← Chapters

အမှောင် မသေမျိုးစမ်းသပ်ချက်လား

Vol. 103 Ch. 1432

အမှောင် မသေမျိုးစမ်းသပ်ချက်လား

Vol. 103 Ch. 1432

မသေမျိုးတာအိုက ထူးကဲသည့် တာအိုတစ်မျိုး ဖြစ်၏။ တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့အနေနှင့် သဟဇာတမဖြစ်သည့် အကြောင်းအရင်းလည်း ရှိနေသည်။ ထိုအကြောင်းအရင်းကြောင့် နတ်ဧကရာဇ်ဘက်တွင်လည်း အပြောင်းအလဲကြီး ဖြစ်လာခြင်း ဖြစ်သည်။

ပြောရမည်ဆိုလျှင် ထိုမသေမျိုး ကျင့်ကြံသူသာ မတည်ရှိပါက ဝမ်ပေါင်လဲ့သည် ဝမ်ပေါင်လဲ့ ဖြစ်နေမည် မဟုတ်ဘဲ တခြားသော နတ်ဧကရာဇ်၏ အသိစိတ်မှ ခွဲထွက်သွားသည့် ၉၉၉၉ ထဲတွင် ပါဝင်နေလိမ့်မည်။ သူက ဖြည်းဖြည်းချင်း နတ်ဧကရာဇ်ဆီ ပြန်လည်ရောက်ရှိသွားလိမ့်မည်။ နတ်ဧကရာဇ်ကလည်း သူ လိုချင်သည့် တစ်ခုလုံးကို ရရှိသွားလိမ့်မည်။

သို့သော်လည်း ထိုမသေမျိုးကျင့်ကြံသူက ပေါ်ထွက်လာခဲ့၏။

ထိုအရာက ဝမ်ပေါင်လဲ့အား ဖြစ်ရပ်များကို အပြောင်းအလဲဖြစ်သွားစေသည်။ သေချာပြန်ကြည့်ပါက ကူနှင့် လော့တို့သည် နတ်ဧကရာဇ်၏ သစ်သားစမ်းသပ်ချက်ကို အခွင့်ကောင်းယူကာ မူလစကြဝဠာတာအိုနေရာမှ ထွက်ပြေးခြင်း ဖြစ်၏။ ပြောရမည်ဆိုလျှင် လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုက သူတို့ကို ဆွဲခေါ်လိုက်ခြင်း ဖြစ်သည်။

မဟုတ်ပါက လော့နှင့်ကူတို့က မူလစကြဝဠာတာအိုနေရာမှ ထွက်လာပြီးသည့်နောက် မသေမျိုးကျင့်ကြံသူ၏ အမွေအနှစ်နှင့် မည်သို့ကြုံတွေ့နိုင်မည်နည်း။ လော့နှင့်ကူတို့က တိုက်ခိုက်ခြင်းကလည်း ထိုအကြောင်းအရာကြောင့်သာ ဖြစ်၏။

ထို့ကြောင့် ကူ၏ ပုန်းအောင်းမှု၊ လော့၏ ညာဖက်လက်မှ ဖွဲ့စည်းထားသည့် စည်းတံဆိပ်နှင့် လော့၏ မူလစကြဝဠာတာအိုနေရာထဲ ဝင်ရောက်ပြီး ဧကရာဇ်ဆီ စိန်ခေါ်မှုတို့က ဆက်နွယ်နေသည်။

ထိုအရာအားလုံး၏ ဇစ်မြစ်က မသေမျိုးကျင့်ကြံသူ၏ အမွေအနှစ်နှင့် ပတ်သက်နေလေ၏။

ဝမ်ပေါင်လဲ့က တူညီသည့်အရာကို တွေးနေမိသည်။ သူက နတ်ဧကရာဇ်၏ မှတ်ဉာဏ်များမှ ပုံရိပ်များကို မြင်သည့်အခါ ဖြစ်၏။ စကြဝဠာကြီး စတင်ကတည်းက ထူးကဲနေခဲ့ဖူးသည်။ ထိုအရာက ခေါင်းတလားနှင့် အတင်းအကြပ် ပေါင်းစည်းပြီး သစ်သားတာအိုဇစ်မြစ်အဖြစ် ပြောင်းလဲခဲ့၏။

အကယ်၍ ထိုအရာက နတ်ဧကရာဇ်၏ ယခင်ဘဝမှ ပြန်လည်ရှင်သန်ရေးအစီအစဉ်ကို ပြန်လည်စွက်ဖက်ခဲ့လေသည်။ ထို့ကြောင့် နတ်ဧကရာဇ်သည် ရွေးချယ်စရာ မရှိပေ။ ဤနေရာ၌ ကျန်ရှိနေရခြင်း ဖြစ်၏။

ဝမ်ပေါင်လဲ့၏ စိတ်နှလုံးသားက တုန်ယင်သွားကာ အတွေးများဖြင့် ပြည့်နှက်လာသည်။

ဒီစကြဝဠာကြီးက အစကတည်းက ထူးကဲနေတဲ့ အကြောင်းအရင်းတော့ ရှိရမယ်။ ဒီစကြဝဠာကြီးက မသေမျိုးကျင့်ကြံသူကို မွေးဖွားပေးခဲ့တာလား…

သူက ထိုနည်းဖြင့် ရှင်းပြမည်ဆိုပါက အရာအားလုံးက အဓိပ္ပာယ်ရှိနေဟန်ပေါ်သည်။

ဤစကြဝဠာကြီး၏ ထူးကဲမှုက မသေမျိုးကျင့်ကြံသူ၏ မွေးဖွားမှုမှ သေဆုံးမှုအထိ ဖြစ်လာခြင်းဖြ စ်သည်။

မသေမျိုးကျင့်ကြံသူ၏ တာအိုက ထူးကဲသည့်တာအို ဖြစ်ပြီး ဤနေရာတွင် မွေးဖွားဖို့ ကံကြမ္မာဖန်လာခဲ့သည်။

ထို့ကြောင့် နတ်ဧကရာဇ်၏ ယခင်ဘဝအစီအစဉ်ကပင် ဤနေရာ၌ ကျရှုံးသွားခြင်း ဖြစ်၏။

ဝမ်ပေါင်လဲ့က ဆက်လက် တွေးတောနေရင်း နတ်ဧကရာဇ်တွေ့ကြုံခဲ့သည့် ကောင်းကင်စမ်းသပ်ချက်သည် သစ်သားစမ်းသပ်ချက် မဟုတ်ကြောင်း ခံစားမိလိုက်သည်။

အဲဒါဆိုတော့ ဒါက လျှို့ဝှက် မသေမျိုး စမ်းသပ်ချက်လား…

ဝမ်ပေါင်လဲ့က တိတ်ဆိတ်သွားမိ၏။ သူက အလျင်လိုနေခြင်း မရှိပေ။ ပြောရမည်ဆိုလျှင် အမှန်တရားက မကြာခင် ထွက်ပေါ်လာတော့မည်ဖြစ်၏။ ထိုအဖြေအားလုံး သူနှင့် အပြည့်အဝ မသက်ဆိုင်ခင် ကြာရှည်တော့မည် မဟုတ်ပေ။

အကြောင်းအရင်းကမူ ဝမ်ပေါင်လဲ့သည် မော့ကြည့်လိုက်ပြီး သူ့ရှေ့တွင် ထပ်မံ ပေါ်ထွက်လာသည့် ပထမကမ္ဘာကို တည်တည်ငြိမ်ငြိမ်သာ ကြည့်လိုက်သည်။ လမ်းတစ်လျှောက်၌ ကမ္ဘာ့အလွှာများစွာက ရုရှားထပ်ဆင့် အရုပ်များနှင့် တူလေသည်။ ဝမ်ပေါင်လဲ့က ထိုအရာကို နေသားကျနေပြီ ဖြစ်၏။ သူ့အာရုံကို ဖမ်းစားနိုင်သည့် တစ်ခုတည်းသောအရာက ဤအလွှာရှိ အပြိုအပျက်များ၏ ပြောင်းလဲမှု ဖြစ်ပေသည်။

အချိန်အပြောင်းအလဲကြောင့် ဝမ်ပေါင်လဲ့ရှေ့တွင် ပေါ်ထွက်လာသည့် ကမ္ဘာကြီးသည်  အပြိုအပျက်နှင့် ပြောင်းလဲကာစနှင့် တူ၏။ သူက အဝေးတစ်နေရာတွင် မီးခိုးများထွက်နေသည်ကို မြင်တွေ့ခဲ့ရသည်။

ထို့အပြင် သက်ရှိ၏ အရိပ်အယောင်များက ယခင်ထက်ပိုမို သိသာလာခဲ့၏။ ဝမ်ပေါင်လဲ့သာ သေချာဂရုတစိုက်ကြည့်ပါက သက်ရှိများကို တွေ့နိုင်လိမ့်မည်။

ထိုသက်ရှိများက ကာလံဒေသံ အက်ရာများထဲ အသက်ရှင်သန်နေလေ၏။

သို့သော် ထိုအရာများက ဝမ်ပေါင်လဲ့အတွက် အရေးမကြီးပေ။ ထိုအခိုက်အတန့်၌ သူသည် အပြည့်အဝ အာရုံစိုက်ထားလိုက်သည်။ သူက ကျင့်ကြံဆင့်ကို လှည့်ပတ်ရင်းဖြင့် ရင်းနှီးပြီးသား ရုပ်ထုဆီ ဦးတည်လိုက်သည်။

သူက သတိကြီးကြီးထားထားလေ၏။ ယခင်လေးလွှာကြောင့် လိုအင်ဆန္ဒများက ယခင်တစ်ချိန်ထက် ပိုမိုပြင်းထန်လာလေသည်။ ဝမ်ပေါင်လဲ့က သေချာဂရုမစိုက်ပါက ဤနေရာ၌ အဆုံးသတ်သွားနိုင်ကြောင်း သိထားလေ၏။

အထူးသဖြင့် သူက ဤတစ်ကြိမ် ရင်ဆိုင်ရမည့် လိုအင်ဆန္ဒက အထိအတွေ့ လိုအင်ဆန္ဒ ဖြစ်နေသည့်အခါတွင် ဖြစ်သည်။

ထိုအကြောင်းအရင်းကြောင့် ယခင် နာကျင်မှုကို အသုံးပြု၍ တခြားသောလိုအင်ဆန္ဒများကို ဖယ်ရှားသည့် အပြုအမူက အလုပ်ဖြစ်မည် မဟုတ်ပေ။

ဝမ်ပေါင်လဲ့က ပထမ ခြေလှမ်းလှမ်းလိုက်သည်နှင့် နွေလေပြေတစ်ချက် တိုက်ခိုက်သွားသလို ခံစားမိလိုက်သည်။ သူ့အရေပြားတို့က တစ်နည်းနည်းဖြင့် အေးမြသွားလေ၏။

ထိုအေးမြသည့် ခံစားချက်က သူ့စိတ်နှလုံးသားကို တုန်ယင်လာစေသည်။ ဝမ်ပေါင်လဲ့၏ အကြည့်များကလည်း တောက်ပလာလေ၏။ သူ့ကိုယ်ထဲတွင်ရှိနေသည့် အထိအတွေ့စည်းမျဉ်းဥပဒေသက ထိုခံစားချက်ကို ဖယ်ရှားပေးနေသည်။

“ပထမခြေလှမ်းပဲ ရှိသေးတယ်။ အထိအတွေ့စည်းမျဉ်းဥပဒေသက အထိအတွေ့မြို့သခင်နဲ့တောင် ယှဉ်လို့ရနေပြီပဲ” ဝမ်ပေါင်လဲ့၏ အမူအရာက ပျက်ယွင်းသွားခဲ့၏။ ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် သူက ဒုတိယခြေလှမ်းကို လှမ်းလိုက်သည်။

ထိုခြေလှမ်း လှမ်းလိုက်သည့်အချိန် လေပြေထဲ အရာတချို့ ပေါင်းထည့်လိုက်ဟန်ပေါ်သည်။ ထိုအရာက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထံ ကျရောက်လာပြီး လက်ဖြင့် ပွတ်သပ်နေသလိုမျိုး ဖြစ်၏။

ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က တုန်ယင်သွားလေသည်။ ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် သူက အေးစက်စက် ချောင်းဟန့်ပြီးသည့်နောက်တွင် ဆက်လက် လျှောက်လှမ်းလိုက်၏။

သိပ်မကြာခင် တတိယခြေလှမ်း လှမ်းလိုက်သည့်အခါ အမျိုးသမီးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။ စတုတ္ထခြေလှမ်း၌မူ သူမခန္ဓာကိုယ်၏ ရနံ့တို့ ထုတ်လွှတ်လာခဲ့၏။ သူမ ခြေလှမ်းတွင်မူ ပြင်းထန်သည့် အာသီသတို့ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ဆဌမမြောက်ခြေလှမ်းတွင် အားလုံးက စုဝေးသွားကာ ဝမ်ပေါင်လဲ့အနားတွင် ထီးကိုင်ထားသည့် အမျိုးသမီးက ပေါ်ထွက်လာသည်။ သူမက လက်မြှောက်ကာ သူ့လည်ပင်းကို အသာပွတ်လာခဲ့သည်။

ထိုလိုအင်ဆန္ဒငါးခု၏ ပေါင်းစည်းမှုက ယခင်အဆင့်များထက် သာလွန်နေ၏။

ဝမ်ပေါင်လဲ့၏ အကြည့်က ဆဌမမြောက်ခြေလှမ်းကို လှမ်းရင်း ဂယက်ရိုက်နေမိသည်။ သူ့အသက်ရှူနှုန်းက နှေးကွေးလာပြီး မျက်ဝန်းများက သွေးဆာနေသည်။

သို့သော်လည်း သူ့နှလုံးခုန်နှုန်းက တည်ငြိမ်နေဆဲသာ ဖြစ်၏။

အကြောင်းအရင်းကမူ ဝမ်ပေါင်လဲ့က ထိုအနေအထားကို ဝင်ရောက်လျက် ချိုးဖောက်မည့်အတွေးကို တွေးထားပြီးသား ဖြစ်၍ ဖြစ်သည်။

သဘောတရားက နဂိုနှင့် အတူတူသာ ဖြစ်၏။ သူက လိုအင်ဆန္ဒကို အသုံးပြုကာ လိုအင်ဆန္ဒကို ဖိနှိပ်လိုက်ခြင်း ဖြစ်သည်။ နမူနာအနေဖြင့် ထိုအခိုက်အတန့်၌ အလိုဆန္ဒစည်းမျဉ်းဥပဒေသက ပေါ်ထွက်လာခဲ့သည်။

၆ခုမြောက် လိုအင်ဆန္ဒက အခြေခံကျဆုံးနှင့် သက်ရှိအားလုံးအတွက် အရေးပါဆုံး လိုအင်ဆန္ဒတစ်ခုဟု ဆိုနိုင်ပေသည်။ ထိုအရာက ပုံရိပ်ယောင်နဲ့ အဆုံးစွန်မဲ့တည်ရှိပြီး ခွဲထုတ်မရနိုင်ပေ။ ထိုအရာ ဖြစ်တည်လာသည့်အခါ အဆုံးစွန်အထိ ကျရောက်သွားလေ၏။

ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့ကိုယ်ထဲ ပေါက်ထွက်လာကာ သူ့အမူအရာကို ပျက်ယွင်းသွားစေသည်။ ထို့နောက် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ပြင်းထန်သည့် အလိုဆန္ဒတို့ ထွက်ပေါ်လာလေ၏။

အားကောင်းသည့် အလိုဆန္ဒနှင့် ရင်ဆိုင်ရသည့်အခါ အထိအတွေ့အာရုံက ဘာမှမဟုတ်တော့ပေ။ နမူနာအနေဖြင့် ရည်ရွယ်ချက်ကြီးမားသည့် လူတစ်ယောက်က ထိုရည်မှန်းချက်အတွက် တခြားသော လိုအင်ဆန္ဒအားလုံးကို ဖိနှိပ်ထားစွမ်းရှိ၏။

ယခုတွင် ဝမ်ပေါင်လဲ့က ထိုနည်းလမ်းအပေါ် မှီခိုထားခြင်း ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း ထိုအမျိုးသမီး၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားခဲ့၏။ သူမ၏ မွှေးရနံ့တို့ကလည်း ပျောက်ကွယ်သွားကာ ရယ်သံတို့ကလည်း ပျောက်ကွယ်သွားလေသည်။ ထို့နောက် အထိအတွေ့ ခံစားချက်တို့ကလည်း ပျောက်ကွယ်သွားလေ၏။ အရာအားလုံးကို ဖိနှိပ်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က သတ္တမမြောက် ခြေလှမ်း လှမ်းလိုက်သည်။

ဝမ်ပေါင်လဲ့က သတ္တမမြောက်ခြေလှမ်းကို လှမ်းလိုက်သည့်အချိန် နေရာဝန်းကျင်တွင်ရှိနေသည့် တခြားသော လိုအင်ဆန္ဒများကလည်း စတင် ထွက်ပေါ်လာလေ၏။ သို့သော်လည်း အလိုဆန္ဒစည်းမျဉ်းဥပဒေသ လွှမ်းမိုးမှုအောက်တွင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများက ပိုမိုသွေးဆာလာပြီး ရုတ်တရက် အော်ဟစ်လိုက်သည်။

“ထွက်သွားစမ်း” သူက အော်ဟစ်လိုက်ရင်း သူ့စကားများက အလိုဆန္ဒ စည်းမျဉ်းဥပဒေသများသဖွယ် ဖြစ်၏။ မျက်စိတစ်မှိတ်အတွင်း နေရာတစ်ဝိုက်အတွင်းရှိနေသည့် တခြားသော လိုအင်ဆန္ဒများက ပြိုလဲသွားလေသည်။ သူ့အလိုဆန္ဒစည်းမျဉ်းသာ ကျန်ရှိနေသည်။ အဝေးမှကြည့်လျှင် အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်သည့် မီးဘောလုံးကြီးသဖွယ် ဖြစ်၏။

ရလဒ်အနေဖြင့် မီးဘောလုံးအတွင်းတွင် ရှိနေသည့် ဝမ်ပေါင်လဲ့က ရုပ်ထု၏ မျက်ခုံးကြား ဆက်လက် လျှောက်လှမ်းသွားလိုက်သည်။

ခဏအကြာတွင် လိုအင်ဆန္ဒအားလုံး ပျောက်ကွယ်သွားပြီး နတ်ဧကရာဇ်၏ ငါးခုမြောက် မှတ်ဉာဏ်များ ပေါ်ထွက်လာသည်။

All Chapters