← Chapters

အခန်း (၁၄၃၁)

Vol. 103 Ch. 1431

အခန်း (၁၄၃၁)

Vol. 103 Ch. 1431

ဤသည်က အာသီသစည်းမျဉ်းဥပဒေသ ဖြစ်၏။ ဝမ်ပေါင်လဲ့က မူလစကြဝဠာတာအိုနေရာထဲ ဝင်ရောက်ပြီးသည့်နောက်တွင် မျက်နှာချင်းဆိုင် ပထမဆုံးဖမ်းဆုပ်မိခဲ့သည့် လိုအင်ဆန္ဒအနေဖြင့် ထိုအရာအပေါ် နားလည်ထားမှုက လိုအင်ဆန္ဒ ၆ခုအနက် အနက်ရှိုင်းဆုံးဟု ဆိုရပေမည်။

ထင်းယွိစည်းမျဉ်းဥပဒေသဖြစ်စေ၊ ကျန့်ယွိစည်းမျဉ်းဥပဒေသဖြစ်စေ သို့မဟုတ် နောက်ဆုံးသော အလိုဆန္ဒစည်းမျဉ်းဥပဒေသ ဖြစ်စေ ဝမ်ပေါင်လဲ့ စိုက်ထုတ်ခဲ့ရသည့် အချိန်ကာလက တိုတောင်းလွန်းလှ၏။

အာသီသစည်းမျဉ်းဥပဒေသကသာ သူ့ပထမဦးဆုံး ထိတွေ့မိသည့်အရာ ဖြစ်လေသည်။ သူက အစားကြူးနတ်ဘုရားအဆင့် မရောက်ခင် ဖြည်းဖြည်းချင်း လမ်းထွန်းကာ လျှောက်လှမ်းခဲ့ရသည်။ ထို့ကြောင့် သူက ထိုအရာအပေါ် နက်နက်ရှိုင်းရှိုင်း နားလည်ထားလေ၏။

သူက အာသီသစည်းမျဉ်းဥပဒေသ၏ ဇစ်မြစ်သည် အစားအစာအတွက် လိုအင်ဆန္ဒဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိထားလေ၏။ ထိုဆန္ဒက ထုတ်လွှတ်လာသည့် အငွေ့အသက်တို့က အာသီသစည်းမျဉ်းဥပဒေသ၏ ကျင့်ကြံရေးအတွက် အကောင်းဆုံးအာဟာရ ဖြစ်ပေသည်။

နမူနာအနေဖြင့် အာသီသမြို့အတွင်း ဇူဇကာပွဲတော်က အစားကြူးနတ်ဘုရားများနှင့် အစားကြူးမြို့သခင်အတွက် ဖြစ်ကာ ကျင့်ကြံသူများ၏ အာသီသအရှိန်အဝါကို ခွဲဝေခြင်း ဖြစ်သည်။

ထိုအရာကို နားလည်ထားမှုအရ ဝမ်ပေါင်လဲ့၏ အသက်ရှူနှုန်းက မြန်ဆန်လာသော်လည်း သူ့အကြည့်တို့က ခိုင်မာနေဆဲ ဖြစ်၏။ လက်တွေ့၌ သူ့လက်ရှိကျင့်ကြံဆင့်ဖြင့် အနေအထားဖြင့် အာသီသစည်းမျဉ်းဥပဒေသက သူ့အပေါ်သက်ရောက်မှုရှိဖို့ မဖြစ်နိုင်ပေ။

အာသီသစည်းမျဉ်းဥပဒေသကို အမှန်တကယ် ပိုမိုအားကောင်းသွားစေသည့်အရာက လိုအင်ဆန္ဒများပေါင်းစည်းမှု ဖြစ်သည်။

ထိုအဆင့်က အာသီသစည်းမျဉ်းဥပဒေသနှင့် တူသော်လည်း မျက်စိနှင့် မြင်ရခြင်း၊ အနံ့နှင့် အစားအစာ ချက်ပြုတ်သံများတို့က အတူတကွ ပေါင်းစည်းသွားကာ အာသီသစည်းမျဉ်းဥပဒေသကို မယုံကြည်နိုင်လောက်ဖွယ် အနေအထားသို့ ရောက်ရှိသွားစေသည်။

ဝမ်ပေါင်လဲ့က လိုအင်ဆန္ဒ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသော်လည်း သက်ရောက်ခံနေရဆဲ ဖြစ်၏။

သက်ရောက်မှုအတွက်မူ အတားအဆီးတချို့တွေ့ဆုံပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က အတားအဆီးတချို့ တွေ့ကြုံပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က အဖြေရလာသည်။

“ဒါက လိုအင်ဆန္ဒနဲ့ အကျိုးအကြောင်း ဆင်ခြင်မှုကြားက တိုက်ပွဲပဲ” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။ သူ့လိုအင်ဆန္ဒ ၆ပါးက ပြီးပြည့်စုံကာ အလိုဆန္ဒအဖြစ် ပြောင်းလဲသွားခဲ့သော်လည်း အလိုဆန္ဒက သူ့အတွက် အရာအားလုံး မဟုတ်ပေ။ သေချာသည့်အနေအထားအရ သူသည် သူ့ကိုယ်ပိုင် အလိုဆန္ဒကို ထိန်းချုပ်နေဆဲသာ ဖြစ်၏။

ထိုအနေအထားက ဝမ်ပေါင်လဲ့၏ လိုအင်ဆန္ဒအား ပေါက်ကွဲထွက်လာစေပြီး သူ့အကျိုးအကြောင်းဆင်ခြင်စိတ်ကို ဖိနှိပ်ထားလေ၏။ ထိုအရာက ဝမ်ပေါင်လဲ့အား အလိုဆန္ဒကြောင့် ထိန်းချုပ်ခံရကာ အကျိုးအကြောင်းဆင်ခြင်စိတ်ကို ပျောက်ဆုံးလုနီးပါး ဖြစ်သွားစေသည်။

ဤသည်က သူ ခွင့်မပြုနိုင်သည့်အရာတစ်ခု ဖြစ်၏။

ဝမ်ပေါင်လဲ့ နားလည်နိုင်မှုအရ အလိုဆန္ဒသည် ကမ္ဘာဦးသားရဲကြီးတစ်ကောင်နှင့် တူသည်။ အကျိုးအကြောင်းဆင်ခြင်စိတ်ကမူ ထိုသားရဲကို ပိတ်လှောင်ထားသည့် လှောင်ချိုင့်သဖွယ် ဖြစ်၏။ ထိုလှောင်ချိုင့်ကို ဖွင့်လိုက်သည်နှင့် သူ့ကိုယ်သူ ဆုံးရှုံးသွားရလိမ့်မည်။ နမူနာအနေဖြင့် ထိုအခိုက်အတန့်၌ အာသီသစည်းမျဉ်းဥပဒေ ပေါက်ထွက်လာပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့ ခန္ဓာကိုယ်ထဲရှိ လှောင်ချိုင့်က စတင်လှုပ်ခတ်လာသည်။ သို့သော်လည်း သူက သာမန်လူတစ်ယောက် မဟုတ်ပေ။ ပြည်ထောင်စုကြီးထဲမှ အတွေ့အကြုံများဖြစ်စေ သို့မဟုတ် ကျောက်ပြားကမ္ဘာထဲမှ မြင်ကွင်းများဖြစ်စေ ဝမ်ပေါင်လဲ့၏ လုံ့လက သူ့ခရီးလမ်းတစ်လျှောက် မှတ်ကျောက် ဆိုနိုင်ပေ၏။

သူက တခြားသူများကို ရက်စက်သော်လည်း သူ့ကိုယ်သူ ပိုမိုရက်စက်တတ်သည်။

ဤသည်က သူ့အကျင့်စရိုက်သာ ဖြစ်၏။ ထို့ကြောင့် ထိုအခိုက်အတန့်လေး၌ သူ့မျက်ဝန်းအထက် အေးစက်စက်အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။ သူက ညာဖက်လက်ကို မြှောက်ပြီး ယခင်အနေအထားကဲ့သို့ သူ့မျက်ခုံးကြားကို အသာထိုးဖောက်လိုက်သည်။

သို့သော်လည်း ထိုသွေးကြောင်းက နက်ရှိုင်းလွန်းလှပြီး သူ့ဦးခေါင်းထဲ ထိုးစိုက်သွားသကဲ့သို့ ဖြစ်သည်။ ကုတ်ခြစ်သံများကိုပင် ကြားနေရပြီး လူများ၏ ဆံပင်ကိုပင် ထောင်မတ်သွားစေနိုင်လောက်၏။

အထိအတွေ့စည်းမျဉ်းဥပဒေသ၏ အားဖြည့်မှုဖြင့် နာကျင်မှုက ပိုမိုပြင်းထန်လာသည်။ ဝမ်ပေါင်လဲ့က တစ်လှမ်းချင်းစီ ဆက်လက်လျှောက်လှမ်းသွား၏။

သူ့ရှေ့တွင် ရှိနေသည့် အစားအစာအားလုံးက ဆွဲဆောင်မှု ဆုံးရှုံးသွားလေသည်။ အစားအစာက မည်မျှပင် ကောင်းမွန်နေစေကာမူ ရနံ့က မည်မျှပင် သင်းပျံ့နေစေကာမူ ထိုနာကျင်မှုအောက်တွင် အရာအားလုံးက သက်ရောက်မှု ဆုံးရှုံးသွားလေ၏။

 ဝမ်ပေါင်လဲ့၏ အမူအရာက ပိုမိုတည်ငြိမ်လာကာ စတုတ္ထခြေလှမ်း၊ ပဉ္စမခြေလှမ်း၊ ဆဌမခြေလှမ်းကို လှမ်းလိုက်သည်။ သတ္တမမြောက်ခြေလှမ်းကို လှမ်းတော့မည့်ဆဲဆဲတွင် ဝမ်ပေါင်လဲ့က ပြင်ဆင်ထား၏။ သူက ခေါင်းကို မော့လိုက်သည့်အချိန်  ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

ဤသည်က ယခင်အဆင့်တွင် ပေါ်ထွက်လာခဲ့သည့် ထီးတစ်လက်နှင့် အမျိုးသမီး ဖြစ်ပေသည်။

အာသီသစည်းမျဉ်းဥပဒေသက ယခင်ထက် ပိုမိုအားကောင်းလာပြီး ဝမ်ပေါင်လဲ့၏ မျက်ဝန်းများအား နီရဲလာစေသည်။ သူက သူ့ရှေ့တွင်ရှိနေသည့် အမျိုးသမီးကို စားပစ်လို၏။

“ဒါက စတုတ္ထအဆင့်ပဲ ရှိသေးတယ်။ ဒါက ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်လောက်တဲ့ အနေအထားတောင် ရောက်နေပြီပဲ။ အဲဒါဆိုရင် ငါးဆင့်မြောက် အထိအတွေ့လိုအင်ဆန္ဒနဲ့ ၆ဆင့်မြောက် အလိုဆန္ဒမှာဆိုရင် ဘယ်လိုလုပ်မလဲ”

ဝမ်ပေါင်လဲ့က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်ထဲမှ ရူးသွပ်မှုကို ဖိနှိပ်လိုက်နိုင်သည်။ သူက ခြေတစ်လှမ်းချင်းစီဖြင့် ထိုရုပ်ထုဆီ ဦးတည်လိုက်သည်။

သူက ထိုသို့လုပ်နေရင်း သူ့ယခင်မြင်ကွင်းအားလုံးက ပျောက်ကွယ်သွားကာ သူ မျှော်လင့်နေခဲ့သည့် နတ်ဧကရာဇ်၏ မှတ်ဉာဏ်များ ပေါ်ထွက်လာသည်။

ထိုပုံရိပ်က ယခင် မြင်ခဲ့သည့်အရာနှင့် ဆက်နွယ်နေဟန်ပေါ်၏။

ကောင်းကင်စမ်းသပ်ချက်ကို မျှားခေါ်ဖို့ တွေးနေသည့် နတ်ဧကရာဇ်က လိုအပ်သည့် ပြင်ဆင်မှုများကို ပြုလုပ်ပြီး ကောင်းကင်စမ်းသပ်ချက်ကို ရင်ဆိုင်ခဲ့သည်။

ထိုပုံရိပ်ထဲတွင် ကောင်းကင်တစ်ခုလုံးက လှုပ်ခတ်လာသည်။ မူလစကြဝဠာတာအို၏ ကောင်းကင်ယံက ဧရာမဝဲကတော့ကြီးအသွင် ပြောင်းလဲသွားကာ ထိုဝဲကတော့ကြီးမှ ပေါက်ထွက်လာသည့် အရှိန်အဝါက စကြဝဠာများကိုပင်လှုပ်ခတ်သွားစေသည်။

သိပ်မကြာခင် အနက်ရောင်သစ်သားပြားကြီးက ဖြည်းဖြည်းချင်း ပေါ်ထွက်လာလေ၏။ ထိုအရာက ရှေးကျသည့် အငွေ့အသက်တို့ ထုတ်လွှတ်ကာ မူလစကြဝဠာတာအိုနေရာဆီ ဆင်းသက်လာသည်။

ထိုအရာ ဆင်းသက်လာသည်နှင့် အနက်ရောင်သစ်သားပြားက ဖြည်းဖြည်းချင်း ကျုံ့သွားလေသည်။ မူလစကြဝဠာတာအိုနေရာထဲ ထိုးဖောက်လာသည့်အခါ အနက်ရောင်ဆူးချွန်အဖြစ် ပြောင်းလဲသွားပြီး အဆုံးမဲ့စွမ်းအားကို သယ်ဆောင်ကာ တောင်တစ်လုံးပေါ် တင်ပျဉ်ခွေ ထိုင်နေသည့် ပုံရိပ်ဆီ ဦးတည်သွားခဲ့သည်။

ထိုပုံရိပ်က ဆံပင်ရှည်ရှည်ရှိပြီး ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။ သူ့အကြည့်များက နက်ရှိုင်းနေကာ သူ့သွင်ပြင်က ဝမ်ပေါင်လဲ့နှင့် တစ်ပုံစံတည်း တူညီနေသည်။

သို့သော်လည်း သူ့အမူအရာက ဘာမှဂရုမစိုက်သကဲ့သို့ ပိုမိုအေးစက်နေ၏။ သူက ရောက်ရှိလာသည့် သစ်သားဆူးချွန်ကိုသာ ကြည့်နေရင်း သူ့မျက်ဝန်းအထက် စိတ်ခံစားချက် လှိုင်းတွန့်တချို့ ထသွားလေ၏။

ပြင်းထန်သည့် လိုအင်ဆန္ဒက အထွတ်အထိပ်သို့ ရောက်ရှိလာကာ မျှော်လင့်စောင့်စားမှုတို့ပါ ကိန်းအောင်းလာသည်။

သူသည် ထိုအခိုက်အတန့်ကို အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရကြောင်း သိသာလှ၏။ တကယ်တော့ ထိုအရာကို ရယူဖို့ရာအတွက် နတ်ဧကရာဇ်က တင်ပျဉ်ခွေထိုင်ရင်း ကောင်းကင်ကို မျက်နှာမူကာ အော်ဟစ်လိုက်သည်။

နောက်အခိုက်အတန့်လေး၌ မျက်စိစူးဖွယ် အလင်းတန်းတစ်ခု ကျရောက်လာလေ၏။ အနက်ရောင်ဆူးချွန်က နတ်ဧကရာဇ်ရှေ့ ပေါ်ထွက်လာသည်။ ထိုအရာက သူ့မျက်ခုံးအလယ်ထိရောက်ပြီး သူ့အရေပြားကို ထိုးစိုက်ကာ ဝင်ရောက်သွားသည်။

သို့သော်လည်း နတ်ဧကရာဇ်၏ ကျင့်ကြံဆင့်က ပေါက်ထွက်လာပြီး အနက်ရောင်ဆူးချွန်အား အပြည့်အဝ မထိုးဖောက်နိုင်အောင် တားဆီးထားသည်။

ထိုအရာက ၇၀ ရာခိုင်နှုန်းအထိသာ ထိုးဖောက်နိုင်ခဲ့သည်။

၇၀ရာခိုင်နှုန်းမျှဖြစ်သော်လည်း အရှိန်အဝါ ပေါက်ထွက်လာမှုက နတ်ဧကရာဇ်အား သွေးအန်သွားစေသည်။ သူ့ခန္ဓာကိုယ်က မြေကြီးအပေါ် လဲကျသွားပြီး မူလစကြဝဠာတာအိုနေရာတစ်ခုလုံးက ပြိုလဲသွားသကဲ့သို့ တုန်ခါသွားလေသည်။

မြေကြီးအောက်ထဲတွင် နတ်ဧကရာဇ်၏ ခန္ဓာကိုယ်အထက် အက်ကြောင်းများ ပေါ်ထွက်လာလေ၏။ သူတို့က ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားကာ အပိုင်းပိုင်းအစစ ကွဲထွက်သွားသလို ဖြစ်လာသည်။ သို့သော်လည်း နတ်ဧကရာဇ်က ကောင်းမွန်စွာ ပြင်ဆင်ထား၏။ သူ လဲကျသွားသည့်အခိုက်အတန့်တွင် အရှိန်အဝါအားလုံးက စုဝေးလာသည်။ သူတို့က စစ်သူကြီးများဖြစ်ပြီး သူတို့က သူ့အား အသက်ရှင်ဖို့ အခွင့်အရေး ပေးလာခဲ့သည်။ သူတို့က နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ကို အလျင်အမြန် ကုစားပေးနေသည်။

“အခု ပေါင်းစည်းဖို့ရာ အချိန်ပဲ။ ပေါင်းစည်းမှုပြီး မြောက်သွားတာနဲ့ ငါ့ရဲ့ မှတ်ဉာဏ်တွေအားလုံး ပြန်ရလာလိမ့်မယ်။ ငါက ဘယ်သူလဲ၊ တာဝန်က ဘာလဲဆိုတာကို အမှတ်ရလာလိမ့်မယ်” နတ်ဧကရာဇ်က မြေအောက်ထဲတွင် တင်ပျဉ်ခွေ ထိုင်နေရင်း တီးတိုးရေရွတ်ကာ မျက်လုံးမှိတ်ထားလိုက်သည်။

ဤသို့ဖြင့် မှတ်ဉာဏ်ပုံရိပ်များက အဆုံးသတ်သွားလေ၏။ မှတ်ဉာဏ်များက အပိုင်းပိုင်းအစစ ကွဲကြေကာ ဝမ်ပေါင်လဲ့ မြင်ကွင်းရှေ့ လွင့်စင်သွားသည်။

သူက ထိုအပိုင်းအစများကို ကြည့်နေရင်း ဝမ်ပေါင်လဲ့၏ အတွေးတို့က ပိုမိုအရိုင်းဆန်လာသည်။ သူက လိုအင်ဆန္ဒအဆင့် ၆ခုလုံးကို ကျော်ဖြတ်ပြီး သူ့တကယ့်ခန္ဓာကို မြင်သည့်အချိန် နတ်ဧကရာဇ်က ဘာပြောမလဲ သိချင်လာမိသည်။

နတ်ဧကရာဇ်၏ အစီအစဉ်ထဲတွင် ထင်မှတ်မထားသည့်အရာဖြစ်လာမှန်း သိသာလှသည်။

“ဒီစကြဝဠာရဲ့ ထူးခြားမှု” ဝမ်ပေါင်လဲ့က တွေးလိုက်သည်။ သူက မသေမျိုး၏ အမွေအနှစ်အကြောင်းကို ရုတ်ချည်း တွေးမိသွား၏။

All Chapters