← Chapters

ထပ်မံတွေ့ဆုံကြခြင်း

Vol. 103 Ch. 1435

ထပ်မံတွေ့ဆုံကြခြင်း

Vol. 103 Ch. 1435

ဝမ်ပေါင်လဲ့က ရုပ်ထုဆီ လျှောက်လှမ်းသွားသည့်အချိန် ရင်းနှီးသည့် အမှောင်ထုကြား အသက်ရှူသံကို ကြားလိုက်ရသည်။ အမှောင်ထုကြားတွင် လူတစ်ယောက်ထိုင်နေသကဲ့သို့ ဖြစ်ပြီး ဖြည်းဖြည်းချင်း အသက်ရှူနေကာ သူ့ဆီ ဖြည်းဖြည်းချင်း အာရုံစိုက်လာလေ၏။

ဝမ်ပေါင်လဲ့က တိတ်ဆိတ်စွာဖြင့် အသက်ရှူသံကြားရဖို့အတွက် လှည့်ကြည့်လိုက်သည်။

ထိုနေရာက အင်မတန် အလှမ်းဝေးနေဟန်ပေါ်သောလည်း အင်မတန် နီးကပ်နေဟန်လည်း ပေါ်နေပြန်သည်။

သူတို့သွေးမျိုးဆက်မှ ရင်းနှီးပြီးသား အတက်အကျလှိုင်းက တစ်ဖက်လူ၏ ဇစ်မြစ်အား လျှို့ဝှက်ချက်တစ်ခု မဖြစ်စေတော့ပေ။

သူတို့ကို ပိုင်းခြားထားသည့် အမှောင်ထုက ချိတ်ပိတ်ရေးစွမ်းအားတချို့ဖြင့် ပြုလုပ်ထားဟန်ပေါ်၏။ ဝမ်ပေါင်လဲ့က ထိုအရာကို ချိုးဖောက်မြင်နိုင်သော်လည်း ထိုသို့မလုပ်ခဲ့ပေ။

သူက ထိုနေရာတွင် တိတ်တဆိတ်သာ ရပ်နေရင်း အမှောင်ထုကို ဖြည်းဖြည်းချင်း ကြည့်နေမိသည်။ နတ်ဧကရာဇ်၏ ဆဌမမြောက်မှတ်ဉာဏ် ထွက်ပေါ်လာ၏။

ထိုပုံရိပ်ထဲတွင် နတ်ဧကရာဇ်၏ နတ်ဘုရားအသိစိတ်တစ်သိန်းက တာအိုနယ်မြေတစ်သိန်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ ကျန်ရှိနေသည့်အရာအားလုံးက အောင်မြင်သွားပြီး သစ်သီးအဖြစ် ပြန်လည်ရောက်ရှိလာကာ နတ်ဧကရာဇ်၏ ပြန်လည်စုပ်ယူခြင်းကို ခံခဲ့ရ၏။ နတ်ဧကရာဇ်၏ ဒဏ်ရာများကလည်း ပြန်လည်ကောင်းမွန်လာသည်။

သူက အပြည့်အဝ ပြန်လည်မကောင်းမွန်သေးသော်လည်း သူ့အစီအစဉ်က မှန်ကန်ကြောင်း သိနေခဲ့သည်။ ထို့ကြောင့် သူက စိတ်ရှည်လက်ရှည်ဖြင့် နောက်ဆုံးသော ဝိညာဉ်အပိုင်းအစ ပြန်ရောက်လာမည်ကို စောင့်ဆိုင်းနေလေ၏။

သို့သော်လည်း နောက်ဆုံးသော အကြွင်းအကျန်ဝိညာဉ်က ပေါ်ထွက်မလာပေ။ ထို့ကြောင့် နတ်ဧကရာဇ်က စိတ်မရှည်တော့ဘဲ စတင် ဂယက်ရိုက်လာလေ၏။ ထိုအကြောင်းအရင်းကမူ နှစ်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် သူက သစ်သားကပ်ဘေးကြောင့် ဒဏ်ခံခဲ့ရပြီး ပြဿနာတချို့ရှိလာခဲ့ရသည်။

ဝမ်ပေါင်လဲ့က ပြဿနာအတိအကျကို မသိပေ။ မှတ်ဉာဏ်များက ဖြတ်ထားခံထားရသကဲ့သို့ဖြစ်နေလေ၏။

မည်သို့ပင်ဆိုစေကာမူ ပြဿနာ ပေါ်ထွက်လာမှုက နတ်ဧကရာဇ်အား ပိုမိုအားနည်းလာစေသည်။ ထိုအခိုက်အတန့်၌ တော်လှန်းရေးစတင်ခဲ့ခြင်း ဖြစ်၏။

မူလစကြဝဠာတာအိုနေရာရှိ ကောင်းကင်ယံထဲ ယခင်စစ်သူကြီးများက နတ်ဧကရာဇ်ကို စတင်တိုက်ခိုက်လာကြသည်။ ထိုအရာက နတ်ဧကရာဇ်၏ ထိန်းချုပ်မှုဆီမှ လွတ်မြောက်ဖို့ရာအတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်နေ၏။

သို့သော်လည်း သူတို့က နတ်ဧကရာဇ်ကို လျှော့တွက်မိခဲ့သည်။

နတ်ဧကရာဇ်က သစ်သားကပ်ဘေးကို တောင့်ခံပြီး တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့လျှင်ပင် သူ့စွမ်းအားက တော်လှန်ရေးအဖွဲ့ကို ဖိနှိပ်ထားဖို့ လုံလောက်နေဆဲသာ ဖြစ်၏။

ထိုဖိနှိပ်မှုအလယ်တွင် စစ်သူကြီးများရှေ့ ပေါ်ထွက်လာသည့် နတ်ဧကရာဇ်က သူတို့အမှတ်ရထားသည့် ပုံစံနှင့် လုံးဝကွဲပြားနေလေ၏။

သူ့တစ်ကိုယ်လုံးက အနက်ရောင်မြူခိုးများဖြင့် လွှမ်းခြုံခံထားရကာ သူ့နည်းလမ်းများက အတော်လေး ရက်စက်လှသည်။

ထိုပုံရိပ်များထဲ ဝမ်ပေါင်လဲ့က နတ်ဧကရာဇ်၏ ဖိနှိပ်မှုကို ခံခဲ့ရသည့် စွမ်းအားကြီးပုဂ္ဂိုလ် အရေအတွက်သည် မြေအောက်ထဲ ရောက်ရှိသွားသည်ကို မြင်လိုက်ရသည်။ အစီအရင်တစ်ခုကို ခင်းကျင်းပြီး သူတို့အား သူတို့၏ အသက်ဓာတ်ကို မျှဝေပေးဖို့ အတင်းအကြပ် ဖိအားပေးခံလိုက်ရသည်။

သူတို့က ဘက်ထရီများသဖွယ် ဖြစ်၏။

သူတို့၏ အသက်ဓာတ် စုပ်ယူခံရသည့်အချိန်တိုင်း မျက်နှာအထက် နာကျင်နေသည့် အမူအရာများက ပေါ်ထွက်လာသည်။ တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့က စိတ်ခံစားချက် ၇မျိုးနှင့် လိုအင်ဆန္ဒ ၆ပါး မြို့သခင်များ ဖိနှိပ်ခံထားရသည့် ဖြစ်စဉ် တစ်စိတ်တစ်ပိုင်းကိုပါ မြင်တွေ့လိုက်ရ၏။

အာသီသမြို့သခင်က အညံ့ခံပြီးသည့်နောက်တွင် ကျိန်စာတိုက်ခံခဲ့ရသည်ကို မြင်လိုက်ရသည်။ ဒယ်အိုးကြီးအတွင်း ဆူပွက်နေသည့်အသံများက ဝိညာဉ်ကိုပင် လှုပ်ခတ်သွားစေနိုင်လောက်၏။

ထို့နောက် ထင်းယွိမြို့သခင်၏ ဝမ်းနည်းမှုကိုပါ မြင်တွေ့လိုက်ရသည်။ သူ့တပည့်၏ အသက်အတွက် သူမက ခေါင်းငုံ့ဖို့ ရွေးချယ်ခဲ့သည်။ ကျိန်စာကို သူ့ခန္ဓာကိုယ်အပေါ် ထားရှိခံခဲ့ရသည်။

ထို့နောက် ကျန့်ယွိမြို့သခင်ကိုလည်း မြင်တွေ့ခဲ့ရ၏။

ထိုအရာအားလုံးက ဝမ်ပေါင်လဲ့ရှေ့မှောက် ပေါ်ထွက်လာလေ၏။ ပုံရိပ်ထဲတွင်ရှိနေသည့် နတ်ဧကရာဇ်က ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသည်။ အနက်ရောင်မြူခိုးများက ဝမ်ပေါင်လဲ့အား တိတ်ဆိတ်သွားစေ၏။ အဆုံးသတ်၌ တော်လှန်ရေးများကို ဖိနှိပ်ပြီးသည့်နောက်တွင် နတ်ဧကရာဇ်က နောက်ဆုံးသော ခွန်အားကို အသုံးပြုပြီး မူလစကြဝဠာတာအိုနေရာကို အလွှာသုံးလွှာကမ္ဘာအဖြစ် ပြောင်းလဲလိုက်သည်။

တတိယကမ္ဘာက သင်္ချိုင်းမြေဖြစ်ပြီး ဘက်ထရီအဖြစ် အပြစ်ပေးခံထားရသည့် အင်အားကြီးပုဂ္ဂိုလ်များအပြင် နှစ်များစွာ အိပ်စက်နေသည့်သူများလည်း ရှိလေသည်။ ထိုသူများက ထိုစစ်သူကြီးများ၏ လက်အောက်ငယ်သားများ ဖြစ်၏။

ဒုတိယကမ္ဘာအတွက်မူ နတ်ဧကရာဇ်က စိတ်ခံစားချက်၇မျိုးနှင့် လိုအင်ဆန္ဒ၆ပါး စည်းမျဉ်း မြို့သခင်များထံ အပ်နှံထားလေသည်။ သူတို့က ဦးညွှတ်ဖို့ ရွေးချယ်ထားသည့်သူများက ထိုနေရာတွင် ထားရှိကာ မြို့သခင်များ ဖြစ်လာကြ၏။

ထို့နောက် သူက အတိတ်တုန်းက အပြီးပြည့်စုံဆုံး တော်ဝင်နယ်မြေကို ဖန်တီးကာ ပထမကမ္ဘာကို ဖွဲ့စည်းခဲ့သည်။ သူက ပထမကမ္ဘာနှင့် ဒုတိယကမ္ဘာကြား အပြီးတိုင် ပိတ်ဆို့ခဲ့၏။

ထိုအရာက စည်းတံဆိပ်တစ်ခုနှင့် တူသော်လည်း  အကာအရံတစ်ခုသဖွယ် ဖြစ်နေသည်။ စိတ်ခံစားချက် ၇မျိုး၊ လိုအင်ဆန္ဒ၆ပါးနှင့် ဒုတိယကမ္ဘာမှ ကျင့်ကြံသူများက ပထမကမ္ဘာတွင် ခြေချနိုင်မည် မဟုတ်ပေ။ တစ်ချိန်တည်းဆိုသလို နတ်ဧကရာဇ်အပြီးတွင် ဒုတိယအားအကောင်းဆုံးအဖြစ် ရှိနေသည့် ရွှမ်းချန်က နတ်ဧကရာဇ်အောက်တွင် ဖိနှိပ်ခံလိုက်ရပြီး သူ့အစောင့်အရှောက် ဖြစ်လာရသည်။

ထိုအရာအားလုံးကို လုပ်ဆောင်ပြီးသည့်နောက်တွင် နတ်ဧကရာဇ်က ပထမကမ္ဘာထဲ သီးသန့်ကျင့်ကြံရေး ဝင်ရောက်ဖို့ ရွေးချယ်ခဲ့၏။

ထိုအရာမှစ၍ အချိန်ကုန်လွန်လာသည်နှင့် နတ်ဘုရားအိပ်စက်နေသည့် ကမ္ဘာကသာ ဒုတိယကမ္ဘာထဲ ဆက်လက် ပျံ့နှံ့နေလေသည်။

မြင်ကွင်းက ထိုနေရာတွင် ရပ်တန့်သွားလေသည်။

ဝမ်ပေါင်လဲ့က ထိုအရာအားလုံးကို ကြည့်နေမိသည်။ သူက နတ်ဧကရာဇ်၏ ဤဘဝမှ မှတ်ဉာဏ်အများစုကို သိလိုက်ရသည်။ သူက ထိုအရာအပြီးတွင် အဖြစ်အပျက်ကို အနည်းနှင့်အများ မှန်းဆနိုင်၏။

တတိယကမ္ဘာထဲတွင် စွမ်းအားကြီးပုဂ္ဂိုလ်များက ဘက်ထရီအဖြစ် သတ်မှတ်ခံထားရသည်။ သူတို့က မသေမျိုးနှင့် မဖျက်ဆီးနိုင်ဖွယ် ဂုဏ်သတ္တိတို့ကို ပိုင်ဆိုင်ထားကြသော်လည်း စုပ်ယူမှုဖြစ်စဉ်အောက်တွင် အသက်မရှင်နိုင်ကြပေ။

ထို့ကြောင့် နတ်ဧကရာဇ်၏ ပြဿနာနှင့် တိုက်ရိုက်ဆက်နွယ်နေလေ၏။ နတ်ဧကရာဇ်က သူ့ကိုယ်သူ ချုပ်ထိန်းဖို့ အသက်ဓာတ် အမြောက်အများ လိုအပ်နေသည်။  ဘက်ထရီများကိုလည်း  အားပြန်ပြည့်ဖို့ အချိန်မရှိဘဲ ဖြည်းဖြည်းချင်း သေဆုံးသွားစေ၏။

ထို့နောက် ဆယ်ပုံတစ်ပုံသာ ကျန်ရှိတော့လေသည်။

ဒါက ငါနဲ့ ပတ်သက်နေရမယ်…

ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။

နတ်ဧကရာဇ်က ထိုအရာအားလုံးကို ထင်မှတ်မထားပေ။ သူ့နဂိုအစီအစဉ်အရ သူသည် နတ်ဘုရားအသိစိတ်အားလုံးကို ပြန်လည်စုစည်းနိုင်လိမ့်မည်။ အကယ်၍ တော်လှန်ပုန်ကန်ခံရလျှင်ပင် သူ့လက်အောက်ငယ်သားများကို တစ်ယောက်ပြီး တစ်ယောက် သေဆုံးအောင် စောင့်ဆိုင်းနေဖို့ မလိုအပ်ပေ။

သို့သော်လည်း နတ်ဧကရာဇ်က ယနေ့အချိန်ထိ မပြီးမြောက်နိုင်သေးသည့် မထင်မှတ်ထားဖွယ် အကြောင်းအရင်းတချို့ရှိနေမှန်း သိသာလှသည်။

ဝမ်ပေါင်လဲ့က တိတ်ဆိတ်စွာဖြင့် အဝေးမှ အသက်ရှူသံကို နားထောင်နေသည်။ အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ရှုပ်ထွေးနေသည့် စိတ်ခံစားချက်များကို ဖိနှိပ်လျက် လက်ကို အသာဝှေ့လိုက်သည်။

ထိုလက်တစ်ချက်အဝှေ့တွင် ပုံရိပ်ယောင်များက တောက်ပသည့် အပိုင်းအစများအဖြစ် ကြေမွသွားလေ၏။ သူတို့က လိပ်ပြာများသဖွယ် ပျံ့နှံ့သွားပြီး မှောင်ပိန်းနေသည့် အမှောင်ထုအတွင်း ပြည့်နှက်လာသည်။

ထိုအမှောင်ထုက ဖြည်းဖြည်းချင်း အလင်းရောင်ဖြင့် တောက်ပလာလေ၏။

ထိုအလင်းရောင်ကြားတွင် ဝမ်ပေါင်လဲ့က လှေကားကို မြင်လိုက်ရသည်။ လှေကားထိပ်တွင် ကြယ်တာရာကောင်းကင်ကြီး ရှိနေလေ၏။

ကြယ်တာရာကောင်းကင်ကြီးက မရင်းနှီးဘဲ ဤစကြဝဠာနှင့် သက်ဆိုင်ဟန်မပေါ်ပေ။

ကြယ်တာရာမြေပုံအောက်ခြေ လှေကားအဆုံးသတ်၌ ထိုင်ခုံကြီးတစ်ခု ရှိ၏။ ထိုနေရာတွင် ပုံရိပ်တစ်ခု ထိုင်နေလေသည်။

ထိုသူက မေးတစ်ဖက်ထောက်လျက် ထိုင်ခုံအပေါ်မှီနေလေ၏။ ထိုတိတ်ဆိတ်နေသည့် နေရာတစ်ခုလုံးအတွင်း သူ့အသက်ရှူနှုန်းကိုသာ ကြားနေရသည်။

လိပ်ပြာနှင့်တူသည့် အပိုင်းအစများကို နေရာတစ်ဝိုက်ကို ပျံသန်းသွားပြီး အလင်းရောင်ပေးလိုက်သည့်အခါ ဝမ်ပေါင်လဲ့က ခေါင်းမော့ကြည့်လိုက်သည်။ နောက်ဆုံးတွင် ထိုင်ခုံပေါ် ထိုင်နေသည့် ပုံရိပ်ကို မြင်လိုက်ရသည်။ သူက ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူတို့ ရှိနေသည်။ သူ့မျက်ဝန်းများက ပိတ်ထားသော်လည်း သူ့သွင်ပြင်က ဝမ်ပေါင်လဲ့နှင့် တစ်ပုံစံတည်း တူနေသည့်အတွက် သူ့ ရှုပ်ထွေးနေသည့် စိတ်ခံစားချက်များက ပြန်လည်ပျံ့နှံ့လာပြန်သည်။

နတ်ဧကရာဇ်နှင့် သူက တစ်ယောက်တည်းသာ ဖြစ်၏။ ပြောရမည်ဆိုလျှင် ထူးထူးဆန်းဆန်း အနက်ရောင်သစ်သားနှင့် သေဆုံးပြီးသား စွမ်းအားကြီးပုဂ္ဂိုလ်၏ ရုပ်ခန္ဓာတို့ ပေါင်းစည်းပြီးသည့်နောက် ဖြစ်ပေါ်လာသည့် အသက်ဓာတ် ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့က ဆက်ကြည့်လိုက်သည်။

အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် ခန်းမတစ်လျှောက် သက်ပြင်းချသံ ပျံ့နှံ့လာ၏။ ထိုင်ခုံတွင် ထိုင်နေသည့် ပုံရိပ်က ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာခဲ့သည်။ သူ့မျက်ဝန်းက မည်းနက်နေ၏။

All Chapters