← Chapters

အခန်း (၈၅၅)

Vol. 57 Ch. 855

အခန်း (၈၅၅)

Vol. 57 Ch. 855

သန်းနှင့်ချီသော တစ္ဆေစစ်သည်များကိုကြည့်၍ ရှစ်ဖုန့်ကအေးဆေးစွာပြောဆိုလိုက်သည်။

“မင်းတို့အားလုံး စိတ်ကို ဖွင့်ထားကြ”

သူ၏ အေးဆေးတည်ငြိမ်သောအသံက ငရဲဘုံဘုံနန်းအတွင်း ရိုက်ခတ်သွားသည်။

“ဟုတ်ကဲ့အရှင်”

ရှစ်ဖုန့်၏အသံထွက်ပေါ်လာပြီးနောက် အော်သံများ အစီအရီလိုက်ပါထွက်ပေါ်လာသည်။ သန်းနှင့်ချီသော တစ္ဆေစစ်သည်များ၏ အော်သံတို့ကြောင့်နေရာတစ်ခုလုံး အဆက်မပြတ်တုန်ခါသွားစေသည်။

ချက်ချင်းပဲ သန်းနှင့်ချီသောတစ္ဆေစစ်သည်များက တုန့်ဆိုင်းခြင်းမရှိ အမိန့်ကိုလိုက်နာလိုက်ကြပြီး သူတို့၏စိတ်များကိုတစ်ယောက်ပြီးတစ်ယောက်ဖွင့်လိုက်ကြသည်။ ထို့နောက် ကြီးမားသောသွေးနီရောင်အလင်းကြီးက အဆက်မပြတ်တောက်ပလာသည်။

ထို့နောက်များပြားလှသော တစ္ဆေစစ်သည်များမှာပျောက်ကွယ်သွားကြသည်။ အလွန်လျှင်မြန်စွာဖြင့် သန်းနှင့်ချီသော တစ္ဆေစစ်သည်များအားလုံး ရှစ်ဖုန့်၏သွေးကျောက်ပြားအတွင်းသို့ စုပ်ယူခြင်းခံလိုက်ရသည်။

တစ္ဆေစစ်သည်များ ပျောက်ကွယ်သွားပြီးနောက် ရှစ်ဖုန့်ကနောက်တစ်ကြိမ် လင်ယဲ့ဖုန်းနှင့်မိုရှောင်ယောင်အားလှည့်ကြည့်လိုက်သည်။

“ထျန်းယောင်တောင်ကိုသွားကြစို့”

တစ်ချက်လှုပ်ရှားရုံဖြင့် ရှစ်ဖုန့်က အဖြူရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ငရဲဘုံဘုံနန်းမှပျံသန်းထွက်သွားသည်။ သူတို့၏ဆရာဖြစ်သူထွက်ခွာသွားသည်ကို တွေ့ရသောအခါတွင် လင်ယဲ့ဖုန်းနှင့်မိုရှောင်ယောင်တို့ကလည်း နောက်မှလိုက်ပါလိုက်သည်။

“ကွေ့ရောင် အခုမင်းတို့ထဲက ခုနှစ်ယောက်က ဒီမှာမရှိဘူးဆိုတော့ မင်းကဒီမှာနေခဲ့ပြီး ငါ့အတွက် ငရဲဘုံဘုံနန်းကို စောင့်ကြပ်ထားပေး”

ငရဲဘုံဘုံနန်း၏ထွက်ပေါက်က ပြင်ပကမ္ဘာနှင့်အတူတူပင်ဖြစ်သည်။ ဧရာမအနက်ရောင်ဝဲကြီးတစ်ခုရှိသည်ဖြစ်၏။ ရှစ်ဖုန့်က ဤနေရာသို့ရောက်သောအခါတွင် တစ္ဆေစစ်သူကြီးရှစ်ဦးထဲမှတစ်ဦးဖြစ်သော ကွေ့ရောင်ကို အမိန့်ပေးလိုက်သည်။

“စိတ်မပူပါနဲ့ ကြီးမြတ်သောဧကရာဇ် …ကျွန်တော်ဒီမှာရှိနေရင် ဘယ်သူမှပြန်လာပြီးတော့ မကျူးကျော်ရဲပါဘူး”

ဧရာမအနက်ရောင်ဝဲကြီးရှေ့၌ မျောလွင့်ရပ်နေသောကွေ့ရောင်က ရှစ်ဖုန့်ရောက်လာသည်အားတွေ့သောအခါတွင် ဒူးတစ်ဖက်ထောက်ချလိုက်ပြီး ရှစ်ဖုန့်ပေးသောအမိန့်ကိုလက်ခံရရှိလိုက်သည်။ သူ၏ဖြူဖျော့သောမျက်နှာထက်၌ စိတ်ပိုင်းဖြတ်ထားမှုတို့ပြည့်နှက်စွာဖြင့် အော်ပြောလိုက်သည်။

“အင်း”

ရှစ်ဖုန့်က ကွေ့ရောင်အား ခေါင်းညိမ့်ပြလိုက်သည်။ သူ၏ပုံရိပ်က ရပ်တန့်ခြင်းမရှိဘဲ တပည့်နှစ်ဦးကိုဦးဆောင်ပြီး အနက်ရောင်ဝဲကြီးအလယ်သို့ဝင်ရောက်သွားသည်။

“နှုတ်ဆက်ပါတယ် ကြီးမြတ်သောဧကရာဇ်”

ငရဲဘုံဘုံနန်းမှထွက်လာပြီးနောက် အဝါရောင်စမ်းချောင်းလမ်းသို့ပြန် ရောက်ရှိလာပြီးမကြာခင်တွင်ရှစ်ဖုန့်နှင့်သူ၏တပည့်နှစ်ဦးက လမ်းအစရှိ နေရာကူးပြောင်းအစီအရင်သို့ရောက်ရှိလာသည်။

ရွှမ်းယွမ်မြို့မှ နေရာကူးပြောင်းအစီအရင်ကဲ့သို့သည် ဤတစ်ခုလည်း ရှေးခေတ်က ကျန်ရစ်ခဲ့သောအရာဖြစ်သည်။ ယခင်က ငရဲဘုံကိုးခု ဧကရာဇ်နှင့်သူ၏ တစ္ဆေစစ်သည်များနှင့်စစ်သူကြီးများက ဤနေရာရှီ အနက်ရောင်နေရာကူးပြောင်းအစီအရင်ပေါ်မှထွက်ခွာကြသည်။

ရှစ်ဖုန့်တို့သုံးယောက်က အောက်သို့ဆင်းလိုက်ပြီး အနက်ရောင်ပလ္လင်ထက်ခြေချလိုက်သည်။ ထို့နောက်ရှစ်ဖုန့်ကသူ၏လက်တို့ဖြင့် ဆီးလ်သင်္ကေတို့ကို ပုံဖော်လိုက်ပြီး ဖားလောင်းသဏ္ဍန်အဖြူရောင်သင်္ကေတများကသူ့ခြေဖဝါးအောက်ရှိ အနက်ရောင်ပလ္လင်ထံသို့ဆီးနှင်းပွင့်များနှယ်ကျဆင်းသွားသည်။

လင်ယဲ့ဖုန်းက အနက်ရောင်ပလ္လင်၏ မြောင်ရှစ်ခုအား ကမ္ဘာဦးကျောက်တုံများဖြည့်တင်းလိုက်သည်။ မိုရှောင်ယောင်က တည်နေရာဆုံမှတ်များကိုစတင်ချိန်ညှိလိုက်၏။ ယင်းကအနောက်ပိုင်းဒေသကြီးသို့ဖြစ်သည်။

ထို့နောက်ဧရာမအနက်ရောင်ပလ္လင်ကြီးက စတင်တုန်ခါလာပြီး အနက်ရောင်အလင်းတစ်ခုလင်းလက်လာသည်။ ပို၍ပို၍ပြင်းထန်စွာတုန်ခါမြည်ဟိန်းလာသကဲ့သို့ အနက်ရောင်အလင်းကလည်းပို၍ပို၍ အားကောင်းလာသည်။

ရုတ်ခြည်းအနက်‌ရောင်ပလ္လင်မှအနက်ရောင်အလင်းတန်းကြီးကထိုးတက်သွားပြီး ရှစ်ဖုန့်နှင့်တပည့်နှစ်ဦးအားဝါးမျိုသွားသည်။ ကောင်းကင်၏ကြီးမားသောဧရိယာအားထိုးခွင်းသကဲ့သို့ထိုးတက်သွားခြင်းဖြစ်သည်။

အနောက်ပိုင်းဒေသကြီး၏ အမည်မသိမြို့တစ်ခုတွင် ကောင်းကင်ထက်မှ ဧရာမအနက်ရောင်အလင်းတန်းကြီးကျဆင်းလာပြီးအောက်ရှိမြို့ကို လွှမ်းခြုံသွားသည်။ ရုတ်ခြည်းမြို့တစ်ခုလုံးမှောင်မိုက်သွား၏။

“ဘာတွေဖြစ်နေတာလဲ”

“မကောင်းဆိုးဝါးဝိညာဉ်တစ်ခုက ငါတို့ထျန်းကျဲ့မြို့ကို တိုက်ခိုက်တာများလား”

“မကောင်းဆိုးဝါးဝိညာဉ်က မြောက်ပိုင်းဒေသကြီးမှာ မွေးဖွားလာတာလို့ပြောကြတယ်.. မကောင်းဆိုးဝါးဝိညာဉ်က မြို့ဆယ်မြို့နဲ့ လူဦးရေဆယ်သန်းကျော်ကို အစုလိုက်အပြုံလိုက်သတ်သွားတာတဲ့.. မကောင်းဆိုးဝါးဝိညာဉ်က ငါတို့ အနောက်ပိုင်းဒေသကြီးကို ဗြောင်းဆန်အောင်လုပ်ဖို့‌ရောက်လာတာများလား”

မြို့၏အလယ်ဗဟိုတစ်ဝိုက်က အမှောင်ထုဖြစ်နေသည်။ အထူးသဖြင့်ယခုအချိန်အခါတွင် ထျန်းဟန်တိုက်ကြီးက လွန်စွာမတည်မငြိမ်ဖြစ်နေပြီး မကောင်းဆိုးဝါးဝိညာဉ်က မြောက်ပိုင်းဒေသကြီးအတွင်း မြို့များကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ထားသည်။ လွန်ခဲ့သောရက်အချို့က မွန်းစတားမျိုးနွယ်ကြောင့် မော်ကြွားဓားအိမ်တော်ကတစပြင်ဖြစ်ခဲ့သည်။ ရွှမ်းယွမ်မြို့အရှင်သခင်ရွှမ်းယွမ်ချန်ယွင်ကလည်းအသတ်ခံရပြီး စစ်သည်သုံးသိန်းလည်း အစုလိုက်အပြုံလိုက်အသတ်ခံရသည်။ ဤသတင်းများအားလုံးက ပျံ့နှံ့နေသည်မှာကြာပြီဖြစ်ပြီး လူတိုင်းအားထိတ်ထိတ်ပြာပြာကျီးလန့်စာစားအခြေအနေဖြစ်စေသည်။

မြို့ကိုလွှမ်းခြုံထားသောမှောင်မိုက်သည့်အလင်းက လျှင်မြန်စွာပျောက်ကွယ်သွားသည်။ အမှောင်ထုပျောက်ကွယ်သွားသောအခါတွင် သာမန်လူများ၊ စစ်သည်များနှင့်မြို့အစောင့်များမှာ ဟင်းလင်းပြင်ထဲ၌ဝင့်ကြွားစွာရပ်နေသောပုံရိပ်သုံးခုကိုမြင်တွေ့လိုက်ရသည်။

ထို့နောက်လူအုပ်ကြီးကထပ်မံစတင် ဆွေးနွေးကြ၏။

ရှစ်ဖုန့်နှင့်တပည့်နှစ်ဦးတို့က အောက်ရှိမြို့ကိုငုံ့ကြည့်လိုက်သည်။ ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်၏။

“ငါတို့ကံကဒီတစ်ကြိမ်မဆိုးဘူး.မြို့ တစ်မြို့ပေါ်ကို ကျလာတယ်…အရင်ကလိုဒီလိုမြို့တစ်မြို့ကိုရှာဖို့မလိုဘူး..ရှောင်ယောင်. .တစ်ယောက်ယောက်ကိုရှာပြီးဒီမြို့နဲ့ ထျန်းယောင်တောင်နဲ့ဘယ်လောက်ဝေး လဲမေးလိုက်”

“ဟုတ်ကဲ့ဆရာ”

ရှစ်ဖုန့်၏စကားတို့အားကြားသောအခါတွင် မိုရှောင်ယောင်က တုန့်ပြန်လိုက်ပြီး အောက်သို့ထိုးဆင်းလိုက်သည်။ သူတို့၏အောက်တွင် မြို့အတွင်းအမြင့်ဆုံးအဆောက်အဦးရှိနေပြီး ၎င်းက မြို့အရှင်သခင်၏အိမ်တော်ဖြစ်သည်မှာသိသာသည်။

ကျယ်လောင်သောအသံနှင့်အတူ မိုရှောင်ယောင်၏ကိုယ်က အော်ကရှိ အမိုးအားတိုက်ရိုက်အပေါက်အဖြစ်ထွင်းဖောက်သွားပြီးအပိုင်းအစများ လွင့်စင်ထွက်သွားစေသည်။ ထို့နောက် သူက မြို့အရှင်သခင်၏ အိမ်အတွင်းဝင်ရောက်သွားသည်။

ရှစ်ဖုန့်နှင့်လင်ယဲ့ဖုန်းတို့က‌ ကောင်းကင်ထဲဝင့်ကြွားစွာရပ်ပြီး စောင့်ဆိုင်းနေကြသည်။

ဤအရာကြောင့် သူတို့သုံးယောက်အနေဖြင့် ကြီးမားသောရုတ်ရုတ်သဲသဲအခြေအနေတစ်ခုကို တကယ်ဖြစ်ပွားစေပြီး မြို့စောင့်တပ်များမှာ ဤကဲ့သို့ ဖြစ်ပေါ်မှုတစ်ခုကို ယခင်က လုံးဝမမြင်တွေ့ဖူးကြပေ။ အကယ်၍တစ်စုံတစ်ယောက် က မြို့၏စည်းမျဉ်းကိုချိုးဖောက်ရဲပြီး မြို့အရှင်သခင်၏အိမ်အထက်၌ ရပ်ရဲသည်ဆိုလျှင် မည်သည့်အစောင်သုံးယောက်ကမှကောင်းကင်ထဲ၌ပျံသန်းရဲသော ထိုသုံးဦးအား မဖမ်းဆီးရဲကြပေ။

ဘာကိုမြို့၏စည်းမျဉ်းများနည်း။ ထိုအရာက အားနည်းသောသူများအတွက်သာပြုလုပ်ထားသောအရာဖြစ်၏။

အလွန်လျှင်မြန်စွာဖြင့် လူထောင်ပေါင်းများစွာ၏ အကြည့်များအောက်၌ပင် မြို့အရှင်သခင်အိမ်တော်ထံမှ နောက်ထပ် ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။

“ဘန်း”

အဖြူရောင်ပုံရိပ်တစ်ခုက မြို့အရှင်သခင်အိမ်တော်အားနောက်တစ်ကြိမ် အပေါက်ဖောက်လိုက်သည်။ထို့နောက်သူ့လက်ထဲရှိလူတစ်ယောက်နှင့်အတူ ကောင်းကင်ထဲသို့ပျံသန်းတက်လာသည်။

“မြို့အရှင်သခင်..ဒါကငါတို့ထျန်းကျဲ့မြို့ရဲ့ အရှင်သခင်ပဲ.. သူအဖမ်းခံလိုက်ရပြီ”

“အား..ငါတို့မြို့အရှင်သခင်က ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ်လေ.. ဘယ်လိုဖြစ်ပြီးသူကဒီလူအလွယ်လေးဖမ်းတာကိုခံလိုက်ရတာလဲ. .မဖြစ်နိုင်ဘူး.ဒါကသေချာပေါက်မဖြစ်နိုင်ဘူး..အဖမ်းခံရတဲ့သူက မြို့အရှင်သခင်အစားထိုးပဲဖြစ်ရမယ်”

“ငါသိသားပဲ.. ငါတို့ထျန်းကျဲ့မြို့အပေါ်ကျလာတဲ့အမှောင်ထုမှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိပါတယ်ဆို”

လူများမှာကောင်းကင်ထဲမှသူက မြို့အရှင်သခင်အိမ်တော်ထဲသို့ဝင်သွားပြီး မြို့အရှင်သခင်နှင့်အရမ်းဆင်တူသောသူအား ဖမ်းဆီးလာသည်ကိုတွေ့ရသောအခါတွင် အံ့အားသင့်စွာအလန့်တကြားပြောဆိုကြသည်။

မိုရှောင်ယောင်က ရှစ်ဖုန့်ထံသို့ သူ့လက်ထဲမှလူနှင့်အတူ လျှင်မြန်စွာပြန်လာပြီး ၎င်းအားရှစ်ဖုန့်ထံပစ်ပေးလိုက်သည်။

“ကျွန်တော့်အသက်ကို ချမ်းသာပေးပါအရှင်.. ကျွန်တော်ရ့ထျန်းကျဲ့မြို့က လောကီရေးရာကိစ္စတွေနဲ့တစ်သီးတစ်ခြားနေတာပါ.. ကျွန်တော်အရှင့်ကိုဘယ်လိုစော်ကားမိခဲ့လဲဆိုတာကိုမသိပါဘူး”

ထျန်းကျဲ့မြို့၏အရှင်သခင်မှာ ဆံပင်အဖြူနှင့်နီမြန်းသောအသားအရေကိုပိုင်ဆိုင်သည့်အဘိုးအိုတစ်ဦးဖြစ်သည်။ သူ့က မြို့အရှင်သခင်ဖြစ်နေသည်မှာနှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ပြီး ထည်ဝါသောအသွင်အပြင်ရှိ၏။သို့သော်ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးအားရင်ဆိုင်ရသော အခါတွင် ကောင်းကင်ထဲ၌အလျှင်အမြန်ဒူးထောက်ချလိုက်ပြီး သနားညှာတာပေးရန်တောင်းပန်လိုက်သည်။ သူ၏အသံက တုန်ယင်နေပြီး သူတကယ်ကြောက်ရွံ့ကြောင်းကိုပြသနေသည်။

သို့သော်သူ့အတွက်ကြောက်လန့်ခြင်းကသာမန်သာဖြစ်သည်။ အစောပိုင်းကသူထျန်းကျဲ့မြို့၏ မှူးမတ်အရာရှိများနှင့် အရေးကြီးသောကိစ္စအချို့ကိုဆွေးနွေးနေခဲ့၏။ရုတ်တရက်လူတစ်ယောက်ကကောင်းကင်ထဲမှဆင်းသက်လာပြီး ၎င်း၏လက်ဖြင့်သူ့အားဖမ်းဆုပ်လိုက်သည်။

ထိုလူ၏ရှေ့တွင်သူ့အနေဖြင့်အနည်းငယ်သောခုခံနိုင်စွမ်းပင်ရှိမနေခဲ့ချေ။သူက ရှေ့အင်္ကျီမှဖမ်းဆွဲခံရပြီးဤနေရာသို့ခေါ်လာခံရခြင်းဖြစ်သည်။

“ကောင်းပြီ.. မင်းကြောက်နေစရာမလိုဘူး. မင်းကိုဒီလိုခေါ်လာတာက ဦးတည်ချက်နေရာကိုမေးချင်လို့ပဲ”

တောင်းပန်နေသောမြို့အရှင်သခင်အားကြည့်၍ ရှစ်ဖုန့်ကဂရုမထားစွာပြောလိုက်သည်။

“ဦးတည်ချက်နေရာတွေမေးဖို့လား..”

ဤအရာအားကြားသောအခါတွင် မြို့အရှင်သခင်တုန်လှုပ်အံ့အားသင့်သွားသည်။ သူတို့ကတကယ်ပဲ ဦးတည်ချက်နေရာကိုမေးမလို့တဲ့လား။ ဦးတည်ချက်နေရာလေးမေးဖို့အတွက်နှင့် သူ့အား ဤ‌နေရာသို့အကျဉ်းသားတစ်ဦးကဲ့သို့ခေါ်လာခဲ့သည်လား။

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters