← Chapters

အခန်း (၁၄၄၆)

Vol. 104 Ch. 1446

အခန်း (၁၄၄၆)

Vol. 104 Ch. 1446

လိုအင်ဆန္ဒမှ အသွင်ပြောင်းထားသည့် နတ်ဧကရာဇ်က စွမ်းအားအပြည့် တိုက်ခိုက်လိုသကဲ့သို့ အော်ဟစ်လိုက်သည်။ သို့သော် ဤတစ်ကြိမ် အလိုဆန္ဒက မအောင်မြင်ခဲ့ပေ။ အကြောင်းအရင်းကမူ ဤတစ်ကြိမ် ဝမ်ပေါင်လဲ့က အလိုဆန္ဒ၏ အချိန်စီးဆင်းမှုအပေါ် သက်ရောက်မှုရှိသည့်အချက်ကို တွေ့ရှိပြီးပြီဖြစ်၍ သေချာရွေးချယ်ထားသည့်အတွက်ဖြစ်၏။

အကယ်၍ သူသာ အချိန်ပြောင်းလဲခြင်း၌ အနိုင်ရလိုပါက သူသည် အားကောင်းဖို့ လိုအပ်ရုံသာမကဘဲ ထိုစဉ်အချိန်က ဖြစ်ပျက်ခဲ့သမျှ ဖြစ်ရပ်များ၏ စွမ်းအားကို ငှားယူဖို့ပါ လိုအပ်နေသည်။ ထိုအခါမှသာ သူက တစ်ဖက်သူကို ဖိနှိပ်နိုင်မည် ဖြစ်၏။

ဤတစ်ကြိမ် အနက်ရောင်သစ်သားပြား၏ စွမ်းအားက အရာအားလုံးကို ဖျက်ဆီးဖို့ အားကောင်းနေပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့က တူညီသည့် ဇစ်မြစ်ကို မျှဝေထားသည့်အတွက် ဤတစ်ကြိမ် လိုအင်ဆန္ဒမှ ဖွဲ့စည်းထားသည့် နတ်ဧကရာဇ်က ပြန်လည်မတိုက်ခိုက်နိုင်တော့ပေ။

နောက်အခိုက်အတန့်လေး၌ အနက်ရောင်သစ်သားပြားကို တားဆီးဖို့ ကြိုးစားသည့် စွမ်းအား အားလုံးက အသံကျယ်ကြီးနှင့်အတူ ဖျက်ဆီးခံလိုက်ရသည်။ အနက်ရောင်သစ်သားက နတ်ဧကရာဇ်၏ မျက်ခုံးအလယ် ထိတွေ့သွားပြီး သူ့အရေပြားထဲ ချက်ချင်းဆိုသလို ထိုးဖောက်ဝင်ရောက်သွားသည်။

လေထုထဲ အသံကျယ်ကြီးထွက်ပေါ်လာကာ အလိုဆန္ဒမှ ဖွဲ့စည်းထားသည့် နတ်ဧကရာဇ်က စူးစူးရှရှ အော်ဟစ်လိုက်၏။ သွေးများက သူ့မျက်ခုံးကြားမှ စီးဆင်းလာကာ အနက်ရောင်မျက်လုံးထဲ ခရမ်းရောင်အရိပ်အမြွက်တို့ ပေါ်ထွက်လာစေသည်။

ဝမ်ပေါင်လဲ့၏ ပုံရိပ်က အနက်ရောင်သစ်သားပြားပေါ်တွင် ပေါ်ထွက်လာသည်။ သူ့မျက်ဝန်းအထက် အားကောင်းသည့် သတ်ဖြတ်ငွေ့တို့ ကိန်းအောင်းနေလေ၏။ သူက သစ်သားပြားမှ ဆင်းလာတော့မည့်ဆဲဆဲတွင် …. ထိုအခိုက်အတန့်လေး၌ နတ်ဧကရာဇ်လက်အောက်ငယ်သားများ ဝန်းကျင်တွင်ရှိသည့်  အသက်ဓာတ်စွမ်းအားတို့က စီးဝင်သွားလေ၏။ ထိုစဉ် နတ်ဧကရာဇ်တို့က ရုတ်တရက် ထရယ်မောလိုက်သည်။

“မင်း ဒီတစ်ကြိမ်နိုင်တယ်ဆိုပေမဲ့ ငါကလည်း မရှုံးဘူး”

ထိုသို့ပြောရင်းဖြင့် သူ့မျက်ခုံးအလယ်မှ အနက်ရောင်မြူခိုးများစွာ ထွက်ပေါ်လာသည်။ ထိုအရာက အနက်ရောင်သစ်သားပြားနှင့် ဝမ်ပေါင်လဲ့၏ နတ်ဘုရားအသိစိတ်ကို ကျူးကျော်ဖို့  ကြိုးစားနေလေ၏။ ထိုကျုးကျော်မှုက အင်မတန် မြန်ဆန်လွန်းလှသည်။ အကယ်၍ ဝမ်ပေါင်လဲ့သာ အနက်ရောင်သစ်သားပြားကို မျက်လုံးအလယ်တည့်တည့်သို့ ရောက်ရှိလိုပါက သူ့အနေဖြင့် ကျူးကျော်မှုကို ဖြတ်တောက်ဖို့ အခွင့်အရေးကို သေချာပေါက် ဆုံးရှုံးသွားလိမ့်မည်။

ဝမ်ပေါင်လဲ့က အလိုဆန္ဒကို ကြည့်လိုက်၏။ တစ်ဖက်သူပြောသည်က မှန်ကန်နေလေသည်။ ဤတစ်ကြိမ် သူအနိုင်ရသော်လည်း တစ်ဖက်သူကလည်း မရှုံးနိမ့်သွားပေ။ အကြောင်းအရင်းကမူ အနက်ရောင်သစ်သားပြားသည် တစ်ဖက်သူ၏ ခန္ဓာကိုယ်ထဲ အပြည့်အဝ ထိုးစိုက်မသွားနိုင်၍ ဖြစ်၏။ ဆိုလိုသည်မှာ သက်ရောက်မှုအနေအထားက သေနိုင်လောက်သည်အထိ မရောက်ရှိသေးပေ။

နောက်အခိုက်အတန့်လေး၌ ဝမ်ပေါင်လဲ့၏ အကြည့်များက တောက်ပလာလေ၏။ သူက အနက်ရောင်သစ်သားပြားကို လက်လျှော့ပြီး အလိုဆန္ဒနှင့် ဆက်နွယ်မှုကို ဖြတ်တောက်ခဲ့သည်။ သူက တစ်ဖက်သူ၏ ကျူးကျော်မှုကိုပါ ဖြတ်တောက်ခဲ့ပြီး ကမ္ဘာကြီးက ချက်ချင်းဆိုသလို ဝေဝါးသွားလေ၏။

ဤတစ်ကြိမ် ဝမ်ပေါင်လဲ့၏ အချိန်စီးဆင်းမှုက ဝမ်ပေါင်လဲ့၏ လဆုတ်ပညာရပ်က တတိယအကြိမ် အသက်ဝင်လာလေသည်။

တတိယအကြိမ်အတွက်မူ ဝမ်ပေါင်လဲ့က အရာအားလုံး၏ စမှတ်ကို ရွေးချယ်ထားလေ၏။

ထိုနေရာထဲတွင် မူလစကြဝဠာတာအိုနေရာက မတည်ရှိပေ။ တကယ်တော့ ထိုခေတ်ကာလ၌ ဂြိုလ်များ၊ လူမှုအဖွဲ့အစည်းနှင့် မျိုးနွယ်များက မရှိပေ။

စကြဝဠာတစ်ခုလုံးက ပူဖောင်းသဖွယ်ဖြစ်ပြီး ရည်ရွယ်ချက်ကင်းမဲ့စွာ မျောလွင့်နေလျက် ရှိသည်။

တကယ်တော့ နှစ်များစွာ အလောင်းကို သယ်ဆောင်လာသည့် အနက်ရောင်ခေါင်းတလားကြီးက ထိုပူဖောင်းဆီ ချဉ်းကပ်လာလေ၏။ ထိုအရာက ကံကြမ္မာတစ်ခုဖြစ်သလို တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်ပေသည်။ သို့သော်လည်း အနက်ရောင်ခေါင်းတလားကြီးက ထိုပူဖောင်းနှင့် ဝင်တိုက်မိသွားသည်။

လေပူဖောင်းက အင်မတန် ကြီးမားလွန်းသည့်အတွက် အနက်ရောင်သစ်သားပြား၏ သက်ရောက်မှုကြောင့် အပြင်းအထန် လှုပ်ခတ်သွားစေသည်။ တခြားသော လေပူဖောင်းများ ရှိနေသည်ဆိုလျှင်ပင် ချက်ချင်း ကွဲထွက်သွားနိုင်၏။ သို့သော်လည်း ထိုပူဖောင်းကမူ အက်ကြောင်း အနည်းငယ်သာ ဖြစ်လာစေသည်။

သိပ်မကြာခင် ထိုတွင်းပေါက်က ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်သွား၏။

ထိုပူဖောင်းအလယ်တွင် အနက်ရောင်ခေါင်းတလားကြီးက သက်ရောက်မှုကြောင့် ဖြည်းဖြည်းချင်း နှေးကွေးသွားလေ၏။ ထိုအရာက လေပူဖောင်းထဲ မျောလွင့်နေရင်း အနက်ရောင်မြူခိုးများက ခေါင်းတလားထဲမှ အလောင်းဆီမှ ထွက်ပေါ်လာသည်။ မြူခိုးများ ပဲ့တင်ထွက်လာသည့်အခါ အလောင်းက မျက်လုံး ဖွင့်ဖို့ ကြိုးစားလာလေ၏။

သို့သော်လည်း ဤသည်က ဝမ်ပေါင်လဲ့ ရွေးချယ်ထားသည့် အချိန်မှန်း သိသာလှသည်။ အလောင်းက မျက်လုံးကို မဖွင့်နိုင်သေးပေ။ ပြောရမည်ဆိုလျှင် ထိုအရာက နတ်ဧကရာဇ်ကို လွှမ်းမိုးနိုင်သော်လည်း အလောင်းကိုမူ လွှမ်းမိုးနိုင်ခြင်း မရှိပေ။

“ကျစ်” အနက်ရောင်မြူခိုးကြားမှ အော်သံတစ်သံ ထွက်ပေါ်လာလေ၏။ မြူခိုးများက လှုပ်ခတ်နေရင်း လူသားအသွင် ထွက်ပေါ်လာသည်။ ထိုအရာက အလိုဆန္ဒက လွဲ၍ တခြားသူ မဟုတ်ပေ။ သူမက ကောင်းကင်ကြီးကို စိုက်ကြည့်လိုက်၏။

ဤသည်က ခေါင်းတလားအဖုံး ဖြစ်ပေသည်။ အဖုံးပေါ်တွင် မျက်နှာတစ်ခု ရှိနေလေ၏။ ထိုသူက ဝမ်ပေါင်လဲ့ကလွဲ၍ တခြားသူ မဟုတ်ပေ။

“မင်းက ဒီအချိန်ကို ပြန်ရောက်လာတယ်ဆိုရင်တောင် ငါ့ကို ဘာများလုပ်နိုင်မှာလဲ”

အလိုဆန္ဒမှ ဖွဲ့စည်းထားသည့် မျက်နှာကြီးက ဝမ်ပေါင်လဲ့ကို အော်ဟစ်လိုက်၏။ ဝမ်ပေါင်လဲ့က လျစ်လျူရှုထားပြီး အေးစက်စက် ပြောလိုက်သည်။

“ဒီမဟာစကြဝဠာကြီးက ထူးကဲတယ်။ အဲဒါကို ခင်ဗျားပဲ သိမှာပါ”

“မင်းက ဘာတွေပြောနေတာလဲ”

လိုအင်ဆန္ဒမှ ဖွဲ့စည်းထားသည့် မျက်နှာကြီးက တည်ငြိမ်နေသည့် ဝမ်ပေါင်လဲ့အား ကြည့်ကာ ရုတ်ချည်းဆိုသလို ခံစားချက်တို့ရလာမိသည်။

“ခင်ဗျားက ဖြေရှင်းဖို့ ခက်ခဲတယ်ဆိုပေမဲ့ ခင်ဗျားအားကောင်းနေတဲ့ အတွက်ကြောင့် မဟုတ်ဘူး။ တကယ်တော့ ခင်ဗျားကို အနိုင်ပိုင်းဖို့ဆိုတာ အင်မတန် လွယ်တယ်။ ကျုပ်တစ်ယောက်တည်းပဲ လုပ်နိုင်တာ မဟုတ်ဘူး။ နတ်ဧကရာဇ်ကလည်း အလွယ်တကူ လုပ်နိုင်တယ်။ ခင်ဗျားရဲ့ အရေးသာချက်က ခင်ဗျားက အဆုံးမဲ့တည်ရှိနေတဲ့ အချက်ပဲ”

“ကျုပ် ယခင်ဘဝရဲ့ သေဆုံးမှုကို တစ်နည်းနည်းနဲ့ ပတ်သက်စေခဲ့တဲ့သူအတွက် လိုအင်ဆန္ဒကို ဒီပုံစံအဖြစ်ပြောင်းလဲလိုက်တဲ့ နည်းလမ်းက လျှို့ဝှက်ဆန်းကြယ်တယ်လို့တော့ ဝန်ခံရလိမ့်မယ်။ ဒါက မဖြေရှင်းနိုင်ဘူး။ ကမ္ဘာတစ်ခုလုံးမှာ အလိုဆန္ဒရှိနေသရွေ့ ခင်ဗျားကို ဖျက်ဆီးပစ်နိုင်မှာ မဟုတ်ဘူး။ ဒီမဟာစကြဝဠာကြီးထဲက တခြားသောအင်အားကြီးပုဂ္ဂိုလ်တွေက ခင်ဗျားကို မတိုက်ခိုက်ရတဲ့ အကြောင်းအရင်းက အဲဒါကြောင့်လို့ ထင်တယ်”

“တခြားတစ်ဖက်မှာ သူတို့က ကံအကြောင်းတရားကြောင့် စွန်းထင်းမခံချင်ကြဘူး။ ကြည့်ရတာ ခင်ဗျားပြောတဲ့အတိုင်း ကျုပ်တို့ရဲ့ အရင်ဘဝတွေက တောက်ပကောင်းကင်ကြယ်စင်ပတ်လမ်းကနေ ရောက်လာတယ်လို့ ပြောတယ်။ အဲဒါကြောင့် ကျုပ်တို့က ကိုယ်ပိုင်ပြဿနာကို ဖြေရှင်းဖို့ လိုတယ်”

“တခြားတစ်ဖက်မှာ ခင်ဗျားက ဒီနေရာကို ရောက်လာတယ်ဆိုပေမဲ့ အပြင်လူတွေက ဖျက်ဆီးလို့မရဘူး။ အကြောင်းအရင်းက ခင်ဗျားက နတ်ဧကရာဇ်ရဲ့ လိုအင်ဆန္ဒ ဖြစ်နေလို့ပဲ။ သေချာအတိအကျထပ်ပြောရမယ်ဆိုရင် ခင်ဗျားက ကျုပ်ရဲ့ လိုအင်ဆန္ဒ။ ခင်ဗျားရဲ့ အနှစ်သာရက သက်ရှိအားလုံးရဲ့ လိုအင်ဆန္ဒပဲ”

ဝမ်ပေါင်လဲ့က တီးတိုးရေရွတ်လိုက်သည်။ သူက ခေါင်းငုံ့ထားပြီးသည့်နောက်တွင် အလိုဆန္ဒမှ ဖွဲ့စည်းထားသည့်မျက်နှာကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းအထက် စိတ်ရှုပ်ထွေးသည့် အမူအရာတို့ ပေါ်ထွက်လာသည်။

“မင်းက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ” အလိုဆန္ဒမှဖွဲ့စည်းထားသည့် မျက်နှာက ခက်ထန်စွာ ပြောလိုက်သည်။

“ဘာပြောရမလဲဆိုတာကို မသိသေးဘူး။ ဒါပေမဲ့ ကျုပ်ဘာသာကျုပ် ပြောနေတာလည်း ဖြစ်နိုင်တာပဲ” ဝမ်ပေါင်လဲ့က တီးတိုးရေရွတ်လိုက်သည်။

“တကယ်လို့ နတ်ဧကရာဇ်တောင် လုပ်နိုင်တယ်ဆိုရင် ကျုပ်က ဘာလို့ မလုပ်နိုင်ရမှာလဲ” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။ သူ့မျက်ဝန်းထဲ စိတ်ရှုပ်ထွေးမှုများက ဆုံးဖြတ်ချက်အဖြစ် ပြောင်းလဲသွားလေသည်။

“ကျုပ်ပြောချင်တာက ခင်ဗျားက ထာဝရ တည်ရှိနေတာ မဟုတ်ဘူး။ သူမက စကြဝဠာကြီးရဲ့ ထူးကဲမှုက သေမျိုးရဲ့ အမွေအနှစ်ဆီမှာ တည်ရှိနေတာဆိုတော့ ကျုပ်ရဲ့ လွတ်လပ်မှုတာအိုကို တွေ့ကြုံခံစားဖို့ ဖိတ်ခေါ်ချင်တယ်”

ဝမ်ပေါင်လဲ့က ထိုစကားရေရွတ်လိုက်သည့်အခါ သိပ်သည်းလှသည့် မသေမျိုးဆန္ဒက ထွက်ပေါ်လာသည်။ ထိုအရာပေါ်ထွက်လာသည်နှင့် မဟာစကြဝဠာကြီး၏ ပူဖောင်းနှင့် ပဲ့တင်ထပ်ကာ သဟဇာတ ဖြစ်သွားလေ၏။ ထိုအရာမှ တောင့်တသည့် စိတ်ဆန္ဒတို့ ထွက်ပေါ်နေလေသည်။

ထိုအရာနှင့် တွေ့သွားသည့်အခါ ဝမ်ပေါင်လဲ့၏ မသေမျိုးအငွေ့အသက်က အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး အထွတ်အထိပ်ဆန္ဒတစ်ခုကို သယ်ဆောင်ထားလေသည်။ ထိုအရာက ခေါင်းတလားထဲရှိ အလောင်းကို ရစ်ပတ်လွှမ်းခြုံထားပြီး သန့်စင်ခံလိုက်ရသလိုမျိုး ပုံစံပြောင်းလဲတော့မည့် မျက်နှာကိုပင် ပျောက်သွားစေသည်။

ထို့နောက် ခေါင်းတလားထဲမှ စူးစူးရှရှအော်သံတစ်ခု ပဲ့တင်ထွက်လာလေ၏။ သို့သော်လည်း ခေါင်းတလားမှ အလင်းတန်းက ပိုမိုတောက်ပသည်ထက် တောက်ပလာပြီး မဟာစကြဝဠာတာအိုတစ်ခုလုံးကို အလင်းပေးထားလေသည်။ ထို့နောက် ခေါင်းတလားထဲတွင်ရှိသည့် မျက်နှာကြီးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။

အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် ခေါင်းတလားကြီး၏ အလင်းရောင်က စတင်ပျောက်ကွယ်လာသည်။ ထိုစဉ် မဟာစကြဝဠာကြီး၏ မျှော်လင့်တောင့်တမှုတို့က အထွတ်အထိပ်သို့ ရောက်ရှိလာပြီး ထိုအရာက အရူးအမူးကျုံ့လာကာ မျက်စိတစ်မှိတ်အတွင်း ခေါင်းတလား အရွယ်အစားလောက်မျှသာ ကျန်ရှိတော့သည်။ ထိုအရာက ခေါင်းတလားကို ဝါးမျိုပစ်မည့် ပါးစပ်ကြီးသဖွယ် ဖြစ်နေလေ၏။

ထိုအရာကို ဝါးမျိုလိုက်ရင်းဖြင့် ခေါင်းတလားထဲတွင် ရှိသည့် အလောင်းက စတင်အရည်ပျော်လာသည်။ ဖြည်းဖြည်းချင်းဖြင့် ထိုအရာက ခေါင်းတလားနှင့် တစ်သားတည်း ဖြစ်သွားလေ၏။

ခေါင်းတလားအဖုံးပေါ်တွင် ရှိသည့် ဝမ်ပေါင်လဲ့၏ မျက်နှာက ဖြည်းဖြည်းချင်း မျက်လုံးကို မှိတ်ထားလိုက်သည်။ သူတို့ကို အပြီးတိုင် ပိတ်ဆို့ထားသကဲ့သို့ သူ့ကိုယ်သူသာ ရေရွတ်လိုက်၏။

“လဆုတ်ပညာရပ် ပြန်လည်ရောက်ရှိခြင်း”

All Chapters