နောက်ဆုံးတော့ မူလခန္ဓာနှင့် တွေ့ခြင်း
Vol. 104 Ch. 1455
အကယ်၍ လူတစ်ယောက်က အထွတ်အထိပ်နေရာတွင် ရပ်ပြီး ပတ်လမ်းကို ကြည့်လိုက်ပါက စက်ဝန်းတစ်ခုနှင့် တူနေသည်ကို မြင်ရလိမ့်မည်။ သို့သော်လည်း ဤအရွယ်အစားက စွမ်းအားကြီးပုဂ္ဂိုလ်များပင် မဖော်ပြနိုင်သည့် အရာမျိုး ဖြစ်၏။
ဤပတ်လမ်းတစ်ခုလုံးက အတော်လေး ကြီးမားလွန်းလှ၏။
ထိုအရာတွင် တာအိုနယ်မြေမြောက်များစွာ ပါဝင်နေသလို တာအိုနယ်မြေတစ်ခုချင်းစီတွင် ကြယ်တာရာပိုင်နက်အလွှာများစွာ ပါဝင်နေသည်။ ထိုအလွှာတစ်ခုချင်းစီတွင် ကြီးမားသည့် စကြဝဠာမြောက်များစွာ ပါဝင်နေပြန်သည်။
ဤပတ်လမ်းတစ်ခုလုံးကို ပြီးမြောက်ဖို့ရာ မည်သို့တည်ရှိမှုအတွက်မဆို အင်မတန် ခက်ခဲသည်ဟု ဆိုရပေမည်။ ထိုအရာကို ရရှိဖို့ လူတစ်ယောက်၏ ကျင့်ကြံဆင့်က နဝမအဆင့်ဟု ခေါ်ဆိုသည့် ဤနေရာ၏ အထွတ်အထိပ်သို့ ရောက်နေဖို့ လိုအပ်သည်။
သို့သော်လည်း ထိုသို့သော ကျင့်ကြံဆင့်မျိုး ရရှိဖို့ရာအတွက် ပတ်လမ်းအတွင်းရှိ မျိုးနွယ်များနှင့် လူမှုအဖွဲ့အစည်းများကို အုတ်မြစ်အနေနှင့် အသုံးပြုလျှင်ပင် အင်မတန် ခက်ခဲနေဦးမည်သာ ဖြစ်၏။
ဤသည်ကား ဇာမဏီဌက်မွှေး သို့မဟုတ် ချီလင် ဦးချိုလိုမျိုး ရှားပါးနေဆဲသာ ဖြစ်သည်။ ထိုအရာက အင်မတန် ထူးကဲသည့် ပါရမီလိုအပ်သလို ကြီးမားသည့် အခွင့်အရေးတစ်ခုနှင့် ကံကောင်းမှုတို့ လိုအပ်သည်။
ထို့ကြောင့် ထိုပတ်လမ်းထဲ ဇာတ်ကြောင်းများနှင့် တိုက်ပွဲများစွာ ဖြစ်ပွားလာလေ့ရှိသည်။ သူတို့က တာအိုကို သက်သေပြဖို့အတွက် တခြားလူများနှင့် ယှဉ်ပြိုင်ကြ၏။
အရာအားလုံးက ဤပတ်လမ်း၏ အထွတ်အထိပ်သို့ ရောက်ရှိဖို့ရာအတွက်သာ ဖြစ်၏။ အရာအားလုံးက တောက်ပကောင်းကင်အဆင့်ဆီ တက်လှမ်းနိုင်ဖို့ရာသာ ဖြစ်၏။
တောက်ပကောင်းကင်အဆင့်သည် သက်ရှိအားလုံးနီးပါးနှင့် စိမ်းသက်နေသည့် နာမည်တစ်ခု ဖြစ်သည်။ အင်မတန် မြင့်မားသည့်ကျင့်ကြံဆင့် ရှိထားသူများသာ ထိုအရာကို … ဤအဆင့်အထက် အလွန် နောက်တစ်ဆင့် ရှိကြောင်း ခံစားမိကြသည်။
ထိုအရာကို တောက်ပကောင်းကင်ဟု ခေါ်ဆိုသည်။
အသေးစိတ်အချက်အလက်အတွက်မူ ထိုအရာက ဘယ်လောက်ကြီးမားကြောင်း၊ အဆင့်ဘယ်လိုခွဲထားကြောင်း မည်သူကမှ မသိကြပေ။ သိထားသူများကလည်း အဆင့်တက်လှမ်းသွားကြပြီဖြစ်၏။
သို့သော်လည်း ဝမ်ပေါင်လဲ့က ထိုအရာကို စိတ်ဝင်စားခြင်း မရှိပေ။ သူက လက်ထဲတွင် သေရည်ပုလင်းကို ကိုင်စွဲလျက် ဤမြေကမ္ဘာပတ်လမ်းထဲ လျှောက်လှမ်းနေဆဲ ဖြစ်၏။ သေရည်ပုလင်းက ပုတီးစေ့မှ ထွက်ပေါ်လာခြင်း ဖြစ်ရာ အထဲတွင် ဆန်အရက်မြောက်များစွာ ပါဝင်နေသည်။ သူ သောက်သုံးသည့်အချိန်တိုင်း ကွဲပြားနေလိမ့်မည်။
ဝမ်ပေါင်လဲ့က လမ်းတစ်လျှောက် သောက်လာပြီး သက်တောင့်သက်သာ ဖြစ်နေလေ၏။ သူက ရံဖန်ရံခါ သီချင်းပင် ညီးညူလေ့ရှိသည်။ သူ့အသံက ကြယ်စင်စုများကြား ပျံ့နှံ့သွားသည့်အခါ မျိုးနွယ်များနှင့် လူမှုအဖွဲ့အစည်းများက မဟာတာအိုကို ကြားလိုက်ရသလိုမျိုး တုန်တုန်ယင်ယင် ဖြစ်သွားတတ်ကြသည်။
“ကောင်းလိုက်တာ” ဝမ်ပေါင်လဲ့က ရယ်မောရင်း လေချင်တက်လိုက်သည်။ သူက သေရည်တစ်ငုံ ထွေးထုတ်လိုက်လေရာ သူ့ရှေ့ရှိ ကြယ်စင်စုအလွှာထဲ ပြည့်နှက်သွားလေသည်။ ထိုအရာက ထိုစကြဝဠာကြီးထဲရှိ မျိုးနွယ်များနှင့် လူမှုအဖွဲ့အစည်းများအား နှစ်တစ်သောင်းကြာ မူးနေသလို ဖြစ်သွားစေသည်။
နှစ်တစ်သောင်းကြာသည့်အထိ ထိုစကြဝဠာအလွှာထဲရှိ သက်ရှိများက မသေဆုံးကြသလို နိုးထလာခြင်း မရှိကြပေ။ အရာအားလုံး တည်ရှိနေဆဲ ဖြစ်သော်လည်း ထိုသို့မဟုတ်ပေ။ သူတို့က မူးယစ်ဖွယ် အနေအထားသို့ ကျရောက်နေကြသည်။
ကောင်းကင်တာအို၏ စိတ်ဆန္ဒပါ အတူတူ ဖြစ်၏။
သို့သော်လည်း သူတို့က ဘေးကင်းကြပေသည်။ ထိုစကြဝဠာအလွှာထဲ ဝင်ရောက်လာသည့် သက်ရှိဟူ၍ မရှိပေ။ သူတို့ဝင်ရောက်လာသည်နှင့် သူတို့သည်လည်း ယစ်မူးသည့် အနေအထားသို့ ကျရောက်သွားလိမ့်မည်။
ဝမ်ပေါင်လဲ့က သူတို့က မူးဝေဝေမျက်လုံးများဖြင့် ကြည့်နေလိုက်သည်။ ထို့နောက် သူက ပြုံးလိုက်ပြီး စိတ်ထဲ မထားတော့ပေ။ သူက ကြယ်စင်စုများကို ဖြတ်သန်းလျက် ဆက်လက် ရှာဖွေနေဆဲ ဖြစ်၏။ သူက လမ်းတစ်လျှောက် သဲလွန်စ ရှာမတွေ့သော်လည်း အလျှင်လိုခြင်း မရှိပေ။
ဆန်အရက်ရှိနေသရွေ့ ဤခရီးက သိပ်မဆိုးလှပေ။
အချိန်ကုန်လွန်သွားခဲ့သည်။ ဝမ်ပေါင်လဲ့က ပျော်ရွင်စွာ ဆက်သွားနေသည်။ ရံဖန်ရံခါ သူက မျိုးနွယ်များ၏ တိုးတက်မှုကို လေ့လာဖို့ လူမှုအဖွဲ့အစည်းတချို့ထံ ဝင်ကြည့်လိမ့်မည်။ တစ်ခြားအချိန်များတွင် သူက လူမှုအဖွဲ့အစည်းများ၏ ဖြစ်စဉ်ကို ကလိမ်ကျပြီး လက်ဆောင်မွန်များ၏ လွှမ်းမိုးမှုအောက်တွင် တချို့သော လူမှုအဖွဲ့အစည်းများက ကြီးထွားလာကြသည်။
အရာအားလုံးက ကစားပွဲသဖွယ် ဖြစ်၏။ ဝမ်ပေါင်လဲ့၏ အဟုန်က တက်ကြွလာ၏။
လမ်းတစ်လျှောက်၌ ဝမ်ပေါင်လဲ့က မသိတတ်သူတချို့နှင့် ဆုံခဲ့ရသည်။ သူ့အရှိန်အဝါက အားလုံးကို ခြိမ်းခြောက်နိုင်ပြီး ကြယ်တာရာမြောက်များစွာရှိ တည်ရှိမှုများအား သူ့အရှိန်အဝါတစ်ခုတည်းဖြင့် တုန်ယင်သွားစေနိုင်သော်လည်း ဖိအားကို တမင်ထုတ်လွှတ်နေခြင်းမရှိသည့် ဝမ်ပေါင်လဲ့ထံ မကောင်းစိတ်များဖြင့် ချည်းကပ်လာသော စိတ်ကြီးဝင်နေကြသူများလည်း ရှိတတ်ကြသည်။
တည်ရှိမှုအများစုကို ဝမ်ပေါင်လဲ့က တစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့၏။ သို့သော်လည်း အင်မတန် အားကောင်းသူတချို့ကိုမူ နှစ်ချက် အသုံးပြုရ၏။
လက်ဝါးချက်သုံးကြိမ်နှင့် မသေသွားသည့် တစ်ခုတည်းသောအရာမှာ ဆူးချွန်များဖြင့် အစိမ်းရောင်ရှားစောင်း သက်ရှိ ဖြစ်၏။ ရှားစောင်းက လက်ဖဝါးအရွယ်မျှသာ ရှိလေသည်။ ထိုအရာက မထင်ရှားသော်လည်း ဆိုးယုတ်မှုတို့ သယ်ဆောင်ထားသည်။ ဝမ်ပေါင်လဲ့နှင့် တွေ့ဆုံသည့်အခါ ထိုအရာက ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် ပူဖောင်းသဏ္ဍာန်ရှနေသည့် အစောပိုင်းစကြဝဠာအဆင့်ဆီ ရိုက်ထုတ်ခံလိုက်ရသည်။
ထိုအရာက ထိမှန်သွားသည့်အခါ ပူဖောင်းနှင့် တူသည့် စကြဝဠာက ချက်ချင်း ပြိုလဲသွား၏။ အထဲရှိ အာဟာရအားလုံးကို ရှားစောင်းမှ စုပ်ယူသွားလေသည်။ ထို့နောက် ရှားစောင်းပေါ်တွင် ကျေနပ်အားရနေသည့် မျက်နှာတစ်ခု ပေါ်ထွက်လာသည်။
ဝမ်ပေါင်လဲ့က ထိုအရာကို တအံ့တဩကြည့်လိုက်ပြီး နောက်ထပ် အနည်းငယ် ထပ်ကြည့်လိုက်သည်။
ထိုရှားစောင်းက အကြည့်ကြောင့် ရန်စခံလိုက်ရသည့်အလား မကျေမနပ်ဖြစ်သွားကာ ဝမ်ပေါင်လဲ့ဆီ ဦးတည်ပြေးဝင်လာသည်။
အဆုံးသတ်၌ ဝမ်ပေါင်လဲ့က ရိုက်ထုတ်လိုက်ပြီး ဆူးချွန်များစွာကို ချိုးပစ်လိုက်သည်။ ထိုအရာက စူးစူးဝါးဝါး အော်သံကြီး ထုတ်လွှင့်လာသည်။ ထို့နောက် ဝမ်ပေါင်လဲ့က သိချင်စိတ်ဖြင့် တတိယအကြိမ် ရိုက်လိုက်လေရာ ဆူးချွန်များက ပျောက်ကွယ်သွားပြီး ရှားစောင်းပေါ် အက်ရာကြီး ပေါ်လာသည်။
သို့သော်လည်း ရှားစောင်းက နည်းနည်း တုံးအဟန်ပေါ်သည်။ ထိုအရာက အော်ဟစ်ကာ ထပ်မံ ပြေးဝင်လာသည်။ ဝမ်ပေါင်လဲ့ဆီမှ တတိယအကြိမ် အရိုက်ခံရပြီးသည့်နောက်တွင် လွှင့်စင်သွားပြီး လေဟာနယ်ထဲ ကြေမွကာ ပျောက်ကွယ်သွားတော့သည်။
ငါ အားသုံးလွန်သွားတယ် ထင်တယ် …
ဝမ်ပေါင်လဲ့က လှမ်းကြည့်လိုက်၏။ သူက များစွာ အာရုံမစိုက်ဘဲ ဆက်ကြည့်နေလိုက်သည်။
အမည်မသိအချိန်တစ်ခု ကုန်လွန်သွားလေ၏။ တစ်ရက် ဝမ်ပေါင်လဲ့က ဆန်အရက်သောက်နေရင်း သူ့ပထမဦးတည်ချက်သို့ ရောက်ရှိလာသည်။ ထိုနေရာက အလိုဆန္ဒကုန်းမြေအကြောင်း မှတ်တမ်းတင်ထားသည့် ကြယ်စင်စု ဖြစ်၏။ သူက ရောက်ရှိလာသည့်အခါ ခတ္တ ရပ်တန့်သွားလေသည်။ သူ့အမူအရာက အလေးအနက် ဖြစ်လာ၏။
နှစ်တစ်သန်း ကုန်လွန်သွားပေမဲ့ အလိုဆန္ဒအငွေ့အသက်များက ကျန်ရှိနေသေး၏။
ဝမ်ပေါင်လဲ့က ညာဘက်လက်ကို မြောက်ကာ လေထဲမှ ဆွဲယူလိုက်သည်။ ကြယ်စင်စုတစ်ခုလုံးက ပုံပျက်သွားပြီး အနက်ရောင်မြူခိုးငွေ့တစ်ခု ပေါ်ထွက်လာသည်။
ဝမ်ပေါင်လဲ့က ထိုအရာမှ ထွက်ပေါ်နေသည့် ရင်းနှီးပြီးသား အငွေ့အသက်ကို ခံစားမိကာ ရေရွတ်လိုက်သည်။
“ငါ့မူလခန္ဓာ အခု ဘယ်လိုဖြစ်နေပြီလဲ။ မင်းက ကုန်းမြေအဖြစ် ပြောင်းလဲသွားတာလား ”
“အဲဒါက ရုပ်မဆိုးလွန်းဘူးလား” ဝမ်ပေါင်လဲ့က ရယ်မောလိုက်၏။ သို့သော်လည်း သူ့အမူအရာတို့ နက်နဲလှသည်။ သူက အနက်ရောင်မြူခိုးငွေ့ကို ကိုင်ရင်း တိတ်တဆိတ် အာရုံခံကြည့်လိုက်သည်။ သူက တည်နေရာတစ်ခုကို ကြည့်ကာ ရှေ့တစ်လှမ်းတိုးလိုက်၏။
ထိုခြေလှမ်းက ကြယ်စင်စုများစွာနှင့် တာအိုနယ်မြေ သိန်းဂဏန်းကို ဖြတ်ကျော်သွားစေသည်။ သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ ကျတ်တီးကြယ်တာရာကောင်းကင်ထဲတွင် ဖြစ်၏။ ထိုနေရာတွင် ကြယ်စင်ဟူ၍ မရှိပေ။ ဤနေရာ၌ ကျယ်ပြန့်ပြီး ပျက်စီးနေသည့် ကုန်းမြေကြီးကသာ ဖြည်းဖြည်းချင်း လွှင့်နေ၏။
ထိုကုန်းမြေကြီးက အလိုဆန္ဒအငွေ့အသက်များနှင့် အနက်ရောင်မြူများဖြင့် ပြည့်နှက်နေသည်။ ကုန်းမြေမျက်နှာပြင်အထက် တိုင်းပြည်များ၊ လူမှုအဖွဲ့အစည်းများ၏ အပြိုအပျက်များကို မြင်တွေ့နိုင်သည်။
သို့သော်လည်း သေချာအနီးကပ်ကြည့်ပါက လူသားမျက်နှာနှင့် တူသည်ကို ဝေဝေဝါးဝါး မြင်ရလိမ့်မည်။ ထိုအရာက နာကျင်နေသည့် လူသားတစ်ယောက် ပုံရိပ် ဖြစ်၏။
လူသားမျက်နှာ ကုန်းမြေကို ကြည့်ကာ ဝမ်ပေါင်လဲ့၏ မျက်ဝန်းထဲ စိတ်ရှုပ်ထွေးမှုများ ကိန်းအောင်းလာသည်။
“ငါ့မူလခန္ဓာ … ”