လက်ဆောင်မွန်
Vol. 104 Ch. 1447
ဤကျယ်ပြောလှသည့် စကြဝဠာကြီးထဲ နတ်ဧကရာဇ် ဖန်တီးထားသည့် အလွှာသုံးလွှာကမ္ဘာရှိသည့် ပထမအလွှာတွင် စကြဝဠာကြီးက တစ်လွှာချင်းစီ စတင်ပြိုကွဲလာသည်။ အဆုံးသတ်၌ ရုပ်ထု တည်ရှိနေသည့် ခန်းမသာ ကျန်ရှိတော့၏။
ထိုခန်းမထဲတွင် လှေကားထစ်များပေါ်၌ ပလ္လင်တစ်ခု ရှိနေသည်။ ထိုအရာ၏ အပေါ်ယံ၌ ကြယ်တာရာမြေပုံက ပြိုကွဲသွားလေ၏။ အက်ကြောင်းများက ပျံ့နှံ့သွားကာ တည်နေရာအမှတ်အသားများက အသုံးမဝင်တော့ပေ။
လှေကားအောက်ခြေတွင် နဂိုက ဗလာကျင်းနေသည့် နေရာ၌ ယခုအခါ အချိန်မြစ်ကြောင်း ပေါ်ထွက်လာလေသည်။ ဖြည်းဖြည်းချင်းဖြင့် ထိုနေရာ၌ ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
အချိန်မြစ်ကြောင်းမှ ထွက်လာပြီးသည့်နောက်တွင် ရေပြင်က ပျောက်ကွယ်သွားပြီး ပုံရိပ်က အပြည့်အဝ ပေါ်ထွက်လာသည်။ ထိုသူက ဝမ်ပေါင်လဲ့ ဖြစ်၏။
သူက ထိုနေရာတွင် တိတ်တဆိတ် ရပ်နေမိ၏။ သူ့မျက်ခုံးကြားရှိ အပြာရောင်သလင်းကျောက်ကလည်း မှေးမှိန်သွားပြီ ဖြစ်သည်။ နတ်ဧကရာဇ်၏ သွေးချီနှင့် စိတ်ဝိညာဉ်အားလုံးက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားပြီ ဖြစ်သည်။ အက်ကွဲသံနှင့်အတူ အပြာရောင်သလင်းကျောက်က တစ်စစီ ကွဲထွက်သွားပြီး သူ့မျက်ခုံးမှ မြေကြီးပေါ် ပြုတ်ကျသွားလေသည်။
အသံက တိတ်ဆိတ်နေသည့် ခန်းမထဲ ပဲ့တင်ထွက်သွားသည်။
“အဆုံးသတ်မှာတော့ မသေမျိုးရဲ့ ရှင်သန်မွေးဖွားသေဆုံးမှုအကြောင်းကြောင့်ပဲ။ ငါက မသေမျိုးရဲ့ အမွေအနှစ်ကို ရရှိခဲ့တယ်။ အဲဒါကြောင့် ဒီလိုစကား ဖြစ်လာရတာပဲ။ အဲဒါဆိုတော့ စကြဝဠာကြီး စတင်ဖွဲ့စည်းကတည်းက မသေမျိုးတွေရဲ့ အမွေအနှစ်ကို ပေးခဲ့တာကြောင့်လား”
ကာလံဒေသံ၏ ဝိရောဓိတစ်ခု ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့က ခေါင်းအသာယမ်းလိုက်၏။ သူက ထိုအရာကို မစဉ်းစားတော့ပေ။ ထိုအစား ဝမ်ပေါင်လဲ့က အဝေးတစ်နေရာရှိ လေဟာနယ်ထဲ ကြည့်လိုက်သည်။ သူက မည်သည့်ကျင့်ကြံဆင့်တွင် ရောက်နေကြောင်း မသိပေ။ သူ သိသည့်တစ်ခုတည်းသော အရာက သူသည် သူ ပုံသွင်းလိုသမျှ အရာအားလုံးကို ပြန်လည်ပုံသွင်းလိုနိုင်သည်ဟုသာ ဖြစ်၏။
သူ မလုပ်နိုင်သည့် အရာတစ်ခုက သူကိုယ်တိုင်ပြန်လည်ပုံသွင်းခြင်းသာ ဖြစ်သည်။
သူ့အကြည့်က အကာအရံများကို ချိုးဖောက်ကာ ဒုတိယအလွှာရှိ သဲကန္တာရထဲ ကျရောက်လာသည်။ အချိန်အတော်ကြာ ကြာပြီးသည့်နောက် သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာလေ၏။
သူက ခေါင်းယမ်းပြီးသည့်နောက်တွင် ယခင်ဧကရာဇ် ရှိခဲ့သည့် နေရာထံ လျှောက်လှမ်းသွားလိုက်သည်။ လှေကားတစ်ထစ်ချင်းစီ တက်ကာ ထိပ်ဆုံးသို့ ရောက်ရှိလာပြီး ပလ္လင်ကို ကြည့်လိုက်ကာ ပြောလိုက်သည်။
“ဧကရာဇ်က ဒီနေရာကို ပိတ်ဆို့ပြီး တစ်ယောက်တည်းထိုင်နေတုန်းက ဘယ်လိုခံစားရမလဲ”
မည်သူကမှ မတုံ့ပြန်ပေ။
“မပြောဘူးလား။ မင်းရဲ့ အသိစိတ်က ပျောက်ကွယ်သွားတော့မှာ။ အခု မပြောဘူးဆိုရင် မင်းဆီမှာ ထပ်ပြောဖို့ အခွင့်အရေးရလာမှာ မဟုတ်ဘူး” ဝမ်ပေါင်လဲ့က တည်ငြိမ်စွာ ပြောလိုက်၏။
“အဲဒါက မင်းအတွက်လည်း အတူတူပဲ” စူးစူးရှရှ အသံတစ်သံက ဝမ်ပေါင်လဲ့၏ စိတ်ထဲ ပေါင်းစပ်လာသည်။ ထိုအသံက အမုန်းတရားနှင့် ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေလေ၏။ ထို့နောက် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်လျှောက် အနက်ရောင်မြူခိုးများစွာ ထွက်ပေါ်လာပြီး ဆက်လက်ပျံ့နှံ့နေလေသည်။
ဤသည်က အလိုဆန္ဒ ဖြစ်၏။
သူမက ပျက်သုဉ်းမသွားပေ။ ထိုအစား သူမက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်နှင့် ရောနှောသွားခဲ့သည်။ သူ့အသိစိတ်ထဲတွင် သူမက ဧကရာဇ်ကဲ့သို့ သူနှင့် တစ်သားတည်း ဖြစ်လာလေ၏။
“မင်းရဲ့ အသိစိတ်က ပျောက်ကွယ်သွားတော့မှာ။ ဧကရာဇ်လိုမျိုး မင်းလည်း အဆုံးသတ်မှာ ကျရှုံးသွားတာပဲ” အလိုဆန္ဒ၏ အသံက ရူးသွပ်မှုဖြင့် ပြည့်နှက်နေလေသည်။
“မတူဘူး” ဝမ်ပေါင်လဲ့က ပလ္လင်ပေါ်တွင် ထိုင်နေရင်း ပြောလိုက်သည်။
“အစကတည်းက နတ်ဧကရာဇ်က မင်းကို ဖိနှိပ်ချင်ခဲ့တာ။ ငါကတော့ မဟုတ်ဘူး။ မင်းကို မဖျက်ဆီးနိုင်မှန်း သိထားတယ်။ အဲဒါကြောင့် မင်းရဲ့ အသိစိတ်ကို ဖျက်ဆီးပြီးတော့ သန့်စင်တဲ့ အလိုဆန္ဒအဖြစ် ပြောင်းလဲဖို့ ရည်ရွယ်ခဲ့တာ။ ငါ့အတွက် အဲဒါက မင်းကို သတ်လိုက်တာနဲ့ အတူတူပဲ”
“ကောင်စုတ် ငါ ပြောပြီးပြီ။ မင်းက ငါ့ထိန်းချုပ်မှုအောက် ရောက်လာတာနဲ့ ကြီးကျယ်ခမ်းနားတဲ့ ကောင်းကင်ဘုံဆီ ပြန်သွားရလိမ့်မယ်။ ပြီးတော့ မင်းကို ပြန်လည်ဝင်စားဖို့ အခွင့်အရေးလည်း ပေးနိုင်တယ်။ ငါ့အသိစိတ်ကို ဖျက်ဆီးပြီးတော့ သန့်စင်တဲ့ အလိုဆန္ဒအဖြစ် ပြောင်းလဲပစ်ဖို့ မင်းကိုယ်မင်း စတေးမလို့လား။ ဘာလို့ အဲ့လိုလုပ်ရတာလဲ”
“ငါလည်း အဲ့လိုမလုပ်ချင်ပါဘူး။ ဒါပေမဲ့ ချန်ယဲ့ပညာရပ်က မင်းကို ဖျက်ဆီးမပစ်နိုင်ဘူး။ ဓာတ်ငါးပါးက မင်းကို ဖျက်ဆီးမပစ်နိုင်ဘူး။ သေခြင်းရှင်ခြင်းတာအိုကတောင် ဖျက်ဆီးမပစ်နိုင်ဘူး။ အပြင်လူတွေကလည်း ငါတို့ကြားက ကံကြမ္မာကို ဝင်ရောက်မနှောင့်ယှက်ချင်ကြဘူး။ အဲဒါဆိုတော့ ငါ့ရဲ့ လွတ်လပ်ခွင့်ကို သုံးပြီးတော့ မင်းကို ပြောင်းပြန်ပူးကပ်ဖို့ပဲ ရှိတယ်။
မင်းကို ပူးကပ်ရမယ်ဆိုတာ ဘယ်လိုလုပ်ရမလဲဆိုတာကို မင်းပဲ သင်ပေးခဲ့တာပဲ” ဝမ်ပေါင်လဲ့က ပြုံးကာ ပြောလိုက်သည်။ သူ့မျက်ဝန်းအထက် အနက်ရောင်ကြိုးမျှင်များစွာ ပေါ်ထွက်လာသည်။
“မင်း”
အလိုဆန္ဒ၏ အသိစိတ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်လာလေပြီး အရှိန်အဝါကလည်း အားပျော့လာသည်။ စကားပင် ပြောနိုင်တော့ဟန်မပေါ်ပေ။
“ပြီးတော့” ဝမ်ပေါင်လဲ့က အလိုဆန္ဒကို လျစ်လျူရှုထားလိုက်၏။
သူက ဒုတိယကမ္ဘာကို ကြည့်ပြီး စိတ်ရှုပ်ထွေးသည့် အမူအရာမျိုး ပေါ်ထွက်လာသည်။
သိပ်မကြာခင် စိတ်ရှုပ်ထွေးသည့်အမူအရာက မျှော်လင့်တောင့်တမှုအဖြစ် ပြောင်းလဲသွားလေ၏။
“နတ်ဧကရာဇ်က ငါ့တည်ရှိမှုကို ဖြည့်စည်းပေးဖို့ သူ့ကိုယ်သူ စတေးခဲ့တယ်။ အဲဒါကို ငါက ဘာလို့ ကိုယ့်ကိုယ်ကို မဖြည့်စည်းနိုင်ရမှာလဲ။ ငါ့ကိုယ်ပွားက သီးသန့်ကွဲထွက်နေတဲ့ အသိစိတ်နဲ့သူပဲ”
“ငါကလည်း အဲ့လိုလုပ်နိုင်တယ်” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။
“နဂိုရည်ရွယ်ချက်က နတ်ဧကရာဇ်နဲ့ ကံအကြောင်းတရားကို ဖြတ်တောက်ဖို့ပဲ။ ငါက အဲဒီအခါမှာ စစ်မှန်တဲ့ လွတ်လပ်ခွင့်ဆိုတာ ရလာလိမ့်မယ်”
“ဒါက ငါ့ရဲ့ တာအို။ ငါ ဒါကို မလုပ်နိုင်မှတော့ သူ လုပ်နိုင်လိမ့်မယ်”
ဝမ်ပေါင်လဲ့က ရုတ်တရက် ပြောလိုက်သည်။ သူက ဒုတိယကမ္ဘာကို ကြည့်နေမိ၏။
ဒုတိယကမ္ဘာထဲရှိ သဲကန္တာရထဲ တင်ပျဉ်ခွေထိုင်နေသည့် ပုံရိပ်တစ်ခုက မျက်လုံးထဲ ဝင်လာလေ၏။ သူ့ခန္ဓာကိုယ် ပတ်ဝန်းကျင်တွင် စည်းတံဆိပ်လေးခု ရှိနေသည်။ ထိုစည်းတံဆိပ်လေးခုက သူ့အား မလှုပ်ရှားနိုင်အောင် တားဆီးထားလေ၏။
သူက ပိတ်ဆို့ခံထားရသလိုမျိုး ထိုနေရာ၌သာ တည်ရှိနိုင်သည်။ တစ်ချိန်တည်းဆိုသလို သူ့အရှိန်အဝါကလည်း ဖုံးကွယ်ခံထားရ၏။
သူ့မျက်လုံးဖွင့်လာသည့်အခါ စိတ်ရှုပ်ထွေးသည့် အမူအရာတို့ ရှိလေ၏။ သူက ခေါင်းကိုမော့ကာ အဝေးမှ သူ့တကယ့်ခန္ဓာအား လှမ်းကြည့်လိုက်သည်။
“မင်းက ခွဲထုတ်ခံလိုက်ရကတည်းက လွတ်လပ်ခွင့်ကို လိုချင်ခဲ့တာ” ပလ္လင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေသည့် ဝမ်ပေါင်လဲ့က ပြောလိုက်သည်။ သူ့မျက်ဝန်းအထက် အနက်ရောင်များက ပိုမိုများပြားလာလေ၏။
“နတ်ဧကရာဇ်က မင်းကို မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်ကို ရဖို့ သွေးတစ်စက်ကို ပေးခဲ့တယ်။ ငါက မင်းရဲ့ ဝိညာဉ်ကို လွတ်မြောက်ခွင့်ပေးမယ်။ အခုကစပြီး မင်းက မင်းပဲ” ဝမ်ပေါင်လဲ့၏ အသံက မိုးခြိမ်းသံသဖွယ် ပျံ့နှံ့လာလေ၏။ ထို့နောက် သဲကန္တာရထဲတွင်ရှိနေသည့် ကိုယ်ပွား၏ စိတ်ထဲ စိမ့်ဝင်လာသည်။
ထိုအရာက ကိုယ်ပွား၏ ခန္ဓာကိုယ်အား အပြင်းအထန် တုန်ယင်သွားစေသည်။
“မင်း ထာဝရ လွတ်လွတ်လပ်လပ် နေနိုင်ဖို့ မျှော်လင့်တယ်”
ထိုသို့ပြောလိုက်သည့်အခါ ကိုယ်ပွား၏ ခန္ဓာကိုယ်ပေါ်ရှိ ပထမစည်းတံဆိပ်က ကြေမွသွား၏။ ထို့နောက် ကျင့်ကြံဆင့်အပါအဝင် ချီနှင့် သွေးစွမ်းအားအမြောက်အများက ကိုယ်ပွား၏ ခန္ဓာကိုယ်ထဲ စီးဝင်လာသည်။
“မင်းက ထာဝရ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ မျှော်လင့်တယ်”
ဒုတိယစည်းတံဆိပ်က ကြေမွသွားပြီး ကျင့်ကြံဆင့်အမြောက်အများက ကိုယ်ပွားဆီ တိုးဝင်လာသည်။
“မင်းက ထာဝရနေထိုင်ပြီးတော့ မင်းရဲ့ နဂိုရည်ရွယ်ချက်ကို မမေ့ပစ်ဖို့လည်း မျှော်လင့်တယ်”
တတိယစည်းတံဆိပ်က ကြေမွသွားလေသည်။
“မင်းက ထာဝရပျော်ရွှင်နေနိုင်ပါစေလို့ မျှော်လင့်တယ်”
စတုတ္ထမမြောက် စည်းတံဆိပ်က ကြေမွသွားလေသည်။
ထို့နောက် ဝမ်ပေါင်လဲ့၏ ကိုယ်ပိုင်တာအိုနှင့် အရာအားလုံးနှင့် အပါအဝင် အဆုံးမဲ့ကျင့်ကြံရေးတို့က စီးဝင်လာ၏။
ကိုယ်ပွားဖက်ကမူ သူ့မျက်ဝန်းများက သွေးဆာနေလေ၏။ သူက နဂိုခန္ဓာကိုယ်တွင် ဘာဖြစ်ခဲ့ကြောင်း သဘောပေါက်သွားလေ၏။
“နောက်ဆုံးအနေနဲ့ မင်းကို လက်ဆောင်တစ်ခု ပေးလိုက်မယ်”
ဝမ်ပေါင်လဲ့က ပလ္လင်ကို မှီထိုင်ကာ ပြောလိုက်သည်။ သူ့ဝတ်ရုံက အနက်ရောင်ပြောင်းသွားပြီး သူ့မျက်ဝန်းထဲရှိ အနက်ရောင်က ပိုမိုနေရာယူလာသည်။ သို့သော်လည်း သူ့အမူအရာက တည်ငြိမ်နေကာ ပြောလိုက်၏။
“ဝမ်ပေါင်လဲ့ … ဒီနာမည်ကို မင်းဆီ ပေးလိုက်မယ်”
ထိုသို့ပြောလိုက်သည်နှင့် စကြဝဠာတစ်ခုလုံးက အုံ့အုံ့ကျွတ်ကျွတ် ဖြစ်သွားလေ၏။ သဲကန္တာရထဲတွင်ထိုင်နေသည့် ကိုယ်ပွားကြီးက ခေါင်းမော့ကာ ကြည့်လိုက်သည်။ သူက တစ်စုံတစ်ခုကို ပြောလိုသော်လည်း နောက်အခိုက်အတန့်လေး၌ နဂိုခန္ဓာနှင့် သူ့ကြားတွင်ရှိ ဆက်နွယ်မှုက အပြီးတိုင် ဖြတ်တောက်ခံလိုက်ရသည်။ ထို့နောက် သူ့ဝန်းကျင်တွင် စွမ်းအားတစ်ခု ရစ်ပတ်လာပြီး သူ့အား မူလစကြဝဠာတာအိုနေရာအပြင်ဘက်သို့ ပို့ဆောင်ပေးလိုက်သည်။
စိတ်ထဲတွင် ကျန်ရှိနေသည့် တစ်ခုတည်းသောအရာက …
“ဒါနဲ့ ဆန်အရက်က ဝိညာဉ်ရေခဲရေထက်ပိုပြီး ကောင်းတယ်ဆိုတာ အမှန်ပဲ”