← Chapters

မြေနက်ဧကရာဇ် ရွှမ်းချန်

Vol. 103 Ch. 1423

မြေနက်ဧကရာဇ် ရွှမ်းချန်

Vol. 103 Ch. 1423

ကောင်းကင်အထက် ဝဲကတော့တစ်ခု ပေါ်ထွက်လာသည်။ ထိုအရာက အဖက်ဖက်သို့ ပျံ့နှံ့သွားကာ မြူခိုးကို ဖွင့်လှစ်ပြီး စည်းတံဆိပ်ကို ဖျက်ဆီးလိုက်သကဲ့သို့ ဖြစ်၏။ ထို့နောက် လေဟာနယ်ထဲ ဧရာမအဖြူရောင် တံခါးကြီးတစ်ခု တိုက်ရိုက်ပေါ်ထွက်လာသည်။

ထိုတံခါးက ရှေးကျသည့် အငွေ့အသက်တို့ ထုတ်လွှတ်နေသည်။ ထိုအရာက နှစ်များစွာ တည်ရှိနေသကဲ့သို့ ဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် အချိန်ကာလ ဖြတ်သန်းလာမှုကို မြင်တွေ့နိုင်သည်။

ထိုအရာပေါ်တွင် သွေးများ စွန်းထင်းနေသည့်အတွက် အတိတ်တုန်းက တန်ကြေးကြီးကြီးမားမား ပေးဆပ်ခဲ့ရကြောင်း သိသာလှသည်။

ဤသည်က အထက်ကမ္ဘာ၏ တံခါး ဖြစ်၏။

ထိုအရာ ဆင်းသက်လာသည့်အခါ ဖိနှိပ်စွမ်းအားကလည်း ပျံ့နှံ့လာပြီး ဒုတိယကမ္ဘာတစ်ခုလုံးကို သုံးပေ နစ်သွားစေသည်။

ကျန့်ယွိမြို့ကလည်း ပြိုလဲသွားသကဲ့သို့ နစ်မြုပ်သွားခဲ့သည်။ သက်ရှိအားလုံးကလည်း လေးလံသည့် အရာတစ်ခုက သူတို့၏ ပုခုံးပေါ် ဆင်းသက်လာသည့်အလား နစ်မြုပ်သွားကြ၏။

သူတို့၏ ခန္ဓာကိုယ်မှ အက်သံများပင် ကြားလိုက်ရသည်။ ထိုဖိအားက သိသိသာသာ တိုးပွားလာလေ၏။

ဤသို့ ကြီးကျယ်ခမ်းနားသည့် အပြုအမူမျိုးက တံခါးမှ ကြီးကျယ်သည့် စွမ်းအားတစ်ခု ပျံ့နှံ့လာစေပြီး မြင်လိုက်သူအားလုံးက တုန်လှုပ်သွားစေသည်။

တံခါး ပေါ်ထွက်လာမှုက အထက်ကမ္ဘာကို ထိတ်လန့်သွားစေမှန်း ပြောဖို့ရာပင် မလိုအပ်ပေ။ သို့သော်လည်း မျက်နှာဖုံးနှင့် အဖြူဝတ်အမျိုးသားများက အထက်ကမ္ဘာတံခါးဝန်းကျင်တွင် ပေါ်ထွက်လာလေ၏။ သူတို့က စုစုပေါင်း ၉ယောက် ရှိလေသည်။ တစ်ယောက်ချင်းစီက အံ့မခန်း အရှိန်အဝါကို သယ်ဆောင်ထားကြလေ၏။ သူတို့က မြို့သခင်လောက် အားကောင်းခြင်း မရှိသော်လည်း အံ့အားသင့်ဖို့ ကောင်းနေဆဲသာ ဖြစ်၏။

အကြောင်းအရင်းကမူ သူတို့က ဧကရာဇ်စိတ်ဝိညာဉ် ဖြစ်ပြီး နတ်ဧကရာဇ်၏ အစောင့်အကြပ် ဖြစ်ပေသည်။

သူတို့ပေါ်ထွက်လာသည်နှင့် သူတို့ခန္ဓာကိုယ်မှ နတ်ဘုရားအသိစိတ်များ ထုတ်လွှတ်လာပြီး ကျန့်ယွိမြို့ထဲရှိ မြေအောက်နန်းဆောင်ကို ပစ်မှတ်ထားလိုက်သည်။ သူတို့က နတ်ဘုရားအသိစိတ်ကို မြေအောက်နန်းဆောင်ထဲတွင် ထိုင်နေသည့် ဝမ်ပေါင်လဲ့ဆီ ကျရောက်လာသည်နှင့် ဝမ်ပေါင်လဲ့က မျက်လုံးဖွင့်လာသည်။

သူ့မျက်လုံးဖွင့်လာသည်နှင့် မိုးမြေကြားတွင် အက်သံများ ပဲ့တင်ထွက်လာလေ၏။ ချက်ချင်းဆိုသလို အဖြူဝတ် မျက်နှာဖုံး ၉ယောက်က စူးစူးရှရှ အော်ဟစ်လိုက်ကြသည်။ ထိုအခိုက်အတန့်၌ သူတို့၏ မျက်လုံးများက ကြေမွသွား၏။

ဝမ်ပေါင်လဲ့ကို တိုက်ရိုက်ကြည့်ဖို့ အရည်အချင်းမပြည့်မှီသကဲ့သို့ ဖြစ်သည်။

သူက စိတ်ခံစားချက်၇မျိုး၏ စည်းမျဉ်းဥပဒေသများနှင့် မပေါင်းစည်းသေးသည့်အချိန်က ကျန့်ယွိစည်းမျဉ်းဥပဒေသ၏ ဇစ်မြစ် ဖြစ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲ အာသီသစည်းမျဉ်းနှင့် စိတ်ခံစားချက်လေးမျိုးကိုပါ ပေါင်းစည်းထားခဲ့ပြီး နတ်ဧကရာဇ်၏ သွေးပါ ပါဝင်နေသေးသည်။

ဒေါသမြို့သခင်ကို ဖိနှိပ်ဖို့ရာက အသေးအဖွဲသာ ဖြစ်၏။ သူက ယခုအခါ စိတ်ခံစားချက် ၇မျိုးလုံးနှင့် ပေါင်းစည်းပြီး အလိုဆန္ဒစည်းမျဉ်းဥပဒေသကို ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်၏။ သူက အလိုဆန္ဒစည်းမျဉ်းဥပဒေသ၏ သခင်တစ်ယောက် ဖြစ်လာသည်။ ဤသည်က ဝမ်ပေါင်လဲ့၏ တိုက်ခိုက်စွမ်းရည်အား ကမ္ဘာမြေတုန်လုမတတ် အနေအထားသို့ ရောက်ရှိသွားစေသည်။

အကြောင်းအရင်းကမူ အလိုဆန္ဒက ပထမဦးဆုံး လိုအင်ဆန္ဒဖြစ်နေ၍ ဖြစ်သည်။ ထိုအရာက အားကောင်းလွန်း၍ ၇ပိုင်းကွဲထွက်သွားပြီး စိတ်ခံစားချက် ၇မျိုး၏ စည်းမျဉ်းဥပဒေသများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအရာက မည်မျှအားကောင်းလဲ သိမြင်နိုင်၏။

အကယ်၍ ဤသို့သာဆိုပါက ဝမ်ပေါင်လဲ့ကိုယ်တိုင်ပင် ယခု ဘယ်အနေအထားတွင် ရှိနေကြောင်း မသိပေ။ ထို့ကြောင့် သူက စမ်းသပ်လို၏။

ထို့ကြောင့် သူ မျက်လုံးဖွင့်လိုက်ချိန် ဧကရာဇ်စိတ်ဝိညာဉ် ၉ယောက်၏ မျက်လုံးများ ပေါက်ထွက်သွားသည်ကို မြင်လိုက်ရသည့်အခါ ဝမ်ပေါင်လဲ့က မြေအောက်နန်းဆောင်မှ ထွက်လာလေ၏။ သူ့ပုံရိပ်က ပြောင်းလဲသွားခြင်း မရှိပေ။ ပြောင်းလဲသွားသည့်အရာက သူ့ပတ်ဝန်းကျင်သာ ဖြစ်၏။ ကြယ်စင်များက ရွေ့ပြောင်းသွားသကဲ့သို့ သူက နဂိုနေရာတွင် ရှိနေသော်လည်း သူ့နဂိုနေရာက ချက်ချင်းပြောင်းလဲသွားကာ မိုးမြေထဲမှ ဂိတ်ပေါက် ဖြစ်သွားခဲ့သည်။

ထိုမြင်ကွင်းက စိတ်ခံစားချက်၇မျိုးနှင့် လိုအင်ဆန္ဒ၆ပါးတို့၏ မြို့သခင်များကို တုန်လှုပ်သွားစေ၏။ သူတို့၏ အသက်ရှူနှုန်းများက မြန်ဆန်လာလေသည်။ သူတို့က ထိုဆိုလိုရင်းကို သိနေကြလေ၏။

“ကမ္ဘာနဲ့ စည်းမျဉ်းဥပဒေသတွေအပေါ်မှာ အကြွင်းမဲ့ ထိန်းချုပ်မှု” ဒေါသမြို့သခင်က ရေရွတ်လိုက်သည်။ သူက ဝမ်ပေါင်လဲ့၏ ပုံရိပ်ကို ကြည့်နေရင်း သူ့မျက်ဝန်းထဲ နာကျင်မှုဖြင့် ပြည့်နှက်လာသော်လည်း သူ့နှလုံးသားကမူ လေးစားမှုတို့ဖြင့် ပြည့်နှက်နေသည်။

သီးသန့်ကျင့်ကြံရာမှ ထွက်လာသည့် ထင်းယွိမြို့သခင်ကလည်း စိတ်ရှုပ်ထွေးသည့် ခံစားချက်မျိုး ရှိနေလေ၏။ သို့သော်လည်း တစ်ချိန်တည်းဆိုသလို သူမက မျှော်လင့်တောင့်တမှုကို ခံစားမိရုံကလွဲ၍ မတတ်နိုင်ပေ။

အာသီသမြို့သခင်ကလည်း အဖြစ်အပျက်ကို စောင့်မျှော်နေမိသည်။ သူ့မျက်လုံးက နာကျင်နေမိသော်လည်း အဖြစ်အပျက်ကို မြင်တွေ့ဖို့ အကောင်းဆုံး ကြိုးစားထားသည်။ သူက သူ့အလောင်းအစားက နိုင်မည်လား သိချင်နေမိသည်။

အားလုံးက ကြည့်နေစဉ် ဝမ်ပေါင်လဲ့က တံခါးရှေ့ ရပ်လိုက်သည်။ သူက ဧကရာဇ်စိတ်ဝိညာဉ်များကို မကြည့်ပေ။ ထိုအစား သူ့ရှေ့တွင်ရှိနေသည့် တံခါးကြီးကို ကြည့်လိုက်၏။ အကယ်၍ သူသာ ထိုတံခါးကို ဖွင့်လိုက်ပါက အထက်ကမ္ဘာဆီ ဝင်ရောက်နိုင်ကြောင်း သိထားသည်။

ဤသည်က နတ်ဧကရာဇ် သီးသန့်ကျင့်ကြံနေသည့်နေရာ ဖြစ်၏။

ဤသည်က ကိုယ်ပွားတစ်ယောက်အနေနှင့် သူ့တာဝန်လည်း ဖြစ်ပေသည်။

“ငါ ရွေးချယ်တာ မှန်ကန်လားဆိုတာ မသိတော့ဘူး” သူက တွေးလိုက်သည်။

ဝမ်ပေါင်လဲ့က ခေါင်းအသာယမ်းလိုက်၏။ ဤသို့သော အနေအထားမျိုး၌ နတ်ဧကရာဇ်စိတ်ဝိညာဉ် ၉ယောက်က ရှေ့တိုးလာပြီး ဝမ်ပေါင်လဲ့အား အဖက်ဖက်မှ ဝိုင်းထားလိုက်သည်။ တစ်ယောက်ချင်းစီက အနက်ရောင်မြူခိုးများအသွင် ပြောင်းလဲသွားပြီး သူ့ဝန်းကျင်ဆီ ကြိုးသဖွယ် ရစ်ပတ်လာလေ၏။

“ပျောက်ကွယ်စမ်း” ဝမ်ပေါင်လဲ့က ထိုနေရာတွင် ရပ်နေသည်။ သူက လက်မြှောက်ခြင်းပင် မရှိဘဲ စကားတစ်ခွန်းသာ ရေရွတ်လိုက်၏။

သို့သော်လည်း ထိုစကားက မန္တန်သဖွယ် ဖြစ်၏။ သူ ပြောလိုက်သည်နှင့် အနက်ရောင်ကြိုး ၉ခုက ချက်ချင်းဆိုသလို တစ်စစီ ကြေမွသွားသည်။

ပြောရမည်ဆိုလျှင် ဤနတ်ဧကရာဇ်၏ စိတ်ဝိညာဉ်က မြို့သခင်၏ ကျင့်ကြံဆင့်ထက် အားနည်းသော်လည်း သူတို့ပူးပေါင်းလိုက်သည့်အခါ မြို့သခင်ပင် အလွယ်တကူ ချိုးဖောက်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ထိုမြင်ကွင်းက လိုအင်ဆန္ဒမြို့သခင်များနှင့် စိတ်ခံစားချက် မြို့သခင်များ၏ စိတ်နှလုံးသားကို ထပ်မံလှုပ်ခတ်သွားစေသည်။

သို့သော်လည်း ဤသည်က ဧကရာဇ်စိတ်ဝိညာဉ်များ၏ ထူးကဲသည့် ဂုဏ်သတ္တိက မဖျက်ဆီးနိုင်ခြင်း ဖြစ်၏။ နောက်အခိုက်အတန့်လေး၌ ပုံရိပ်၁၈ခု ပေါ်ထွက်လာကာ ဝမ်ပေါင်လဲ့ဆီ ထပ်မံတိုးဝင်လာသည်။ ဤသို့ဖြင့် သူတို့က ယခင်က ဝမ်ပေါင်လဲ့၏ တကယ့်အသွင်နှင့် တိုက်ခိုက်သကဲ့သို့ သိပ်မကြာခင် ဧကရာဇ်စိတ်ဝိညာဉ် ၁၈မှ ၃၆ အထိ ဖြစ်လာလေသည်။

ထို့နောက် ၇၂ ယောက် … ၁၄၄ ယောက် … ၂၈၈ ယောက်အထိ ဖြစ်လာခဲ့သည်။

………………………………………………….

ထိုစဉ် ဝမ်ပေါင်လဲ့၏ အကြည့်များက စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေ၏။ သူက ဧကရာဇ်စိတ်ဝိညာဉ်များကို ကြည့်လိုက်သည်။ သူတို့က မျက်နှာဖုံး ဝတ်ဆင်ထားသော်လည်း သူနှင့် တစ်ပုံစံတည်း တူနေကြောင်း သိထားလေ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့က သက်ပြင်းချပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်မှ ဧကရာဇ်သွေးကို အသက်သွင်းလိုက်ပြီး သွေးမြူအား အဖက်ဖက်သို့ ပျံ့နှံ့စေလိုက်သည်။

ဧကရာဇ်စိတ်ဝိညာဉ်များကို ဖြေရှင်းဖို့အတွက် လူအများစုက သူတို့ကို သတ်ဖို့ လိုလိမ့်မည်။ သို့သော်လည်း ဧကရာဇ်၏ သွေးကို စုပ်ယူပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ထိုသို့လုပ်ဖို့ မလိုအပ်တော့ပေ။ အကြောင်းအရင်းကမူ သူနှင့် ဧကရာဇ်စိတ်ဝိညာဉ်တို့က တူညီသည့်ဇစ်မြစ်ကို မျှဝေထား၍ ဖြစ်၏။ ထိုအကြောင်းအရင်းကြောင့် သူက သူတို့၏ နတ်ဘုရားစွမ်းရည်နှင့် မှော်နည်းစနစ်အားလုံးကို ခံနိုင်ရည်ရှိလေသည်။

ထိုသို့ဖြစ်ပျက်ခဲ့ခြင်း ဖြစ်၏။ ဧကရာဇ်စိတ်ဝိညာဉ်၏ နတ်ဘုရားစွမ်းရည်များက ဝမ်ပေါင်လဲ့အပေါ် ကျဆင်းလာသော်လည်း နည်းနည်းလေးမှ သက်ရောက်မှု မရှိပေ။ သူတို့က အရိပ်ကလွဲ၍ ဘာမှမဟုတ်သကဲ့သို့ ဖြစ်၏။ သူတို့က တကယ့်လူကို ဘာများလုပ်နိုင်မည်နည်း။

ထို့ကြောင့် ဧကရာဇ်စိတ်ဝိညာဉ်များက သူတို့တိုက်ကွက်များ အသုံးမဝင်သည်ကို တွေးပြီး ဝမ်ပေါင်လဲ့က အထက်ကမ္ဘာ၏ အပေါက်ဝဆီ လျှောက်လှမ်းနေသည်ကို မြင်ပြီးသည့်နောက်တွင် စတင်၍ စိုးရိမ်လာကြသည်။ သူတို့က ကွဲထွက်ပြီး အရေအတွက်ကို ထပ်မံတိုးမြှင့်လာ၏။ သိပ်မကြာခင် ထောင်ချီအထိ ဖြစ်လာလေသည်။ ထောင်ချီ၊ သောင်းချီ နောက်ဆုံး၌ ဝမ်ပေါင်လဲ့ကို အဖြူဝတ်ဧကရာဇ်စိတ်ဝိညာဉ်ဖြင့် အပြီးတိုင် ဝန်းရံထားလေသည်။ သူတို့၏ တိုက်ပွဲက မိုးမြေကိုပင် လှုပ်ခတ်နိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်၏။

ဒုတိယကမ္ဘာတွင် မည်သူကမှ တောင့်ခံနိုင်မည် မဟုတ်ပေ။ သို့သော်လည်း ထိုအရာက ဝမ်ပေါင်လဲ့အပေါ် သက်ရောက်မှု မရှိသေးပေ။ သူတို့၏ ခန္ဓာကိုယ်က မတည်ရှိသကဲ့သို့အတားအဆီးပင် မဖြစ်ပေ။

သွေးချီများနှင့် ဝန်းရံခံထားရသည့် ဝမ်ပေါင်လဲ့က သူတို့ကို လျစ်လျူရှုပြီး ဖြတ်သန်းသွား၏။ ဖြည်းဖြည်းချင်းဖြင့် သူက အထက်ကမ္ဘာတံခါးဆီ ရောက်ရှိသွားသည်။ အသက်ရှိုက်စာအနည်းငယ်အတွင်း ဝမ်ပေါင်လဲ့၏ အကြည့်က ဆုံးဖြတ်ချက်ပြတ်သားမှုတို့ဖြင့် တောက်ပလာကာ ညာဖက်လက်ကို မြှောက်ပြီး တံခါးကို တွန်းလိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်၌ ကမ္ဘာကြီးထဲ ရှေးကျသည့် အသံတစ်သံ ပဲ့တင်ထွက်လာလေ၏။

“မင်း သေချာတွေးပြီးပြီလား”

ထိုအသံ ပျံ့နှံ့လာသည့်အခါ တံခါးအထက်၌ ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး ဝမ်ပေါင်လဲ့ကို ငုံ့ကြည့်လာသည်။

ဝမ်ပေါင်လဲ့က သူ့ရှေ့တွင်ရှိနေသည့်သူကို ကြည့်လိုက်၏။ ဤသည်က သူတို့တွေ့သည့် ပထမဦးဆုံးအကြိမ် ဖြစ်ပေသည်။

“မြေနက်ဧကရာဇ်” ဝမ်ပေါင်လဲ့က တီးတိုးရေရွတ်လိုက်သည်။

All Chapters