နတ်ဧကရာဇ်၏ မှတ်ဉာဏ်များ
Vol. 103 Ch. 1427
ထိုအခိုက်အတန့်၌ ဒုတိယကမ္ဘာရှိ အားလုံးက အံ့အားသင့်နေကြသည်။ သက်ရှိအားလုံး၏ စိတ်ထဲတွင် အထက်ကမ္ဘာဆိုသည်က နတ်ဘုရား အိပ်စက်နေသည့်နေရာ ဖြစ်၏။ ယခုတွင် အထက်ကမ္ဘာဆီ ဦးတည်နေသည့်တံခါးက ဖြည်းဖြည်းချင်း ပွင့်လာလေသည်။ ထိုအရာကို တွန်းဖွင့်လိုက်သည့်အခါ လေတစ်ချက်တိုက်သွားပြီး အားကောင်းသည့်လေက တံခါး၏ အက်ကြောင်းမှ ထွက်ပေါ်လာသည်။
လေက အားပြင်းလာသည်။ ကမ္ဘာနှစ်ခုက ယခင်က ပိုင်းခြားထားသကဲ့သို့ဖြစ်ကာ ပထမကမ္ဘာတွင် ရှိသမျှအရာအားလုံးကို ပိတ်ဆို့ထားလေသည်။ ယခု ထိုအရာကို ဖွင့်လှစ်လိုက်သည့်အခါ ကမ္ဘာကြားရှိ ကွာဟချက်ကြောင့် ကမ္ဘာနှစ်ခုကြားတွင် အလျင်အမြန် စီးဆင်းမှုကို ဖြစ်ပေါ်သွားစေ၏။
ပထမကမ္ဘာမှ လေက ဝမ်ပေါင်လဲ့၏ ဆံပင်ကို ဖြတ်တိုက်သွားလေသည်။ တစ်ချိန်တည်းဆိုသလို ဒုတိယကမ္ဘာရှိ စည်းမျဉ်းဥပဒေသများက တံခါးအက်ကြောင်းကြားမှ ဝင်ရောက်ကာ ပထမကမ္ဘာထဲ ရောက်ရှိလာ၏။
ထိုအရာက တံခါးကို ပွင့်သွားစေသည်။
သိပ်မကြာခင် ဝမ်ပေါင်လဲ့က အင်အားအပြည့်ဖြင့် တွန်းလိုက်လေရာ တံခါးဟရာက ပိုမိုကြီးမားလာသည်။ တံခါးကို အပြီးတိုင် ဖွင့်လှစ်လိုက်သည့်အချိန် ဒုတိယကမ္ဘာက တုန်ခါသွားလေ၏။ မြေကြီးက တုန်ခါသွားကာ တောင်များက လှုပ်ခတ်သွားပြီး တတိယကမ္ဘာတစ်လျှောက် ဖြတ်သန်း၍ အကြည့်များပင် ကျရောက်လာသည်။
ပိုပြီးတုန်လှုပ်ဖို့ကောင်းသည့် အသက်ရှူနှုန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက ဒုတိယကမ္ဘာမှ သက်ရှိအားလုံး၏ အသက်ရှူသံ ဖြစ်၏။
နောက်အခိုက်အတန့်လေး၌ ကောင်းကင်ယံ၌ ပုံရိပ်တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုသူများက စိတ်ခံစားချက်ခုနှစ်မျိုးနှင့် လိုအင်ဆန္ဒ ၆ပါးတို့၏ မြို့သခင်များ ဖြစ်၏။
ရှေးဟောင်းမြို့မှ ကျင့်ကြံသူ သုံးဦးကလည်း ထွက်ပေါ်လာသည်။ သူတို့က လောကဓံအငွေ့အသက်တို့ ထုတ်လွှတ်နေသော်လည်း သူတို့ကျင့်ကြံဆင့် အတက်အကျလှိုင်းက မြို့သခင်များနှင့် အဆင့်အတူတူနီးပါး ရှိ၏။ သူတို့ကလည်း ကောင်းကင်ယံ၌ ပေါ်ထွက်လာကြသည်။
သူတို့မရောက်ခင် တံခါးကို ဖွင့်လိုက်သည့် ဝမ်ပေါင်လဲ့က ပထမဆုံး ဖြတ်သန်းလိုက်၏။ သူက ပထမကမ္ဘာတွင် အခြေချလိုက်စဉ် သူ့ကို စောင့်ကြိုနေသည့်အရာက အပြိုအပျက်များသာ ဖြစ်သည်။
ကောင်းကင်က မီးခိုးရောင်ဖြစ်ကာ မြေကြီးက အမဲရောင် ဖြစ်နေသည်။
အဆောက်အဦးများစွာက ပြိုလဲနေပြီး အရိုးခြောက်များက နေရာအနှံ့ ပြန့်ကျဲနေသည်။ ကမ္ဘာတစ်ခုလုံးက တိတ်ဆိတ်ကာ မရဏအငွေ့အသက်တို့ လွှမ်းခြုံလျက် ရှိ၏။
အဝေးတစ်နေရာတွင် ပထမကမ္ဘာအလယ်၌ မြင့်မားစွာ တည်ရှိနေသည့် ဧရာမရုပ်ထုကြီးတစ်ခု ရှိ၏။ ထိုအရာက အတိတ်မှ ဂုဏ်ကျက်သရေကို ကိုယ်စားပြုနေဟန်ပေါ်သည်။
ရုပ်ထုကြီးက ကြီးမားလွန်းသည့်အတွက် မိုးမြေကြား ထောင်ထွက်နေသလိုမျိုး ဖြစ်နေ၏။ ထိုအရာက ချပ်ဝတ် ဝတ်ဆင်ထားသော်လည်း ရုပ်ထု၏ မျက်နှာကမူ ဗလာကျင်းနေသည်။
ဝမ်ပေါင်လဲ့က ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေလေ၏။ သိပ်မကြာခင် လေတိုးသံတစ်ခု ကြားလိုက်ရပြီး စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒတို့၏ မြို့သခင်များနှင့်အတူ ရှေးဟောင်းမြို့မှ ကျင့်ကြံသူ သုံးဦးတို့ကလည်း ပထမကမ္ဘာကို ရောက်ရှိလာကြသည်။ ထို့နောက် အပြိုအပျက်များကို မြင်ကာ အားလုံးက တိတ်ဆိတ်သွားကြ၏။
“အဲဒါဆိုတော့ ဒီနေရာက ပျောက်ကွယ်သွားတာ ကြာလှပြီပဲ”
“အတိတ်တုန်းက တော်ဝင်နယ်မြေတစ်ခု ဖြစ်ခဲ့တာလေ..”
အားလုံးက ကွဲပြားသည့် အမူအရာမျိုး ရှိနေကြလေ၏။
ထင်းယွိမြို့သခင်က အပြိုအပျက်ကြား ဆင်းသက်လာကာ သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားခဲ့သည်။
သို့သော်လည်း သူတို့က ကိုယ်ပိုင် စိတ်ခံစားချက်များထဲ နစ်မြောနေသည့်အတွက် ပွင့်နေသည့် တံခါးမှ တဆင့် လိုအင်ဆန္ဒ၆ပါးနှင့် စိတ်ခံစားချက်၆ပါး စည်းမျဉ်းဥပဒသေတို့က တိတ်တဆိတ် စီးဝင်လာသည်ကို မသိလိုက်ကြပေ။
ဝမ်ပေါင်လဲ့ တစ်ယောက်တည်းကသာ ထိုအဖြစ်အပျက်ကို သတိထားမိသူ ဖြစ်၏။ သူက ရုပ်ထုကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးသည့်နောက်တွင် လူအုပ်ကို လျစ်လျူရှုပြီး ပျံသန်းသွားလိုက်သည်။
သူက ဤကမ္ဘာ၌ သက်ရှိ မရှိကြောင်း ခံစားမိသည်။
ထိုနေရာတွင် သူက ပဲ့တင်ထပ်သည့် လှိုင်းလုံးများကို ခံစားမိ၏။ ထိုလှိုင်းလုံးများက အင်မတန် ရင်းနှီးနေသည့်အတွက် သူတို့က နောက်ထပ်သူ့ပုံစံ ထွက်လာသကဲ့သို့ ဖြစ်သည်။
တခြားသူများက ဝမ်ပေါင်လဲ့ကို မြင်သော်လည်း အများစုကမူ သူတို့အတွေးနှင့်သာ နစ်မြောနေကြသည်။ တချို့ကမူ အဖက်ဖက်သို့ ထွက်ခွာသွားပြီး သူတို့မှတ်ဉာဏ်ထဲတွင် ရှိခဲ့သည့် အရိပ်အယောင်များကို ရှာတွေ့ဖို့ ကြိုးစားနေကြသည်။
တစ်ခုတည်းသော ခြွင်းချက်ကမူ ပျော်ရွှင်မှုမြို့သခင် ဖြစ်၏။ သူမကမူ ဝမ်ပေါင်လဲ့ ထွက်ခွာသွားသည့်ဖက်သို့ ကြည့်နေသည်။ သူမ၏ အကြည့်များ နက်ရှိုင်းလွန်းသည့်အတွက် အတွေးများကို ဝှက်ထားဟန်ပေါ်သည်။ တစ်စုံတစ်ယောက်က သတိထားမိလျှင်ပင် သူမ တွေးနေသည့်အရာကို ခန့်မှန်းဖို့ မဖြစ်နိုင်ပေ။
သို့သော်လည်း စိတ်ခံစားချက် ၇မျိုးနှင့် လိုအင်ဆန္ဒ၆ပါးတို့၏ စည်းမျဉ်းများက ယခင်ထက် သူမနှင့် ပိုမိုလိုက်လျောညီထွေဖြစ်လာဟန်ပေါ်သည်။
အဝေးတစ်နေရာတွင် ဝမ်ပေါင်လဲ့က ခေါင်းလှည့်ကာ ကြည့်လိုက်သည်။ ထို့နောက် သူက အမူအရာ ကင်းမဲ့လျက်ဖြင့် နှေးကွေးခြင်း မရှိဘဲ ရုပ်ထုဆီ အရှိန်မြှင့်တင်လိုက်သည်။
သူ့အနေဖြင့် ရုပ်ထုဆီ ရောက်ရှိဖို့ သိပ်မကြာလိုက်ပေ။ ဤသည်က နှစ်များစွာ မည်မျှကြာမြင့်စွာ တည်ရှိနေကြောင်း ပြောဖို့ရာ မဖြစ်နိုင်ပေ။ သို့သော် ရှေးဟောင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေလေ၏။ ထိုအရာမှ အရာအားလုံးကို ဖိနှိပ်ထားနိုင်သည့် ဖိအားမျိုး ထုတ်လွှတ်နေသည်။
သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် ဝမ်ပေါင်လဲ့က ထိုဖိအားအပေါ် များစွာ သက်ရောက်မှု မခံရပေ။
သူက ထိုနေရာတွင် တိတ်တဆိတ် ရပ်နေရင်း ဘေးပတ်ဝန်းကျင်ကို စောင့်ကြည့်နေသည်။ နောက်ဆုံးတွင် သူက ရုပ်ထု၏ နဖူးဆီ ဦးတည်သွားလိုက်၏။ ထိုနေရာက ဝင်ပေါက် ရှိနေကြောင်း ခံစားမိနေသည်။
ရုပ်ထုအတွက်မူ ထိုနေရာက နတ်ဧကရာဇ်သီးသန့်ကျင့်ကြံနေသည့် နေရာ ဖြစ်၏။
“နောက်ဆုံးတော့ တွေ့ရတော့မယ်” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်၏။ ရုပ်ထု နဖူးဆီ လျှောက်လှမ်းသွားလိုက်သည်။
သူက ခုခံမှုနှင့် မတွေ့ကြုံခဲ့ရပေ။ သူက ရုပ်ထု၏ နဖူးထဲ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့၏။ ထို့နောက် သူ့မြင်ကွင်းက မှောင်ရာမှ လင်းလာသည်။ သူက အကာအရံတစ်ခုကို ကျော်ဖြတ်လာသကဲ့သို့ ဖြစ်၏။
ဤသည်က အန္တရာယ် မရှိပေ။ သူက စွမ်းအားလှိုင်းတချို့ ချဉ်းကပ်လာသည်ကို ခံစားမိ၏။ ထိုအရာက သူ့ဇစ်မြစ်ကို အတည်ပြုဖို့ ကြိုးစားနေဟန်ပေါ်သည်။ ထိုအရာက သူ့ကို ဖြတ်တိုက်သွားပြီး တစ်စုံတစ်ခုကို အတည်ပြုကာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။
“ခင်ဗျားကလည်း ကျုပ်ကို စောင့်နေတာလား” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။ သူက ဘေးပတ်လည်ကို ကြည့်ပြီးသည့်နောက်တွင် တခြားကမ္ဘာထဲ ဝင်ရောက်သွားလေသည်။ ထိုကမ္ဘာက ပထမကမ္ဘာနှင့် အတူတူသာ ဖြစ်၏။
ထိုအရာက ဝမ်ပေါင်လဲ့အား မျက်မှောင်ကြုတ်သွားစေသည်။ သူက အပြိုအပျက်များနှင့်အတူ အဝေးတစ်နေရာတွင် ရှိနေသည့် ရင်းနှီးပြီးသား ရုပ်ထုကို မြင်လိုက်ရသည်။
သို့သော်လည်း ရုပ်ထု၏ မျက်နှာက အနည်းငယ် ပုံပေါ်လာခဲ့သည်။ မြေကြီးပေါ်တွင် အပြိုအပျက်များက တူညီနေဆဲ ဖြစ်သော်လည်း အမှန်တရားကမူ ရုတ်တရက် ကြည့်ပါက ကွဲပြားချက်ရှိနေသည်ကို မြင်ရလိမ့်မည်။
ပြောရမည်ဆိုလျှင် အချိန်ဆက်နွယ်မှုက အချိန်စတင်စဉ်နှင့် နီးကပ်လာသကဲ့သို့ ဖြစ်၏။
“နောက်ထပ် တစ်လွှာလား” ဝမ်ပေါင်လဲ့က အကြည့်ရုတ်သိမ်းကာ ရုပ်ထုဆီ လျှောက်လှမ်းသွားလိုက်၏။ သို့သော်လည်း သူက တက်လှမ်းလိုက်စဉ် အသံတစ်သံကို ကြားလိုက်ရသည်။
ထိုအသံက ခပ်ဝါးဝါးဖြစ်နေသည့်အတွက် ရှင်းရှင်းလင်းလင်းမကြားရပေ။ သို့သော်လည်း ထိုအရာ ပဲ့တင်ထွက်လာသည့်အခါ ဝမ်ပေါင်လဲ့၏ ထင်းယွိစည်းမျဉ်းဥပဒေသက မူမမှန်စွာ အသက်ဝင်လာသည်။
ဝမ်ပေါင်လဲ့၏ မျက်ဝန်းထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားလေ၏။
သူက နောက်ထပ် တစ်လှမ်း လှမ်းလိုက်စဉ် အသံများကို ပိုမိုကြားလာရသည်။ လူများစွာက တစ်ယောက်နှင့်တစ်ယောက် တီးတိုးရေရွတ်ပြီး ကြားသည့်သူတိုင်းက မသက်မသာဖြစ်စေသည်။ သို့သော်လည်း ဝမ်ပေါင်လဲ့က ထင်းယွိစည်းမျဉ်းဥပဒေသကို ကျွမ်းကျင်ထားပြီး ယခုအခါ အသံအားလုံး၏ ဇစ်မြစ် ဖြစ်နေပြီဖြစ်သည့်အတွက် လျစ်လျူရှုထားနိုင်၏။
ထို့ကြောင့် တတိယခြေလှမ်း၊ စတုတ္ထခြေလှမ်းနှင့် ပဉ္စမခြေလှမ်းတို့ကို လှမ်းလိုက်သည်။
သူ ဆဌမခြေလှမ်း လှမ်းလိုက်သည့်အခါ အမူအရာအနည်းငယ် ပြောင်းလဲသွားခဲ့၏။ အကြောင်းအရင်းကမူ သူ ကြားနေသည့်အသံက သက်ရှိများ၏ အသံ မဟုတ်ဘဲ သဘာဝ၏ အသံ ဖြစ်၏။ ထိုအရာက ငှက်များ၊ သားရဲများနှင့် ပိုးမွှားများ၏ အသံများပင် ပါဝင်နေသည်။ ထိုအရာက သက်ရှိအားလုံး၏ အသံ အတူတကွ ရောနှောနေပြီး လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်အောင် အားကောင်းသည့် စွမ်းအားမျိုးကို ဖန်တီးလာ၏။
ဝမ်ပေါင်လဲ့ကိုယ်တိုင်ပင် ထိုအရာနှင့် နေသားကျဖို့ အချိန်တချို့ လိုအပ်၏။ ထို့နောက် ထင်းယွိစည်းမျဉ်းဥပဒေသကို မှီခိုကာ သူက အသံကို ဖိနှိပ်ထားလိုက်သည်။ အချိန်ကြာရှည်လာသည့်အခါ သူက သတ္တမမြောက် ခြေလှမ်းကို လှမ်းလိုက်၏။
သူက သတ္တမမြောက်ခြေလှမ်းကို လှမ်းလိုက်သည့်အချိန် ရုပ်ထု၏ နဖူးရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ အမူအရာက ထပ်မံ ပြောင်းလဲသွားခဲ့သည်။
အကြောင်းအရင်းကမူ အသံများက ယခင်နှင့် ကွဲပြားသွား၍ ဖြစ်သည်။
သူတို့ကို ဖိနှိပ်ထား၍ မရတော့ဘဲ အသံများက အတူတကွပေါင်းစည်းကာ သူတို့၏ နဂိုသဘာဝသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ဖြစ်သည်။ သူတို့က လူတစ်ယောက်၏ တီးတိုးရေရွတ်သံများနှင့် တူ၏။ ထိုလူက မရပ်မနားပြော နေဟန်ပေါ်သော်လည်း ဝမ်ပေါင်လဲ့က ရှင်းရှင်းလင်းလင်း မကြားရပေ။ သို့သော်လည်း ထင်းယွိစည်းမျဉ်းဥပဒေသက သူ့အား ပြောဆိုနေသည့်လူက အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း ခံစားခွင့်ပြုထား၏။
အမျိုးသမီး၏ အသံက သက်ရှိအားလုံးကို လွှမ်းခြုံထားပြီး သက်ရှိအားလုံး၏ အသံက အတူတကွ ပေါင်းစည်းနေသကဲ့သို့ ဖြစ်သည်။
တစ်ချိန်တည်းဆိုသလို အသံထဲတွင် အဆုံးမဲ့စွမ်းအားတို့ ကိန်းအောင်းနေဟန်ပေါ်၏။ ထိုအရာက ပဲ့တင်ထွက်လာသည့်အခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က တုန်ယင်လာသည်။ သူ့သွေးသားခန္ဓာကိုယ်က စတင်ပြိုလဲလာသကဲ့သို့ ဖြစ်၏။
ထင်းယွိစည်းမျဉ်းဥပဒေသ၏ ဖိနှိပ်မှုက သက်ရောက်မှုကို လျှော့ချနိုင်ရုံမျှသာ ဖြစ်သည်။
ဤသို့သော အရေးကြီးသည့် အခိုက်အတန့်မျိုး၌ ဝမ်ပေါင်လဲ့၏ မျက်ဝန်းက တောက်ပသွား၏။ သူ့ချီနှင့် သွေးတို့က ထွက်ပေါ်လာကာ ထိုအမျိုးသမီး၏ အသံကို ခေတ္တမျှ ယာယီဖိနှိပ်ထားလိုက်သည်။
ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်က ဖျတ်ခနဲပျောက်ကွယ်သွားပြီး ရုပ်ထု၏ နဖူးထဲ ဝင်ရောက်လိုက်သည်။ သူ ပေါင်းစည်းလိုက်သည့် နေရာများ၌ အဟန့်အတားဟူ၍ မရှိပေ။ သူ ထိုသို့လုပ်လိုက်သည့်အခါ အသံအားလုံးက ပျောက်ကွယ်သွားလေ၏။ အရာအားလုံးက တစ်ဖန် တိတ်ဆိတ်သွားသည်။ ထို့နောက် ဝမ်ပေါင်လဲ့ရှေ့တွင် ပေါ်ထွက်နေသည့်အရာက လှုပ်ရှားနေသည့်ပုံရိပ်များ ဖြစ်၏။
အရာအားလုံးက စမ်းသပ်ချက်တစ်ခုကလွဲ၍ ဘာမှမဟုတ်ပေ။ သူသာ ကျော်ဖြတ်နိုင်ပါက ဆုလာဘ်များ ချီးမြင့်ခံရလိမ့်မည်။
ထိုပုံရိပ်များက ဆုလာဘ် ဖြစ်၏။ ထိုအရာကို မြင်သည့်အခါ ဝမ်ပေါင်လဲ့၏ စိတ်ထဲ အံ့အားသင့်သွားခဲ့သည်။
သူက ထိုပုံရိပ်များကို ယခင်က မြင်တွေ့ခဲ့ဖူး၍ ဖြစ်၏။
ပထမပုံရိပ်က မရင်းနှီးသည့် ကြယ်တာရာကောင်းကင်ကြီးထဲ သင်္ဂြိုလ်နေသည့် မြင်ကွင်း ဖြစ်၏။
ထို့နောက် မြေကမ္ဘာတုန်လုမတတ် ပုံရိပ်ကြီးများက ကြယ်တာရာကောင်းကင်အနှံ့ ပျံ့နှံ့လာသည်။ တစ်ယောက်ချင်းစီက အင်မတန်အားကောင်းလှ၏။ ထိုအခိုက်အတန့်၌ အားလုံးက ထိုသင်္ဂြိုလ်နေသည့်နေရာထံ ဦးညွှတ်လာကြသည်။
ထိုနေရာက ဝမ်ပေါင်လဲ့၏ စိတ်ထဲ တုန်ယင်သွားစေ၏။ သူက ကြယ်တာရာကောင်းကင်ကြီးသည် ဤစကြဝဠာ မဟုတ်ကြောင်း သေချာနေသည်။
ဤသည်က စကြဝဠာ၏ အပြင်ဘက် တခြားစကြဝဠာတစ်ခု ဖြစ်၏။
ဝမ်ပေါင်လဲ့က ရေရွတ်ရင်းဖြင့် ဒုတိယမြင်ကွင်းကို ကြည့်လိုက်သည်။ ထိုမြင်ကွင်းထဲ၌ ကြယ်တာရာကောင်းကင်အလယ်တွင် အနက်ရောင်ခေါင်းတလားထဲ အလောင်းတစ်လောင်းကို မြှုပ်နှံထားလေ၏။
သူက ထိုအလောင်းကို မြင်ရသည့်အခါ သူ့ခန္ဓာကိုယ်က ထပ်မံ တုန်ယင်သွားပြန်သည်။ သူက အနက်ရောင်ခေါင်းတလားကို မြင်လိုက်ရသည့်အခါ သူ့ဝိညာဉ်က အပြင်းအထန် တုန်ယင်သွား၏။ ရှေ့တစ်ခုက သူနှင့်တူနေ၍ ဖြစ်သည်။ နောက်တစ်ခုကမူ သူ့အနက်ရောင်ခေါင်းတလားဖြစ်နေ၍ ဖြစ်သည်။
ခဏအကြာတွင် ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်းရှူကာ တတိယပုံရိပ်ကို ကြည့်လိုက်သည်။
ထိုပုံရိပ်ထဲတွင် အနက်ရောင်ခေါင်းတလားထဲ မြှုပ်နှံထားသည့် အလောင်းကို ကြယ်တာရာကောင်းကင်ထဲ စေလွှတ်လိုက်၏။ ထိုအရာက ထိုစကြဝဠာထဲ ဓလေ့တစ်ခုဖြစ်ဟန်ပေါ်သည်။ စွမ်းအားကြီးပုဂ္ဂိုလ်အားလုံးက စကြဝဠာ၏ အနက်ပိုင်းထဲ ခေါင်းတလားကို မြောလွင့်စေလိုက်သည်။ အချိန်ကြာလာသည့်အခါ ခေါင်းတလားက ကြယ်တာရာကောင်းကင်ကြီးကို ဖြတ်သန်းပြီး စကြဝဠာတစ်ခုပြီးတစ်ခု ဖြတ်သန်းကာ … နောက်ဆုံး၌ ဝမ်ပေါင်လဲ့နှင့် ရင်းနှီးသည့် စကြဝဠာသို့ ရောက်ရှိလာလေ၏။
ထိုအရာက ပြိုလဲကာ ခေါင်းတလားက စကြဝဠာ၏ အကာအရံအား အပေါက်ဖြစ်သွားစေကာ စကြဝဠာကြီးထဲ ရောက်ရှိလာသည်။
ထိုအရာက လွန်ခဲ့သည့်နှစ်များစွာခန့်က ပေါ်ထွက်လာခဲ့သည့် ပုံရိပ် ဖြစ်၏။ ထိုအခိုက်အတန့်၌ စကြဝဠာကြီးက သက်ရှိများ ရှိဟန်မပေါ်ပေ။ ကြယ်စင်များပင် မရှိသေးဘဲ ပူဖောင်းမျှသာ ရှိနေ၏။
ပူဖောင်းနှင့်တူသည်မှာ စကြဝဠာအလယ်တွင် ခေါင်းတလားကြီးက ဖြည်းဖြည်းချင်း ညှိုးနွမ်းခြောက်ကပ်သွားကာ အချိန်ကြာလာသည်နှင့်အမျှ အသွေးအသားတို့က ခေါင်းတလားနှင့် ပေါင်းစည်းသွားလေသည်။
ခေါင်းတလားကြီးက လွင့်မြောနိုင်သည့် စွမ်းရည် ဆုံးရှုံးသွားဟန်ပေါ်၏။ ထိုအရာက ပူဖောင်းနှင့်တူသည့် စကြဝဠာထဲ ရပ်တန့်သွားခဲ့သည်။ နှစ်များစွာကြာပြီးသည့်နောက်တွင် ခေါင်းတလားကြီးက စကြဝဠာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာလေသည်။ ထိုအရာက ခေါင်းတလားနှင့် အပြီးတိုင် ပေါင်းစည်းကာ ပျောက်ကွယ်သွားလေ၏။ တစ်ချိန်တည်းဆိုသလို ထိုအရာ ပျောက်ကွယ်သွားသည့်အခါ ပူဖောင်းနှင့်တူသည့် စကြဝဠာကြီးက ပထမဦးဆုံးဇစ်မြစ်ကို မွေးဖွားလာသည်။ ထိုအရာက သစ်သားတာအိုဇစ်မြစ် ဖြစ်၏။