← Chapters

ငါ တကယ် လွတ်မြောက်နိုင်ပါ့မလား

Vol. 104 Ch. 1448

ငါ တကယ် လွတ်မြောက်နိုင်ပါ့မလား

Vol. 104 Ch. 1448

“ရှင်သန်မှု” ခန်းမအတွင်း ပလ္လင်ပေါ်တွင် ထိုင်နေသည့် အနက်ဝတ်အမျိုးသားက အပြုံးဖြင့် ရေရွတ်လိုက်သည်။

“ဝမ်ရီရီက ငါ့ရဲ့ အတိတ်နဲ့ အနာဂတ်ကို ယူဆောင်သွားတယ်။ ဝမ်ပေါင်လဲ့က ငါ့ရဲ့ ပစ္စုပ္ပန်ကို ယူဆောင်သွားတယ်။ သူ့ကို ငါ့နာမည်အထိ ပေးလိုက်တယ်။ စိတ်ဝင်စားစရာပဲ”

“ဒါပေမဲ့ ဒါက ငါလိုချင်တဲ့အရာ။ ငါက အရင် အစပြုခဲ့တာ”

“ငါ ဘယ်တုန်းကများ အဲ့လောက်စတေးဖို့ လိုလားလာပါလိမ့်။ ငယ်ငယ်တုန်းက အတန်းခေါင်းဆောင်ကို ချိုချဉ်တစ်လုံးပေးခဲ့တာကို အမှတ်ရသေးတယ်။ အဆုံးသတ်မှာတော့ အဲဒီလင်းထျန်းဟောက်က သူမရဲ့ လက်တွဲဖော်ဖြစ်သွားခဲ့တာပဲ။ သူမက ငါ့ကို ကြိုက်တယ်လို့ ထင်တယ်”

“ပြီးတော့ ကျိုးရှောင်ရနဲ့ ကျောက်ယမုန့် ပြီးတော့ ကျောက်ပြားကမ္ဘာ။ ပြီးတော့ ဝမ်ရီရီ …. လီဝမ်အာ။ နှမြောစရာပဲ နှမြောစရာပဲ”

“ငါ့ဘဝက ဒီလိုဝမ်းနည်းစရာမှတ်ဉာဏ်တွေကို ဘာလို့များ ပြန်လည်တွေးတောမိနေပါလိမ့်”

အနက်ဝတ်အမျိုးသားက ထိုနေရာတွင် ထိုင်ရင်း ပြုံးလိုက်သည်။ သူက ညာဖက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ထို့နောက် ဝိညာဉ်ရေခဲရေပုလင်း ထွက်ပေါ်လာသည်။ သူက ထိုအရာကို ကြည့်ရင်း ခေါင်းအသာယမ်းကာ ပြန်လည်သိမ်းဆည်းလိုက်၏။ သူ့လက်တစ်ချက်အဝှေ့တွင် ဆန်အရက်ပုလင်း ထွက်ပေါ်လာသည်။

သူက အားရပါးရတစ်ငုံ သောက်သုံးလိုက်သည်။

“ငါက ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီး ကျဆင်းလာတဲ့ ပြည်ထောင်စုကြီးရဲ့ ခေတ်သစ်ကာလမှာ မွေးဖွားလာခဲ့တယ်။ ငါ မွေးဖွားလာတုန်းက ပြည်ထောင်စုကြီးရဲ့ ခက်ထန်သားရဲတွေက သောင်းကျန်းလေ့ရှိတယ်။ ငြိမ်းချမ်းနေတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ နေရာအနှံ့အပြားမှာ အန္တရာယ်တွေ ပြည့်နှက်နေခဲ့တာပဲ။ ငါ မွေးဖွားလာပြီးတဲ့နောက်မှာ ပြည်ထောင်စုကြီးက အတော်လေး မြင့်တက်လာတယ်။ မျိုးနွယ်တွေကိုလည်း ငါ သိမ်းပိုက်နိုင်ခဲ့တယ်။ အဆုံးမဲ့မျိုးနွယ်တွေကလည်း ငါ့ကြောင့် ပျက်စီးသွားတယ်။ ဒီနေအဖွဲ့အစည်းကိုလည်း ချဲ့ထွင်ပြီးတော့ ကျောက်ပြားကမ္ဘာကလည်း ငါ့လက်ဖဝါးပြင်ထက်က ကမ္ဘာတစ်ခု ဖြစ်လာခဲ့တယ်။ ငါက ကောင်းကင်တံတားကိုတောင် ဖြတ်ကျော်ခဲ့သေးတယ်။ ထာဝရကြယ်စင်ကုန်းမြေမှာ ငါ့ရဲ့တာအိုရှိတယ်”

“နတ်ဧကရာဇ်ကလည်း ငါပဲ။ ဒီစကြဝဠာထဲမှာ ပထမဦးဆုံးထွက်ပေါ်လာတဲ့ သက်ရှိကလည်း ငါ ဖြစ်နေတုန်းပဲ။ မသေမျိုးကျင့်ကြံသူဆီ ဒီစကြဝဠာကို ငါက ပေးခဲ့လိုက်တာလို့ ထင်တယ်။ ဒါကို သေချာစဉ်းစားကြည့်မယ်ဆိုရင် ငါ ပေးခဲ့တာတွေ အရမ်းများတာပဲ”

အနက်ဝတ်အမျိုးသားက ဆက်လက် သောက်သုံးရင်း သူ့ကိုယ်သူ လှောင်ပြောင်လိုက်သည်။

“ကျစ် ငါက ဘာလို့ ပြည်ထောင်စုကြီးရဲ့ ဥက္ကဌ ဖြစ်မလာရတာလဲ။” အနက်ဝတ်အမျိုးသားက ရုတ်ချည်းဆိုသလို ရပ်တန့်သွားလေ၏။ သူက ပုလင်းခွံကို လှေကားခြေရင်းဆီ ပစ်လွှတ်လိုက်သည်။

“ငါ မလိုလားဘူး”

သူက ထိုအတွေးဖြင့် ညာဖက်လက်ကို ဝှေ့လိုက်သည်။ ဤတစ်ကြိမ် သူ့လက်ထဲ၌ စာအုပ်တစ်အုပ် ပေါ်ထွက်လာလေ၏။

စာအုပ်၏ ခေါင်းစဉ်ကမူ အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ဖြစ်ပေသည်။

အနက်ဝတ်အမျိုးသားက ထိုအရာကို စိုက်ကြည့်လိုက်၏။ သူ့ဘယ်ဖက်လက်ထဲတွင် အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိနာမည်အစား ဝမ်ပေါင်လဲ့ဟူသော နာမည်ကို အစားထိုးလိုက်သည်။

ထို့နောက် သူက ထိုအရာသည် မလုံလောက်သေးကြောင်း စဉ်းစားမိဟန်ဖြင့် နောက်ဆုံးသော စာရွက်ကို လှန်ကာ စာတန်းအနည်းငယ်ကို ရေးသားလိုက်သည်။

အေဒီ၃၀၂၉တွင် ပြည်ထောင်စုကြီး၏ အကြီးမားဆုံး ဥက္ကဌ၊ နေအဖွဲ့အစည်း၏ ဧကရာဇ်၊ ကျောက်ပြားကမ္ဘာ၏ အရှင်သခင်၊ စကြဝဠာကြီး၏ အုပ်ချုပ်သူနှင့် ဒီစာအုပ်၏ ရေးသားသူက မွေးဖွားလာခဲ့တယ်။

ထိုအရာကို ရေးသားပြီးသည့်နောက်တွင် အနက်ဝတ်အမျိုးသားက ထပ်မံပြုံးလိုက်သည်။ သူက အတော်လေး ပျော်ရွှင်နေသော်လည်း သူ့မျက်ဝန်းထောင့်ကသာ သလင်းကျောက်လို ကြည်လင်နေလေ၏။ ခဏအကြာတွင် သူက ကျယ်လောင်စွာ ရယ်မောပြီး ထရပ်လိုက်သည်။

“ငါ့ဆီမှာ နိုးထနေဖို့ အချိန်သိပ်မကျန်တော့ဘူး။ ငါ လုပ်ဖို့ ကိစ္စနှစ်ခု ရှိတယ်” သူ့လက်တစ်ချက်အဝှေ့တွင် အနက်ဝတ်အမျိုးသားက ဝမ်ပေါင်လဲ့ဟူသော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို လေဟာနယ်ထဲ ပစ်လွှတ်လိုက်သည်။ ထိုအရာက စကြဝဠာကြီး၏ ကြယ်တာရာကောင်းကင်ထဲ မြောလွင့်သွားလေ၏။ ထို့နောက် သူ့အကြည့်က မဟူရာအလင်းဖြင့် တောက်ပလာသည်။

သူက အလိုဆန္ဒ၏ အသိစိတ်ကို ဖျက်ဆီးပစ်ဖို့ နည်းလမ်းသည် တစ်ဖက်သူကို ပြောင်းပြန်ပူးကပ်ဖို့ဖြစ်ကြောင်း သိထားလေ၏။ သူက အောင်မြင်ခဲ့ပြီး အလိုဆန္ဒ၏ အသိစိတ်က ပျောက်ကွယ်သွားလေသည်။ အလိုဆန္ဒကိုယ်တိုင်က ဖရိုဖရဲဖြစ်သည့် စိတ်လိုအင်ဆန္ဒတစ်ခုဖြစ်သည့်အတွက် သူက တစ်ဖက်သူကို ပူးကပ်စဉ်အချိန်က လိုအင်ဆန္ဒပါဝင်နေသည့် အခွံတစ်ခုဖြစ်လာဖို့က အရာအားလုံးကို လက်လျှော့ခြင်းနှင့် တူညီလေသည်။

အကယ်၍ သူသာ အကျိုးအကြောင်းဆင်ခြင်စိတ်ကို ထိန်းသိမ်းထားလိုလျှင် ထိုအရာက မဖြစ်နိုင်ပေ။

ဤအရာက တန်ကြေးတစ်ခုသာ ဖြစ်၏။ သူ့အနေဖြင့် အသက်များစွာကို ဝါးမျိုဖို့ လိုအပ်နေလိမ့်မည်။ ထိုအသက်ဓာတ်ဖြင့် သူက နောက်ဆုံးသော အခိုက်အတန့်ထိ အသက်ရှင်နိုင်လိမ့်မည်။ ထိုအရာက နတ်ဧကရာဇ်ကဲ့သို့ ဖြစ်၏။

ဤစကြဝဠာတစ်ခုလုံးအတွက် ထိုအရာက ကပ်ဘေးတစ်ခုမျှသာ ဖြစ်၏။ သူက ထိုသို့မဖြစ်လိုသလို ထိုသို့လည်း မလုပ်လိုပေ။ သူ့အနေနှင့် မည်သူ့ကိုမှ သူ့အား ထိုသို့မြင်ခွင့်မပြုနိုင်ပေ။

“တိတ်တိတ်လေးလာ တိတ်တိတ်လေးထွက်သွား”

အနက်ဝတ်အမျိုးသားက ပြောရင်းဖြင့် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့မျက်ဝန်းထဲရှိ ကြိုးမျှင်တို့က ၉၀ရာခိုင်နှုန်းလောက်ကို နေရာယူသွားလေ၏။ သူက ထိုနေရာတွင် တိတ်တဆိတ်ရပ်နေရင်း ရှေ့တစ်လှမ်း တိုးလိုက်သည်။

သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ မူလစကြဝဠာတာအိုနေရာ၏ ကြယ်တာရာကောင်းကင်ကို ကျော်လွန်နေပြီး ကြယ်တာရာကောင်းကင်ထဲတွင် ရှိနေလေသည်။ သူက ပေါ်ထွက်လာသည့်အချိန် စကြဝဠာတစ်ခုလုံးက လှုပ်ခတ်သွားလေသည်။ စိတ်ဆန္ဒတစ်ခုက ဆင်းသက်လာကာ မဟာရန်သူနှင့် ရင်ဆိုင်ရသကဲ့သို့ ဖြစ်နေလေ၏။

သူ့ခြေထောက်အောက်၌ အက်ကြောင်းများစွာ စတင်ပေါ်ထွက်လာကာ ထိုစကြဝဠာကြီးက ဖိအားကို တောင့်ခံနိုင်တော့ဟန်မပေါ်ပေ။

အားကောင်းသည့် နတ်ဘုရားအသိစိတ်က အဖက်ဖက်မှ စုဝေးလာကာ သူ့ကို စိုက်ကြည့်လာလေ၏။

“မင်းက ကျေးဇူးမသိတတ်ဘူးလား”

အနက်ဝတ်အမျိုးသားက စကြဝဠာကြီးမှ ဆင်းသက်လာသည့် စိတ်ဆန္ဒကို ကြည့်ကာ ပြောလိုက်သည်။

နောက်အခိုက်အတန့်လေး၌ စကြဝဠာကြီး၏ ဆန္ဒက ပျောက်ကွယ်သွားပြီး နေရာတစ်လျှောက် သက်ပြင်းချသံခပ်တိုးတိုး ထွက်ပေါ်လာသည်။

အနက်ဝတ်အမျိုးသားက နောက်ဆုံးတွင် ကျေနပ်သွားလေ၏။ သူက ခေါင်းကိုငုံ့ကာ မူလစကြဝဠာတာအိုနေရာကို ကြည့်လိုက်သည်။ ထို့နောက် ခေါင်းအသာယမ်းလိုက်၏။

“ဦးဆုံးအရာက ဒီနေရာကို ရှင်းထုတ်ပစ်ဖို့ပဲ။ မူလစကြဝဠာတာအိုနေရာကို မလိုအပ်တော့ဘူး”

သူက ပြောရင်းဖြင့် လက်ကိုပင် မြှောက်စရာမလိုလိုက်ပေ။ သူ့အကြည့်တစ်ချက်ဖြင့် မူလစကြဝဠာတာအိုနေရာတစ်ခုလုံးကို ပြိုလဲသွားစေသည်။ ထို့နောက် ဒိုင်မေးရှင်းများစွာက ဖျက်ဆီးခံလိုက်ရ၏။ ထို့နောက် အနက်ဝတ်အမျိုးသားက အထဲတွင်ရှိနေသည့် သက်ရှိများကို ထိခိုက်အောင် မလုပ်ပေ။ ထိုအစား သူတို့ကို ပြောင်းရွှေ့ပေးလိုက်သည်။

အနက်ဝတ်အမျိုးသားက ရှေးဟောင်းခေတ်ကာလမှ အားကောင်းသည့် ပါရမီရှင်များ ဘာဖြစ်သွားသည်ကို ဂရုမစိုက်ပေ။ ပြောရမည်ဆိုလျှင် စကြဝဠာတစ်ခုလုံးအနှံ့ ရှေးဟောင်းခေတ်ကာလမှ အားကောင်းသည့် ပုဂ္ဂိုလ်များကို ဖိနှိပ်ထားနိုင်သည့် စွမ်းအားကြီးလူဟူ၍ မရှိတော့ပေ။

မျက်စိတစ်မှိတ်အတွင်း မူလစကြဝဠာတာအိုနေရာက ပျောက်ကွယ်သွားခဲ့၏။

သူ တစ်ခါက ရှိနေခဲ့သည့်နေရာက အပေါက်ကြီး အသွင်ပြောင်းလဲသွားခဲ့သည်။ သိပ်မကြာခင် ထိုအပေါက်ကြီးက ပိတ်ဆို့ကာ လေဟာနယ်အသွင် ပြောင်းလဲသွားလေ၏။ ထိုနေရာတွင် ဂြိုလ်ဟူ၍ မရှိတော့ပေ။ နောင်နှစ်ပိုင်းအတွင်း ဂြိုလ်များက ပြန်လည်မွေးဖွားလာနိုင်သလို လူမှုအဖွဲ့အစည်းများကလည်း ပြန်လည်ဖြစ်တည်လာနိုင်သည်။

“အခု ဒုတိယကိစ္စပဲ” အနက်ရောင်အမျိုးသားက ရေရွတ်ပြီးသည့်နောက်တွင် မော့ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲရှိ အနက်ရောင်ကြိုးမျှင်တို့က ၉၉ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်၏။ နည်းနည်းလောက် ထပ်တိုးပါက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားလိမ့်မည်။

သူက သူ့ကိုယ်ဆီ ကျရောက်လာသည့် အားကောင်းသည့် နတ်ဘုရားအသိစိတ်များကို ကြည့်လိုက်သည်။ ထို့နောက် သူတို့ကို ပြန်ကြည့်လိုက်၏။

နောက်အခိုက်အတန့်လေး၌ အဖက်ဖက်မှ နာကျင်အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။ လူများက သူ့အကြည့်ကြောင့် သက်ရောက်ခံလိုက်ရသလိုမျိုး ဖြစ်၏။

“ဒါက အတိတ်တုန်းက ငါ့ကို လုပ်ကြံတဲ့အတွက် လက်စားချေမှုပဲ။ မင်းတို့အားလုံးနဲ့ တွက်ချက်မနေတော့ဘူး။ ဒါက ငါ့ရဲ့ ဆုံးဖြတ်ချက်ကြောင့်ပဲ”

ထိုသို့လုပ်ပြီးသည့်နောက်တွင် အနက်ဝတ်အမျိုးသားက ချက်ချင်းဆိုသလို ခေါင်းကိုမော့ကာ ပြောလိုက်သည်။

“လူကြီးမင်းဝမ်”

“ကျုပ်ရဲ့ ကိုယ်ပိုင်အင်အားနဲ့ဆိုရင် ကျုပ်ကိုယ်ကျုပ် ထာဝရထွက်သွားဖို့အတွက် အနည်းငယ် လိုအပ်နေသေးတယ်။ လူကြီးမင်းရဲ့ အကူအညီနဲ့ဆိုရင်တော့ လုံလောက်မှာပါ။ လူကြီးမင်း ကျုပ်ကို ကူညီပြီးတော့ ဖျောက်ဖျက်ပေးပါ”

လေဟာနယ်ထဲမှ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာပြီးသည့်နောက်တွင် ဝမ်ရီရီ၏ ဖခင်ဖြစ်သူက တိတ်တဆိတ် လျှောက်လှမ်းလာသည်။ သူက ထိုနေရာတွင် ရပ်ရင်း အနက်ဝတ်အမျိုးသားကို ကြည့်လိုက်၏။

အနက်ဝတ်အမျိုးသားက ဝမ်ရီရီ၏ ဖခင်ဖြစ်သူကို ကြည့်ကာ ပြုံးလိုက်သည်။

“အဲဒါဆိုတော့ လူကြီးမင်းက မြေကမ္ဘာအဆင့်ရဲ့ ထိပ်သီးပေါ့။ နည်းနည်းလောက်ဆိုရင် ကောင်းကင်အဆင့်ကို ရောက်တော့မှာပဲ။ ကံအကြောင်းတရားနဲ့ အစွန်းအထင်းမခံချင်တာ မထူးဆန်းတော့ပါဘူး။ အစွန်းအထင်းခံလိုက်တာနဲ့ ကောင်းကင်ဘုံအဆင့်ကို ဝင်ရောက်ဖို့ မျှော်လင့်ချက်မရှိတော့ဘူး ဖြစ်သွားမှာလေ”

“အဲ့လိုမဟုတ်ဘူး။  ကောင်းကင်ဘုံအဆင့် ဝင်ရောက်ဖို့ မျှော်လင့်ချက်မရှိတာက ကိစ္စမရှိဘူး။ ဒါပေမဲ့ နတ်ဧကရာဇ်က မြေကမ္ဘာနယ်ပယ်က ဝိညာဉ် မဟုတ်ဘူး။ သူက မင်းနဲ့ ကွဲပြားတယ်။ အစွန်းအထင်းဖြစ်သွားတာနဲ့ ကပ်ဘေးက ကျရောက်လာလိမ့်မယ်။ အဲဒါက ကောင်းကင်ဘုံအဆင့်နဲ့ မြေကမ္ဘာအဆင့်ကြားက သဘောတူညီချက်ပဲ။ မင်း သိမှာပါ”

အနက်ဝတ်အမျိုးသားက တိတ်ဆိတ်နေရင်း ပြုံးလိုက်သည်။

“လူကြီးမင်း ကျုပ်ကို ကူညီပေးပါ”

ထို့နောက် သူက ဝမ်ရီရီ၏ ဖခင်ဖြစ်သူထံ ဦးညွှတ်လိုက်သည်။

ဝမ်ရီရီ၏ ဖခင်ဖြစ်သူက တိတ်ဆိတ်နေပြီးသည့်နောက်တွင် အနက်ဝတ်အမျိုးသားထံ ပြန်လည်ဦးညွှတ်လိုက်သည်။ တစ်ချိန်တည်းဆိုသလို နေရာတစ်ဝိုက်၌ ပုံရိပ်ယောင်များစွာ ထွက်ပေါ်လာသည်။ တစ်ယောက်ချင်းစီ၊ တစ်ခုချင်းစီက ကမ္ဘာမြေတုန်လုမတတ် အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားကြ၏။ အနက်ဝတ်အမျိုးသားက သူတို့ကို ကြည့်ပြီးသည့်နောက်တွင် သူတို့၏ ကံအကြောင်းတရားကြောင့် သူတို့နှင့် ရင်းနှီးနေကြောင်း သဘောပေါက်သွားခဲ့သည်။

သူတို့ပေါ်ထွက်လာသည့်အခါ သူတို့က အနက်ဝတ်အမျိုးသားကို ဦးညွှတ်လိုက်ကြ၏။

ဤသည်က ကျေးဇူးတင်မှုအနေဖြင့် ဖြစ်သည်။

ခဏအကြာတွင် ဝမ်ရီရီ၏ ဖခင်ဖြစ်သူက ညာဖက်လက်ကို ဝှေ့ယမ်းလိုက်၏။ တစ်ချိန်တည်းဆိုသလို အနက်ဝတ်အမျိုးသားက ရယ်မောပြီး သူ့နဖူးသူ ရိုက်ချလိုက်သည်။

ထို့နောက် အသံကျယ်ကြီးတစ်ခုထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ကြေမွသွားတော့သည်။ မြေကမ္ဘာအဆင့် ကျင့်ကြံသူနှစ်ဦး၏ စွမ်းအားအောက်တွင် သူက ပျောက်ကွယ်သွားလေ၏။

သူက ထိုစကြဝဠာမှ ဝေးသည်ထက် ဝေးသွားသည်။

သူ ပျောက်ကွယ်သွားသည့်အခါ အနက်ဝတ်အမျိုးသား၏ မျက်ဝန်းများက အပြီးတိုင် အနက်ရောင်ပြောင်းလဲသွားခဲ့သည်။

“ငါက မသေမျိုးတစ်ယောက် မဟုတ်ဘဲနဲ့ မင်းက မသေမျိုးပဲ” ထိုအရာက သူ့နောက်ဆုံးစကားများ ဖြစ်၏။ သူတို့က ပျောက်ကွယ်သွားသည့်အခါ အနက်ဝတ်အမျိုးသားက အသိစိတ် ဆုံးရှုံးသွားတော့သည်။ သူက အလိုဆန္ဒမြူခိုးအသွင် ပြောင်းလဲကာ ကြယ်တာရာကောင်းကင်ထဲ အဆုံးစွန်မဲ့ မျောလွင့်သွားတော့သည်။

ထိုအရာကို တိတ်တဆိတ် စောင့်ကြည့်နေသည့်အားလုံးက  ဦးညွှတ်လိုက်ကြ၏။

အဝေးမှကြည့်လျှင် သာမန်ဂြိုလ်တစ်လုံးပေါ်၌  ဝမ်ပေါင်လဲ့၏ ကိုယ်ပွားက တငေးတမော ထိုင်နေရင်း မျက်ရည်များ စီးကျလာလေ၏။ သူ့ခန္ဓာကိုယ်က တုန်ယင်ကာ ဒူးထောက်ရင်း ဝပ်တွားလိုက်တော့သည်။

All Chapters