မဟုတ်သေးပါဘူး
Vol. 103 Ch. 1433
ထိုမှတ်ဉာဏ်က ယခင်မှတ်ဉာဏ်နှင့် ဆက်နွယ်နေသည်။ သူက သူ့ကိုယ်သူ ငါးစာအဖြစ် အသုံးပြုကာ စကြဝဠာကြီး၏ စမ်းသပ်ချက်ကို ဆွဲဆောင်ခဲ့သည်။ ထို့နောက် ဧရာမအနက်ရောင် သစ်ပင်ကြီးက ဆူးချွန်အသွင်ပြောင်းလဲသွားပြီး မူလစကြဝဠာတာအိုနေရာထဲ ကျရောက်လာသည်။ ထိုစဉ် နတ်ဧကရာဇ်၏ အမိန့်အောက်တွင် စစ်သူကြီးများက သူတို့၏ ကိုယ်ပိုင်အသက်ဓာတ်ကို ပို့ဆောင်ပြီး နတ်ဧကရာဇ်အား သစ်သားတာအိုဇစ်မြစ်ဆီမှ အားအကောင်းဆုံးတိုက်ကွက်ကို အောင်အောင်မြင်မြင် ခုခံနိုင်စေခဲ့သည်။
နောက်တစ်ခုကမူ သူ့ကိုယ်ပိုင် အစီအစဉ်ကို ပြီးမြောက်ဖို့ရာဖြစ်ပြီး သစ်သားဇစ်မြစ်နှင့် ပေါင်းစည်းဖို့ရာ ဖြစ်သည်။
ထိုအစီအစဉ်တွင် သူက နှစ်ပိုင်း ခွဲခြားထားသည်။ ပထမအဆင့်က သူ့မျက်ခုံးကြားတွင် သစ်သားတာအိုဇစ်မြစ်ကို လှောင်ပိတ်ဖို့ဖြစ်ပြီး … ထိုအရာအား အသက်ပြန်ရှင်ကာ သူ့ကို ဖျက်ဆီးပစ်ခြင်းမှ တားဆီးဖို့ ဖြစ်သည်။ ဤနည်းဖြင့် မျှခြေတစ်ခု ဖြစ်လာလိမ့်မည်။
ထိုမျှခြေ၌ နတ်ဧကရာဇ်က ဒုတိယအစီအစဉ်ကို စတင်လိုက်၏။
ဝမ်ပေါင်လဲ့က ထိုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းကို နားလည်ထားသည်။ သူက ထိုမြင်ကွင်းကို ကြည့်နေရင်း ထိုကိစ္စအပေါ် ယခင်နားလည်နိုင်စွမ်းကို အတည်ပြုလိုက်နိုင်သည်။
နတ်ဧကရာဇ်အရ သူ့တခြားသော အကြွင်းအကျန် ဝိညာဉ်များသည် အနက်ရောင်သစ်သားဆူးချွန် ဖြစ်၏။ သူသာ အနက်ရောင်သစ်သားဆူးချွန်နှင့် အပြီးတိုင် ပေါင်းစည်းနိုင်ပါက သူ့ခန္ဓာကိုယ်သည် ပြည့်စုံသွားမည်ဖြစ်ကာ ယခင်ဘဝတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည်အမှတ်ရလာလိမ့်မည်။
သို့သော်လည်း ဤစကြဝဠာကြီး၏ ထူးကဲမှုကြောင့် သူက အရာအားလုံးကို တစ်ခါတည်း မလုပ်နိုင်ပေ။ ထိုအစား သူက အပိုင်းပိုင်းခွဲကာ တစ်စစီ ဝါးမျိုရင်း ပေါင်းစည်းရမည် ဖြစ်၏။ ထို့ကြောင့် သူက သူ့နတ်ဘုရားအသိစိတ် တစ်သိန်းကို ခွဲထုတ်သည့် နည်းစနစ် ထုတ်လိုက်ပြီး အနက်ရောင် သစ်သားဆူးချွန်ကိုလည်း တစ်သိန်းအဖြစ် ခွဲထုတ်လိုက်ပြီး သူတို့က မမြင်နိုင်ဖွယ် မျိုးစေ့များအဖြစ် ပျံ့နှံ့သွားကာ ဤကျယ်ပြောလှသည့် စကြဝဠာကြီးထဲ တာအိုနယ်မြေတစ်သိန်းအဖြစ် ဖွဲ့တည်လာသည်။
ထိုတာအိုနယ်မြေတစ်သိန်းအတွင်း အချိန်ကုန်လွန်လာသည်နှင့်အမျှ နတ်ဧကရာဇ် အသိစိတ်တစ်သိန်းနှင့် ဝမ်ပေါင်လဲ့ တစ်သိန်းတို့က တစ်ယောက်ပြီးတစ်ယောက် မွေးဖွားလာကြလိမ့်မည်။
ရှေ့တစ်ခုကမူ နတ်ဧကရာဇ်၏ နတ်ဘုရားအသိစိတ် ဖြစ်ကာ နောက်တစ်ခုကမူ အနက်ရောင်သစ်သားဆူးချွန်၏ အကြွင်းအကျန်ဝိညာဉ် ဖြစ်၏။
တာအိုနယ်မြေတစ်ခုချင်းစီက ကံကြမ္မာဖန်ပြီး နတ်ဧကရာဇ်နှင့် ဝမ်ပေါင်လဲ့ကြားမှ တိုက်ပွဲက ဆက်လက် ဖြစ်တည်နေခဲ့သည်။
နတ်ဧကရာဇ်၏ တကယ့်အသွင်မှ ဖြစ်တည်လာသည့် စီစဉ်မှုများက တာအိုနယ်မြေ တစ်သိန်းအနှံ့ ဖြစ်ပျက်ခဲ့လေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့များစွာသည် တိုက်ခိုက်ပြီး အောင်မြင်ဖို့ရာ မဖြစ်နိုင်ခဲ့ပေ။
ဤသည်က နတ်ဧကရာဇ်၏ အစီအစဉ်တစ်ခုလုံး ဖြစ်၏။
ဝမ်ပေါင်လဲ့က ကြည့်နေရင်းဖြင့် စိတ်ရှုပ်ထွေးသည့် အမူအရာမျိုး ရှိလာသည်။ သူက သူ့ကိုယ်သူ တာအိုနယ်မြေတစ်သိန်းနီးပါးတွင် ဖိနှိပ်ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရ၏။ အဆုံးသတ်၌ တာအိုနယ်မြေသည် သစ်သီးအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံမှ ပျောက်ကွယ်သွားပြီး နတ်ဧကရာဇ်ဘေးတွင် ပေါ်ထွက်ကာ ဧကရာဇ်စိတ်ဝိညာဉ် ဖွဲ့စည်းလာသည်။
ဤသို့ဖြင့် တာအိုနယ်မြေ ၉၉၉၉၉ ခုက ဤနည်းဖြင့် ဖွဲ့စည်းလာလေ၏။ နောက်ဆုံးတွင် တာအိုနယ်မြေတစ်ခုက မတော်တဆ ဖြစ်သွားခဲ့သည်။
ဝမ်ပေါင်လဲ့က ထိုမတော်တဆ ဖြစ်၏။
သူက သစ်သားဆူးချွန်မှ ဖွဲ့စည်းထားသည့် တစ်သိန်းထဲမှ တစ်ခုမျှသာ ဖြစ်သည်။ ပမာဏအားဖြင့် သူ့ကဏ္ဍသည် မပြောပလောက်ပေ။ သို့သော်လည်း မည်မျှပင် သေးငယ်စေကာမူ တစ်သိန်းပုံတစ်ပုံ ဖြစ်နေဆဲသာ ဖြစ်၏။
ထိုအရာမရှိဘဲ တစ်သိန်းပြည့်မည် မဟုတ်ပေ။
ထို့ကြောင့် သူ့တည်ရှိမှုသည် နတ်ဧကရာဇ်အတွက် အင်မတန် အရေးပါလေ၏။
နတ်ဧကရာဇ်၏ မှတ်ဉာဏ်များက တစ်ဖန် ပျောက်ကွယ်သွားပြန်သည်။ သို့သော်လည်း ဝမ်ပေါင်လဲ့၏ အမူအရာက စိတ်ရှုပ်ထွေးနေဆဲသာ ဖြစ်၏။ ယခင်အကဲဖြတ်ချက်များက မှန်ကန်နေကြောင်း သိလိုက်သည်။
ဤစကြဝဠာကြီး၏ ထူးကဲမှုက မသေမျိုးကျင့်ကြံသူ၏ မွေးဖွားမှုနှင့် ပတ်သက်နေရမည်။
သူက ထူးကဲနေရသည့်အချက်မှာ ထိုမသေမျိုး၏ အမွေ ဖြစ်၏။
အကယ်၍ ထိုအပြောင်းအလဲများကြောင့်သာ မဟုတ်လျှင် လက်ရှိနတ်ဧကရာဇ်က သူ့အစီအစဉ်ကို ပြီးမြောက်ပြီးလောက်လေပြီ။
ဝမ်ပေါင်လဲ့က နောက်ဆုံးတစ်ခုသာ ကျန်ရှိတော့သည့်အတွက် အသက်ပြင်းပြင်းရှူကာ ကမ္ဘာကို ကြည့်လိုက်သည်။
ထိုကမ္ဘာက ယခင်မြင်ခဲ့ဖူးသည့်အရာများနှင့် လုံးဝကွဲပြားနေ၏။ မြေကြီးပေါ်တွင်ရှိနေသည့် အပြိုအပျက်များက ပျောက်ကွယ်သွားကာ အဆောက်အဦးများဖြင့် ပြည့်နှက်နေသည်။ ထိုအဆောက်အဦးများက ပြည်ထောင်စုကြီးနှင့် တစ်ပုံစံတည်း တူညီနေလေ၏။
တစ်ချက်ကြည့်ရုံမျှဖြင့် သူတို့သည် ပြည်ထောင်စုကြီးထဲ ပြန်လည်ရောက်ရှိသွားသလို ထင်မိကြလိမ့်မည်။
ထိုအရာအပြင် စည်ကားအသက်ဝင်နေသည့် လူအုပ်ကြီးလည်း ရှိနေသေးသည်။ ထို့အပြင် ဤကမ္ဘာ၌ မြို့ပေါင်းတစ်သောင်းကျော်လည်း ရှိနေသေး၏။
ကွဲပြားသည့် ကမ္ဘာတစ်ခုဟုပင် ဆိုရပေမည်။ အဝေးတစ်နေရာ၌ လူများစွာ ဝန်းရံထားသည်က နတ်ဧကရာဇ်၏ ရုပ်ထု ဖြစ်၏။ ထိုရုပ်ထုက မိုးမြေကြားတွင် တည်ရှိနေပြီး မျက်စိအာရုံဖမ်းစားဖွယ်ကောင်းလှသည်။
ဝမ်ပေါင်လဲ့က ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ နောက်ဆုံးတွင် သူက အဝေးတစ်နေရာတွင် ရှိသည့် ရုပ်ထုကို လှမ်းကြည့်လိုက်သည်။ သူက နတ်ဧကရာဇ်နှင့် အင်မတန် နီးကပ်နေကြောင်း ခံစားချက်မျိုး ရလာမိသည်။
ငါ ဒီရုပ်ထုဆီ လျှောက်လှမ်းသွားတဲ့အခါ နတ်ဧကရာဇ်နဲ့ တွေ့နိုင်လောက်တယ်…
ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်းရှူကာ မြို့ကို လျစ်လျူရှုထားလိုက်သည်။ သူက ဤအဆင့်သည် အလိုဆန္ဒ စမ်းသပ်ချက်အဆင့် ဖြစ်ကြောင်း သိထားလေ၏။
အလိုဆန္ဒက အားအကောင်းဆုံးနှင့် အထူးကဲဆုံး ဆန္ဒတစ်ခု ဖြစ်၏။ ဤနေရာတွင် အင်မတန် ထူးကဲနေသည်။ တခြားသော လိုအင်ဆန္ဒငါးခုကလည်း ပိုမိုပေါ်ထွက်လာလိမ့်မည်။ ဝမ်ပေါင်လဲ့က တိတ်ဆိတ်စွာဖြင့် အချိန်အတော်ကြာ စဉ်းစားနေမိသည်။
နောက်ဆုံးတွင် သူ့မျက်ဝန်းအထက် အကြည့်တစ်ချက် ဖြတ်ပြေးလာကာ ရှေ့တစ်လှမ်း တိုးလိုက်သည်။ ဤသို့ဖြင့် လှိုင်းတွန့်များ ထလာလေ၏။
ဝမ်ပေါင်လဲ့က မျက်မှောင်အသာကြုတ်ပြီး ဘေးပတ်လည်ကို ကြည့်လိုက်၏။ သူတို့ ခြေတစ်လှမ်း လှမ်းပြီးသည့်နောက်တွင် အပြောင်းအလဲဟူ၍ မရှိကြောင်း သဘောပေါက်သွားခဲ့သည်။ ဤသည်က ယခင်လိုအင်ဆန္ဒငါးခု စမ်းသပ်ချက်နှင့် ကွဲပြားနေသည်။
သေချာစဉ်းစားပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ဒုတိယခြေလှမ်း၊ တတိယခြေလှမ်း၊ စတုတ္ထခြေလှမ်းနှင့် ပဉ္စမခြေလှမ်းတို့အထိပါ လှမ်းလိုက်သည်။
သူက ဆဌမခြေလှမ်းကို လှမ်းလိုက်သည့်အချိန်တွင် ဤကမ္ဘာကြီးထဲ အလိုဆန္ဒ စမ်းသပ်ချက်ရှိဟန် မပေါ်ပေ။ အရာအားလုံးက ပုံမှန်ကဲ့သို့သာ ဖြစ်နေလေ၏။ ဝမ်ပေါင်လဲ့က သူ့ရှေ့တွင်ရှိနေသည့် ရုပ်ထုကြီးကို ကြည့်နေရင်း အင်မတန် တောက်ပလာသည်။ စိတ်ထဲ၌မူ နတ်ဧကရာဇ်ဆီမှ မြင်တွေ့ရမည့် မှတ်ဉာဏ်များကို စောင့်စားနေရ၏။ သူက သတ္တမခြေလှမ်းကို လှမ်းလိုက်လေသည်။
ထို့နောက် ရုပ်ထု၏ မျက်ခုံးကြားတွင် ဝင်ရောက်ပြီးသည့်နောက် ဝမ်ပေါင်လဲ့က နတ်ဧကရာဇ်၏ မှတ်ဉာဏ်များကို မမြင်ရပေ။ ထိုအစား သူက နတ်ဧကရာဇ်နှင့် တိုက်ရိုက် တွေ့ဆုံလိုက်ရ၏။
နတ်ဧကရာဇ်ကလည်း ဝမ်ပေါင်လဲ့၏ ရောက်ရှိလာမှုကြောင့် အံ့အားသင့်သွားမိသည်။ သို့သော် သူက ထင်မှတ်ထားပြီးသားဖြစ်ဟန်လည်း ပေါ်၏။
ထို့နောက် တစ်ကမ္ဘာလုံးကို လှုပ်ခတ်သွားစေပြီး မူလစကြဝဠာတာအိုနေရာတစ်ခုလုံးကိုမူ လှုပ်ခတ်သွားစေနိုင်သည့် တိုက်ပွဲမျိုးက စတင်ဖြစ်ပျက်လာသည်။
ထိုအရာက မိုးမြေကို လှုပ်ခတ်သွားစေပြီး အရာအားလုံးကို တုန်လှုပ်သွားစေနိုင်သည်။
မူလစကြဝဠာတာအိုနေရာက ပြိုလဲသွားလေ၏။ ဧကရာဇ်အတွက်မူ ကောင်းကင်စမ်းသပ်ချက်မှ ဒဏ်ရာများကြောင့် ဤနှစ်များစွာထဲ မပြီးပြည့်စုံခဲ့ပေ။ ထို့ကြောင့် သူက နောက်ဆုံးတွင် ခြောက်သွေ့ပြီး ကျရှုံးသွားခဲ့ရသည်။
ဝမ်ပေါင်လဲ့က အနိုင်ရရှိသွားလေ၏။ သူကနတ်ဧကရာဇ်ကို ဖိနှိပ်ကာ သူနှင့် ကံဆက်နွယ်မှုကို ဖြတ်တောက်ခဲ့သည်။ သူက အတိတ်ဘဝမှ မှတ်ဉာဏ်အားလုံးကိုပင် ရှာဖွေဖို့ လက်လျှော့ခဲ့၏။ သူက လွတ်လပ်စွာ နေဖို့ ရွေးချယ်ခဲ့သည်။
စိတ်ခံစားချက် ၇မျိုးက သက်ဆိုင်ရာမြို့သခင်များထံ အပိုင် ဖြစ်၏။ နတ်ဧကရာဇ်၏ ကျိန်စာမရှိဘဲ သူတို့က တစ်ယောက်ပြီးတစ်ယောက်ဆိုသလို လွတ်မြောက်သွားကြသည်။ ထို့အပြင် လိုအင်ဆန္ဒမြို့သခင်များလည်း ရှိနေကြ၏။ တချို့က ဝမ်ပေါင်လဲ့နောက်လိုက်ဖို့ ရွေးချယ်ကြသလို တချို့ကလည်း ထွက်သွားဖို့ ရွေးချယ်ကြသည်။
ကျန်ရှိနေသည့် ကျင့်ကြံသူများကလည်း အတူတူသာ ဖြစ်၏။
စကြဝဠာတစ်ခုလုံးက ပုံမှန်ပြန်ဖြစ်သွားကာ မူလစကြဝဠာတာအိုများက ပျောက်ကွယ်သွားပြီး နတ်ဧကရာဇ်ကလည်း ပျောက်ကွယ်သွားခဲ့သည်။
ဝမ်ပေါင်လဲ့က ထာဝရကြယ်စင်ကုန်းမြေဆီ ပြန်လည်ရောက်ရှိလာပြီး သူက သူ့ကို စောင့်ဆိုင်းနေသည့် မမလေးနှင့် သူ့ဂိုဏ်းတူအစ်ကိုကြီးကို မြင်လိုက်ရသည်။ သူ့ဘဝက ပုံမှန်အဖြစ် ပြန်လည်ရောက်ရှိသွား၏။
နှစ်များစွာ ပြန်လည်ရောက်ရှိသွားပြီးသည့်နောက်တွင် သူ့ဂိုဏ်းတူအစ်ကိုကြီးက အတိတ်ဘဝမှ မှတ်ဉာဏ်များ ပြန်လည်နိုးထလာကာ သူက ပြုံးရင်းဖြင့် ဝမ်ပေါင်လဲ့နှင့် ဝမ်ရီရီတို့၏ မင်္ဂလာပွဲကို တက်ရောက်လာခဲ့သည်။
ထိုနေ့ရက်တွင် အပြင်ဘက်၌ မိုးသည်းထန်စွာ ရွာသွန်းနေလေ၏။
မင်္ဂလာပွဲတွင် ကျောက်ယမုန့်က ပေါ်ထွက်လာပြီး သူမက တိတ်တဆိတ် ထိုင်ကာ သေရည်များစွာကို သောက်သုံးခဲ့သည်။
ဝမ်ပေါင်လဲ့ကလည်း အတော်လေး ပျော်ရွှင်နေ၏။ သူက မမလေး၏ လက်ကို ကိုင်ဆောင်ထားပြီး ထောင့်တစ်နေရာတွင် ကျောက်ယမုန့်ကို သတိထားမိသွားသည်။ သို့သော်လည်း စိတ်ထဲ၌သာ သက်ပြင်းချလိုက်ပြီး သူမကို အာရုံမစိုက်ဖြစ်တော့ပေ။ ပြောရလျှင် မမလေးကသာ သူ့ဘဝနှင့် သူ့နှလုံးသား၌ တစ်ဦးတည်းသောသူ ဖြစ်နေသကဲ့သို့ ဖြစ်၏။
သူက သူမလက်ကို ဆွဲကိုင်လိုက်သည်။
သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် အသက်ဝင်နေသည့် မင်္ဂလာပွဲအလယ်တွင် မမလေး၏ ရှက်သွေးဖြာမှုနှင့် သူ့ကိုယ်ပိုင်စိတ်ကျေနပ်မှုတို့ကြောင့် တစ်စုံတစ်ခု မဟုတ်သလို ခံစားမိ၏။
တစ်ခုခုတော့ လွဲနေပြီ…