← Chapters

ပျော်ရွှင်မှုမြို့သခင်

Vol. 104 Ch. 1438

ပျော်ရွှင်မှုမြို့သခင်

Vol. 104 Ch. 1438

“ခင်ဗျား ပြောတဲ့ အလိုဆန္ဒနဲ့ တွေ့ဖူးတဲ့ပုံပဲ” ဝမ်ပေါင်လဲ့က တီးတိုးပြောလိုက်သည်။

“မင်း တကယ်ကို တွေ့ဖူးတာပေါ့” အနက်ရောင်မြူခိုးဖြင့် လွှမ်းခြုံခံထားရသည့် ဧကရာဇ်၏ အသံက ပြောင်းလဲသွားခဲ့၏။ ထိုအရာက အမျိုးသမီးတစ်ဦး၏ အသံအဖြစ် ရောနှောသွားဟန်ပေါ်သည်။ ထိုသို့ ပဲ့တင်ထွက်လာသည့်အခါ သူစိမ်းခံစားချက်ကို ပေးစွမ်း၏။

နတ်ဧကရာဇ်၏ အသံက နောက်ဆုံးစကားအပြီးတွင် ပျောက်ကွယ်သွားလေသည်။ အမျိုးသမီးတစ်ယောက်၏ အသံအဖြစ် အစားထိုးခံလိုက်ရသလိုမျိုး ဖြစ်၏။

ဝမ်ပေါင်လဲ့က ထိုအသံနှင့် စိမ်းသက်မနေပေ။ ထိုအရာက လိုအင်ဆန္ဒ၆ပါး စစ်ဆေးမှုထဲ ကြားခဲ့ရသည့် အသံ ဖြစ်၏။ သူ့ဘဝတစ်လျှောက် အဖော်ပြုပေးခဲ့သည့်အသံ ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့က အမူအရာရှုပ်ထွေးနေလျက် ရှိ၏။ သူက မြူခိုးများဖြင့် လွှမ်းခြုံခံထားရသည့် နတ်ဧကရာဇ်ကို ကြည့်လိုက်စဉ် ထိူသူက နက်နက်နဲနဲ အိပ်စက်နေရာမှ နိုးထလာသကဲ့သို့ ဖြစ်နေသည်။ ထိုအရာက အသံကျယ်ကြီးနှင့်အတူ ပေါက်ထွက်လာပြီး သူ့ခေါင်းအထက် ထူးထူးဆန်းဆန်း ကြယ်တာရာဇယားချပ်က ဖြည်းဖြည်းချင်း လှည့်ပတ်လာသည်။

နောက်ဆုံးတွင် နတ်ဧကရာဇ်၏ ခန္ဓာကိုယ်က တုန်ယင်နေမှု ရပ်တန့်သွားပြီး ထပ်မံ အိပ်စက်သွားလေ၏။ သူ့ခန္ဓာဝန်းကျင်ရှိ မြူခိုးများက လှုပ်ခတ်လာကာ ပေါက်ကွဲထွက်သွားသည်။ ထို့နောက် လေထုထဲ အလျှင်အမြန် ပျံ့လွင့်လာ၏။ ကြယ်တာရာဇယားချပ်အောက်တွင် မြူခိုးများက နတ်ဧကရာဇ်၏ ဦးခေါင်းအထက် စုဝေးပြီး အမျိုးသမီးတစ်ဦး၏ ပုံရိပ် ထွက်ပေါ်လာစေသည်။

သူမက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အနက်ရောင်ထီးတစ်လက်ကို ကိုင်ဆောင်ထားသည်။ သူမက ရယ်မောရင်းဖြင့် ထီးကို ပင့်မလိုက်သည့်အချိန် ဝမ်ပေါင်လဲ့ ရင်းနှီးပြီးသားနှင့် မရင်းနှီးသည့် မျက်နှာကို မြင်လိုက်ရသည်။

သူမကို ရင်းနှီးနေသည်မှာ ယခင်က မြင်တွေ့ဖူး၍ ဖြစ်သည်။ မရင်းနှီးသည့်အချက်ကမူ သူမက ဤသို့ဖြစ်နေ၍ ဖြစ်သည်။ ဝမ်ပေါင်လဲ့က သက်ပြင်းအသာချလိုက်သည်။

“ခင်ဗျားကို အလိုဆန္ဒ ဒါမှမဟုတ်ဘူးဆိုရင် ပျော်ရွှင်မှုမြို့သခင်လို့ ခေါ်ရမှာလား”

ဝမ်ပေါင်လဲ့က တီးတိုးမေးလိုက်သည်။

သူ့ရှေ့တွင်ရှိနေသည့် အမျိုးသမီးက ပျော်ရွှင်မှုမြို့သခင် ဖြစ်၏။

အကယ်၍ ဝမ်ပေါင်လဲ့ကသာ ပထမကမ္ဘာကို တန်းဝင်ရောက်ခဲ့ပါက သူမ ထုတ်ဖော်ပြသသည့်ဇစ်မြစ်ကြောင့် အံ့အားသင့်သွားလိမ့်မည်။ သို့သော်လည်း လိုအင်ဆန္ဒ၆ပါး၏ စမ်းသပ်ချက်ကို တွေ့ကြုံခံစားပြီးသည့်နောက်တွင် တစ်ဖက်သူ၏ ဇစ်မြစ်ကို သတိထားမိသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။

ဝမ်ပေါင်လဲ့က ဧကရာဇ်၏ မှတ်ဉာဏ်ထဲမှ စိတ်ဝိညာဉ်လမင်းဟု အမည်ရသည့် စစ်သူကြီးကို မြင်တွေ့ခဲ့ဖူးသည်။ ထိုသူက ပျော်ရွှင်မှုမြို့သခင် ဖြစ်လာခဲ့သော်လည်း သူ သိထားသည်နှင့် ကွဲပြားနေလေ၏။

သူက အနက်ရောင်မြူခိုးများမှ ပုံပေါ်လာသည့် ပုံရိပ်ကို ကြည့်နေရင်း ဝမ်ပေါင်လဲ့က ရင်းနှီးပြီးသား ရယ်သံ၊ ရနံ့၊ အားလုံးကို တွေးမိသွားသည်။

ထို့အပြင် သူမက ဝမ်ပေါင်လဲ့အား အထက်ကမ္ဘာကို ဖွင့်လှစ်ဖို့ ပြောခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်၏။

သူမက ဝမ်ပေါင်လဲ့အား စိတ်ခံစားချက်၇မျိုးကို ပေါင်းစည်းကာ အလိုဆန္ဒအဖြစ် ပြောင်းလဲဖို့ ပြောခဲ့သူ ဖြစ်ပေသည်။

ထို့အပြင် သူမက ဝမ်ပေါင်လဲ့အား စိတ်ခံစားချက်၇မျိုး၏ တခြားသောစည်းတံဆိပ်များကို ပေးခဲ့သူ ဖြစ်၏။ ပြောရမည်ဆိုလျှင် အချက်အားလုံးက ပျော်ရွှင်မှုမြို့သခင်နှင့် သက်ဆိုင်နေ၏။ သူမ၏ ရည်မှန်းချက်က သိသာလှသည်။

နတ်ဧကရာဇ်က ပထမကမ္ဘာနှင့် ဒုတိယကမ္ဘာကို ပိုင်းခြားပြီးသည့်နောက်တွင် နတ်ဧကရာဇ်က လိုအင်ဆန္ဒကို နှစ်ပိုင်းခွဲထုတ်ခဲ့သည်။ ပထမအရာက ပထမကမ္ဘာထဲတွင် ရှိနေသည့် ခန္ဓာကိုယ်ထဲတွင်ရှိကာ ဒုတိယတစ်ခုကမူ ဒုတိယကမ္ဘာတွင် ရှိ၏။

ထို့ကြောင့် နတ်ဧကရာဇ်ကို အစစ်အမှန်ထိန်းချုပ်နိုင်ဖို့အတွက် သူမက နှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းဖို့ ပြောင်းလဲခဲ့လေသည်။

သို့သော်လည်း သူမက သူမ၏ လိုအင်ဆန္ဒများကို မစုဝေးနိုင်သလို အထက်ကမ္ဘာမှ တံခါးကိုလည်း မဖွင့်လှစ်နိုင်ပေ။ ထို့နောက် ဝမ်ပေါင်လဲ့က ပေါ်ထွက်လာလေ၏။

“ငါ့ကို ဒီခေါ်လာပေးတာ ကျေးဇူးပဲ။ မဟုတ်ရင် ဘယ်လောက်ကြာကြာ စောင့်ဆိုင်းနေရမလဲဆိုတာ မသိတော့ဘူး။” နတ်ဧကရာဇ်၏ ခေါင်းအထက်တွင် အမျိုးသမီး၏ ပုံရိပ်က ပြုံးကာ ပြောလိုက်သည်။

“ရလဒ်အနေနဲ့ မင်း ငါ့ကို ကြိုက်သလို ခေါ်လို့ရတယ်။ ဘယ်လိုပဲ ကြိုက်တာပဲဖြစ်ဖြစ်၊ မကြိုက်တာပဲဖြစ်ဖြစ် ပြဿနာမရှိဘူး” သူမက ပြောရင်း ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်သည်။

ဝမ်ပေါင်လဲ့၏ အမူအရာက အေးစက်ကာ အမူအရာကင်းမဲ့နေဆဲ ဖြစ်၏။ သူက ပျော်ရွှင်မှုမြို့သခင်ကို အေးစက်စွာ ကြည့်လိုက်သည်။

“ဘာလို့ အဲ့လောက်တောင် အေးစက်နေရတာလဲ။ ငါ့ကိုတောင် ကျေးဇူးတင်ရဦးမှာလေ။ ငါ့အကူအညီမရှိဘဲနဲ့ မင်းက နတ်ဘုရားနဲ့တူတဲ့ နတ်ဧကရာဇ်နဲ့ ဟိုးကတည်းက တွေ့ပြီးလောက်ပြီ။ သူက မင်းကမ္ဘာဆီ လာပြီးတော့ အတင်းအကြပ် ပေါင်းစည်းပြီးလောက်ပြီ” ပျော်ရွှင်မှုမြို့သခင်က ပုံမှန်အတိုင်း ပြုံးကာ ပြောလိုက်သည်။ သူမက ဝမ်ပေါင်လဲ့အား ကြည့်ကာ တီးတိုးပြောလိုက်၏။

သို့သော်လည်း သူမပြောသည့်အရာက အမှန်သာ ဖြစ်၏။

ဝမ်ပေါင်လဲ့ကိုယ်တိုင်ပင် သူမ ပြောသည့်စကားက မှန်ကန်ကြောင်း ဝန်ခံရပေမည်။ အကယ်၍ နတ်ဧကရာဇ်သာ ပြဿနာမရှိပါက ဝမ်ပေါင်လဲ့သည် နတ်ဧကရာဇ်၏ အတင်းအကြပ် ပေါင်းစည်းမှုကို ခံရသည်မှာ ကြာမြင့်လှလောက်လေပြီ။ ထို့ကြောင့် ဝမ်ပေါင်လဲ့က တိတ်ဆိတ်နေလေ၏။

“ဘာမှမပြောဘူးလား။ အဲဒါဆိုတော့ မင်းက သဘောတူတယ်ပေါ့။ မျက်နှာသာပြန်ပေးဖို့လေ” သူမက ပြုံးကာ ပြောလိုက်သည်။ သူမက ထိုစကားများကို ပြောရင်းဖြင့် မနေနိုင်ဘဲ လျှာသပ်လိုက်မိသည်။

“မင်းရဲ့ နတ်ဘုရားဝိညာဉ်ကို တန်ကြေးအနေနဲ့ ပေးလေ။ အဆင်ပြေလား”

“မင်းရဲ့ နတ်ဘုရားဝိညာဉ်နဲ့ ပေါင်းစည်းလိုက်မယ်။ ပြီးတော့ မင်းကို အသုံးချပြီးတော့ မင်းရဲ့ တကယ့်ခန္ဓာကိုယ်ကို လွှမ်းမိုးအောင် လုပ်မယ်။ ငါ ယခင်က ပြောခဲ့အတိုင်း လွတ်လပ်မှုကို လိုချင်တာဆိုတော့ အရမ်းကို ရိုးရှင်းပါတယ်။ ငါ မင်းရဲ့ တကယ့်ခန္ဓာနဲ့ ပေါင်းစည်းပြီးတဲ့နောက်မှာ မင်းကို အသုံးချပြီး နတ်ဧကရာဇ်ကို ထိန်းချုပ်မယ်။ မင်းကို ငါက အစစ်အမှန်ပြီးပြည့်စုံမှု ရောက်သွားလိမ့်မယ်။ မင်းအတွက်ကတော့ ပြိုကွဲသွားတဲ့ ဝိညာဉ်တစ်ခုရဲ့ ကိုယ်ပွားတစ်ခုအနေနဲ့ ဘာမှတော့ အဓိပ္ပာယ်မရှိဘူးပေါ့။ မင်းက မင်း လမ်းစဉ်ကို ရွေးချယ်နိုင်တာပဲ။ ငါက နတ်ဧကရာဇ်ကို ငါနဲ့အတူ ယူဆောင်သွားပြီးတော့ စကြဝဠာကနေ ထွက်သွားမယ်။”

ပျော်ရွှင်မှုမြို့သခင်၏ အသံက အတော်လေး နားထောင်လို့ကောင်းလှသည်။ ထိုအသံထဲတွင် ဖျောင်းဖျမှုတို့လည်း ပါဝင်နေသည်။ သူမက လူများ၏ စိတ်နှလုံးသားကိုလှုပ်ခတ်နိုင်စွမ်းရှိသည့် စွမ်းအားမျိုး ကိုင်ဆောင်ထားဟန်ပေါ်သည်။

“ဘယ်လိုလဲ” ယုံကြည်မှုမြို့သခင်က ဝမ်ပေါင်လဲ့၏ စိတ်ခံစားချက် အတက်အကျလှိုင်းကို အာရုံခံစားမိကာ ပြောလိုက်သည်။

“ခင်ဗျား အများကြီး ပြောလွန်းနေပြီ။ ဒါပေမဲ့ မလှုပ်ရှားဘူးဆိုတော့ ယုံကြည်ချက် မရှိတာမလား။ ဒါမှမဟုတ်ဘူးဆိုရင် နတ်ဧကရာဇ်ပေါ် ထိန်းချုပ်မှုက မပြီးပြည့်စုံသေးတာလား” ဝမ်ပေါင်လဲ့က ရုတ်တရက် ပြောလိုက်သည်။

ပျော်ရွှင်မှုမြို့သခင်၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ သို့သော်လည်း သူမ၏ မျက်ဝန်းအထက် အလင်းတစ်ချက် ဖြတ်ပြေးသွား၏။ သူမက ညာဖက်လက်ကို မြှောက်လိုက်သည့်အချိန် ဝမ်ပေါင်လဲ့၏ ပုံရိပ်က ရပ်နေသည့်နေရာမှ ပျောက်ကွယ်သွားသည်။ သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ ပျော်ရွှင်မှုမြို့သခင်ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်၏။

ပျော်ရွှင်မှုမြို့သခင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ဝမ်ပေါင်လဲ့၏ အမူအရာက အေးစက်ကာ ခက်ထန်နေသည်။ သူက ညာဖက်လက်ကို ဆုပ်ကိုင်ကာ လက်သီးချက်ဖြင့် ထိုးခွင်းလိုက်သည်။

ထိုလက်သီးချက်က ကမ္ဘာမြေတုန်လုမတတ် စွမ်းအားမျိုးကိန်းအောင်းနေကာ အရာအားလုံးကို လှုပ်ခတ်ပစ်နိုင်စွမ်းရှိသည်။ ပျော်ရွှင်မှုမြို့သခင်ကလည်း နောက်ဆုတ်လိုက်ရ၏။

လက်တစ်ချက်အဝှေ့တွင် သူမက နတ်ဧကရာဇ်ကို ထိန်းချုပ်ပြီး သူ့ညာဖက်လက်ကို မြှောက်ကာ ရှေ့တိုးလိုက်သည်။

ထို့နောက် ပိုမိုပြင်းထန်သည့် အရှိန်အဝါတစ်ခုထွက်ပေါ်လာပြီး ဧရာမလက်ကြီးတစ်ခုဖွဲ့စည်းကာ ဝမ်ပေါင်လဲ့အား ဆုပ်ကိုင်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်လေး၌ ဆုပ်ကိုင်ခံလိုက်ရသည့် ဝမ်ပေါင်လဲ့က ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွား၏။ သူ့တကယ့်ကိုယ်က ပျော်ရွှင်မှုမြို့သခင်၏ ဘေးဖက်သို့ ရောက်ရှိလာသည်။

“ကြည့်ရတာ ခင်ဗျားက တခြားသူတွေကို တိုက်ခိုက်တဲ့နေရာမှာ မတော်တဲ့ပုံပဲ” ဝမ်ပေါင်လဲ့က ထိုသို့အေးစက်စက် ပြောလိုက်သည်။ သူက ညာဖက်လက်ကို မြှောက်ရင်း သူ့လက်ထဲ၌ အလင်းတန်းထွက်ပေါ်လာသည်။

အလင်းတန်းက အဖြူရောင်ဖြစ်ပြီး ကြီးမားကျယ်ပြန့်သည့် အလင်းရောင်တို့ကို ထုတ်လွှတ်နေလျက် ရှိ၏။ ထိုအရာက နတ်ဧကရာဇ်သည် ဝမ်ပေါင်လဲ့အား မှတ်ဉာဏ်ပေးခဲ့သည့် အလင်းပြောက် ဖြစ်ပေသည်။

ထိုအရာ ပေါ်ထွက်လာသည့်အချိန် ဝမ်ပေါင်လဲ့က လက်သီးချက်ဖြင့် ထိုးခွင်းလိုက်၏။ ထိုအပေါ် ကျရောက်သွားသည့်အခါ အလင်းပြောက်က ပေါက်ကွဲထွက်သွားပြီး အလင်းပြောက်ငယ်များအဖြစ် ပြောင်းလဲကာ အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။

ထိုအရာ ပျံ့နှံ့သွားသည့်အချိန် အနက်ရောင်မြူခိုးက စတင်လှည့်စားခံလိုက်ရဟန်ပေါ်ကာ ပျော်ရွှင်မှုမြို့သခင်၏ အမူအရာက ထပ်မံပြောင်းလဲလာခဲ့၏။ ပို၍အရေးကြီးသည်က အလင်းပြောက်ကွဲထွက်သွားသည့် အခိုက်အတန့် မြူခိုးများဖြင့် ထိန်းချုပ်ခံထားရသည့် နတ်ဧကရာဇ်၏ မျက်ခွံက အနည်းငယ်လှုပ်ရှားသွားလေသည်။

တစ်ခါတစ်ရံတွင် ပင်မခန္ဓာကိုယ်နှင့် ကိုယ်ပွားတို့က ဆက်နွယ်နေခြင်းမရှိလျှင်ပင် သူတို့အချင်းချင်း၏ နားလည်နိုင်စွမ်းက သူတို့၏ ဝိညာဉ်ထဲထိ ထိုးထွင်းထားဆဲသာ ဖြစ်၏။

ပြောရမည်ဆိုလျှင် ထိုအလင်းပြောက်ငယ်များက မှတ်ဉာဏ်များကို သယ်ဆောင်ထားသကဲ့သို့ ဖြစ်၏။

All Chapters