်လိုက်…ယိုမင်ရဲ့ နောက်ဆွဲဘယ်သူမဆိုတစ်ယောက်တည်းလှုပ်ရှားတာတွေ့တာနဲ့ သူတို့ကိုအရင်ဆုံးသတ်မယ်”

“ယိုမင်ရဲ့နောက်ဆွဲ”

ကျင်းထျန်းယု၏စကားအားကြားပြီးနောက် လူအုပ်အတွင်း စကားနည်းသောလူငယ်က ရုတ်တရက်အန္တရာယ်ရှိသောအပြုံးတစ်ခုပြုံးလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

ဤလူငယ်က လွန်ခဲ့သောဆယ်ရက်ခန့်က အလင်းစီရင်စုသို့လာသော အထွတ်အထိပ်ဧကရာဇ်နယ်ပယ်သုံးဦးထဲမှ နင်ချန်ဟုခေါ်သည့်လူငယ်ပင်ဖြစ်သည်။

ငရဲဘုံဘုံနန်း၏မှောင်မိုက်သောနေရာတွင် ကောင်းကင်ထဲ၌ တစ္ဆေအုပ်စုတစ်စုက ကခုန်နေပြီး စူးစူးဝါးဝါးအော်ဟစ်နေကြသည်။

အောက်ဘက်တွင် ဆရာနှင့်တပည့်များ ငရဲဘုံကိုးခု မြစ်အတွင်းသို့ဝင်ရောက်နေကြသည်မှာ ဆယ်ရက်ရှိပြီဖြစ်သည်။ ငရဲဘုံကိုးခု မြစ်အတွင်းရှိလွန်စွာအေးစက်သောယင်စွမ်းအင်များမှာလည်း၎င်းတို့၏လုံးဝစုပ်ယူခြင်းကိုခံလိုက်ရပြီဖြစ်၏။

လောချင်းချွမ်၏ဒန်တန်အတွင်းရှိ ငရဲဘုံကိုးခု စွမ်းအင်မှာ ပြီးပြည့်စုံသည့်အခြေအနေသို့ရောက်ရှိ နေပြီဖြစ်သည်။ သူကသိုင်းတာအိုကိုထပ်မံဆင်ခြင်လိုက်သည်။

သူတို့၏အထက်ကောင်းကင်ထဲတွင် ဧရာမအဖြူရောင်ဓားကြီးတစ်ခုပေါ်လာသည်။

လွန်ခဲ့သောရက်အချို့၌ ကောင်းကင်မီးတောက်နှင့်ပေါင်းစပ်ထားသော ရှစ်ဖုန့်၏ဒန်တန်က စွမ်းအင်များစွာကိုလိုအပ်ခဲ့သည်။ သူ့အတွက်ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်အဆင့်မှထပ်မံအဆင့်ချိုးဖျက်ရန် လွယ်ကူခြင်းမရှိပေ။

သို့သော်ရှစ်ဖုန့်၏ငရဲဘုံကိုးခု ခန္ဓာကတော့ ထပ်မံအားကောင်းလာသည်။ ယခုသူကကြယ်ငါးပွင့်ဧကရာဇ် နယ်ပယ်တစ်ဦး၏ခွန်အားကို ပိုင်ဆိုင်သည်ဖြစ်၏။

သို့သော်လင်ယဲ့ဖုန်း၏ ကာယခန္ဓာကိုယ်က သူတောင်စင်နယ်ပယ်သို့ဝင်ရောက်ပြီးနောက်ထပ်မံအဆင့်ချိုးဖျက်ခဲ့သည်။ ယခုငရဲဘုံကိုးခုစွမ်းအင်ကိုမသုံးဘဲ သူ၏လက်သီးချက်က ကြယ်ရှစ်ပွင့်သူတောင်စင်နယ်ပယ်တစ်ဦးနှင့် တူညီသည်ဖြစ်သည်။

လွန်ခဲ့သောဆယ့်ခြောက်နှစ်က စုဆောင်းခဲ့သော ငရဲဘုံကိုးခု မြစ်၏လွန်စွာအေးစက်သောယင်စွမ်းအင် တို့ကြောင့် ရှစ်ဖုန့်၊ လောချင်းချွမ်နှင့်လင်ယဲ့ဖုန်းတို့က ဖြည်းဖြည်ချင်းပိုသန်မာလာကြသည်။

“ဖန်း.ဖန်း..ဖန်း”

ငရဲဘုံကိုးခု မြစ်မှ အသံသုံးခုထွက်လာသည်။ ရှစ်ဖုန့်၊လင်ယဲ့ဖုန်းနှင့်မိုရှောင်ယောင်တို့က ဟင်းလင်းပြင်ထဲသို့ဦးတည်လိုက်သည်။

ရှစ်ဖုန့်ကသူ၏ခေါင်းကိုငုံ့လိုက်ပြီး သိုင်းတာအိုအား ဆင်ခြင်နေဆဲဖြစ်သောလောချင်းချွမ်ကို ကြည့်လိုက်သည်။ သူကပြောလိုက်၏။

“ချင်းချွမ်က ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်ဖြစ်လာဖို့ ရက်အချို့လောက်လိုအပ်သေးတယ်.. ထျန်းယောင်တောင်ကိုသွားမဲ့ဒီခရီးမှာ သူ့ကိုဒီမှာပဲနေခိုင်းခဲ့ပြီး အဆင့်ချိုးဖျက်ပါစေ.. ကွေ့ရောင်နဲ့အတူတူငါတို့သုံးယောက်က ဒီနေရာက တစ္ဆေစစ်သည်သန်းချီကို ဦးဆောင်ကြမယ်”

“အင်း”

ရှစ်ဖုန့်၏အသံပျောက်ကွယ်သွားသောအခါတွင် လင်ယဲ့ဖုန်းနှင့်မိုရှောင်ယောင်တို့က ပြိုင်တူခေါင်းညိမ့်လိုက်သည်။

ထို့နောက်ရှစ်ဖုန့်ကသူ၏လက်တို့ဖြင့် ဆီးလ်တစ်ခုကိုပုံဖော်လိုက်သည်။ ထို့နောက်လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် တစ္ဆေတစ်သောင်းအမိန့်ပေးခြင်းအား ဟင်းလင်းပြင်ထဲသို့ပို့လွှတ်လိုက်၏။

ဖားလောင်းကဲ့သို့ “အမိန့်”ဟူသည့်စာလုံးကထွက်လာပြီး ၎င်းကလက်တစ်ဝါးစာအရွယ်သာရှိသည်။ ၎င်းက ဟင်းလင်းပြင်ထဲ တစ်ဟုန်ထိုးပျံတက်သွားပြီး ရုတ်ခြည်းကိုယ်ထင်ပြလာသည်။ မကြာခင်ကောင်းကင်ထဲ၌ နှိုင်းယှဉ်ဖော်ပြ၍မရနိုင်အောင်ကြီးမားသော “အမိန့်”ဟူသည့်စာလုံးကြီးပေါ်လာ၏။ ၎င်းက အဖြူရောင်အလင်းကိုထုတ်လွှတ်ပြီး ပတ်ဝန်းကျင်အားလင်းထိန်သွားစေသည်။

မှုံမှိုင်းနေသောကမ္ဘာတစ်ခုလုံး အဖြူရောင်ကမ္ဘာတစ်ခုအဖြစ်လင်းထိန်သွား၏။

ဟင်းလင်းပြင်ထဲ၌လူးလွန့်နေကြသော ယင်ဝိညာဉ်များမှာ တစ္ဆေတစ်သောင်းအမိန့်အား မြင်တွေ့လိုက်ရသောအခါတွင် သူတို့၏ဖြူဖျော့သောမျက်နှာများ၌လွန်စွာတုန်လှုပ်မှုတို့ပြည့်နှက်သွား၏။ ယင်ဝိညာဉ်များက တစ်ကောင်ပြီးတစ်ကောင်ဒူးထောက်လိုက်ကြသည်။

ထို့နောက် သိပ်သည်းများပြားသောအနက်ရောင်ချပ်ဝတ်ပုံရိပ်များက ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးထံဦးတည်ချက်အစုံမှ တစ်ဟုန်ထိုးဦးတည်လာသည်။ရှစ်ဖုန့်နှင့် အခြားသူများအားတွေ့သောအခါတွင် ရုတ်ခြည်းဒူးထောက်လိုက်ကြသည်။

“ကြီးမြတ်သောဧကရာဇ်ကိုနှုတ်ဆက်ပါတယ်”

“ကြီးမြတ်သောဧကရာဇ်ကိုနှုတ်ဆက်ပါတယ်”

“ကြီးမြတ်သောဧကရာဇ်ကိုနှုတ်ဆက်ပါတယ်”

ဤဧရိယာအတွင်းတွင် မှုန်မှိုင်းသော အသံလှိုင်းတို့ဖြင့်ပြည့်နှက်နေသည်။ နေရာတိုင်းတွင်များပြားသော တစ္ဆေစစ်သည်များရှိနေ၏။ ဘယ်ဘက်ကိုကြည့်လိုက်ပါစေ တစ်ချက်ကြည့်ရုံဖြင့် စစ်တပ်၏ အဆုံးကိုမြင်နိုင်လိမ့်မည်မဟုတ်ပေ။

ငရဲဘုံကိုးခု ဧကရာဇ် ပြန်လည်မွေးဖွားလာသည့်သတင်းက ငရဲဘုံဘုံနန်းတစ်ခုလုံး ပျံ့နှံ့နေပြီးဖြစ်သည်။ ငရဲဘုံဘုံနန်း၌ရှိကြသော သရဲတစ္ဆေအားလုံးက ငရဲဘုံကိုးခု ဧကရာဇ်ပြန်လည်မွေးဖွားလာခြင်းကို သိကြ၏။ တစ္ဆေတစ်သောင်းအမိန့်က ၎င်းတို့အား ဆင့်ခေါ်ကြောင်းကို တွေ့လိုက်သည်နှင့် တစ္ဆေစစ်သည်များမှာနှောင့်နှေးရဲခြင်းမရှိဘဲ၎င်းတို့၏လေးစားမှုကိုပြသရန် ရှေ့သို့ရောက်လာကြသည်။

ထျန်းယောင်တောင်အားကိုင်တွယ်ရန်အတွက် ရှစ်ဖုန့်အနေဖြင့် ဤတစ္ဆေစစ်သည်သန်းချီကို ခေါ်သွားရုံနှင့်လုံလောက်သည်ဖြစ်သည်။

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters