ပျောက်ဆုံးနေသည့် အပိုင်းအစ
Vol. 104 Ch. 1437
ဤမှတ်ဉာဏ်က ဝမ်ပေါင်လဲ့ ယခင်မြင်ခဲ့ဖူးသည့် ပျောက်ဆုံးနေသော အပိုင်းအစတစ်ခု ဖြစ်ပေသည်။
ဧကရာဇ်၏ အစီအစဉ်က ထိုကဏ္ဍ၌ အောင်မြင်ခဲ့၏။ သူက သစ်သားစမ်းသပ်ချက်ကို အောင်အောင်မြင်မြင် ဆင့်ခေါ်ပြီး သူ့မျက်ခုံးကြား ချန်ထားနိုင်ခဲ့သည်။ တစ်ချိန်တည်းဆိုသလို သူက နတ်ဘုရားအသိစိတ်တစ်သိန်းကို ခွဲထုတ်ပြီး အနက်ရောင်သစ်သားဆူးချွန်ကို ဝါးမျိုဖို့ ပြင်ဆင်ခဲ့သည်။
သို့သော်လည်း သူက အဆုံးသတ်၌ နတ်ဘုရားအသိစိတ် ၉၉၉၉၉ ခုကို အောင်အောင်မြင်မြင် စုပ်ယူနိုင်ခဲ့သော်လည်း စကြဝဠာ၏ ထူးကဲမှုနှင့် မသေမျိုး၏ ဝင်ရောက်စွက်ဖက်မှုကြောင့် သူက ကျရှုံးသွားလေသည်။
ဝမ်ပေါင်လဲ့အဖြစ် ပြောင်းလဲသွားသည့် အကြွင်းအကျန်ဝိညာဉ်က သီးခြားတည်ရှိပြီး ဧကရာဇ်အနေဖြင့် ပေါင်းစည်းဖို့ရာ မဖြစ်နိုင်ပေ။ အကယ်၍ နတ်ဧကရာဇ်ကိုသာ အချိန်လုံလုံလောက်လောက် ပေးလိုက်ပါက သူသည် တစ်နည်းမဟုတ် တစ်နည်း ဖြေရှင်းနိုင်လိမ့်မည်။
အကယ်၍ သူသာ သာမန်အခြေအနေတွင် ရှိနေပါက သီးသန့်ကျင့်ကြံရာမှ ကိုယ်တိုင်ထွက်လာပြီး အရာအားလုံးကို သူ သိထားသည့်အတိုင်း ပြန်လည်ဖြေရှင်းနိုင်လိမ့်မည်။ သူ့ကို တစ်ကိုယ်လုံး ပြီးပြည့်စုံစေနိုင်မည့်အရာအဖြစ် အတင်းအကြပ် ပေါင်းစည်းနိုင်လိမ့်မည်။
သို့သော်လည်း မတော်တဆဖြစ်ရပ်က ဝမ်ပေါင်လဲ့သာမကဘဲ ဧကရာဇ်ကိုယ်တိုင်ကလည်း မတော်တဆတစ်ခုသာ ဖြစ်၏။
ထိုမတော်တဆက ကြီးမားသည့်ပြဿနာကြီးဖြစ်ကာ နတ်ဧကရာဇ် ပြောခဲ့သည့်အတိုင်း အလိုဆန္ဒကြောင့် ဖြစ်ပေသည်။
တကယ်တော့ နတ်ဧကရာဇ်၏ မှတ်ဉာဏ်များက အပြည့်အဝ ပြန်လည်မကောင်းမွန်သေးသော်လည်း နတ်ဘုရားအသိစိတ် တစ်သိန်းနီးပါးက တစ်ခုပြီးတစ်ခု ပြန်လည်ရောက်ရှိလာမှုကြောင့် တချို့သော အပိုင်းအစမှတ်ဉာဏ်များက သူ့စိတ်ထဲ ပြန်လည်ပေါ်ထွက်လာသည်။
ထိုပုံရိပ်များက မပြီးပြည့်စုံဘဲ အသုံးဝင်ခြင်း မရှိကာ သူ့အတွက် ပေါင်းစည်းဖို့ရာ ခက်ခဲနေသော်လည်း အပိုင်းအစများသာ ဖြစ်နေဆဲ ဖြစ်၏။
တစ်ရက်ကျ နတ်ဧကရာဇ်၏ မှတ်ဉာဏ်ထဲတွင် သူက လူတစ်ယောက်ကို တွေးမိသွားသည်။
ထိုလူက အလိုဆန္ဒဟုခေါ်ဆိုသည့် အမျိုးသမီးတစ်ဦး ဖြစ်၏။ သူက ယခင်ဘဝက သေဆုံးမှုသည် သူမနှင့် တစ်နည်းနည်း ဆက်သွယ်နေကြောင်း ဝေဝေဝါးဝါး ခံစားချက်ရလာမိသည်။
တစ်ချိန်တည်းဆိုသလို ယခင်ဘဝသေဆုံးမှုအပြီးတွင် ထိုအမျိုးသမီးက သူ့အလောင်းကို နောက်ခံအစီအစဉ်အနေဖြင့် ချမှတ်ခဲ့ကြောင်း ခံစားချက်မျိုး ရလာမိသည်။
သူမက သူ့ကို ထိန်းချုပ်လိုခြင်း ဖြစ်၏။
အချိန်ကုန်လွန်လာသည်နှင့်အမျှ နတ်ဧကရာဇ်က သာမန်အခြေအနေတွင် ရှိနေသည့်အခါ နောက်ခံအစီအစဉ်က ပေါ်ထွက်မလာပေ။ သူက သစ်သားစမ်းသပ်ချက်ကို ဆွဲဆောင်ပြီး သူ့ခန္ဓာကိုယ်က အင်မတန်အားနည်းနေသည့်အချိန် အလိုဆန္ဒ စွမ်းအားက အချိန်အတော်ကြာ စောင့်ဆိုင်းနေသည့် အဆိပ်ပြင်းမြွေတစ်ကောင်လိုမျိုး တိတ်တဆိတ် ထွက်ပေါ်လာလေသည်။
ထို့နောက် ဝမ်ပေါင်လဲ့ထံ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ကာ နတ်ဧကရာဇ်အနေဖြင့် သစ်သားစမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့ အချိန်အတော်ကြာမြင့်သွားစေခဲ့သည်။ ထို့အပြင် တခြားသောသူများကလည်း သူ့ကို စိန်ခေါ်ဖို့ ဆက်တိုက် ကြိုးစားခဲ့ကြ၏။ ထိုအရာအားလုံးက နတ်ဧကရာဇ်၏ ဒဏ်ရာများကို ပိုမိုဆိုးရွားသွားစေသည်။ အလိုဆန္ဒက တိတ်တဆိတ် ပျံ့နှံ့လာရင်း ထိုအရာက ချက်ချင်းဆိုသလို ပေါက်ထွက်လာမည့် စွမ်းအားကို စုဆောင်းထားဟန်ပေါ်သည်။
အလိုဆန္ဒပေါက်ထွက်လာမှုက စိတ်ခံစားချက်၇မျိုးနှင့် လိုအင်ဆန္ဒ၆ပါးတို့၏ စွမ်းအား ဖြစ်၏။ ထိုအရာက နတ်ဧကရာဇ်၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ရစ်ပတ်ပြီး သူ့ကို နှိပ်စက်ကာ ထိန်းချုပ်ဖို့ ကြိုးစားနေသည်။
တစ်ချိန်တည်းဆိုသလို ထိုအရာက မူလစကြဝဠာတာအိုနေရာထဲတွင် ရှိသည့် သူ့လက်အောက်ငယ်သားများအပေါ်ပင် သက်ရောက်မှု ရှိလာစေခဲ့ပြီး စစ်သူကြီးများ၏ အလိုဆန္ဒအားလုံးကို ပေါက်ထွက်လာစေကာ တော်လှန်မှုကို ဖြစ်ပေါ်လာစေခဲ့သည်။
တကယ်တော့ ဤသည်က စိတ်ခံစားချက်၇မျိုးနဲ့ လိုအင်ဆန္ဒ၆ပါးတို့ မူလစကြဝဠာတာအိုနေရာထဲ ပေါ်ထွက်လာရသည့် အကြောင်းအရင်း ဖြစ်ပေသည်။
နောက်တစ်ခု၌ နတ်ဧကရာဇ်က အကျိုးအကြောင်းသင့်မှုနှင့် လိုအင်ဆန္ဒကြား ရုန်းကန်နေရင်း မူလစကြဝဠာတာအိုနေရာကို ဖိနှိပ်ထားနိုင်ခဲ့သည်။ သူ့လက်အောက်ငယ်သားများ ဖြစ်ခဲ့ဖူးသည့် လူများကလည်း နှိပ်စက်ခံခဲ့ရသည်။ လက်လျှော့သည့်သူများကို သူက ကျိန်စာတိုက်ခဲ့၏။ ထိုအကြောင်းအရင်းအားလုံးကမူ ဧကရာဇ်က သူ့အလိုဆန္ဒကို ထုတ်လွှတ်လိုခြင်းကြောင့် ဖြစ်၏။
အကယ်၍ သူက မထုတ်လွှတ်ပါက အဆုံးသတ်ထဲ နစ်မြောသွားလိမ့်မည်။
ထို့ကြောင့် တတိယကမ္ဘာဖြစ်သည့် သင်္ချိုင်းမြေ ပေါ်ထွက်လာခြင်း ဖြစ်၏။ သူ သတ်လိုက်သည့်သူအားလုံးကို ထိုနေရာတွင် မြှုပ်နှံထားသည်။ တစ်ချိန်တည်းဆိုသလို သူ့ကြောင့် ဘက်ထရီအဖြစ် ပြောင်းလဲခံရသည့်သူအားလုံးကမူ အလိုဆန္ဒနှင့် တိုက်ခိုက်ဖို့ရာအတွက် သူ့အနေဖြင့် အသက်ဓာတ်အမြောက်အများ လိုအပ်နေ၍ ဖြစ်သည်။
ဒုတိယအလွှာအတွက်မူ ဧကရာဇ်က သူ့အလိုဆန္ဒနှင့် ယှဉ်တိုက်ဖို့ ချမှတ်ထားသည့် အမှိုက်ကန်တစ်ခုသာ ဖြစ်၏။
ထိုနေရာက စိတ်ခံစားချက်များ ရောပြွန်းနေသည့်နေရာတစ်ခု ဖြစ်ပေသည်။
သူက သူ့ဆီ လက်လျှော့လာသည့်သူအားလုံးကို ကွဲပြားသည့် စိတ်ခံစားချက်များ ပေးအပ်ခဲ့သည်။ ထိုသူများအား ဒုတိယကမ္ဘာတွင် နေထိုင်ဖို့ ခွင့်ပြုပေးခဲ့ပြီး သူ့အား ဝန်ထုပ်ဝန်ပိုး ဝေမျှယူအောင် လုပ်ဆောင်ခဲ့သည်။
ထိုအရာက နောက်ထပ်ဇစ်မြစ်တစ်ခုကို ဖန်တီးလိုက်ခြင်းနှင့်အတူတူသာ ဖြစ်၏။ ထိုအခါမှသာ သူ့အလိုဆန္ဒက အတိတ်ကို ဆက်တိုက်ပို့ဆောင်ခံရပြီး ပြန်လည်ကောင်းမွန်ဖို့ အခွင့်အရေး ရလာလိမ့်မည်။
အမှန်တော့ ပထမကမ္ဘာနှင့် ဒုတိယကမ္ဘာတို့ကို နတ်ဧကရာဇ်က တမင်ပိုင်းခြားထားခြင်း ဖြစ်၏။ သူက ဒုတိယကမ္ဘာကို ပိုင်းခြားထားလိုသည်မှာ အထဲတွင်ရှိနေသည့် လိုအင်ဆန္ဒအားလုံးက သူ့ကိုယ်ပိုင်သံသရာ ဖွဲ့စည်းနိုင်အောင် ဖြစ်သည်။ ဤနည်းဖြင့် သူတို့က ပထမကမ္ဘာထံ ကျူးကျော်နိုင်မည် မဟုတ်ပေ။
သူ့အတွက်မူ သူက ပထမကမ္ဘာတွင် သီးသန့်ကျင့်ကြံနေဖို့ ပိုမို ဘေးကင်းနေ၏။
တစ်ချိန်တည်းဆိုသလို ဒုတိယကမ္ဘာတွင်ရှိသည့် စည်းတံဆိပ်က တစ်ဖက်သတ်သာ ဖြစ်၏။ တခြားနည်းဖြင့်ပြောရမည်ဆိုလျှင် လိုအင်ဆန္ဒများက ပထမကမ္ဘာထံ ကျူးကျော်နိုင်မည် မဟုတ်သော်လည်း ပထမကမ္ဘာမှ လိုအင်ဆန္ဒများကိုမူ ဒုတိယကမ္ဘာထံ ပို့ဆောင်နိုင်လေသည်။
ထို့ကြောင့် နှစ်များစွာကြာမြင့်ပြီးသည့်နောက်တွင် နတ်ဧကရာဇ်က ကြီးမားလာသည့် လိုအင်ဆန္ဒများကို ဒုတိယကမ္ဘာဆီ ပို့ဆောင်ခဲ့၏။ သူက ထိုနည်းလမ်းကို အသုံးပြုကာ သူ့အပေါ်မှ ဖိအားများကို လျှော့ချခဲ့သည်။
တစ်ချိန်တည်းဆိုသလို သူက တိတ်တဆိတ်ဖြင့် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သည်။ သူက လက်လျှော့ခြင်း မရှိပေ။ တစ်ရက်ကျ သူသည် အလိုဆန္ဒအားလုံးကို ဖိနှိပ်ပြီး ပြန်လည်ထိန်းချုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားလေ၏။ တစ်ရက်ကျ အပြင်ဘက်တွင်ရှိနေသည့် နောက်ဆုံးသော ဝိညာဉ်အပိုင်းအစနှင့် ပေါင်းစည်းကာ သူ့ကိုယ်သူ ပြီးပြည့်စုံစေလိမ့်မည်ဟု မျှော်လင့်ထားသည်။
ထို့ကြောင့် သူက မလိုလားခြင်းသာ ဖြစ်၏။ သို့သော်လည်း သူ့အလိုဆန္ဒ ပိုမိုအားကောင်းလာခြင်းကို ကာကွယ်ဖို့အတွက် နတ်ဧကရာဇ်က ဒုတိယကမ္ဘာတွင်ရှိသည့် လိုအင်ဆန္ဒအားလုံးကို တစ်စစီစုတ်ဖြဲကာ စိတ်ခံစားချက် ၇မျိုးအဖြစ် ပြောင်းလဲခဲ့သည်။
သို့သော်လည်း သက်ရောက်မှုက သိပ်မကောင်းခဲ့ပေ။
အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ သူက အလိုဆန္ဒကို ကွေးညွှတ်ဖို့ အရာအားလုံးကို လုပ်ဆောင်ခဲ့သော်လည်း အားနည်းမှုက တဖြည်းဖြည်း တိုးပွားလာခဲ့သည်။ အချိန်အတော်ကြာ အားနည်းနေမှုက နတ်ဧကရာဇ်၏ လိုအင်ဆန္ဒများအား ပိုမိုကြီးထွားလာစေသည်။ သူတို့က ပိုမိုအားကောင်းသည်ထက် အားကောင်းလာလေ၏။ သူက လိုအင်ဆန္ဒများကို မည်မျှပင် လျှော့ချစေကာမူ ကြီးထွားနှုန်းကမူ မဖိနှိပ်နိုင်ပေ။
ထိုအကြောင်းအရာများကြောင့် သူ့အနေဖြင့် အမှန်တကယ်နိုးထလာဖို့ အချိန်သိပ်မကျန်တော့ပေ။
ထိုအရာအားလုံးက နတ်ဧကရာဇ်အား သူသည် အပြီးတိုင် ကျရှုံးသွားကြောင်း သဘောပေါက်သွားစေသည်။
အကြောင်းအရင်းအားလုံးကမူ သူ့လက်ရှိအနေအထားတွင် ဝမ်ပေါင်လဲ့က သူနှင့် ပေါင်းစည်းပြီး သူ့ကိုယ်ပိုင်အတွေးအခေါ် အားလုံးကို လက်လျှော့လျှင်ပင် သူသည် သူ့လမ်းတွင်ရှိသမျှအရာအားလုံးကို ဝါးမျိုနိုင်မည် မဟုတ်ပေ။
ထို့အပြင် နတ်ဧကရာဇ်၏ အကဲဖြတ်ချက်အရ သူက နောက်ဆုံးသော ဝိညာဉ်အကြွင်းအကျန်ကို အောင်အောင်မြင်မြင် ဝါးမျိုနိုင်ခဲ့လျှင်ပင် သူ့အတွက် ခက်ခဲနေဦးမည်သာ ဖြစ်၏။
ထို့ကြောင့် သူက ဝမ်ပေါင်လဲ့ကို အများကြီး ပြောပြလိုက်ခြင်း ဖြစ်သည်။ သူက ဝမ်ပေါင်လဲ့အား ထိုမှတ်ဉာဏ်ကို ပြလိုက်ရသည့် အကြောင်းအရင်းလည်း ဖြစ်၏။ ထို့ကြောင့် သူက “မင်း နောက်ကျလွန်းပြီး ငါ ကျရှုံးသွားပြီ” ဆိုသော စကားကို ပြောခဲ့ခြင်းဖြစ်သည်။
သူက ကံကြမ္မာနှင့် အချိန်ကို ဆုံးရှုံးသွားခဲ့ရသည်။
ပထမကမ္ဘာရှိတံခါးက ဖွင့်လိုက်သည့်အချိန် ဒုတိယကမ္ဘာထဲရှိ လိုအင်ဆန္ဒစည်းမျဉ်းများက ဝင်ရောက်လာကတည်းက နတ်ဧကရာဇ်အနေဖြင့် မျှော်လင့်ချက်အားလုံးကို ဆုံးရှုံးသွားခဲ့ရသည်။
ထို့ကြောင့် အစောင့်အရှောက်ရွှမ်းချန်က တံခါးကို မဖွင့်ခင် မေးခွန်းသုံးကြိမ် မေးခဲ့ခြင်း ဖြစ်၏။
“မင်းသေချာတွေးပြီးသွားပြီလား”
မင်း ဆိုသည့်အဓိပ္ပာယ်က ဝမ်ပေါင်လဲ့နှင့် နတ်ဧကရာဇ်ကို ရည်ညွှန်းနေခြင်း ဖြစ်၏။
ဖြေလိုက်သည့်သူက ရှေ့လူ ဖြစ်သော်လည်း ရွှမ်းချန်အတွက်မူ ရှေ့လူနှင့်နောက်လူ အတူတူသာဖြစ်သည်။ ထို့ကြောင့် အဆုံးသတ်၌ ထိုသူက သူ့ကို မတားဆီးခဲ့ပေ။ ထိုအစား သူက လမ်းဖယ်ပေးခဲ့သည်။
ဝမ်ပေါင်လဲ့၏ အမူအရာက ရှုပ်ထွေးနေဆဲ ဖြစ်၏။ သူက မှတ်ဉာဏ်အလင်းပြောက်ကို ထိထားသည့်လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူက ခေါင်းမော့ကာ နတ်ဧကရာဇ်ကို ကြည့်လိုက်သည်။ ထိုသူ့ခန္ဓာကိုယ်က သိပ်သည်းလှသည့် အနက်ရောင်မြူများဖြင့် ဖြည်းဖြည်းချင်း လွှမ်းခြုံသွားလေသည်။ ထို့နောက် သူ့ပုံရိပ်က အင်မတန် မှုန်ဝါးသွားလေ၏။