အခန်း (၁၄၄၃)
Vol. 104 Ch. 1443
ဝမ်ပေါင်လဲ့ပြောလိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော မြေဓာတ်အငွေ့အသက်တို့ ထွက်ပေါ်လာသည်။ ထိုအငွေ့အသက်က အင်မတန် သိပ်သည်းလှ၏။ ထိုအရာပေါ်ထွက်လာသည်နှင့် ဝမ်ပေါင်လဲ့ဝန်းကျင်တွင် အဆုံးမဲ့ကုန်းမြေပုံရိပ်များအသွင် ပြောင်းလဲသွားသည်။
အဝေးမှကြည့်ပါက ကုန်းမြေအရွယ်အစားသည် ဖော်ပြနိုင်သည်ထက် ကျော်လွန်နေသည်။ အကြောင်းအရင်းကမူ အဆုံးသတ်ကို မမြင်နိုင်၍ ဖြစ်သည်။
ပို၍ဝေးကွာသည့်အခါ လေထုထဲ ကမ္ဘာမြေ၏ ပုံရိပ်ပင် ပြည့်နှက်လာဟန်ပေါ်သည်။ ပို၍အံ့ဩဖို့ကောင်းသည့်အရာက ပြင်ပလောကမှ စွမ်းအားအများစုကလည်း တိုးဝင်လာဟန်ပေါ်သည်။ ထိုနေရာတွင် ရပ်နေသည့် ဝမ်ပေါင်လဲ့က စကြဝဠာတစ်ခုလုံး၏ ထိပ်ဆုံးတွင် ရပ်နေသကဲ့သို့ ဖြစ်နေလေ၏။
သူက လက်ကိုမြှောက်ကာ ဆင်းသက်လာသည့် အမှတ်အသားဆီ လက်ကို ဝှေ့ယမ်းလိုက်သည်။ မြေကြီးက တုန်ယင်သွားပြီး အလွှာများစွာ တစ်ခုပြီးတစ်ခု ထပ်ဆင့်သွားကာ အမှတ်အသားအား မြေကြီးထဲ မြှုပ်နှံပစ်လိုက်သည်။
ဤသည်က မြေဓာတ်တာအိုစွမ်းအား ဖြစ်၏။
နောက်အခိုက်အတန့်လေး၌ မြေကြီးဖြင့် မြှုပ်နှံပြီးသည့်နောက်တွင် အမှတ်အသားက တောင့်မခံနိုင်တော့ပေ။ ထို့နောက် အက်ကြောင်းများစွာ ပေါ်ထွက်လာပြီး အသံကျယ်ကြီးနှင့်အတူ အပိုင်းပိုင်း အစအစကြေမွကာ ပေါက်ကွဲထွက်သွားသည်။
သို့သော်လည်း တိုက်ပွဲက အဆုံးမသတ်သေးပေ။ အမှတ်အသား ပေါက်ကွဲထွက်သွားသည့်အခါ အလိုဆန္ဒ၏ အသံက အဖက်ဖက်သို့ ပျံ့နှံ့သွားလေသည်။
“အရာအားလုံး”
နောက်အခိုက်အတန့်လေး၌ ပြိုကွဲသွားသည့် အမှတ်အသားများက ချက်ချင်းဆိုသလို ပေါင်းစည်းကာ ပြန်လည်စုစည်းသွားပြီး ပုံရိပ်အသစ်တစ်ခု ဖြစ်ပေါ်လာသည်။ သို့သော်လည်း ထိုအမှတ်အသားက ဖန်ဆင်းမှုအားလုံး၏ ပုံရိပ်သဖွယ် ဖြစ်သွား၏။
ဖန်ဆင်းမှုအားလုံး၏ ပုံရိပ်ယောင်ဟုခေါ်ဆိုသည့်အရာက လူမှုအဖွဲ့အစည်း၊ ကြယ်စင်များစွာ၊ မျိုးနွယ်များစွာနှင့် တည်ရှိမှုများစွာကို မြင်တွေ့နိုင်သည့် အမှတ်အသားတစ်ခု ဖြစ်ပေသည်။ အသင်္ချေသက်ရှိအားလုံးက ထိုအမှတ်အသားအတွင်း သိပ်သည်းစွာ ဆွဲယူခံလိုက်ရသည်။
ထိုအမှတ်အသားထဲတွင် အသင်္ချေသက်ရှိများစွာ ပါဝင်နေသည့်အချက်ကို မြင်တွေ့နိုင်ဖို့ အဆတိုးချဲ့ကြည့်ရလိမ့်မည်။ ထိုအခိုက်အတန့်၌ သူတို့က ဝမ်ပေါင်လဲ့အပေါ် ကျဆင်းလာလေ၏။ အရှိန်အဝါက အားကောင်းလွန်းသည့်အတွက် ဝမ်ပေါင်လဲ့ပင် မနေနိုင်ဘဲ အနည်းငယ် လှုပ်ရှားမိသွားသည်။
သူ့မြေဓာတ်အဆီအနှစ်က တုံ့ဆိုင်းနေခြင်း မရှိပေ။ ဖန်ဆင်းမှုအားလုံး၏ ပုံရိပ်ယောင်နှင့် ထိတွေ့မိသည့်အခါ ချက်ချင်းဆိုသလို မြှုပ်နှံဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း ထိုအရာက နိမ့်ကျနေလေသည်။ နောက်အခိုက်အတန်းလေး၌ သက်ရှိအားလုံး၏ ပုံရိပ်ယောင်က တုန်ခါသွားပြီး အက်ကြောင်းများ ပေါ်ထွက်လာသည်။ သို့သော်လည်း မြေဓာတ်အနှစ်သာရက ဖန်ဆင်းမှုအားလုံး၏ ပုံရိပ်ယောင်ကြောင့် ပျောက်ကွယ်သွားဆဲသာ ဖြစ်၏။
“မီးဓာတ်တာအို”
အစွန်းရောက်တာအို ၈ပါးထဲတွင် သတ္တုနှင့် မြေဓာတ်သာ ပါဝင်နေခြင်း မဟုတ်ပေ။
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်၏။ သူက ညာဖက်လက်မှ လက်ဟန်စည်းတံဆိပ်ကို ဖွဲ့စည်းပြီး အသာဝှေ့ယမ်းလိုက်သည်။ ထိုအခိုက်အတန့်၌ သူ့ဝန်းကျင်တွင် မီးတောက်များ ထွက်ပေါ်လာပြီး သူ နေသည့် ကမ္ဘာကြီးနှင့် ကောင်းကင်ယံတွင် မီးတောက်များဖြင့် ပြည့်နှက်သွားလေသည်။ အရာအားလုံးက မီးပိုင်နက်တစ်ခုသဖွယ် ဖြစ်လာလေ၏။
မီးတောင်များက ပေါက်ကွဲထွက်ကာ ဖန်ဆင်းမှုအားလုံး၏ ပုံရိပ်ယောင်ဆီ ဦးတည်သွားသည်။
နောက်အခိုက်အတန့်လေး၌ အားကောင်းသည့်ပုံရိပ်က ပြာအဖြစ် ပြောင်းလဲသွားတော့မည့်ဟန်ပေါ်သည်။ လိုအင်ဆန္ဒမိစ္ဆာ ခန္ဓာ၆ခုက ရက်စက်သည့်အကြည့်မျိုး ရှိနေကြ၏။ ထိုအရာက မဆုတ်သာမတိုးသာအခြေအနေကို စိတ်ရှည်ကြဟန်မပေါ်ပေ။ ထိုအရာက ပြိုင်တူအော်ဟစ်လိုက်စဉ် လောင်ကျွမ်းနေသည့် ပုံရိပ်ယောင်က ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။
အထဲတွင် ဖိနှိပ်ခံထားရသည့် အသင်္ချေသက်ရှိအားလုံးက ထိုနေရာထဲတွင် နတ်ဘုရားများ ဖြစ်၏။
တချို့သောနတ်ဘုရားများက တစ်ခါက အမှန်တကယ်တည်ရှိခဲ့ဖူးပြီး တချို့ကမူ လူမှုအဖွဲ့အစည်းမှ စိတ်ကူးယဉ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ တစ်ဦးတစ်ယောက်ချင်းစီက အင်မတန် အားကောင်းလွန်းလှ၏။ ယခု သူတို့ပေါ်ထွက်လာသည့်အခါ အရေအတွက်များစွာဖြစ်နေသည့်အတွက် အမှတ်အသား၏ စွမ်းအားက ရုတ်ချည်းဆိုသလို တိုးမြင့်သွားသည်။
မီးတောက်တာအိုက လောင်ကျွမ်းနိုင်သော်လည်း နတ်ဘုရားများ၏ ပုံရိပ်ယောင်အောက်တွင် လုပ်ဖို့ရာ ခက်ခဲနေဆဲသာ ဖြစ်၏။
နှစ်ဦးနှစ်ဖက်က ထိပ်တိုက်တွေ့ဆုံသွားစဉ် ပထမတစ်ခုက ချုပ်ငြိမ်းတော့မည့် အရိပ်အယောင်များ ပြသလာသည်။ နတ်ဘုရားများ၏ ပုံရိပ်ယောင်က လောင်ကျွမ်းခံနေရသော်လည်း မီးတောက်ထံ ခံနိုင်ရည်ရှိကြောင်း သိသာလှ၏။
အဲ့လိုဆိုရင် ရေဓာတ်တာအိုကို ပြောင်းမယ်…
နောက်အခိုက်အတန့်လေး၌ ဝမ်ပေါင်လဲ့၏ မျက်ဝန်းထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားကာ သူ့ဝန်းကျင်၌ ရေခိုးရေငွေ့များစွာ ထွက်ပေါ်လာသည်။ ထို့နောက် ဝမ်ပေါင်လဲ့ရှေ့တွင် ရေစက်ကြီးတစ်စက် ထွက်ပေါ်လာလေ၏။
ထိုအရာက ရေစက်နှင့် တူသော်လည်း လက်တွေ့၌မူ လူမှုအဖွဲ့အစည်းတစ်ခုလုံးကိုပင် ဝါးမျိုပစ်နိုင်စွမ်းရှိသည့် ပင်လယ်အသွင် ပြောင်းလဲသွားလေသည်။
ထို့နောက် ဒုတိယရေစက်၊ တတိယရေစက်၊ စတုတ္ထရေစက် စသည်ဖြင့် အချိန်တိုအတွင်း ရေစက်ပမာဏအမြောက်အများက ဝမ်ပေါင်လဲ့ဝန်းကျင်တွင် တစ်သန်းအထိ ရောက်ရှိလာလေသည်။ ထို့နောက် ပေါများလွန်း၍ ရေတွက်လို့ပင် မရတော့ပေ။ လက်တစ်ချက်အဝှေ့တွင် နတ်ဘုရားများ၏ ပုံရိပ်ယောင်ထံ တိုးဝင်သွားလေ၏။
မီးမလောင်ကျွမ်းနိုင်သည့် အရာအားလုံးကို ရေက ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
ရေစက်များက ကျောက်တုံးများကို ထိုးဖောက်၍ဖြစ်စေ၊ တိုက်စား၍ဖြစ်စေ အဆုံးစွန်မဲ့ လွတ်လပ်မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။ ရေစက်များက ကျဆင်းလာသည့်အခါ နတ်ဘုရားများ၏ ပုံရိပ်ယောင်က စတင်လှုပ်ခတ်လာ၏။ ပေါ်ထွက်လာသည့်အရာက အက်ကြောင်းများ မဟုတ်တော့ဘဲ ယိုယွင်းပျက်စီးခြင်းသာ ဖြစ်၏။
ထိုအရာက အမှတ်အသား၏ စွမ်းအားကို ဖြိုခွင်းဖို့ ကြိုးစားနေဟန်ပေါ်သည်။
လိုအင်ဆန္ဒမိစ္ဆာ ခန္ဓာ ၆ခုက ထိုအရာကိုမြင်ပြီး အမုန်းတရားများဖြင့် ပြည့်နှက်လာသည်။ သူတို့က ဝမ်ပေါင်လဲ့ကို ကြည့်ပြီးသည့်နောက်တွင် သူ့ကို ထိန်းချုပ်ခွင့်မပြုသည့်အတွက် အင်မတန် မုန်းတီးနေဟန်ပေါ်၏။
အလိုဆန္ဒရှေ့တွင် အကြောင်းအရင်းဟူ၍ မရှိပေ။
အမုန်းတရားအလယ်တွင် လိုအင်ဆန္ဒ ၆ပါးက စူးစူးရှရှ အော်ဟစ်လိုက်သည်။ တိုက်စားခံလိုက်ရသည့် အမှတ်တရက ထပ်မံပြောင်းလဲကာ အနက်ရောင်မြူခိုးများ ပြောင်းလဲသွားလေသည်။
အစားထိုးခံလိုက်ရသည်ကား ကြက်ခြေခတ်အမှတ်အသားများဖြင့် ပြည့်နှက်နေသည့် ပုံရိပ်တစ်ခု ဖြစ်နေသည်။ ပထမကြည့်ရုံဖြင့် ထိုအရာက လက်စွပ်တစ်ကွင်းလို ဖြစ်နေလေ၏။
အနီးကပ်ကြည့်ပါက ထိုအရာသည် ထိုသို့မထင်ရပေ။ အကြောင်းအရင်းကမူ မျဉ်းကြောင်းများက စက်ဝိုင်းသဏ္ဌာန် မဟုတ်ဘဲ စည်းမျဉ်းမရှိဘဲ ရှုပ်ထွေးနေ၍သာ ဖြစ်၏။
ဝေဝေဝါးဝါးပြောရမည်ဆိုလျှင် သူတို့က လက်ဗွေရာသဖွယ် ဖြစ်နေလေ၏။
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ထိုအမှတ်အသားအတွင်းမှ အရှိန်အဝါသည် ယခင်နှင့် ကွဲပြားသွားကြောင်း ခံစာမိလိုက်၏။ လက်ဗွေရာနှင့်တူသည့် အမှတ်အသားသည် အသံကျယ်ကြီးနှင့်အတူ ကျဆင်းလာပြီး ဝမ်ပေါင်လဲ့အား တကယ့်အမှတ်အသားအသွင် ခံစားချက်မျိုး ပေးစွမ်း၏။
ရေဓာတ်က ထိုလက်ဝါးကို မတားဆီးနိုင်တော့ပေ။ ထိုအရာက ထိုးဖောက်ခံလိုက်ရစဉ် ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် ထူးဆန်းသည့် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားလေ၏။
“သစ်သားဓာတ်တာအို”
အစွန်းရောက်တာအို၈ပါး၏ ဓာတ်ငါးပါးအနက် ဝမ်ပေါင်လဲ့၏ အားအကောင်းဆုံးတာအိုက သူ့ကိုယ်ပိုင်တာအိုသာ ဖြစ်၏။ ထို့ကြောင့် သူက စကြဝဠာကြီး၏ သစ်သားဓာတ်တာအိုမှ ဖွဲ့စည်းလာခြင်း ဖြစ်သည်။
လက်တစ်ချက်အဝှေ့တွင် အနက်ရောင်သစ်သားဆူးချွန်က သူ့ခေါင်းအထက် ပေါ်ထွက်လာကာ အချိန်ကာလဖြတ်သန်းလာသည့် စွမ်းအားတို့ ကိန်းအောင်းနေသည်။ ထိုအရာက အနက်ရောင်သစ်သားဆူးချွန်ဆီမှ ပေါက်ထွက်လာသည့် စမ်းသပ်ချက် ချီအရိပ်အယောင်များပင် ရှိ၏။
လက်တစ်ချက်အဝှေ့တွင် အနက်ရောင်သစ်သားဆူးချွန်က အင်မတန် စူးရှသည့် အလင်းမျိုး ထုတ်လွှတ်လာသည်။ ထိုအရာက အနက်ရောင်လျှပ်စီးသဖွယ် ဖြစ်၏။ ထိုအရာက ပုံရိပ်ယောင်ဆီ တိုးဝင်လာသည်။ မြန်ဆန်လွန်းသည့်အတွက် ချက်ချင်းဆိုသလို ထိတွေ့မိသွား၏။
ဤသည်က သစ်သားတိုက်ခိုက်မှုသာ ဖြစ်သည်။ အနက်ရောင်နှလုံးသား၏ ပုံရိပ်ကိုပင် မြင်တွေ့နိုင်လေ၏။ လက်ဝါးချက်နှင့် ထိတွေ့သွားသည့်အတွက် တုန်လှုပ်ဖွယ်စွမ်းအားတို့ ထုတ်လွှတ်နေသည့် လက်ဝါးက အသံကျယ်ကြီးနှင့်အတူ အပိုင်းပိုင်းအစအစ ကြေမွသွားပြီး လိုအင်ဆန္ဒနောက်ကွယ်တွင် ရှိသည့် လိုအင်ဆန္ဒ၆ပါး၏ မိစ္ဆာခန္ဓာကိုယ်ကိုလည်း အတင်းအကြပ် ပြိုလဲသွားစေသည်။
သူတို့၏ နှလုံးသားအထက် ရူးသွပ်မှုတို့ ရှိနေလေ၏။ သူတို့မြင်လိုက်သည့်အရာက အနက်ရောင်သစ်သားဆူးချွန်သည် လက်ဝါးထဲ ထိုးထွင်းသွားသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအခိုက်အတန့်လေး၌ သူတို့က အော်ဟစ်လိုက်၏။
နောက်အခိုက်အတန့်လေး၌ လိုအင်ဆန္ဒငါးခုက တုံ့ဆိုင်းမနေတော့ဘဲ အလိုဆန္ဒဖြင့် ထပ်မံပေါင်းစည်းသွားသည်။
အလိုဆန္ဒက ပေတစ်ရာ့ငါးဆယ်မှ ပေသုံးရာအထိ မြင့်မားလာသည်။ ထိုအရာက ဝမ်ပေါင်လဲ့ကို အော်ဟစ်လိုက်၏။ ထိုခန္ဓာကိုယ်က မှုန်ဝါးသွားကာ အမှတ်အသားအသွင် ပြောင်းလဲသွားခဲ့သည်။ ထိုအရာက ကြယ်တာရာကောင်းကင်၏ မြေပုံ ဖြစ်၏။
ဤသည်က ပလ္လင်အထက်တွင်ရှိသည့် ကြယ်တာရာမြေပုံနှင့် တစ်ပုံစံတည်း တူညီနေသည်။
“ဒါက နတ်ဧကရာဇ်ရဲ့ မွေးရပ်မြေက ကြယ်တာရာမြေပုံပဲ။ ငါ ကူးယူထားတာ။ ဒီထဲမှာ ကံဆက်နွယ်မှုတွေ ပါဝင်နေတယ်။ မင်း ဖျက်ဆီးပစ်မယ်ဆိုရင် မင်းရဲ့ မွေးရပ်မြေလည်း သက်ရောက်ခံရလိမ့်မယ်။ တစ်ချိန်တည်းဆိုသလို မင်း ပြန်သွားဖို့ တည်နေရာလည်း ဆုံးရှုံးသွားလိမ့်မယ်။ မင်း ရက်စက်နိုင်ဦးမလားဆိုတာ ကြည့်ရသေးတာပေါ့”
“ကလေးဆန်လိုက်တာ” ဝမ်ပေါင်လဲ့က ယိမ်းယိုင်သွားခြင်း မရှိပေ။ သူက တည်ငြိမ်စွာ ပြောရင်းဖြင့် အနက်ရောင်သစ်သားဆူးချွန်၏ စွမ်းအားက ထပ်မံ ပေါက်ထွက်လာကာ ကြယ်တာရာမြေပုံဆီ တိုးဝင်လာသည်။
ထိုအရာက လမ်းတွင် ရှိသမျှအရာအားလုံးကို ဖျက်ဆီးပစ်လိုသကဲ့သို့ တားဆီး၍ မရနိုင်ပေ။