← Chapters

ပြန်လည်တွေးတောခြင်း

Vol. 104 Ch. 1450

ပြန်လည်တွေးတောခြင်း

Vol. 104 Ch. 1450

 ဝမ်ပေါင်လဲ့က စကားတစ်ခွန်းမှ မပြောပေ။ သူက ဂိုဏ်းတူအစ်ကိုကြီးကိုသာ တငေးတမော ကြည့်နေမိ၏။ သူက ဝိညာဉ်ရေခဲရေကို ပါးစပ်အပြည့်သောက်သုံးပြီးသည့်နောက်တွင် သူ့လက်များက တုန်ယင်လာလေ၏။

“ပေါင်လဲ့ ငါတို့ ပထမဦးဆုံးတွေ့တုန်းက အချိန်ကို မှတ်မိသေးလား”

“မှတ်မိပါတယ်”

“ကောင်စုတ်လေး။ မင်းက အဲ့တုန်းက အရမ်းကို ကြောက်နေခဲ့တာ။ ဂိုဏ်းတူအစ်ကိုကြီးက ရယ်ရတယ်ထင်လို့ မီးတောက်သားရဲနှစ်ကောင်ကို မင်းဆီ ပို့လိုက်တာလေ”

ဝမ်ပေါင်လဲ့က ပြုံးလိုက်သည်။ ထိုမှတ်ဉာဏ်များက သူ့စိတ်ထဲ ပေါ်ထွက်လာကာ သူ့မျက်ဝန်းအထက် ပြန်လည်တွေးတောမှုများဖြင့် ပြည့်နှက်သွားသည်။

ကောင်းကင်ယံ၌ လှပသည့် လမင်းကြီး ပေါ်ထွက်နေသည်။

ထို့နောက် ထိုအရာ ပျောက်ကွယ်သွားသည့်အခါ ညက ကုန်ဆုံးသွားလေ၏။

ထိုည၌ ဝမ်ပေါင်လဲ့နှင့် ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းတို့က အချိန်အတော်ကြာ စကားပြောဖြစ်ခဲ့ကြသည်။ သူတို့က ကျောက်ပြားကမ္ဘာတွင် ဖြစ်ပျက်ခဲ့သည့်အရာများကို တစ်ခုချင်းစီ ပြန်လည်ပြောပြခဲ့ပြီး ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် မှတ်ဉာဏ်များစွာဖြင့် ပြည့်နှက်နေလေသည်။

ကောင်းကင်ကြီးက လင်းထိန်လာသည့်အခါ ချန်ရှင်းက သေရည်ပုလင်းအခွံကို အောက်ချပြီး သက်ပြင်းချလိုက်သည်။

“ပေါင်လဲ့ …  မင်း ဆရာကို လွမ်းလား”

“လွမ်းတာပေါ့” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။

“ငါရောပဲ။ ကျောက်ပြားကမ္ဘာဆီ ပြန်သွားရအောင်။ ဆရာ ပျောက်ကွယ်သွားခဲ့တဲ့နေရာကိုပေါ့”

ဝမ်ပေါင်လဲ့က သူ့ဂိုဏ်းတူအစ်ကိုကြီးအား ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ နောက်အခိုက်အတန့်လေး၌ နှစ်ဦးသားက တည်းခိုဆောင်ထဲမှ ပျောက်ကွယ်သွားကာ ကျောက်ပြားကမ္ဘာထဲ ပြန်လည်ပေါ်ထွက်လာလေ၏။

သူတို့က အမှောင်ဂိုဏ်းရှိ ဂူဗိမာန်ကြီးနားတွင် ရောက်ရှိနေကြသည်။

နှစ်ဦးသားက တိတ်ဆိတ်နေကြ၏။ သူတို့က သူတို့နှင့် ရင်းနှီးသည့် အရာအားလုံးကို ကြည့်နေကြသည်။ ထို့နောက် ဝမ်ပေါင်လဲ့၏ စိတ်ထဲ မှတ်ဉာဏ်များနှင့် ပုံရိပ်များက ဆက်တိုက် ပေါ်ထွက်လာလေ၏။ ခဏအကြာတွင် ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းက တီးတိုးပြောလာသည်။

ဒီနေရာက ငါတို့နှစ်ယောက်လုံးအတွက် အဓိပ္ပာယ်အများကြီး ရှိတယ်။ အဲဒါကြောင့် ဒီနေရာမှာ ငါ မဆင်မခြင် မပြောဘူး”

“ပေါင်လဲ့ မင်းဆီမှာ ဘယ်လိုပဲဖြစ်သွားဖြစ်သွား မင်းက ငါ့ရဲ့ ဂိုဏ်းတူညီလေးပဲ” ချန်ရှင်းက ဝမ်ပေါင်လဲ့ကို ကြည့်ကာ စကားတစ်ခွန်းချင်းစီ အလေးအနက် ပြောလိုက်သည်။

ဝမ်ပေါင်လဲ့က ဘာမှမပြောပေ။ ခဏအကြာတွင် သူက သက်ပြင်းချပြီး သူ့ဂိုဏ်းတူအစ်ကိုကြီးထံ ဦးညွှတ်လိုက်၏။

“ဂိုဏ်းတူအစ်ကိုကြီး … ကျွန်တော် မိတ်ဆွေဟောင်းတွေဆီ သွားပြီး တွေ့ချင်တယ်”

“သွားပြီး တွေ့လေ။ အတိတ်အကြောင်း ပြန်လည်ပြောစရာတွေ ရှိမှာပေါ့” ချန်ရှင်းက ပြောကာ ပြုံးလိုက်သည်။ သူက ဝမ်ပေါင်လဲ့ ထွက်သွားသည်ကို ကြည့်ရင်း သူ့မျက်ဝန်းထဲ စိတ်ရှုပ်ထွေးသည့် အမူအရာတချို့ ပေါ်ထွက်လာသည်။

“မင်းက ငါ့ရဲ့ ဂိုဏ်းတူညီလေးပဲ။ မင်းက သူ့ရဲ့ တစ်စိတ်တစ်ပိုင်းဆိုရင်တောင် မင်းရဲ့ ဂိုဏ်းတူညီလေး ဖြစ်နေတုန်းပါပဲ”

ထိုနေရာမှ ထွက်ခွာသွားသည့် ဝမ်ပေါင်လဲ့က ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။ သူက ချန်ရှင်း၏ ရေရွတ်သံကို ကြားလိုက်ရ၏။

ခဏအကြာတွင် ဝမ်ပေါင်လဲ့က သက်ပြင်းချပြီး ကျောက်ပြားကမ္ဘာကြီးကို ကြည့်ကာ ရှေ့တစ်လှမ်း တိုးလိုက်သည်။ သူက ပေါ်ထွက်လာသည့်အခါ နေအဖွဲ့အစည်းထဲမှ ပြည်ထောင်စုကြီးထဲရှိ ဇာမဏီမြို့ဟု ခေါ်ဆိုသည့် မြို့ငယ်လေးတစ်ခု ဖြစ်ပေသည်။ ထိုမြို့ငယ်လေးက ဝမ်ပေါင်လဲ့ မှတ်မိထားသည်နှင့် ကွဲပြားနေလေ၏။ ထိုအရာက သိသိသာသာ ပိုမိုပြီးပြည့်စုံလာပြီး အဆောက်အဦးများစွာလည်း ပေါများလာသည်။

သို့သော်လည်း တချို့သော အဆောက်အဦးဟောင်းများကိုမူ ထူးကဲသည့် အကြောင်းအရင်းတချို့ကြောင့် ထိန်းသိမ်းထားဟန်ပေါ်သည်။

နမူနာအနေဖြင့် ဤနေရာတွင် ကျောင်းတစ်ကျောင်း ရှိနေလေ၏။

ကျောင်းဆင်းချိန်ရောက်သည့်အချိန် ကျရောက်လာသည့်အခါ ကျောင်းသားကျောင်းသူ အမြောက်အများက ကျောင်းထဲ အဝင်အထွက် လုပ်နေကြသည်။ ၈နှစ်၊ ၉နှစ်အရွယ် ကလေးများလည်းရှိသလို ၁၄နှစ်၊ ၁၅နှစ်အရွယ် ကောင်လေး၊ ကောင်မလေးများလည်း ရှိ၏။

ထိုကျောင်းက ၈နှစ်မှ အသက် ၁၆နှစ်အထိ ကျောင်းသားများကို စုဝေးထားသည့် စာသင်ကျောင်းတစ်ခု ဖြစ်ပေသည်။ ထိုအရာက ဝမ်ပေါင်လဲ့၏ မိခင်ကျောင်းတော်ကြီး ဖြစ်၏။

သူက ကျောင်းအဝင်ဝ၌ ရပ်နေမိသည်။ သူက ၈နှစ်၊ ၉နှစ်ဖက်တီးလေးက ငိုရင်း ထွက်လာသည်ကို မြင်လိုက်ရဟန်ပေါ်သည်။ သူ့နောက်တွင် သူ့အား ဆူပူနေသည့် မိန်းကလေးတစ်ယောက် ရှိနေလေ၏။

သူက ထိုအရာကို ကြည့်နေရင်း ပြုံးကာ ခေါင်းယမ်းလိုက်မိသည်။ သူက ဒုတိယခြေလှမ်း လှမ်းပြီးသည့်နောက်တွင် မြို့ငယ်လေး၏ နေရာတစ်ခု၌ ပေါ်ထွက်လာသည်။ ထိုနေရာက အချိန်အတော်ကြာ ဗလာကျင်းနေဟန်ပေါ်သည်။ ထိုအရာကို ကာကွယ်ပေးထားပြီး အိမ်ထဲတွင်ပင် အစက်အပြောက်ဟူ၍ မရှိပေ။ အတိတ်တုန်းက တန်ဆာဆင်ထားသည့် အိပ်ခန်းတစ်ခုပင် ရှိနေလေ၏။

ထို့အပြင် အရုပ်များစွာလည်း ရှိနေလေသည်။ မျက်စိအဖမ်းစားနိုင်ဆုံးအရာက နံရံပေါ်၌ ရေးသားထားသည့်အရာများ ဖြစ်သည်။ ထိုနံရံပေါ်၌ ကွဲပြားသည့်အချိန်၌ ရေးထွင်းထားသည့် စာကြောင်းနှစ်ခု ရှိနေဟန်ပေါ်သည်။

ငါ ပြည်ထောင်စုကြီးရဲ့ ဥက္ကဌ ဖြစ်လာရမယ်။

ငါ ဝိတ်လျှော့ရမယ်

ထိုစာတန်းနှစ်ခုကို ကြည့်ကာ ဝမ်ပေါင်လဲ့က ပြုံးလိုက်မိသည်။ တုမင်ကြောင့် အနိုင်ကျင့်ခံရသည့် မြင်ကွင်းနှင့် ပြည်ထောင်စုကြီး၏ ဥက္ကဌဖြစ်လာဖို့ ရည်မှန်းချက်များက သူ့စိတ်ထဲ ပြန်လည်ပေါ်ထွက်လာလေ၏။ သူက ညနက်သန်းခေါင်ကြီး ထိုစကားများကို ရေးထွင်းခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အသက်ကြီးလာသည့်အခါ သူ့အဖေက သူ့အား မျိုးနွယ်၏ ဘိုးဘေးခန်းမဆီ ခေါ်ဆောင်သွားခဲ့သည်။ ဖယောင်းတိုင် အလင်းရောင်အောက်တွင် သူ့အဖေ၏ ပုံရိပ်က အရိပ်မျှသာ ဖြစ်နေဟန်ပေါ်၏။ သူက ဝမ်မျိုးနွယ်၏ ကျိန်စာအကြောင်း ပြောပြခဲ့သည်။ ကီလိုနှစ်ရာကျော်သည့် ဘိုးဘေးတိုင်းက ငယ်ငယ်ရွယ်ရွယ် သေဆုံးသွားခဲ့ကြောင်း ဖြည်းဖြည်းချင်း ပြောပြခဲ့၏။

ထိုည၌ ၁၉၈ ကီလိုရှိထားသည့် ဝမ်ပေါင်လဲ့က ကြောက်ကြောက်လန့်လန့်ဖြင့် အိပ်စက်သွားရသည်။ သူက အိပ်မက်ဆိုးပင် မက်နေမိ၏။ ထိုအိပ်မက်ထဲတွင် ဘိုးဘေးများက သူ့အား လာရောက်တွေ့ဆုံခဲ့သည်။ သူ နိုးထလာသည့်အခါ ထိုစကားကို ရေးထွင်းခဲ့ခြင်း ဖြစ်သည်။

“ငါ ဝိတ်လျှော့ရမယ်”

သူ့မှတ်ဉာဏ်၏ နွေးထွေးမှုက ဝမ်ပေါင်လဲ့အား ပိုမိုသက်တောင့်သက်သာ ဖြစ်လာစေသည်။

သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။ သူက ထိုစကားနှစ်ခွန်းကို ကြည့်ကာ လှည့်ထွက်သွားလိုက်သည်။

သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ ကမ္ဘာမြေရှိ နောက်ထပ်မြို့တစ်ခုစီ ရောက်ရှိနေပြီ ဖြစ်၏။ ထိုမြို့က ပြည်ထောင်စုကြီး၏ မြို့တော်လည်း ဖြစ်ပေသည်။ ထိုအရာက အင်မတန် ကျယ်ပြောလှပြီး လူသန်းတစ်ရာကျော်နေထိုင်လျက်ရှိ၏။

ထိုသို့ ကြီးမားသည့်မြို့ကြီးက စည်ကားအသက်ဝင်လျက် ရှိသည်။ ဝိညာဉ်စွမ်းအား ဖွံ့ဖြိုးတိုးတက်လာမှုက ကျင့်ကြံရေးနှင့် နည်းပညာအား အတူတကွ တည်ရှိစေ၏။ အဆောက်အဦးအမြင့်များကိုလည်း မြို့တိုင်းအနှံ့ တွေ့နိုင်သလို ယာဉ်ပျံများကလည်း အဆုံးမဲ့ ဖြတ်သွားနေကြသည်။

ဈေးရောင်းသူအများစုက အလျင်လိုနေကြသော်လည်း သူတို့၏ မျက်ဝန်းအထက် တက်ကြွမှုဖြင့် ပြည့်နှက်နေလေ၏။ မြို့တစ်ခုလုံးက ထွက်ပေါ်လာသည့် နေမင်းကြီးသဖွယ်ဖြစ်ကာ ထွက်ပေါ်လာသည့်သူများအား တောက်ပကာ လှပသည့် ခံစားချက်မျိုး ပေးစွမ်း၏။

ဤသည်က အထဲတွင်ရှိသည့် လူငယ်များအတွက် ပို၍မှန်ကန်ပေသည်။ သို့သော်လည်း သူတို့အလုပ်ကို ကောင်းကောင်းမလုပ်နိုင်သည့် လူတချို့လည်း ရှိနေသေး၏။ နမူနာအနေဖြင့် အသက်လုကာ ထွက်ပြေးနေရသလိုမျိုး အရှိန်မြှင့်တင်သွားသည့် တန်ဖိုးကြီး ကားပျံတစ်စီး ရှိနေသည်။

သူ့အနောက်တွင် နောက်မှ လိုက်ပါလာသည့် ကားပျံ ၇စင်း၊ ၈စင်း ရှိနေလေ၏။ အဆုံးသတ်တွင် တန်ဖိုးကြီးကားပျံက လမ်းအဆုံး၌ ဖမ်းဆီးခံရလိုက်သည်။

လူငယ်လေးက ထိုအထဲမှ လျှောက်လှမ်းလာ၏။ သို့သော်လည်း သူ့မျက်နှာအထက် ဝမ်းနည်းသည့် အမူအရာမျိုးရှိနေကာ သူ့ကို တားဆီးထားသည့် ယာဉ်ပျံမှ ထွက်ပေါ်လာသည့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေးကို ကြည့်နေသည်။

ထိုမိန်းကလေးက အတော်လေး လှပသော်လည်း သူမ၏ ရေခဲတမျှ အေးစက်သည့် အမူအရာတို့ဖြင့် ထိုလူငယ်လေးဆီ လျှောက်လှမ်းလာလေ၏။

ထိုလူငယ်လေးက အင်မတန် ကြောက်ရွံ့နေဟန်ဖြင့် အလျင်အမြန် အော်ပြောလိုက်သည်။

“ဖြေရှင်းချက်ကို နားထောင်ပါဦး။ ငါ သူမကို တကယ် မသိတာပါ။ မနေ့ညတုန်းက…”

သူ့စကားမဆုံးခင် မိန်းကလေးက ထိုကောင်လေး၏ နားရွက်ကို ဆွဲလိုက်တော့သည်။ သူမက အမူအရာကင်းမဲ့စွာ ပြောလိုက်၏။

“ငါနဲ့ အိမ်ပြန်လိုက်ခဲ့ပြီး ကောင်းကောင်းရှင်းပြ။ သေချာရှင်းမပြနိုင်ရင် နင့်ကို ဆေးရုံပို့ပစ်မယ်။ ဆရာဝန်က ပြင်ဆင်ပြီးသွားပြီ”

လူငယ်လေးက နာကျင်စွာ အော်ဟစ်ရင်း မေးလိုက်သည်။

“ဘာလို့ ဆေးရုံသွားရမှာလဲ။ ဆရာဝန်က ဘာပြင်ဆင်ထားတာတုန်း”

“နင့်ရဲ့ စိုးရိမ်သောကတွေကို ဖယ်ရှားပစ်ဖို့လေ” မိန်းကလေးက အေးစက်စက် ပြောလိုက်သည်။

ထိုလူငယ်လေးက ခေတ္တမျှ ကြောင်အမ်းပြီးသည့်နောက်တွင် ကျယ်လောင်စွာ အော်ဟစ်တော့သည်။ သို့သော်လည်း သူက မခုခံရဲပေ။ သူက ငိုယိုရုံမျှသာ တတ်နိုင်လေ၏။

“ဘာလို့လဲ။ ငါ့ဘဝရဲ့ အကောင်းဆုံးနှစ်တွေမှာ ဒီလိုမျိုးစေ့စပ်ထားတဲ့သူကို ဘာလို့ စီစဉ်ပေးရတာလဲ။ မဟုတ်သေးဘူး။ တစ်စုံတစ်ခုတော့ မဟုတ်သေးဘူး”

ထိုစုံတွဲထွက်သွားပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ကောင်းကင်ယံမှ မြင်ကွင်းကို ကြည့်နေမိသည်။ သူက ဗိုက်ကို ဖိနှိပ်ကာ အားပါးတရ ရယ်မောလိုက်၏။ ဤသည်က သူ့မိဘများ၏ ပြန်လည်ဝင်စားမှု ဖြစ်ပေသည်။

သူက သူ့ဖခင်ဖြစ်သူသည် သူ့နောက်ဘဝ၌ ကောင်းကောင်းပြင်ဆင်ပေးသင့်ကြောင်း ပြောသည်ကို ပြန်လည်အမှတ်ရလိုက်မိ၏။ ထိုစဉ် သူ့အမေက အေးစက်စက် ပြောလာခဲ့သည်။

“ကျွန်မတို့တွေ စောစောစီးစီး အတူတူရှိနိုင်ရင် ထာဝရအတူတူရှိသွားနိုင်လိမ့်မယ်”

ဤတစ်ကြိမ် သူ့ဖခင်က တစ်စုံတစ်ခု ပြောလိုသော်လည်း တုံ့ဆိုင်းနေဟန်ပေါ်သည်။

“အဖေ ကျွန်တော် လုပ်နိုင်တဲ့အရာ မရှိဘူး။ မိသားစုထဲမှာ အမေ့ရဲ့ အနေအထားက အမြင့်ဆုံးဆိုတော့လည်း … အဖေ ပျော်ရွှင်ဖို့ မျှော်လင့်ပါတယ်လေ”

သူ့မိဘများ၏ ပြန်လည်ဝင်စားလာသည့် ခန္ဓာများကို ကြည့်နေရင်း ဝမ်ပေါင်လဲ့က ပြုံးလိုက်မိသည်။ သူ့စိတ်ထဲမှ အထီးကျန်သည့် ခံစားချက်တစ်ခုက မသိလိုက်ဘဲ မြင့်တက်လာလေ၏။

All Chapters