← Chapters

ရှင်က သူမဟုတ်ဘူး

Vol. 104 Ch. 1451

ရှင်က သူမဟုတ်ဘူး

Vol. 104 Ch. 1451

ဝမ်ပေါင်လဲ့က ခေါင်းအသာယမ်းလိုက်ပြီးသည့်နောက်တွင် သူ့မိဘများ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့မည့်အချိန် ထွက်ခွာသွားတော့မည် ဖြစ်၏။

သူ့ဆီမှာ ညီမတစ်ယောက်ရှိတာကို မေ့သွားတော့မလို့…

ဝမ်ပေါင်လဲ့က ကိုယ့်နဖူးကို ရိုက်ကာ ပတ်ဝန်းကျင်၌ နတ်ဘုရားအသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်သည်။ သူက မြို့ထဲရှိ အဝေးတစ်နေရာသို့ ကျရောက်လာလေ၏။ ထိုနေရာက ပညာရှင်မိသားစုမှ သုံးနှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်၏။

မိန်းကလေး၏ အပြစ်ကင်းသော မျက်နှာကို ကြည့်ကာ ဝမ်ပေါင်လဲ့၏ အကြည့်တို့က ညင်သာသွားလေသည်။ သူက ညာဖက်လက်ကို မြှောက်ကာ အလင်းပြောက်တချို့ကို ပို့ဆောင်ပေးလိုက်သည်။

“ငါ့မိဘတွေကိုတော့ မနှောင့်ယှက်တော့ဘူး။ ငါက မင်းရဲ့ ညီမလေးဆိုတော့ အတိတ်ဘဝကို ပြန်လည်အမှတ်ရပြီး အနာဂတ်မှာ မင်း မိဘတွေကို ကာကွယ်ပေးနိုင်မဲ့ အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ ဒီဘဝမှာတော့ ကောင်းကောင်းကျင့်ကြံ”

ဝမ်ပေါင်လဲ့က နက်နက်နဲနဲ ကြည့်လိုက်သည်။ သူက အကြည့်ရုတ်သိမ်းပြီးသည့်နောက်တွင် သူ ရပ်နေသည့်နေရာမှ ပျောက်ကွယ်သွားလေ၏။

ပြန်လည်ပေါ်ထွက်လာသည့်အချိန် ကောင်းကင်မြို့အပြင်ဘက်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူက ကောင်းကင်တာအိုကျောင်းထဲရှိ ရေအလယ်တွင် သီးသန့်ပိုင်းခြားထားသည့် ကျွန်းအပေါ် ရောက်ရှိနေပြီ ဖြစ်၏။ ထိုကျွန်းက ကောင်းကင်တာအိုကျောင်း၏ ဗဟိုချက်ဖြစ်သလို အဆင့်အတန်းက အင်မတန် မြင့်မားလှသည်။ ပြည်ထောင်စုကြီးတစ်ခုလုံးအတွင်း ထိုအရာက တော်ဝင်နယ်မြေတစ်ခု ဖြစ်၏။

ကျွန်းအလယ်တွင် ကျယ်ပြောလှသည့် နေရာတစ်ဝိုက် အိမ်တစ်လုံးသာ ရှိနေလေသည်။ ထိုအိမ်က ရိုးရှင်းပြီး ခြံစည်းရိုးငယ်လေးဖြင့် ကာရံထားသည့် ရွာအိမ်လေးတစ်လုံးနှင့် တူလေသည်။

အိမ်ထဲတွင် လူလတ်အရွယ်အမျိုးသမီးက တင်ပျဉ်ခွေ ထိုင်နေကာ ကျင့်ကြံနေလေ၏။ သို့သော်လည်း နောက်အခိုက်အတန့်လေး၌ သူမက တစ်စုံတစ်ခုကို ခံစားမိကာ ရုတ်ချည်း မျက်လုံးဖွင့်လာလေသည်။ သူမက အိမ်အပြင်ဘက်မှ ပုံရိပ်ကို မြင်လိုက်သည့်အခါ ပြုံးလိုက်မိသည်။

“လာနှုတ်ဆက်တာလား”

ထိုနှစ်၌ ဤနေရာတစ်လျှောက် မက်မွန်ပွင့်များ ပွင့်လန်းနေခဲ့သည်။ ဝမ်ပေါင်လဲ့က ကျိုးရှောင်ရကို နှုတ်ဆက်စကားဆိုခဲ့၏။ သူ ထွက်မသွားခင် ကျိုးရှောင်ရက ဝမ်ပေါင်လဲ့အား စကားနှစ်ခွန်းပြောဖို့ တောင်းဆိုခဲ့သည်။ ထိုအရာက နှုတ်ဆက်စကား ဖြစ်၏။

သူတို့တွေ ထပ်မံတွေ့ဆုံနိုင်မည်လား မသေချာ၍ ဖြစ်သည်။

“ငါတို့တွေ ထပ်တွေ့ပြီပဲ ရှောင်ရ” ဝမ်ပေါင်လဲ့က တီးတိုးပြောလိုက်သည်။

ထိုလူလတ်အရွယ်အမျိုးသမီးက ကျိုးရှောင်ရကလွဲ၍ တခြားသူမဟုတ်ပေ။

ဝမ်ပေါင်လဲ့က  ရောက်ရှိလာသည့်အခါ ချက်ချင်း ထွက်ခွာမသွားသေးဘဲ ဘေးတွင် အိမ်တစ်လုံး ဆောက်ကာ နေထိုင်ခဲ့သည်။ သို့သော်လည်း ကျိုးရှောင်ရတို့က မိတ်ဆွေသဖွယ်ဖြစ်ပြီး အချင်းချင်း ဧည့်သည်သဖွယ် ဆက်ဆံကြသည်။

သူက ကျိုးရှောင်ရအား နေ့တိုင်း အဖော်ပြုပေးလေ့ရှိ၏။ နှစ်ဦးသားက နေဝင်နေထွက်မှုများကို ကြည့်ပြီး မိုးမြေနှင့် သက်ရှိအားလုံး၏ အပြောင်းအလဲများကို ကြည့်လေ့ရှိသည်။ ဤသို့ဖြင့် သူတို့၏ အဖော်ပြုမှုကြောင့် အထီးကျန်သည့် ခံစားချက်က သိသိသာသာ လျော့ကျသွားလေ၏။ ကျိုးရှောင်ရ၏ အပြုံးက ပိုမိုသိသာလာခဲ့သည်။ သို့သော်လည်း အချိန်က ကုန်လွန်သွားခဲ့၏။

သို့သော် သူတို့နှစ်ဦး အဖော်ပြုပေးလာသည်မှာ နှစ် ၆၀ ကုန်ဆုံးသွားလေသည်။

ကျိုးရှောင်ရက လူလတ်အရွယ် အမျိုးသမီးတစ်ယောက်နှင့် မတူတော့ဘဲ ဆံပင်ဖြူများဖြင့် ပြည့်နှက်နေပြီ ဖြစ်၏။

သူမက ဝမ်ပေါင်လဲ့၏ အကူအညီကို ငြင်းဆန်ခဲ့သည်။ သူမ၏ ကျင့်ကြံရေးပါရမီက သာမန်မျှသာ ဖြစ်၏။ သူမက အဂ္ဂရိရတ်ပညာရပ်၌ ထူးချွန်သော်လည်း သူမ၏ ကန့်သတ်ချက်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ သူမက သူမ၏ အသက်ကို ဆွဲဆန့်ဖို့ တခြားသော နည်းလမ်းများကို အသုံးမပြုလိုပေ။ ထိုအရာက သူမအတွက် အဓိပ္ပာယ် မရှိပေ။

သို့သော်လည်း သူမက ဝမ်ပေါင်လဲ့၏ ပြန်လည်ဝင်စားခြင်း ကမ်းလှမ်းမှုကိုမူ မငြင်းဆန်ခဲ့ပေ။

သူမက ကျောက်ဖျာပေါ်တွင် ထိုင်နေရင်း ဝမ်ပေါင်လဲ့ကို နာကျင်စွာ ကြည့်လိုက်သည်။

“ပေါင်လဲ့ ဒီတစ်လျှောက် အဖော်ပြုပေးတာ ကျေးဇူးပါ။ ကျွန်မ ဒီနှစ်၆၀အတွင်းမှာ အရမ်းကို ပျော်ရွှင်ခဲ့ရတယ်။ ဒါပေမဲ့ ရှင်က မပျော်ရွှင်တာကိုတော့ ခံစားမိခဲ့တယ်”

“ရှင်က ကျွန်မကို ပြောပြမှာ မဟုတ်ဘူးဆိုတာ သိနေလို့ မေးမှာတော့မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မ အခုထွက်သွားတော့မှာဆိုတော့ ပြောပြနိုင်မလား။”

ဝမ်ပေါင်လဲ့က ကျိုးရှောင်ရကို ကြည့်ပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေလေသည်။

“ငါက မင်းရဲ့ မှတ်ဉာဏ်ထဲက ဝမ်ပေါင်လဲ့ မဟုတ်ဘဲနဲ့ ကိုယ်ပွားတစ်ယောက်ပဲလို့ ပြောရင် … တကယ့်ဝမ်ပေါင်လဲ့က ပျောက်ကွယ်သွားပြီလို့ ပြောရင် ငါ့ကို ယုံမှာလား”

“ကျွန်မ ရှင့်ကို ယုံတယ်” ကျိုးရှောင်ရက အသက်ရှိုက်စာ အနည်းငယ် တိတ်ဆိတ်သွားပြီးသည့်နောက် တီးတိုးပြောလိုက်သည်။

“ဒီနှစ်တွေတစ်လျှောက်မှာ ရှင်က သူလို့လည်း ခံစားရတယ်။ သူ မဟုတ်ဘူးလို့လည်း ခံစားမိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှင့်ရဲ့ အဖော်ပြုမှုအတွက် ကျေးဇူးတင်နေတုန်းပါပဲ”

“ငါကပဲ မင်းကို ကျေးဇူးတင်သင့်တာပါ” ဝမ်ပေါင်လဲ့က ခေါင်းခါကာ ပြောလိုက်သည်။

“ရှင် နားမလည်ပါဘူး” ကျိုးရှောင်ရက ဝမ်ပေါင်လဲ့ကို စိုက်ကြည့်ကာ ပြုံးကာ ပြောလိုက်သည်။

“ရှင်က သူ့မှတ်ဉာဏ်တွေကို ရှာဖွေပြီးတော့ သူ့ကိုယ်စား နောင်တတချို့ကို ဖြည့်စည်းပေးစေချင်တာလေ။ ဒါက ရှင် အလိုလိုလုပ်မိတဲ့ အရာတွေပဲ။ အဲဒါကြောင့် ကျွန်မ ရှင့်ကို ကျေးဇူးတင်ချင်တာ။ ရှင် ဒီလာပါဦး” ကျိုးရှောင်ရက တီးတိုးပြောလိုက်သည်။

ဝမ်ပေါင်လဲ့က ခေတ္တမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် လျှောက်လှမ်းသွားလိုက်၏။

ကျိုးရှောင်ရက လက်ကိုမြှောက်ကာ ဝမ်ပေါင်လဲ့၏ ဆံပင်ကို အသာပွတ်ပြီး ပြောလိုက်သည်။

“ဒီနှစ်တွေတစ်လျှောက်မှာ ရှင်က ကျွန်မနဲ့ အကွာအဝေးတစ်ခုကို ထိန်းခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ အမြင်မှာ ရှင်က ရှင် ဖြစ်နေတုန်းပဲ။ ရှင်က ဝမ်ပေါင်လဲ့ပဲ”

“အဲဒါကြောင့် နောင်အနာဂတ်ကျရင် ရှင် ပျော်ရွှင်ဖို့ မျှော်လင့်တယ်။ ကျွန်မကို ကတိပေးပါ” ကျိုးရှောင်ရ၏ အသံက အားနည်းသည်ထက် အားနည်းလာသည်။ အဆုံးသတ်၌ သူမ၏ လက်က အားနည်းဖျော့တော့စွာဖြင့် ပြုတ်ကျသွားလေသည်။

ကျိုးရှောင်ရက ပြန်လည်ဝင်စားသွားပြီ ဖြစ်၏။

သူမက ဤဘဝအား နောင်တမရှိဘဲ အဆုံးသတ်ခဲ့သည်။ သူမကို စောင့်ကြိုနေသည့်အရာက နှောင်းဘဝ၏ အခွင့်အလမ်း ဖြစ်၏။ သူက နောက်နှစ်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် သူမက နောက်ဘဝထဲ သေချာသည့် အနေအထားထဲ ပြန်လည်ကျင့်ကြံပြီးသည့်နောက်တွင် အတိတ်ကို ပြန်လည် အမှတ်ရလာလိမ့်မည်။

ကျိုးရှောင်ရကို တိတ်တဆိတ်ပို့ဆောင်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်၏။ သူက ကောင်းကင်တာအိုကျောင်းအလယ်တွင် ကျွန်းပေါ်၌ သူမအတွက် အုတ်ဂူတစ်ခု ပြုလုပ်ပေးခဲ့သည်။ သူမက အုတ်ဂူရှေ့တွင် ပန်းများကို ထားကာ တီးတိုးပြောလိုက်၏။

“အဖော်ပြုပေးတာ ကျေးဇူးပါ”

ဝမ်ပေါင်လဲ့က ထွက်ခွာသွားလိုက်သည်။ ယခင်နှစ်၆၀အတွင်း သူက မိတ်ဆွေဟောင်းများနှင့် တွေ့ဆုံပြီး သူတို့အား ပို့ဆောင်ပေးခဲ့ရသည်။ သို့သော်လည်း သူ မတွေ့ရသေးသည့်သူတစ်ယောက်သာ ကျန်ရှိနေလေ၏။

ဤသည်က ကျောက်ယမုန့် ဖြစ်ပေသည်။

နှင်းဖုံးလွှမ်းနေသည့်တောင်ထိပ်၌ နှင်းပွင့်များကြားတွင် ရေခဲတမျှအေးစက်သည့် အမျိုးသမီးတစ်ဦး နေထိုင်လေ၏။ သူ့မနာမည်က ပြည်ထောင်စုကြီး၊ နေအဖွဲ့အစည်းနှင့် ကျောက်ပြားကမ္ဘာတစ်ခုလုံးအနှံ့ ပျံ့နှံ့နေလျက်ရှိသည်။

သူမ၏ ဇစ်မြစ်က ပြည်ထောင်စုကြီးထဲ ထူးကဲနေခြင်း ဖြစ်၏။ သူမက အုပ်ချုပ်သူ၏ တာအိုမိတ်ဆွေတစ်ယောက် ဖြစ်သလို ပြည်ထောင်စုကြီးမြင့်တက်လာမှုအတွက် အထောက်အပံ့တစ်ခု ဖြစ်ခဲ့လေသည်။ သူမက ကျောက်ပြားကမ္ဘာမှ အုပ်ချုပ်သူ၏ တာအိုလက်တွဲဖော်ဟု ကောလဟာလများပင် ရှိခဲ့ဖူးသည်။

သူမ၏ နာမည်က ကျောက်ယမုန့် ဖြစ်၏။

သူမ၏ မိခင်ဖြစ်သူက အင်္ဂါဂြိုလ်မြို့သခင်ဟောင်း ဖြစ်ခဲ့ဖူးသည်။ သူမက ပြည်ထောင်စုကြီး၏ ယခင်ဥက္ကဌပင် ဖြစ်လာသေးသည်။ ထိုအချိန်အတွင်း သူမက ပြည်ထောင်စုကြီး၏ အစစ်အမှန်မြင့်တက်လာမှုကို တွေ့ကြုံခံစားခဲ့ရသည်။ သူမ၏ ဖခင်ကမူ ပြည်ထောင်စုကြီး၏ စိတ်ဝိညာဉ်စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ တည်ထောင်သူဖြစ်၏။ သူက ဝိညာဉ်စွမ်းအားတိုးတက်မှုကို ကြီးကြီးမားမား အထောက်အပံ့ပေးခဲ့သည်။

သူမက ပြည်ထောင်စုကြီး၏ အထောက်အပံ့ကြီးသဖွယ်ဖြစ်နေလေသည်။ သူမက လူများစွာ၏ အာရုံစိုက်မှုအလယ်တွင် ရှိနေသော်လည်း သူမက တစ်ယောက်တည်း နေရသည်ကိုသာ သဘောကျ၏။ အချိန်အများစုတွင် သူမက နှင်းဖုံးလွှမ်းနေသည့် တောင်ပေါ်၌ နေထိုင်နေလျက် ရှိသည်။

ထိုနေ့ရက်၌ ဝမ်ပေါင်လဲ့က တောင်ပေါ်ရောက်ရှိလာကာ ပုံရိပ်တစ်ခု ရပ်နေသည်ကို မြင်လိုက်ရသည်။

“ရှင်က သူ မဟုတ်ဘူး”

ကျောက်ယမုန့်က ဝမ်ပေါင်လဲ့ကို မြင်တွေ့ပြီးသည့်နောက်တွင် ပထမဦးဆုံး ပြောလာသည့်အရာများ ဖြစ်၏။

“ဒါပေမဲ့ သူ ထွက်သွားပြီးတဲ့နောက်မှာ ဇာတ်ကြောင်းကို သိချင်တယ်။ ကျေးဇူးပြုပြီး ကျွန်မကို ပြောပြပေးပါ။” ကျောက်ယမုန့်၏ အသံက တိုးတိုးလေး ဖြစ်နေသည်။

ဝမ်ပေါင်လဲ့က ရေခဲတမျှ အေးစက်သည့် အမျိုးသမီးကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။ သူက နှင်းတောင်ထိပ်တွင် ထိုင်ရင်း နှင်းပွင့်များကို ကြည့်နေမိသည်။ ကျဆင်းလာသည့်နှင်းပွင့်တိုင်းက မှတ်ဉာဏ်များ ကိန်းအောင်းနေဟန်ပေါ်၏။

“ဇာတ်ကြောင်းက နည်းနည်းတော့ ရှည်တယ်။ ဒီနှစ်တွေတစ်လျှောက်မှာ သေချာပြန်ပြီးတော့ စဉ်းစားပြီးတော့ စုစည်းထားခဲ့တာ။ အဆုံးသတ်မှာ ကိုယ့်ကိုယ်ကို စတေးခဲ့တဲ့ ဇာတ်ကြောင်းတစ်ခုလို့ ခံစားမိတုန်းပဲ။ ငါ့ကိုယ်ငါ စတေးခဲ့ပြီးတော့ တခြားတစ်ယောက်ကို ဖြည့်စည်းပေးခဲ့တယ်”

ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က နှင်းတောင်ထိပ်မှ ထွက်လာလေသည်။ သူက နောက်ပြန်မကြည့်ခဲ့ပေ။

အမျိုးသမီး၏ ပုံရိပ်က ပိုမို အထီးကျန်လာလေ၏။ သူမက တိတ်တဆိတ်ရပ်နေမိသည်။ သူမ တွေးနေသည့်အရာကို မည်သူမှ သိကြမည် မဟုတ်ပေ။

ကျန်ရှိနေသည့်အရာက လေထဲတွင် ပဲ့တင်ထွက်သွားသည့် အသံမျှသာ ဖြစ်၏။

“ကျွန်မရဲ့ အကောင်းဆုံးအချိန်မှာ ရှင်နဲ့ ဘာလို့များ တွေ့ခဲ့ရတာလဲ”

All Chapters