တောက်ပကြယ်စင်ပတ်လမ်း
Vol. 104 Ch. 1444
နတ်ဧကရာဇ်အတွက် ကြယ်တာရာမြေပုံက သူ့ဘဝလောက် အရေးကြီးလှသည်။ ဤအရာ သူ့မွေးရပ်မြေဆီ ပြန်နိုင်မည့် မြေပုံညွှန်းတစ်ခု ဖြစ်၏။ သူ ပြန်သွားနိုင်မည့် တစ်ခုတည်းသော သဲလွန်စလည်း ဖြစ်ပေသည်။ အကယ်၍ သူသာ မှတ်ဉာဏ်များ ပြည့်စုံလာခဲ့လျှင်ပင် သူ သေဆုံးမှုအပြီး အနက်ရောင်ခေါင်းလားထဲ မြှုပ်နှံခံလိုက်ရသည့်အတွက် စကြဝဠာကြီးထဲ အချိန်ကာလများစွာ လွင့်မြောနေခဲ့ရသည်။
ထို့ကြောင့် သူက မှတ်ဉာဏ်များ ရရှိလာလျှင်ပင် သူ့အတွက် စကြဝဠာမြောက်များစွာထဲ အိမ်ပြန်လမ်းကို ရှာတွေ့ဖို့ ခက်ခဲနေဆဲသာ ဖြစ်၏။ ကြယ်တာရာကောင်းကင်ကြီးက ကျယ်ပြန့်လွန်းသည့်အတွက် ကွဲပြားချက် အနည်းငယ်ကပင် မိုင်ထောင်ချီ ဝေးကွာသွားစေနိုင်သည်။
ထို့ကြောင့် ဤသည်က သူ့အတွက် အရေးပါသည့် တစ်စုံတစ်ခု ဖြစ်၏။
သို့သော်လည်း ဝမ်ပေါင်လဲ့အတွက်မူ ထိုအရာက ဘာမှမဟုတ်ပေ။ အတိတ်တုန်းက သူ့ယခင်ဘဝကို ဂရုမစိုက်ပေ။ သူ့ရွေးချယ်မှုက နတ်ဧကရာဇ်နှင့် ကွဲပြားနေ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့၏ စိတ်ကို လှုပ်ခတ်ဖို့ ကြယ်တာရာမြေပုံကို အသုံးပြုခြင်းက ကလေးဆန်စေသည်။
သို့သော်လည်း လိုအင်ဆန္ဒ၏ ဇစ်မြစ်ကို စဉ်းစားမိသည့်အခါ အကျိုးအကြောင်း မသင့်တော့ပေ။ ဝမ်ပေါင်လဲ့က တစ်ဖက်သူသည် ထိုသို့ပြုမူနေရသည့် အကြောင်းအရင်းကို နားလည်သွား၏။ သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ထိုအရာက သူ့အပေါ် သက်ရောက်မှု မရှိသေးပေ။
ထို့ကြောင့် နောက်အခိုက်အတန့်လေး၌ အနက်ရောင်သစ်သားပြားက အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့် စွမ်းအားဖြင့် ကျဆင်းလာသည်။ ထိုအရာက ကြယ်တာရာမြေပုံကို ထိုးဖောက်သွားပြီး အသံကျယ်ကြီးနှင့်အတူ ပေါက်ကွဲထွက်သွား၏။ ကြယ်တာရာမြေပုံက အပြင်းအထန် လှည့်ပတ်ကာ ကြယ်စင်များက တစ်စစီ ပြိုကွဲထွက်သွားသည်။
ထိုအရာပြိုကွဲထွက်သွားသည့်အခါ အတွင်းပိုင်း အနက်ရောင်ချီ ပမာဏအမြောက်အများက ပျံ့နှံ့လာ၏။
အဝေးတစ်နေရာတွင် စုဝေးသွားရင်း ပုံပေါ်လာသည့်အရာက လိုအင်ဆန္ဒများ မဟုတ်တော့ဘဲ ပုံရိပ်တစ်ခုသာ ဖြစ်၏။
သူမက အနက်ရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားရင်း ရပ်နေလျက် ရှိသည်။ သူမ၏ မျက်နှာက ဖြူဖျော့နေသည့် အရိပ်အယောင်မျိုး မမြင်ရပေ။ သူမ၏ ခန္ဓာကိုယ် အတက်အကျလှိုင်းများက အားကောင်းနေဆဲသာ ဖြစ်၏။ ဝမ်ပေါင်လဲ့နှင့် ယခင်တိုက်ပွဲက သူမကို မလှုပ်ခတ်နိုင်သကဲ့သို့ ဖြစ်သည်။
သို့သော်လည်း သူမ၏ မျက်ဝန်းထဲ၌ အမုန်းတရားနှင့် ပြည့်နှက်နေလေ၏။ သူမက ဝမ်ပေါင်လဲ့ကို စိုက်ကြည့်ပြီးသည့်နောက်တွင် ပျောက်ကွယ်နေသည့် ကြယ်တာရာမြေပုံကို ကြည့်လိုက်သည်။
ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့နှင့် ပေါင်းစည်းနေသည့် အပြာရောင်သလင်းကျောက်က အကြွင်းအကျန် လှိုင်းတွန့်တချို့ ထွက်ပေါ်လာသည်။ ထိုလှိုင်းတွန့်က အသိစိတ်မရှိဘဲ ပူးကပ်မှုနှင့် ဘာမှမဆိုင်ပေ။ သို့သော်လည်း ထိုအရာက နတ်ဧကရာဇ်၏ ပိုင်ဆိုင်မှု ပြယုဂ်သာ ဖြစ်၏။ ထိုအရာထဲတွင် နတ်ဧကရာဇ်၏ စိတ်ခံစားချက် အရိပ်အမြွက်တချို့ ကိန်းအောင်းနေသည်။
“ခွဲခွာဖို့ ဝန်လေးနေတာပဲ” ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်၏။ သူက ညာဖက်လက်ကို အသာဝှေ့လိုက်သည့်အခါ ကောင်းကင်ယံတွင် ပြန့်ကျဲနေသည့် အပိုင်းအစများက အကောင်းအတိုင်းဖြစ်သွားပြီး ဝမ်ပေါင်လဲ့ဆီ ဦးတည်လာသည်။
ထိုအခိုက်အတန့်၌ အပြာရောင်သလင်းကျောက်ထဲရှိ စိတ်ခံစားချက်များက ပျောက်ကွယ်သွားလေ၏။
ထိုအရာ ပျောက်ကွယ်သွားသည့်အခါ အပြာရောင်သလင်းကျောက်က သူနှင့် အလျင်အမြန် ပေါင်းစည်းလာခဲ့သည်။
“ငါ့ကို အံ့အားသင့်သွားစေတာပဲ” လိုအင်ဆန္ဒက ကောင်းကင်ယံတွင်ရပ်ရင်း ဝမ်ပေါင်လဲ့ကို ကြည့်ကာ ပြောလိုက်သည်။
“မင်းက အကြွင်းအကျန်ဝိညာဉ်တစ်ခုပဲ။ ဒါပေမဲ့ ဒီအနေအထားထိ ရောက်လာနိုင်တယ်။ ငါ ပေါ်ထွက်လာမှုက မင်းကို အများကြီး ကူညီပေးခဲ့တဲ့ပုံပဲ။ နတ်ဧကရာဇ်ရဲ့ ပေါင်းစည်းမှုကိုလည်း ရှောင်ရှားအောင် လုပ်ပေးနိုင်ခဲ့တယ်။
အဆုံးသတ်မှာ နတ်ဧကရာဇ်က မင်းကို ကူညီဖို့ ရွေးချယ်ခဲ့တယ်။ ဒီစကြဝဠာကြီးရဲ့ အလိုဆန္ဒကတောင် မင်းကို ကာကွယ်ပေးနေတယ်” လိုအင်ဆန္ဒက ပြောရင်း အကြည့်များကမူ မဲမှောင်လာသည်။
ဝမ်ပေါင်လဲ့က ဘာမှမပြောပေ။ သူက ခေါင်းကို မော့ကာ လိုအင်ဆန္ဒအား ကြည့်လိုက်၏။
“ဒါပေမဲ့ ဒါတွေအားလုံးက အသုံးမဝင်ဘူး။ ငါ ရှိနေတဲ့ ကြယ်တာရာကောင်းကင်ကြီးက အဲဒီနေရာနဲ့ ဘာမှမယှဉ်နိုင်ဘူး။ ငါတို့နှစ်ယောက်လုံးက ပိုးစုန်းကြူးနဲ့ လမင်းကြီးလိုပဲ”
လိုအင်ဆန္ဒ၏ မျက်ဝန်းအထက် မည်သည့်ခံစားချက်မှ မရှိဘဲ အချိန်တစ်ခုကို ဖော်ညွှန်းနေခြင်းသာ ဖြစ်၏။
“အကြောင်းအရင်းကတော့ မင်း ရှိနေတဲ့ ကြယ်တာရာကောင်းကင်ကြီးက မြေကမ္ဘာအဆင့်လောက်ပဲ။ မင်းရဲ့ ကျင့်ကြံဆင့်က ထိပ်ဆုံးကို ရောက်ရှိသွားပြီး နဝမမြောက်အဆင့်ထိ ရောက်ရှိသွားတယ်ဆိုရင်တောင် ဒီပတ်လမ်းမှာ အထွတ်အထိပ်မှာပဲ ရှိလိမ့်မယ်။ ဒီပတ်လမ်းမှာ တာအိုနယ်မြေအများကြီး ပါဝင်နေတယ်။
တာအိုနယ်မြေတစ်ခုချင်းစီက ကြယ်တာရာနယ်မြေအလွှာများစွာ ပါဝင်နေတာ။ ကြယ်တာရာအလွှာများစွာထဲမှာလည်း စကြဝဠာအများကြီး ပါဝင်နေတယ်။ ငါက တောက်ပကောင်းကင် ကြယ်စင်ပတ်လမ်းကပဲ။ တောက်ပကောင်းကင် ကြယ်စင်ပတ်လမ်းရဲ့ စွမ်းအားက မင်း ထက်ထားတာထက် ပိုတယ်”
“မူလတုန်းက မင်းက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှု အဲဒီနေရာဆီ ပြန်လည်သွားဖို့ အခွင့်အရေး ရှိတယ်။ ငါက မင်းရဲ့အသိစိတ်တချို့ကို ထိန်းထားပြီးတော့ အဲဒီကြယ်စင်မှာ ပြန်လည်ဝင်စားဖို့ အခွင့်အရေးပေးနိုင်တယ်။ ဒါပေမဲ့ အခုတော့ မင်းဆီမှာ မရှိတော့ဘူး” လိုအင်ဆန္ဒက ခေါင်းခါလိုက်သည်။ သူမ၏ မျက်ဝန်းထဲရှိ အမှောင်ထုက အတော်လေး အေးစက်သွားလေ၏။ သူမက ညာဖက်လက်ကို မြှောက်ကာ မျက်ခုံးကြားကို ထိတွေ့လိုက်သည်။
ကွဲပြားသည့် အရောင်များစွာက လိုအင်ဆန္ဒ၏ မျက်ခုံးကြားမှ ထွက်ပေါ်လာပြီး အဖက်ဖက်သို့ ပျံ့နှံ့သွားလေသည်။
ဤသည်က လှိုင်းတွန့် ၆လွှာရှိပြီး တစ်ခုချင်းစီက လိုအင်ဆန္ဒစည်းမျဉ်း တစ်ခုချင်းစီကို ကိုယ်စားပြုဟန်ပေါ်သည်။ သူတို့ပျံ့နှံ့လာသည့်အခါ လိုအင်ဆန္ဒ၏ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး လှိုင်းတွန့်များက သူမ၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားလေသည်။
တစ်ချိန်တည်းဆိုသလို ကမ္ဘာကြီးက အနည်းငယ် ပြောင်းလဲသွားဟန်ပေါ်၏။
မြေကြီးပေါ်တွင် အပြိုအပျက်များ၊ အဝေးတစ်နေရာရှိ ကျောက်တုံးများက … ထိုအခိုက်အတန့်၌ အသိစိတ်ဝင်လာဟန်ပေါ်သည်။
ထိုအသိစိတ်အားလုံးက ဝမ်ပေါင်လဲ့ထံ ပြင်းထန်သည့် ရန်ငြိုးတချို့ ကိန်းအောင်းနေလေ၏။
“ဒါက ငါ့ရဲ့ အလိုဆန္ဒကမ္ဘာကြီးပဲ။ အခု မင်းက ပျက်သုဉ်းမှုထဲမှာ နစ်မြုပ်ရတော့မယ်”
မြေကြီးပေါ်ရှိ အပြိုအပျက်များ၊ အဝေးတစ်နေရာရှိ ကျောက်တုံးများက အားလုံး စကားပြောလာလေ၏။ ဖြည်းဖြည်းချင်း ထိုအသံအားလုံးက ပေါင်းစည်းသွားကာ မိုးမြေကြားရှိ လိုအင်ဆန္ဒက ထူးကဲသည့် အလိုဆန္ဒတစ်ခု ဖြစ်လာဟန်ပေါ်သည်။
ထိုစည်းမျဉ်းဥပဒေသက ဝမ်ပေါင်လဲ့အတွက်သာ တည်ရှိနေခြင်း ဖြစ်၏။ ထိုအရာ၏ ရည်ရွယ်ချက်က ဝမ်ပေါင်လဲ့အား ပျက်သုဉ်းမှုထဲ နစ်မြုပ်သွားစေဖို့ ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ မြင်ကွင်းက အတော်လေး ဝေဝါးသွားလေ၏။ ကမ္ဘာကြီးကပင် ထိုအခိုက်အတန့်၌ ဝေဝါးသွားဟန်ပေါ်သည်။ ထိုအရာက ဝဲကတော့တစ်ခုအသွင် ပြောင်းလဲသွားကာ သူ့အထဲရှိ အရာအားလုံးကို ဝါးမျိုပစ်လိုဟန်ပေါ်၏။
ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် အေးစက်စက်အကြည့်တစ်ချက် ဖြတ်ပြေးသွားဟန်ပေါ်လေ၏။ သူက သူ့ခန္ဓာကိုယ်မှ မမြင်နိုင်ဖွယ် အချုပ်အနှောင်များကို ခံစားမိလိုက်သည်။ ပြောရမည်ဆိုလျှင် စွမ်းအားတချို့က ထိုအရာနှင့် ဝင်ရောက်စွက်ဖက်နေသကဲ့သို့ ဖြစ်၏။ သူ့မျက်ခုံးကြားရှိ အပြာရောင်သလင်းကျောက်၏ ပေါင်းစည်းနှုန်းကပင် သက်ရောက်ခံလိုက်ရသည်။
“စိတ်ဝင်စားစရာပဲ” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်၏။ သူ့မျက်ဝန်းအထက် ထူးဆန်းသည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားလေသည်။ သူက ညာဖက်လက်ကို မြှောက်ကာ အသာဝှေ့ယမ်းလိုက်၏။
ထို့နောက် သူ့ရှေ့၌ မမြင်နိုင်သည့် မြစ်ကြောင်းတစ်ခု ပေါ်ထွက်လာကာ … မြစ်ကြောင်းက နောက်ဆုတ်သွားကာ ရေများကို ပြောင်းပြန်စီးဆင်းသွားစေသည်။
ဤသည်က လဆုတ်ပညာရပ် ဖြစ်၏။
မင်းက ငါ့ကို နစ်မြုပ်သွားစေချင်မှတော့ ငါလည်း မင်းကို အချိန်ကို သုံးပြီး ဖျက်ဆီးပစ်မယ်…
အချိန်မြစ်ကြောင်းက အသံအကျယ်ကြီးနှင့်အတူ ပေါ်ထွက်လာလေ၏။ ထို့နောက် လဆုတ်ပညာရပ်၏ စွမ်းအားက ထွက်ပေါ်လာကာ ဝေဝါးနေသည့် စကြဝဠာကြီးကို ပြောင်းပြန်လှန်လိုက်သကဲ့သို့ ကမ္ဘာကြီးအား အမှောင်ထု ဖုံးလွှမ်းသွားစေသည်။
ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်ကလည်း လက်ရှိအနေအထားသို့ ရောက်ရှိနေပြီဖြစ်ကာ ဧကရာဇ်၏ အပြာရောင်သလင်းကျောက်ကလည်း သူနှင့် ဆက်တိုက် ပေါင်းစည်းနေလေ၏။ ထိုအရာက ဝမ်ပေါင်လဲ့၏ လဆုတ်ပညာရပ်အား အဆုံးစွန်အနေအထားသို့ ရောက်ရှိသွားစေသည်။
ထိုအခိုက်အတန့်၌ သူ့ပထမဦးဆုံး အခြေခံနောက်ဆုတ်သည့် အချိန်ကာလက နတ်ဧကရာဇ်၏ လက်အောက်ငယ်သားများ စတင်တော်လှန်သည့် အနေအထား ဖြစ်ပေသည်။
အမှောင်ကမ္ဘာကြီးက ချက်ချင်းဆိုသလို တောက်ပသွားပြီး အော်သံများက အဖက်ဖက်မှ ပျံ့နှံ့လာသည်။
ကမ္ဘာကြီးက လိုအင်ဆန္ဒ ယခုလို အဆင့်အနေအထားရှိခဲ့သည့် အနေအထား မဟုတ်တော့ပေ။ ထိုအစား ဧရာမဝဲကတော့ကြီးအသွင် ပြောင်းလဲသွားလေ၏။ ထိုဝဲကတော့ကြီးအလယ်တွင် နတ်ဘုရားတစ်ပါးအသွင် တင်ပျဉ်ခွေထိုင်နေသည့် ပုံရိပ်တစ်ခု ရှိနေသည်။
ထိုပုံရိပ်ဝန်းကျင်တွင် အားကောင်းသည့် အရှိန်အဝါများရှိသည့် စွမ်းအားကြီးပုဂ္ဂိုလ် ၁၀၈ယောက် ရှိနေလေ၏။ သူတို့က ထက်ရှသည့် ဓားများသဖွယ် ဝဲကတော့အလယ်တွင်ရှိသည့် ပုံရိပ်ဆီ တိုးဝင်လာသည်။
နောက်အခိုက်အတန့်လေး၌ တင်ပျဉ်ခွေထိုင်နေသည့် ပုံရိပ်ကြီးက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာလေ၏။ မျက်ဝန်းထဲ၌ နက်မှောင်နေသည်။ သူက သူ့ဆီကို ချဉ်းကပ်လာသည့်သူများကို မကြည့်ဘဲ အဝေးတစ်နေရာကိုသာ လှည့်ကြည့်လိုက်၏။
သူ ကြည့်နေသည့်နေရာက ဝမ်ပေါင်လဲ့ ပေါ်ထွက်လာသည့်နေရာ ဖြစ်၏။
ဝမ်ပေါင်လဲ့ကလည်း ထိုသူကို စိုက်ကြည့်လိုက်သည်။