ဓာတ်ငါးပါးတာအို
Vol. 104 Ch. 1442
ဝမ်ပေါင်လဲ့က ထိုနာမည်ကို ယခင်က ကြားခဲ့ဖူး၏။ ထိုနေရာက ဝမ်ရီရီ၏ ဖခင်ဖြစ်သူဆီမှ ကြားခဲ့ဖူးခြင်း ဖြစ်သည်။
အလိုဆန္ဒက ထိုအရာကို ထုတ်ဖော်ပြသသည့်အခါ အံ့အားသင့်ခြင်း မရှိပေ။ အလိုဆန္ဒ၏ ဇစ်မြစ်က အင်မတန် လျှို့ဝှက်ဆန်းကြယ်လှ၏။ သူမက တည်ရှိနေဟန်ပေါ်သော်လည်း တစ်ချိန်တည်းဆိုသလို တည်ရှိနေခြင်း မရှိပေ။ သူမက နတ်ဧကရာဇ်၏ အသိစိတ်မှ မွေးဖွားလာလေ၏။
ထိုအရာက နတ်ဧကရာဇ်၏ အတိတ်ကို ရှာဖွေလိုမှုမှ ထွက်ပေါ်လာသည့် စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒများကို စုပ်ယူထားခဲ့သည်။ နတ်ဧကရာဇ်၏ ယခင်ဘဝမှ စကြဝဠာကြီး၏ ကျင့်ကြံရေးအပြင် အရာအားလုံးကို ထည့်ပေါင်းထားသည်။ နတ်ဧကရာဇ်ကို မီးပြင်းဖိုအနေဖြင့် အသုံးပြုကာ ထိုအရာက ဝါးမျိုပြီး အခွံလဲနေခြင်း ဖြစ်၏။
ဝမ်ပေါင်လဲ့က ထိုသို့သော သက်ရှိမျိုး တစ်ခါမှ မမြင်ခဲ့ဖူးပေ။ သို့သော်လည်း ထိုအရာက သူ့အာရုံကို သက်ရောက်မှုမရှိပေ။ သူက ထိုအရာသည် မည်မျှအားကောင်းကြောင်း သေသေချာချာ ရှင်းရှင်းလင်းလင်း မြင်နေခြင်းဖြစ်၏။
ထိုစွမ်းအားက ကဏ္ဍနှစ်ခု၌ ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ပထမတစ်ခုက ထူးဆန်းကာ အမြဲပြောင်းလဲနေတတ်ကာ နောက်တစ်ခုကမူ အပြီးတိုင်ဖျက်ဆီးဖို့ အင်မတန်ခက်ခဲနေခြင်း ဖြစ်သည်။
“ဒါပေမဲ့ လုံးဝမဖြစ်နိုင်တာမျိုးတော့ မဟုတ်ဘူး” ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ ချန်ယဲ့ပညာရပ်ကို ထုတ်ဖော်လိုက်သည့်အချိန် ထိုအရာက အလင်းတန်းများစွာအဖြစ် ပြောင်းလဲသွားကာ အဖက်ဖက်သို့ ပျံ့နှံ့သွားပြီး ည၏ အမှောင်ထုကို အရည်ပျော်ကာ အခိုးအငွေ့များမှ ဖွဲ့စည်းထားသည့် မျက်နှာ၆ခုကလည်း စူးစူးရှရှ အော်ဟစ်လာစေသည်။
သို့သော် ထိုအော်သံ များအလယ်တွင် အမှောင်ထုက များစွာ ပျောက်ကွယ်သွားနေစဉ် အလိုဆန္ဒ၏ မျက်ဝန်းအထက် ရုတ်တရက် မဟူရာအလင်းတစ်ချက်ဖြတ်ပြေးသွားလေ၏။
“လိုအင်ဆန္ဒ ၆ပါးရဲ့ ရှေးဟောင်းမိစ္ဆာ”
မျက်နှာ၆ခုက တစ်ပြိုင်နက်ပြောလာသည့်အခါ မျက်နှာတစ်ခုက ခေါင်းမော့ကာ ပျောက်ကွယ်သွားတော့မည် ဖြစ်သည့် ညကောင်းကင်ထဲ ရှူသွင်းလိုက်သည်။
ဤသည်က ထင်းယွိစည်းမျဉ်းဥပေဒသ၏ မျက်နှာ ဖြစ်၏။ ထိုအရာက ခေါင်းကိုမော့ကာ ဝါးမျိုလိုက်သည့်အချိန် တစ်ကမ္ဘာလုံးက တုန်ယင်သွားပြီး ပြင်ပလောကနှင့် စကြဝဠာတစ်ခုလုံးကို သက်ရောက်မှုရှိလာစေသည်။
ထိုအရာက စကြဝဠာထဲရှိ အသံအားလုံးကို ဆွဲဆောင်ယူလိုက်သကဲ့သို့ ဖြစ်၏။ သူတို့က အံ့မခန်း အလျင်နှုန်းဖြင့် အဖက်ဖက်မှ တိုးဝင်လာသည်။
စကြဝဠာအားလုံး၏ အသံအားလုံး စုဝေးသွားသည့်အခါ ထင်းယွိစည်းမျဉ်းဥပဒေသ၏ မျက်နှာက ရုတ်ချည်းဆိုသလို ကြီးမားကျယ်ပြန့်လာသည်။ နောက်အခိုက်အတန့်လေး၌ ထိုအရာက ပေတစ်သန်းမြင့်မားသည့် ဧရာမကြီးအသွင် ပြောင်းလဲသွားပြီး မိုးမြေကြားတွင် ရပ်နေလေ၏။
ထိုအရာ၏ ခန္ဓာမှ ကြောက်မက်ဖွယ် ဖိအားတို့က မိုးမြေတုန်လုမတတ် ထွက်ပေါ်နေသည်။
ထိုအရာက အဆုံးသတ် မဟုတ်သေးပေ။ ဒုတိယမျက်နှာက ခေါင်းကို မော့ကြည့်လာ၏။ ထိုမျက်ဝန်းထဲတွင်လည်း ရူးသွပ်မှုတို့ ကိန်းအောင်းနေသည်။
ထိုမျက်နှာကမူ ကျန့်ယွိစည်းမျဉ်းဥပဒေသကို ကိုယ်စားပြု၏။ ထိုအရာက စကြဝဠာများစွာကို သက်ရောက်စေပြီး ပုံရိပ်များစွာကို ပုံတူပွားလိုက်သကဲ့သို့ဖြစ်ကာ သူတို့က ပဟေဠိအပိုင်းအစသဖွယ် ပြောင်းလဲသွားခဲ့သည်။ ထိုအရာ၏ ခန္ဓာကိုယ်ထဲ စကြဝဠာများစွာကို အစားထိုးလိုက်သကဲ့သို့ဖြစ်ကာ ပေတစ်သန်း မြင့်မားကာ ကြီးမားလာသည်။
ရနံ့စည်းမျဉ်းဥပဒေသ၏ မျက်နှာ၊ အထိအတွေ့စည်းမျဉ်းဥပဒေသ၏ မျက်နှာ၊ အာသီသစည်းမျဉ်းဥပဒေသ၏ မျက်နှာတို့က ယခုအခိုက်အတန့်ထွက်ပေါ်လာသည်။ ထိုအရာတို့က စကြဝဠာထဲရှိ သက်ရှိအားလုံးဆီမှ စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒအားလုံးကို စုပ်ယူခဲ့သည်။ သူတို့ကလည်း ပေတစ်သန်းအထိ ရောက်ရှိလာလေ၏။ သူ ထုတ်လွှတ်သည့် အရာက စကြဝဠာတစ်ခုလုံးကိုပင် လှုပ်ခတ်သွားစေနိုင်လောက်သည်။
နောက်ဆုံးတွင် အလိုဆန္ဒ အလှည့်ကျရောက်လာသည်။
လိုအင်ဆန္ဒ ၆ပါးအနက် အားအကောင်းဆုံးအနေဖြင့် ထိုအရာက သက်ရှိအားလုံး၏ လိုအင်ဆန္ဒပုံရိပ်ယောင်အားလုံးကို ဝါးမျိုပစ်ခဲ့သည်။ ရလဒ်အနေဖြင့် စကြဝဠာတစ်ခုလုံး၏ တုန်ခါမှုက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။ အလိုဆန္ဒစည်းမျဉ်းဥပဒေသ၏ မျက်နှာမှ ဖွဲ့စည်းထားသည့် ဧရာမကြီးက တခြားအရာငါးခုကို ကျော်ဖြတ်ပြီး ပေသုံးသန်းအထိ ရောက်ရှိသွားခဲ့သည်။
အကယ်၍ သာမန်ကမ္ဘာတွင် ရှိနေပါက ထိုသို့သောအမြင့်မျိုးကို တွက်ချက်ကြည့်ဖို့ ခက်ခဲလှမည်။ သို့သော်လည်း ထိုကမ္ဘာကမူ မူလစကြဝဠာတာအိုနေရာလွတ်မှ ဖွဲ့စည်းထားသည့် ကမ္ဘာ ဖြစ်၏။ ထို့အပြင် လိုအင်ဆန္ဒ စစ်ဆေးမှုမှလည်း ဖွဲ့စည်းထားသေးသည်။ ထို့ကြောင့် ထိုအရာကို ပုံမှန်အဖြစ် မှတ်ယူ၍ မရပေ။
အဝေးမှကြည့်လျှင် တိမ်တိုက်များကြား ဧရာမကြီး ၆ယောက်က ထိုးထောင်ထွက်နေလေ၏။ လေထုထဲ အုတ်အုတ်ကျတ်ကျတ် အသံများ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့ဆီ တိုးဝင်လာကြသည်။
သူတို့က အံ့မခန်းအလျင်ဖြင့် ရွေ့လျားပြီး ဧရာမလက်ကြီး၆ဖက်အား ကောင်းကင်ကို ပိတ်ဆို့လိုက်၏။ မျက်စိတစ်မှိတ်အတွင်း သူတို့က အချင်းချင်းထိတွေ့မိသွားသည်။
လေထုထဲ အသံကျယ်ကြီး ပျံ့နှံ့လာကာ ဝမ်ပေါင်လဲ့က သူသည် အလိုဆန္ဒနှင့် ရင်ဆိုင်နေရခြ င်းမဟုတ်ဘဲ စကြဝဠာတစ်ခုလုံး၏ အလိုဆန္ဒနှင့် ရင်ဆိုင်နေရကြောင်း သဘောပေါက်သွားခဲ့၏။
ချန်ယဲ့က အားကောင်းသော်လည်း ထိုအခိုက်အတန့်၌ သူက နိမ့်ကျနေလေသည်။ သို့သော်လည်း မှော်စွမ်းအားကမူ မှော်စွမ်းအားသာ ဖြစ်၏။ ထိုအရာက အလိုဆန္ဒ၏ မိစ္ဆာ၆ပါးနှင့်မယှဉ်နိုင်သော်လည်း ထူးကဲနေဆဲသာ ဖြစ်သည်။
ခဏအကြာတွင် နှစ်ယောက်သားအချင်းချင်း တွေ့ဆုံသွားလေသည်။ ကမ္ဘာမြေတုန်လုမတတ်အသံကြီးကျ လေထုထဲပျံ့နှံ့လာကာ လိုအင်ဆန္ဒ၆ပါး စစ်ဆေးမှုကမ္ဘာကြီးက ပြိုလဲသွားပြီး ယခင်ကမ္ဘာက ထွက်ပေါ်လာသည့် ချန်ယဲ့စွမ်းအားကမူ ပျောက်ကွယ်သွားလေ၏။
သို့သော်လည်း လိုအင်ဆန္ဒမိစ္ဆာခန္ဓာ ၆ခုကလည်း သက်ရောက်ခံလိုက်ရသည်။ မီတာသုံးသိန်း မြင့်မားသည့် မိစ္ဆာခန္ဓာငါးခုက အပြီးတိုင်ပြိုလဲသွားလေ၏။ သူတို့က အလျင်အမြန် ပြန်လည်ကောင်းမွန်လာသော်လည်း မီတာသုံးသိန်း မဟုတ်တော့ဘဲ တစ်ဝက်မျှသာ ကျန်ရှိတော့သည်။
အလိုဆန္ဒအတွက်မူ အတူတူသာဖြစ်နေဆဲ ဖြစ်၏။
“ဝမ်ပေါင်လဲ့” လိုအင်ဆန္ဒ၆ခု စစ်ဆေးမှုထဲတွင် အလိုဆန္ဒမှ ဖွဲ့စည်းထားသည့် မိစ္ဆာခန္ဓာ၆ခုက ဝမ်ပေါင်လဲ့အား ကြည့်လာခဲ့သည်။ သူတို့မျက်ဝန်းအထက် စိတ်ခံစားချက်မျိုးစုံဖြတ်ပြေးသွားပြီး သူတို့က အော်ဟစ်ကာ ဝမ်ပေါင်လဲ့ဆီ ပြေးဝင်လာသည်။
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်၏။ သူ့နဖူးထဲတွင် အပြာရောင်သလင်းကျောက် စုပ်ယူမှုက တိုးမြင့်လာပြီး ချန်ယဲ့၏ ပျက်သုဉ်းသွားမှုကြောင့် သက်ရောက်မခံရပေ။ သူ့အမူအရာက နဂိုအတိုင်းသာ ဖြစ်၏။ မိစ္ဆာခန္ဓာ၆ခုက နီးကပ်လာသည့်အချိန် သူက ညာဖက်လက်ကိုမြှောက်ကာ လက်ညှိုးထိုးလိုက်သည်။
“အစွန်းရောက် တာအို ၈ပါး”
ချန်ယဲ့က အားကောင်းသော်လည်း တခြားတစ်ယောက်၏ အပိုင်သာ ဖြစ်နေဆဲ ဖြစ်၏။
ဝမ်ပေါင်လဲ့အတွက် အစွန်းရောက်တာအို ၈ပါးကသာ သူ့အပိုင် ဖြစ်ပေသည်။
ဤသည်က သူ့တာအို၏ ဇစ်မြစ် ဖြစ်၏။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည့်အချိန် မိုးမြေက လှုပ်ခတ်သွားပြီး အခြေခံကျသည့် စည်းမျဉ်းဥပဒေသတို့က ထွက်ပေါ်လာလေသည်။
ဤသည်က သတ္တုစည်းမျဉ်းဥပဒေသ ဖြစ်၏။
ထိုစည်းမျဉ်းဥပဒေသ ထွက်ပေါ်လာသည့်အချိန် ဝမ်ပေါင်လဲ့ဝန်းကျင်၌ ထက်ရှသည့် အငွေ့အသက်တို့ ပုံပေါ်လာသည်။ ထိုအငွေ့အသက်တိုင်းက မိုးမြေကိုပင် နှစ်ပိုင်း ပိုင်းနိုင်စွမ်း ရှိ၏။ သူတို့က သတ်ဖြတ်ငွေ့၊ ပြင်းထန်မှုနှင့် တုံ့ဆိုင်းမှုမရှိဘဲ ရှေ့ကို တိုးလိုသည့် ဆုံးဖြတ်ချက်တို့ဖြင့် ပြည့်နှက်နေသည်။
နောက်ဆုံးတွင် သူတို့က ရွှေရောင်အလင်းတန်းအသွင် ပြောင်းလဲသွားပြီး မိစ္ဆာခန္ဓာ၆ခုဆီ ဦးတည်သွားသည်။
မိစ္ဆာခန္ဓာ၆ခုက ရွှေရောင်အလင်းတန်းကို မြင်သည့်အခါ အမူအရာပြောင်းလဲသွားလေ၏။ သို့သော်လည်း နောက်အခိုက်အတန့်လေး၌ သူတို့က အတူတကွ ကူးသန်းပြောင်းရွှေ့လိုက်ကြသည်။ ကွဲပြားသည့်အရောင် ၆ခုက သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေပြီး ပုံရိပ်တစ်ခု အသွင်ပေါင်းစည်းသွားလေ၏။
ထိုပုံရိပ်က အမှတ်အသားတစ်ခုအသွင် ဖြစ်သော်လည်း ပိုမိုပြီးပြည့်စုံကာ လက်တွေ့ကျ၏။
ထိုပုံရိပ်ထဲတွင် ဓားတောင်နှင့် မီးပင်လယ်ကိုပင် မြင်တွေ့နိုင်သည်။
ဤသည်က မြေအောက်ကမ္ဘာ၏ အဝါရောင်စမ်းချောင်းသဖွယ် ဖြစ်၏။
“ဖိနှိပ်စေ” မိစ္ဆာခန္ဓာ၆ခုက ပြောလာသည့်အခါ ထိုအမှတ်အသားက ပိုမိုကြီးမားသည်ထက် ကြီးမားလာပြီး တကယ့်ကမ္ဘာဖြစ်လာလေသည်။ ထိုအရာက ဝမ်ပေါင်လဲ့ကို လွှမ်းခြုံသွားလေ၏။ မျက်စိတစ်မှိတ်အတွင်း ထိုအရာက သတ္တုစည်းမျဉ်းဥပဒေသမှ ဖွဲ့စည်းထားသည့် အလင်းတန်းအဖြစ် တွေ့ဆုံသွားလေသည်။
အလင်းတန်းက အမှတ်အသားထဲ ဝင်ရောက်သွားသည့်အခါ ရေစက်က ပွက်ပွက်ဆူနေသည့် ရေပူထဲ ကျဆင်းသွားသကဲ့သို့ ဖြစ်၏။ ထိုအရာက ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာကာ ရွှေရောင်အလင်းတန်း မြောက်များစွာအဖြစ် ပြောင်းလဲသွားလေပြီး အမှတ်အသားထဲ၌ ပေါက်ကွဲထွက်လာသည်။ ထိုအရာဖြတ်သန်းသွားသည့်အချိန်တိုင်း ဓားပင်လယ်က ပြိုလဲသွားပြီး မီးပင်လယ်က ပျက်စီးသွားသည်။ အငြိုးအတေးအော်သံများတို့က ချုပ်ငြိမ်းသွားခဲ့သည်။
ထိုအမှတ်အသား ကိုယ်တိုင်ကပင် ပြိုလဲမည့် အရိပ်အယောင်တို့ ပြသလာလေ၏။ သို့သော်လည်း သတ္တုစည်းမျဉ်းဥပဒေသမှ ဖွဲ့စည်းထားသည့် အလင်းပြောက်များက အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။ လိုအင်ဆန္ဒ မိစ္ဆာခန္ဓာ၆ခု၏ စွမ်းအားက သာမန် မဟုတ်ပေ။ ထိုအမှတ်အသားက ပြိုလဲတော့မည့်အရိပ်အယောင် ဖြစ်နေသော်လည်း အလင်းပြောက်အားလုံးက ရှင်းထုတ်ခံလိုက်ရသည်။ သို့သော်လည်း အမှတ်အသားကမူ ပြိုလဲသွားခြင်း မရှိသေးပေ။
ထိုအရာက ဝမ်ပေါင်လဲ့ဆီ ဆက်လက်ကျဆင်းနေဆဲသာ ဖြစ်၏။
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သော်လည်း သူ့အမူအရာက နဂိုအတိုင်း တူညီနေဆဲသာဖြစ်ကာ အေးစက်စက် ပြောလိုက်သည်။
“မြေဓာတ်တာအို”