သတင်းအချက်အလက်တစ်ခု
Vol. 104 Ch. 1453
ထိုကြယ်စင်ရှိ မျိုးနွယ်များက ထိုကုန်းမြေပေါ်တွင် ရှေးဟောင်းနတ်ဆိုးတစ်ပါး အိပ်စက်နေသည်ဟု ထင်ခဲ့ကြသည်။
မှတ်တမ်းများအရ သူတို့က ထိုကုန်းမြေနှင့် ဝေးကွာနေလျှင်ပင် သူတို့ဘဝထဲ အလိုရှိဆုံးအရာကို မြင်နိုင်ကြဆဲသာ ဖြစ်၏။
သက်ရှိတစ်ယောက်ချင်းစီက ကွဲပြားကြဟန်ပေါ်သည်။ သို့သော်လည်း ထိုအရာက သူတို့၏ စိတ်နှလုံးသားထဲမှ ရူးသွပ်မှုကို လှုံ့ဆော်နိုင်ပြီး သူတို့အလိုဆန္ဒကို ရရှိဖို့ ထိုကုန်းမြေပေါ် တက်လှမ်းလာစေဖို့ တွန်းအားပေးနေသလို ဖြစ်နေ၏။
နှစ်တစ်သန်းကုန်ဆုံးသွားသော်လည်း ထိုကြယ်စင်စက်ကွင်းရှိ ကုန်းမြေက ထိုကိစ္စနှင့်ပတ်သက်ပြီး နက်နက်နဲနဲ အမြင်တချို့ရှိနေကြသည်။ ထို့ကြောင့် ထိုအရာကို သေချာမှတ်တမ်းတင်ထားပြီး သမိုင်းကြောင်းတစ်လျှောက် လက်ဆင့်ကမ်းခဲ့ခြင်း ဖြစ်၏။ အချိန်အတော်ကြာ ကုန်ဆုံးသွားပြီးလျှင်ပင် လူတော်တော်များများက သိနေကြဆဲသာဖြစ်၏။
သို့သော်လည်း ထိုကိစ္စက မယုံနိုင်ဖွယ်ကောင်းလွန်းလှမှန်း သိသာလှသည်။ နှစ်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် ဤသည်က ဒဏ္ဍာရီသဖွယ် သတ်မှတ်ခံထားရ၏။
ထိုသတင်းကို မျှဝေသည့် ကျင့်ကြံသူကလည်း အများသုံး ကြယ်စင်စုရှိ ခရီးသွားတည်းခိုဆောင်အတွင်း ဟာသအနေဖြင့် ပြောခဲ့ခြင်း ဖြစ်သည်။ ထိုအရာကို မဟာစကြဝဠာမှ ကျင့်ကြံသူတစ်ယောက်က ကြားခဲ့ခြင်းသာ ဖြစ်၏။
သို့သော်လည်း ဝမ်ပေါင်လဲ့နေထိုင်သည့် မဟာစကြဝဠာအတွက် မျိုးနွယ်များစွာက စူးစမ်းရှာဖွေနေသည့်အတွက် သတင်းအချက်အလက်များက နေ့တိုင်းဆိုသလို ပြန်လည်ရောက်ရှိလာလေ့ရှိသည်။ တချို့က နတ်ဘုရားစွမ်းရည်နှင့် မန္တန်များအပေါ် အခြေခံထားကြပြီး တချို့ကမူ စိတ်ထဲတွင် လျှို့ဝှက်ချက်အနေဖြင့် အသုံးပြုထားကြသည်။
သို့သော်လည်း ထိုနည်းလမ်းက မည်သို့ပင်ဖြစ်စေကာမူ သက်ရှိအားလုံးက သိသည်ဖြစ်စေ၊ တစ်ယောက်တည်းက ထိန်းချုပ်ထားနိုင်သည်ဖြစ်စေ ဝမ်ပေါင်လဲ့အတွက်မူ အားလုံးကို နားလည်၏။
သို့သော်လည်း စကြဝဠာကြီးထဲ မွေးဖွားလာသည့် သက်ရှိများက မည်သို့ပင်ဖြစ်စေကာမူ … သူတို့က မည်သို့ပင်တွေးထင်စေကာမူ အားလုံးက လျှို့ဝှက်ချက် ဖြစ်၏။ သို့သော်လည်း သူတို့သိလိုက်သည့် အခိုက်အတန့် ဝမ်ပေါင်လဲ့၏ ရုပ်ထုက သူတို့မှတဆင့် အရာအားလုံးကို သိလိုက်ရသည်။
ဤနှစ်များတစ်လျှောက် ဝမ်ပေါင်လဲ့ ပြောင်းလဲထားသည့် ရုပ်ထုသည် စကြဝဠာကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့၏။ ယခုတွင်ပင် မည်သူကမှ ထိုရုပ်ထုကြီးသည် စကြဝဠာကြီး၏ ဆန္ဒကို ဖိနှိပ်ထားခဲ့သည့် တည်ရှိမှုမှန်း မသိကြပေ။
ထိုသို့သော တည်ရှိမှုမျိုးက သူ့နတ်ဘုရားအသိစိတ်ဖြင့် သက်ရှိအားလုံး၏ စိတ်ထဲကို ဝင်ရောက်နိုင်ပြီ ဖြစ်၏။
သို့သော်လည်း ထိုသတင်းအပိုင်းအစကို စကြဝဠာကြီးထဲမှ တစ်စုံတစ်ယောက် ရှာဖွေတွေ့ရှိသည့်အခါ ဝမ်ပေါင်လဲ့ ပြောင်းလဲသွားသည့် ရုပ်ထုကြီးကလည်း သိလိုက်ရသည်။ ထို့နောက် ထိုအရာက စတင်လှုပ်ခတ်လာလေ၏။
ခေတ်ကာလများစွာ ကြာမြင့်ပြီးသည့်နောက်တွင် ပထမဆုံးအကြိမ်အနေဖြင့်ရုပ်ထုကြီးက လှုပ်ခတ်လာပြီ ဖြစ်သည်။
ထိုအရာ လှုပ်ခတ်လာသည့်အခါ စကြဝဠာတစ်ခုလုံးက လှုပ်ခတ်လာလေ၏။ ထိုအရာ စတင်လှုပ်ခတ်လာသည့်အချိန် ကြယ်စင်များက တုန်ခါသွားပြီး မျိုးနွယ်စုများစွာကလည်း အံ့အားသင့်သွားကြသည်။
ထိုအခိုက်အတန့်၌ ကြယ်စင်အားလုံးက မှေးမှိန်သွားကြသည်။ သက်ရှိအားလုံး မမြင်နိုင်သည့် အလင်းတချို့က တောက်ပလာပြီး ကြယ်စင်အားလုံးကို မှေးမှိန်သွားစေဟန်ပေါ်သည်။
“ဘာတွေဖြစ်နေတာလဲ”
“အောင်မလေး ကောင်းကင်ကြီးက ဘာလို့ လှုပ်နေတယ်လို့ ခံစားမိနေပါလိမ့်”
“ကောင်းကင်ကြီးတင် မဟုတ်ဘူး။ ကြယ်တာရာကောင်းကင်တစ်ခုလုံးရော … ဒီမဟာစကြဝဠာတစ်ခုလုံးက လှုပ်ခတ်နေတာ”
ဤမဟာစကြဝဠာထဲရှိ မေးမြန်းသည့် သက်ရှိတို့က သူတို့၏ သက်ဆိုင်ရာ လှုမှုအဖွဲ့အစည်းမှ တစ်ယောက်ပြီးတစ်ယောက်ထွက်လာကာ အဖက်ဖက်သို့ ကြည့်လိုက်ကြသည်။
ထိုနေရာတွင် အဖက်ဖက်မှ အားကောင်းသည့် အရှိန်အဝါငါးခု ရှိနေလေ၏။ သို့သော်လည်း သူတို့ကပင် တုန်ယင်နေမိသည်။
အကြောင်းအရင်းကမူ သူတို့က သူတို့၏ နတ်ဘုရားဝိညာဉ်ထဲရှိ အရှိန်အဝါတစ်ခုကို ခံစားမိလိုက်၍ ဖြစ်သည်။
မဟာစကြဝဠာကြီး၏ သက်ရှိများ၏ အကြောက်တရားအလယ်တွင် မလှုပ်ရှားနိုင်သည့် တောင်သဖွယ်ရပ်နေသည့် ဝမ်ပေါင်လဲ့က လှုပ်ရှားလာလေသည်။
ထိုအရာပေါ်မှ ဖုန်မှုန့်များစွာ ကျဆင်းလာလေ၏။
အားအကောင်းဆုံး စွမ်းအားကြီးပုဂ္ဂိုလ်များက သူတို့၏ စိတ်ထဲမှ တုန်လှုပ်မှုကို တောင့်ခံပြီး ထိုကြယ်စင်ကို ရှာဖွေတွေ့ရှိသွားကြသည်။ သူတို့က ရုပ်ထုကို မြင်သည့်အခါ သူတို့၏ စိတ်ထဲ လှိုင်းဂယက်ထလာမိ၏။
“ဒီရုပ်ထုက ငါ့မှတ်ဉာဏ်နဲ့ဆိုရင်ငါ မွေးကတည်းက ဒီရုပ်ထုက တည်ရှိနေတာပဲ”
စွမ်းအားကြီးပုဂ္ဂိုလ်များ၏ မျက်နှာက ဖြူဖျော့သွားကြသည်။ သူတို့က တုန်လှုပ်နေမိကြ၏။ ရုပ်ထု၏ တုန်ခါနှုန်းက ပိုမိုအားကောင်းသည်ထက် အားကောင်းလာပြီး ရုပ်ထု၏ မျက်လုံးက ဖြည်းဖြည်းချင်း ပွင့်လာသည်။
ရုပ်ထု၏ မျက်လုံးဖွင့်လာသည့်အချိန်တိုင်း ကမ္ဘာကြီး၊ ကြယ်စင်၊ ကြယ်တာရာကောင်းကင်နှင့် အရာအားလုံးက အေးခဲသွားလေသည်။
မျက်ဝန်းထဲရှိ အလင်းရောင်က ပိုမိုတောက်ပသည်ထက် တောက်ပလာလေ၏။ ရုပ်ထုပေါ်ရှိ မြေကြီးတို့ကလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ဝမ်ပေါင်လဲ့သာ ကျန်ရှိတော့သည်။ သူ့အမူအရာက အနည်းငယ် ထူးဆန်းနေပြီး ထိုနေရာတွင် အချိန်အတော်ကြာ ထိုင်နေမိ၏။ သူက အတွေးနက်နေသလိုမျိုး မျက်လုံးကို ပိတ်ထားလေသည်။
အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် သူက မျက်လုံးကို ဖွင့်လိုက်သည်။ စကြဝဠာကြီးထဲရှိ မည်သူကမှ သူ့တီးတိုးသံကို မကြားရပေ။
“လွန်ခဲ့တဲ့ နှစ်တစ်သန်းက ဖြတ်သန်းသွားတဲ့အချိန်တိုင်း အားလုံးက အသိစိတ်မရှိတဲ့ အလိုဆန္ဒနတ်ဆိုးအသွင် ပြောင်းလဲသွားတယ်”
ဝမ်ပေါင်လဲ့က ရေရွတ်ပြီးသည့်နောက်တွင် သူ့အကြည့်က ပိုမိုတောက်ပလာလေ၏။ သူက ထိုကုန်းမြေကြီးသည် သူ့မူလရုပ်ခန္ဓာမှ ဖြစ်ပေါ်လာကြောင်း သေချာလုနီးပါး ဖြစ်နေလေ၏။
ထိုအရာက သူ့မူလခန္ဓာ မဟုတ်လျှင်ပင် သူ့မူလခန္ဓာနှင့် အင်မတန်နီးကပ်နေရမည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်က ဝမ်ပေါင်လဲ့အနေဖြင့် နှစ်များစွာအတွင်း သူ့မူလခန္ဓာ၏ သတင်းကို ပထမဦးဆုံး ကြားဖူးခြင်းသာ ဖြစ်ပေသည်။ သူ့မူလခန္ဓာက ဝမ်ရီရီ၏ ဖခင်ဖြစ်သူထံ အကူအညီတောင်းကာ သူ့အကျိုးအကြောင်းဆင်ခြင်စိတ်ကို ဆုံးရှုံးသွား၍ အဆုံးစွန်မဲ့ ကြယ်တာရာကောင်းကင်ထဲ နှင်ထုတ်ဖို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့က တိတ်ဆိတ်ပြီး ခေါင်းငုံ့ကာ သူ့ကို ကြည့်လိုက်၏။ သူ့လက်ဖဝါးထဲ ပုလဲလုံးတစ်လုံး ရှိနေလေ၏။ ထိုပုလဲလုံးက အပြာရောင်အလင်းဖြင့် တောက်ပနေသည်။ ထိုအရာက ဝိညာဉ်ပုလဲ ဖြစ်၏။
ထိုအရာထဲတွင် ပြည်ထောင်စုကြီး၏ မိတ်ဆွေဟောင်းများအား ပါဝင်နေသည်။ ဝမ်ပေါင်လဲ့က တစ်ယောက်ချင်းစီကို ကာကွယ်ပေးထားခဲ့ပြီး ပြန်လည်ဝင်စားခြင်းဖြစ်စေ သို့မဟုတ် ဝိညာဉ်များဖြစ်စေ သူတို့ပျောက်ကွယ်မသွားခင် သူက ထိုအထဲ ထားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် မည်သူကမှ ပျောက်ဆုံးနေခြင်း မရှိပေ။
သူ့မိဘများ၊ သူ့ညီမ၊ သူ့ဆရာ၊ ကျိုးရှောင်ရ၊ ကျောက်ယမုန့်၊ လျှိုတောက်ပင်းနှင့် အစရှိသရွေ့ အားလုံး ပါဝင်နေ၏။
ထိုအရာက ဝမ်ပေါင်လဲ့၏ လက်ထဲ လွန်ခဲ့သည့်နှစ်များစွာခန့်က ကိုင်ဆောင်ထားခဲ့သည်။ သူ နိုးထလာသည့်အခါ လက်ဖဝါးကို ဖွင့်လိုက်သည့်အချိန် ပေါ်ထွက်လာခြင်း ဖြစ်၏။
ထိုပုတီးစေ့ကို ကြည့်ရင်း ဝမ်ပေါင်လဲ့က သူ့ခန္ဓာကိုယ်ထဲ ထည့်ခဲ့သည်။ ထို့နောက် သူက ခေါင်းကိုမော့ကာ စကြဝဠာကြီးထဲရှိ လူမှုအဖွဲ့အစည်းများကို ကြည့်လိုက်၏။ ထို့နောက် သူက ထရပ်ကာ လျှောက်လှမ်းသည်။
သူ ထွက်ခွာသွားသည့်အခါ စကြဝဠာကြီးတစ်ခုလုံးက ပြန်လည် တိတ်ဆိတ်မှုရရှိလာလေသည်။ ထို့နောက်တွင် အံ့အားသင့်ဖွယ် ကိစ္စတစ်ခုဖြစ်ပျက်လာခဲ့၏။ အထူးသဖြင့် စွမ်းအားကြီးပုဂ္ဂိုလ်များအတွက် ဖြစ်ပေသည်။ သူတို့က ရုပ်ထုသည် နေရာ၌ မရှိတော့ကြောင်း မြင်လိုက်ရသည်။ သူတို့က ရှေးဟောင်းတည်ရှိမှုတစ်ခု နိုးထလာကြောင်း သိလိုက်ကြသည်။ အကြောက်တရားနှင့် အံ့အားသင့်မှုအလယ်တွင် သူတို့က အလျင်အမြန် ဆက်သွယ်ပြီး စကြဝဠာတစ်ခုလုံးကို ပိတ်ဆို့ထားခဲ့၏။
တစ်ချိန်တည်းဆိုသလို သူတို့က သူတို့ကိုယ်သူတို့ ချုပ်ထိန်းခဲ့ကြသည်။ သူတို့က ဇစ်မြစ်ကို ရှာဖွေခဲ့ခြင်း မရှိသလို ဘာကိုမှ မေးမြန်းခြင်း မရှိပေ။
အကြောင်းအရင်းကမူ ထိုရှေးဟောင်းတည်ရှိမှုသည် နှောင့်ယှက်ခံရသည်ကို သဘောမကျကြောင်း မှန်းဆမိ၍ ဖြစ်သည်။ ထို့အပြင် သူတို့က ပြန်လည်တိုက်ခိုက်ဖို့ ခွန်အားလည်း မရှိပေ။ သူတို့လုပ်နိုင်သည့်အရာက စကြဝဠာကြီးကို ပုံမှန်ပြန်ဖြစ်သွားစေဖို့သာ ဖြစ်၏။
တစ်ချိန်တည်းဆိုသလို သူတို့က စိတ်ထဲတွင် ကိစ္စများစွာ တွေးတောနေမိကြသည်။ သူတို့က မျိုးနွယ်ဆီ ပြန်လည်ရောက်ရှိလာသည့်အခါ ပထမဦးဆုံးလုပ်သည့်အရာက ရှေးဟောင်းမှတ်တမ်းများကို ပြန်လည်ရှာဖွေခြင်းသာ ဖြစ်၏။ ထိုအခါမှသာ ရုပ်ထု၏ မူလဇစ်မြစ် မှတ်တမ်းကို ရှာတွေ့နိုင်လိမ့်မည်။
ရက်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် လူအိုကြီးတစ်ယောက်က အင်မတန် ရှေးကျပြီး မပြီးပြည့်စုံသည့် ကျောက်စိမ်းပြားတစ်ခုပေါ်မှ အံ့ဩတုန်လှုပ်ဖွယ် သတင်းအချက်အလက်တစ်ခုကို ရှာဖွေတွေ့ရှိသွားလေသည်။