← Chapters

ငါ့ဘဝက မင်း နိုးထဖို့အတွက် အလဲအလှယ်ပဲ

Vol. 104 Ch. 1456

ငါ့ဘဝက မင်း နိုးထဖို့အတွက် အလဲအလှယ်ပဲ

Vol. 104 Ch. 1456

အချိန်အတော်ကြာ ကုန်လွန်သွားလေ၏။ ဝမ်ပေါင်လဲ့က အချိန်မည်မျှ ကြာမြင့်သွားကြောင်း မသိတော့ပေ။ သူက ရုပ်တုတစ်ခု ဖြစ်နေသည်မှာ အတော်လေး ကြာသွားခဲ့၏။ ဤနှစ်ထောင်ပေါင်များစွာအတွင်း နတ်ဘုရားကဲ့သို့ လူများက သူတို့မျိုးနွယ်များနှင့် တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြရာ စကြဝဠာကြီးပင် ပျက်သုန်းခြင်းနှင့် ဖြစ်တည်ခြင်းများစွာကို ကြုံတွေ့ပြီးသွားလေပြီ။

တစ်ခုတည်းသော မပြောင်းလဲသည့်အရာက သူက ဤနေရာတွင် ရှိနေဆဲ ဖြစ်ကာ သူ့မူလခန္ဓာကလည်း ဤနေရာတွင် ရှိနေဆဲ ဖြစ်၏။

ဝမ်ပေါင်လဲ့က ဤပတ်လမ်းမှ ထွက်သွားနိုင်ပြီး တောက်ပကောင်းကင်ပတ်လမ်းဆီ ဦးတည်နိုင်သော်လည်း ဤနေရာ၌ သူ့မူလခန္ဓာက သူ့တစ်ခုတည်းသော ဆက်နွယ်မှု ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့က ကြယ်တာရာကောင်းကင်ယံထဲ ရပ်နေရင်း လူသားမျက်နှာ ကုန်းမြေကို စိုက်ကြည့်နေမိသည်။ သူက ရင်းနှီးပြီးသား မျက်နှာကို ကြည့်နေမိ၏။ သူ့မှတ်ဉာဏ်တံခါးက ဖြည်းဖြည်းချင်း ပွင့်လာပြီး အတိတ်မှ ပုံရိပ်များက သူ့မျက်စိရှေ့မှောက် ပြန်လည်ပေါ်ထွက်လာ၏။

အချိန်အတော်ကြာပြီးသည့်နောက် ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်သည်။ သူက သေရည်ပုလင်းကို ကောက်ယူလိုက်ပြီး ပါးစပ်ထဲ လောင်းထည့်ကာ အားပါးတရ သောက်လိုက်သည်။ သူမျက်ဝန်းထဲ ထူးထူးဆန်းဆန်း အလင်းတစ်ချက် ဖြတ်ပြေးသွားလေ၏။

လက်တွေ့၌ သူက ပင်မခန္ဓာ အသိစိတ်ကပ်လာအောင် ဘယ်လိုလုပ်ရမလဲ တွေးထားသည်မှာ ကြာမြင့်လှပြီဖြစ်၏။ အလိုဆန္ဒကို ဖျက်ဆီးပစ်၍ မရသော်လည်း အစားထိုး၍ ရပေသည်။

ဝမ်ပေါင်လဲ့၏ နည်းလမ်းက နှစ်ထောင်ပေါင်များစွာ သက်ရှိများကို လေ့လာရင်းဖြင့် ဖြည်းဖြည်းစီ တွေးမိလာသည့် နည်းလမ်းတစ်ခု ဖြစ်သည်။

“ဒီကမ္ဘာထဲ သက်ရှိအားလုံးမှာ အလိုဆန္ဒဆိုတာ ရှိတယ်။ အလိုဆန္ဒတွေက နားထောင်ရုံ၊ စကားပြောရုံ၊ မြင်ရုံ၊ အနံ့ရရုံ၊ အထိအတွေနဲ့ ခံစားရုံတင် မကဘူး။ ဒီကမ္ဘာမှာ အမြဲတမ်းတည်ရှိနေခဲ့တဲ့ နောက်ထပ် အလိုဆန္ဒခြောက်ပါး ရှိနေသေးတယ်” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။ သူက သက်ရှိများကို နှစ်များစွာ ကြည့်ရှုလာသည့်အတွက် မျိုးနွယ်အသီးသီးမှ လူများ၊ အမွေအနှစ်အတွက် အလိုဆန္ဒများ၊ ဗဟုသုတအတွက် လိုချင်တပ်မက်စိတ်များ အစရှိသည်ကို မြင်တွေ့ခဲ့ဖူးသည်။

ဝမ်ပေါင်လဲ့က ထိုအရာကို ဗဟုသုတ ဆာလောင်ခြင်း ဟု ခေါ်ဆိုပေသည်။

သူတို့က မဖြေရှင်းရသေးသည့် ကိစ္စများနောက် လိုက်ကြပြီး အရာအားလုံးကို နားလည်ချင်ကြသည်။

ထို့အပြင် သူက မျိုးနွယ်များစွာ၏ ဘဝများအကြောင်း မြင်တွေ့ခဲ့ဖူးသည်။ သူတို့၏ ဘဝများ ပွင့်လန်းလာသည့်အခါ ထူးခြားဖို့ရာအတွက်  အလိုဆန္ဒက သူတို့၏ စိတ်နှလုံးသားအနက်ပိုင်းမှ ထွက်ပေါ်လာကြသည်။ တချို့ကမူ သူရဲကောင်းများ ဖြစ်လိုကြသည်။ တချို့ကမူ တိုင်းပြည်နှင့် မျိုးနွယ်အတွက် ရူးသွပ်လိုကြ၏။ သို့သော်လည်း မည်သို့ပင်ဖြစ်စေကာမူ အလိုဆန္ဒက သူတို့ဘဝတစ်လျှောက်လုံး အဖော်ပြုပေးသွားဟန်ပေါ်သည်။

ဝမ်ပေါင်လဲ့က အချိန်အတော်ကြာ လေ့လာစောင့်ကြည့်နေပြီးသည့်နောက်တွင် ထိုအလိုဆန္ဒကို ကြွားလုံးထုတ်လိုခြင်း ဟု ခေါ်ဆိုလိုက်သည်။

ကိုယ့်ဘာသာ ကြွားလုံးထုတ်ဖို့ … မျိုးနွယ်အတွက် ကြွားလုံးထုတ်ဖို့ … ကောင်းကောင်းနေနိုင်တာကို ကြွားလုံးထုတ်ဖို့ …

ထိုအလိုဆန္ဒနှစ်ခုအပြီးတွင် တူညီစွာ အားကောင်းနေသည့် နောက်ထပ် အလိုဆန္ဒတစ်ခုလည်း ရှိနေသေးသည်။ ထိုအရာက မျိုးနွယ်၏ မျိုးပွားရေးနှင့် ပတ်သက်နေ၏။ ထိုအရာက သက်ရှိတိုင်း၏ စိတ်ဝိညာဉ်နှင့် စိတ်အတွေးအခေါ် မဟာတာအိုနှင့် ပတ်သက်နေသည်။

ဤသည်က ရမ္မက် ဖြစ်၏။

ဝမ်ပေါင်လဲ့၏ လေ့လာအကဲဖြတ်ချက်မှတဆင့် ထိုအလိုဆန္ဒသည် ထူးကဲကြောင်း သဘောပေါက်သွားသည်။ ထိုအရာက ပျားရည်လည်း ဖြစ်နိုင်သလို အဆိပ်လည်း ဖြစ်နေနိုင်သည်။ သို့သော်လည်း မည်သို့ပင်ဖြစ်နေစေကာမူ သက်ရှိအားလုံးမှ လိုက်လံရှာဖွေနေကြဆဲ ဖြစ်၏။ ထိုအရာက အဆိပ်ဖြစ်နေလျှင်ပင် မကြာခဏဆိုသလို စိတ်ထဲ၌ တောင့်တင်မှုတို့၊ မျှော်လင့်ချက်တို့ ရှိနေကြသည်။

“ငါတို့ဘဝကြီးက အထီးကျန်စရာကောင်းလွန်းလို့  တစ်ယောက်တည်းဖြစ်ရတာကို မကြိုက်ကြတာနေမယ်”  ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။ သူက သက်ရှိများကို လေ့လာနေရင်း စတုတ္ထမြောက် အလိုဆန္ဒကို တွေ့လာသည်။

ထိုအရာကား ဖော်ပြလိုစိတ်နှင့် ဆင်တူသော်လည်း အနည်းငယ် ကွဲပြားနေသည်။ ထိုအရာက အမူအရာနှင့် စကား အစရှိသည့်ပုံစံမျိုး ဖြစ်၏။ ထိုအရာက သက်ရှိအားလုံး၏ အလိုလိုသိစိတ်အတွင်း ဝှက်ထားလေ့ရှိသည်။ ဝမ်ပေါင်လဲ့ကိုယ်တိုင်ပင် ထိုအရာ ရှိလေ၏။

ဝမ်ပေါင်လဲ့က ထိုအရာက ဝန်ခံလိုစိတ် ဟု ခေါ်ဆိုထားသည်။

သူ့ကိုယ်သူ စကားပြောသည်ဖြစ်စေ သို့မဟုတ် တခြားသူများနှင့် ပြောဆိုသည်ဖြစ်စေ ဤသည်က ဝန်ခံလိုစိတ် သို့မဟုတ် စကားပြောလိုစိတ် ဖြစ်၏။ နမူနာအနေနှင့် ဝမ်ပေါင်လဲ့သည် ယခု ထိုဆန္ဒကြီးမားနေကြောင်း ခံစားမိနေသည်။

“နောက်ထပ် တစ်ခု ရှိသေးတယ်” ဝမ်ပေါင်လဲ့က ဆက်ပြောလိုက်သည်။ သူက ဤနှစ်များတစ်လျှောက် ပေါ်ထွက်လာသည့် မည်သည့်မျိုးနွယ်ဖြစ်စေ၊ မည်သည့် လူမှုအဖွဲ့အစည်းဖြစ်စေကာမူ ကွဲပြားသည့်အချိန်များတွင် ထူးဆန်းသည့် အနေအထားတစ်ခု ပေါ်ထွက်လာတတ်ကြောင်း သတိထားမိခဲ့၏။ ထိုအရာက ငြိမ်းချမ်းရေး ဖြစ်ပေသည်။

သက်ရှိတိုင်း၏ လိုအင်ဆန္ဒမြောက်များစွာကြားတွင် ကိုယ်ပိုင်အင်အားဖြစ်စေ သို့မဟုတ် အုပ်စိုးခြင်းဖြစ်စေ သို့မဟုတ် သိမ်းပိုက်ခြင်းဖြစ်စေ … ငြိမ်းချမ်းရေးက အမြဲပါဝင်နေသည်။

အရာအားလုံးက လူတစ်ယောက်၏ ကိုယ်ပိုင်အေးချမ်းမှုအတွက်သာ ဖြစ်၏။

ဤသည်က သက်ရှိအားလုံးအတွက်လည်း အတူတူ ဖြစ်ပြီ ခြွင်းချက်ဟူ၍ မရှိပေ။

အကယ်၍ ရှိနေလျှင်ပင် အချိန်ကာလအပိုင်းလေးမျှသာ ဖြစ်လိမ့်မည်။ အကယ်၍ အချိန်စက်ဝန်း ပြောင်းလဲသွားပါက အရာအားလုံးက ထိုအလိုဆန္ဒအဖြစ် ပြောင်းလဲသွားဦးမည်သာ ဖြစ်၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့က ထိုအလိုဆန္ဒကို ချမ်းမြေ့လိုခြင်းဟု ခေါ်ဆိုလေသည်။

နောက်ဆုံးသော အလိုဆန္ဒအတွက်မူ ဝမ်ပေါင်လဲ့က မျိုးနွယ်တစ်ခုအတွင်း သေဆုံးခါနီးလူများ သို့မဟုတ် သေခြင်းရှင်ခြင်းအန္တရာယ်ကို ကြုံတွေ့နေသူများဆီမှ ရှင်းရှင်းလင်းလင်း ခံစားမိခြင်း ဖြစ်၏။ အားလုံးနီးပါးက နောင်တမရှိဘဲ မသေကြပေ။

အားလုံးနီးပါးက ကိုယ်ပိုင်သေခြင်းတရားကို ဆုံးဖြတ်ပိုင်ခွင့် မရှိကြပေ။ ထို့ကြောင့် မျိုးနွယ်စုများထဲ ဘဝများစွာရှိလွန်း၍ သူတို့ခန္ဓာကိုယ်မှ အားကောင်းသည့် အလိုဆန္ဒတစ်ခု ထွက်ပေါ်လာသည်။

ရှင်သန်လိုစိတ် ဖြစ်၏။

ထိုအလိုဆန္ဒက အတော်လေး ကြီးမားပြီ့း ဝမ်ပေါင်လဲ့ ကြည့်မိသည့်အချိန်တိုင်း သူ့စိတ်နှလုံးသားထဲ လှိုင်းလုံးတစ်ချို့ ဖြစ်လာစေသည်။

အဆုံးသတ်၌ သူက ထိုအရာကို ရှင်သန်လိုခြင်းဟု ခေါ်လိုက်သည်။

ဤသည်က ဝမ်ပေါင်လဲ့တစ်ယောက် နှစ်ထောင်ပေါင်များစွာ လေ့လာပြီးသည့်နောက် သုံးသပ်ထားသည့် အခြေခံ လိုအင်ဆန္ဒများ ဖြစ်ပေသည်။ သူတို့က သူ့မူလခန္ဓာ၏ အကျိုးအကြောင်းဆင်ခြင်စိတ်ကို ပြန်လည်ထိန်းသိမ်းနိုင်မည့် သော့ချက်လည်း ဖြစ်၏။

လိုအင်ဆန္ဒများက ဖယ်ရှား၍ မရသောကြောင့် သူတို့အား လမ်းညွှန်ကာ အစားထိုးပစ်မည် ဖြစ်သည်။

နောက်တစ်ခု၏ လိုအင်ဆန္ဒခြောက်ပါးက အကျိုးအကြောင်းဆင်ခြင်စိတ် လိုအပ်နေမှန်း သိသာလှသည်။ ထို့ကြောင့် အစားထိုးမှု အောင်မြင်သွားသည်နှင့် ဝမ်ပေါင်လဲ့က သူ့မူလခန္ဓာသည် အပြီးတိုင် ပြန်ရောက်လာလိမ့်မည်ဟု ယုံကြည်ထားသည်။

သို့သော်လည်း ထိုအရာအားလုံးက သူ့မူလခန္ဓာ၏ လမ်းညွှန်မှု လိုအပ်နေသည်။ ထို့ကြောင့် သူ ပထမဆုံးလုပ်ရမည့်အရာကား မူလခန္ဓာကိုယ်၏ အသိစိတ်အား အိပ်စက်နေရာမှ နှိုးဖို့ ဖြစ်သည်။ ဝမ်ပေါင်လဲ့က လူသားမျက်နှာကုန်းမြေကို ကြည့်လိုက်ပြီးသည့်နောက် ရှေ့တိုးလာလိုက်သည်။

သူ ချည်းကပ်လာသည့်အခါ ကုန်းမြေတစ်ဝိုက်ရှိ ကြယ်စင်တို့က ချက်ချင်းဆိုသလို ထူးဆန်းသည့် အလင်းရောင်တို့ ထုတ်လွှင့်လာသည်။ ကုန်းမြေမှ ထွက်ပေါ်လာသည့် အနက်ရောင်ချီများက အဘက်ဘက်သို့ ပျံ့နှံ့သွားလေသည်။

သို့သော်လည်း မည်သည့်အရာကမှ ဝမ်ပေါင်လဲ့ကို မတားဆီးနိုင်ပေ။

သူ ချည်းကပ်လာသည့်အခါ တောက်ပနေသည့် ကြယ်စင်များကပင် ဖိနှိပ်အားကို တောင့်ခံနိုင်တော့ဟန်မပေါ်ပေ။ သူတို့က အပိုင်းပိုင်းအစစ ကြေမွသွားလေ၏။

လိုအင်ဆန္ဒကို ကိုယ်စားပြုသည့် အနက်ရောင်မြူများကလည်း အတူတူ ဖြစ်၏။ ဝမ်ပေါင်လဲ့ နီးကပ်လာသည့်အခါ ထိုအရာက သူ့အား နည်းနည်းလေးမှ ထိတွေ့နိုင်ဟန်မပေါ်ပေ။

သို့သော်လည်း လိုအင်ဆန္ဒမှ ဖွဲ့စည်းထားသည့် အနက်ရောင်မြူများကို ရှင်းထုတ်ပစ်ဖို့ သူ့အတွက် အခက်တွေ့နေသည်။ သူက ဤမြေကမ္ဘာပတ်လမ်းရှိ သက်ရှိအားလုံးကို ရှင်းထုတ်ပြီး လိုအင်ဆန္ဒအတွက် ဇစ်မြစ်မရှိတော့အောင် ပြုလုပ်နိုင်မှသာ အနက်ရောင်မြူတို့က ထာဝရပျက်သုန်းသွားလိမ့်မည်။

အနက်ရောင်မြူများက သူ့ကို မတားဆီးနိုင်သည့်အတွက် ဝမ်ပေါင်လဲ့က ကုန်းမြေပေါ် ရောက်ရှိလာသည်။ သူက လူသားမျက်နှာ မျက်ခုံးကြား ရပ်လိုက်၏။ သူက ထိုနေရာတွင် ရပ်ရင်း ညာဘက်လက်ကို မြောက်လိုက်သည့်အချိန် မသေမျိုးစိတ်ဆန္ဒ ပေါ်ထွက်လာပြီး ကုန်းမြေတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားလေသည်။

ထိုအရာ ပျံ့နှံ့သွားသည့်အချိန်တိုင်း လိုအင်ဆန္ဒမှ ဖွဲ့စည်းထားသည့် သက်ရှိအားလုံးက စူးစူးရှရှ အော်ဟစ်လိုက်ကြသည်။ အားလုံးက အငွေ့ပျံသွားသကဲ့သို့ ပျောက်ကွယ်သွားကြ၏။ ကုန်းမြေပေါ်ရှိ အပြိုအပျက်အားလုံးက ရှင်းထုတ်ခံလိုက်ရသည်။

ကုန်းမြေက ယခုအခါ ပိုရှင်းသွားလေသည်။ အနက်ရောင်မြူများက ဆက်တိုက် ဖုံးလွှမ်းနေသေးသော်လည်း များများစားစား ပျံ့နှံ့ခြင်း မရှိတော့ပေ။ အဝေးမှကြည့်လျှင် ကုန်းမြေပေါ်ရှိ လူများ၏ မျက်နှာများက ပိုရှင်းလာ၏။

“ငါ့မူလခန္ဓာ နိုးထတော့” ဝမ်ပေါင်လဲ့က တီးတိုးပြောလိုက်သည်။ သူက ထိုသို့ပြောလိုက်သည်နှင့် ကြယ်တာရာကောင်းကင်ယံ လေဟာနယ်ထဲ စည်းမျဉ်းမြောက်များစွာ ဖြစ်တည်လာသည်။ သူတို့က ကုန်းမြေအတွင်းပိုင်း တိုးဝင်သွားကြ၏။ သူတို့က အဘက်ဘက်မှ လျှပ်စီး၊ မိုးကြိုး အလင်းတန်းများကို ဖိနှိပ်ထားလေသည်။

ထိုစကားများထဲ အဆုံးမဲ့စည်းမျဉ်းဥပဒေသများ ကိန်းအောင်းနေသည်။ ဝမ်ပေါင်လဲ့၏ လက်ရှိကျင့်ကြံဆင့်ဖြင့် ပုံမှန်စကားပြောခြင်းဖြင့်ပင် ဤမြေကမ္ဘာပတ်လမ်းရှိ အရာအားလုံးကို နိုးထစေနိုင်စွမ်း ရှိ၏။

သို့သော်လည်း သူ့မူလခန္ဓာကမူ တုန်ယင်ရုံမျှသာ ဖြစ်၏။ မြေကြီးပေါ်ရှိ အက်ကြောင်းများနှင့် ယှဉ်လိုက်ပါက သူ နိုးထလာမည့် အရိပ်အယောင် မမြင်ရသေးပေ။

“ထင်ထားတဲ့အတိုင်း သူ မနိုးထနိုင်သေးဘူးပဲ ” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။

ဤနေရာရှိ အလိုဆန္ဒက နက်ရှိုင်းကာ လေးလံလွန်းလှသည်။ ထိုအရာက မြေကမ္ဘာပတ်လမ်းရှိ သက်ရှိအားလုံးဆီမှ အစပြုလာခြင်း ဖြစ်၏။ ဝမ်ပေါင်လဲ့က သက်ရှိအားလုံးကို ဖိနှိပ်ထားနိုင်စွမ်း ရှိသော်လည်း သူ့မူလခန္ဓာက အင်မတန် အားကောင်းလွန်းလှသည်။

ထို့အပြင် နတ်ဧကရာဇ်က သူနှင့် ပေါင်းစည်းပြီးသည့်နောက် ပြီးပြီးစုံလုနီးပါး သက်ရှိတစ်ယောက် ဖြစ်၏။ သဘောတရားအရ သူ့အနေနှင့် နိုးထစေဖို့ မဖြစ်နိုင်ပေ။

ထားလိုက်ပါတော့ …

ဝမ်ပေါင်လဲ့က ခေါင်းမော့ကာ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။ သူက မဟာစကြဝဠာဘက် လှမ်းကြည့်နေခြင်း ဖြစ်၏။ သူက ရင်းနှီးပြီးသား ပုံရိပ်တချို့ကို မြင်လိုက်ရဟန်ပေါ်သည်။

ထိုနေရာတွင် ဝမ်ပေါင်လဲ့၏ မိဘများ၊ ဆရာ၊ ကျောက်ယမုန့်၊ ကျိုးရှောင်ရ၊ သူ့မိတ်ဆွေများ ရှိနေသည်။

“နတ်ဧကရာဇ်က မူလခန္ဓာကို ပြီးမြောက်စေခဲ့တယ် … မူလခန္ဓာက ငါ့ကို ပြည့်စုံစေခဲ့တယ်။

လက်ရှိ ငါက သီးသန့်ကွဲထွက်နေတဲ့ တည်ရှိမှုတစ်ခု ဖြစ်လာပြီးပြီ။ မူလခန္ဓာနဲ့ ဆက်လက်ပေါင်းစည်းနေဖို့ မလိုတော့ဘူး။ ဒါကို နိုးထစေဖို့ တစ်ခုတည်းသောနည်းလမ်းက  သူ့ဘဝအတွက် ငါ့ဘဝနဲ့ အလဲအလှယ်လုပ်ဖို့ပဲ။ သူ နိုးထလာဖို့ ငါ အပြီးတိုင်ပျောက်ကွယ်သွားရလိမ့်မယ်”

ဝမ်ပေါင်လဲ့က ပြုံးလိုက်သည်။ သူက ညာဘက်လက်ကို မြောက်ကာ လေထဲ ဆွဲယူလိုက်သည်။ သေရည်ပုလင်းက ဖြတ်ခနဲ ပေါ်လာပြီး သူက အားပါးတရ တစ်ငုံသောက်လိုက်သည်။

သူက ပုလင်းတစ်ဝက်ကျော်ကို တစ်ငုံတည်းဖြင့် သောက်လိုက်ခြင်း ဖြစ်၏။

ထို့နောက် သူ့လက်တစ်ချက်အဝှေ့တွင် သူက သေရည်ပုလင်းကို လွှင့်ထုတ်လိုက်ပြီး ကြယ်တာရာကောင်းကင်ထဲ ကြေမွသွားစေသည်။ သူက ညာဘက်လက်ဖြင့် ထပ်မံ ဆွဲယူလိုက်သည့်အခါ ဝိညာဉ်ပုလဲ ပေါ်လာ၏။ သေချာအနီးကပ်ကြည့်ပါက ဝမ်ပေါင်လဲ့သည် ထိုအရာကို ထပ်မံ ပစ်လွှင့်လိုက်ပြီး ကြယ်တာရာကောင်းကင်ကြီးထဲ လွှင့်မျှောစေလိုက်သည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှုကာ အားပါးတရ ရယ်မောလိုက်၏။

သူက ရယ်မောနေရင်းဖြင့် သူ့ခန္ဓာကိုယ်က စတင်လောင်ကျွမ်းလာသည်။ မသေမျိုးစိတ်ဆန္ဒတစ်ခု မြင့်တက်လာပြီး သူ့နတ်ဘုရားဝိညာဉ်နှင့် အရာအားလုံးက စတင်လောင်ကျွမ်းလာသည်။

မီးတောက်များ လောင်ကျွမ်းလာသည့်အခါ ကြယ်တာရာကောင်းကင်ကြီးက တုန်ယင်လာပြီး နယ်မြေတစ်ခုလုံးက လှုပ်ခတ်လာသည်။ တာအိုနယ်မြေတစ်ခုလုံးက ပေါက်ထွက်လာပြီး မြေကမ္ဘာပတ်လမ်းတစ်ခုလုံးက တုန်ခါသွားတော့သည်။

သက်ရှိအားလုံး၊ မျိုးနွယ်အားလုံးတို့က သူတို့စိတ်နှလုံးသား အနက်ပိုင်းမှ စတင်တုန်ယင်လာကြသည်။ တုန်ခါရာ အရင်းအမြစ် နေရာဆီ အကြည့်များစွာ ကျရောက်လာသော်လည်း မည်သူကမှ ထိုးဖောက်မမြင်နိုင်ကြပေ။

“အထီးကျန်မှုက ပျင်းစရာကောင်းလွန်းတယ်။ ကမ္ဘာပေါ်မှာ မင်းက ဉာဏ်အကောင်းဆုံးလူ ဖြစ်နေတုန်းပဲ။ မင်းက အကြာကြီး အိပ်စက်နေခဲ့တာဆိုတော့ အားလုံး ထွက်သွားတဲ့အချိန်မှာ တစ်ကိုယ်တည်း တွေ့ကြုံခံစားစရာ မလိုဘူး။ ငါ့အတွက်ကတော့ ကွဲပြားတယ်။ ငါ နေထိုင်ရတဲ့ ဘဝကို တွေ့ကြုံခံစားပြီးတော့ ကျေနပ်အားရပြီးပြီဆိုတော့ လုံလောက်ပါပြီ … ”

“ဒါက လုံလောက်ပါပြီလေ … ဒီနေ့မှာတော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်။ မင်း နိုးထလာနိုင်မှာ မဟုတ်သလို အလိုဆန္ဒခြောက်ပါးကိုလည်း အစားထိုးပစ်ဖို့ လက်ဦးမှုမယူနိုင်ဘူးဆိုတာကို သိတယ်။ ကောင်းပြီ ငါ မင်းကို ကူညီပေးမယ် ”

“ ငါ့တာအို … ဝိညာဉ်ကို လောင်ကျွမ်းပြီး စိတ်ဝိညာဉ်ကို ကြေမွသွားစေမယ် … အဲဒါနဲ့ မင်းကို အလိုဆန္ဒခြောက်ပါးရဲ့ တကယ့်ခံစားချက်ကို ပေးမယ်။ မင်းရဲ့ အသိဉာဏ်နဲ့ နားလည်နိုင်စွမ်းနဲ့ဆိုရင် ဒီတစ်ကြိမ် မင်း သေချာပေါက် နိုးထလာမှာပါ … ”

ဝမ်ပေါင်လဲ့က အားပါးတရ ရယ်မောရင်း ခန္ဓာကိုယ်က အပြင်းအထန် တောက်လောင်နေသည်။ သူက ညာဘက်လက်ကို ဝေ့လိုက်သည့်အခါ သူ့ခန္ဓာ၏ အလိုဆန္ဒတစ်ခု ပျောက်ကွယ်သွားပြီး အလင်းတန်းအဖြစ် ပြောင်းလဲလိုက်သည်။

“ဒါက ဗဟုသုတ ဆာလောင်ခြင်းပဲ …” ဝမ်ပေါင်လဲ့က ပြောရင်း လက်ဝေ့လိုက်သည်။ သိလိုစိတ်ကို ကိုယ်စားပြုသည့် အလင်းတန်းက ပေါက်ကွဲထွက်လာသည်။ ထိုအရာက တောက်ပလွန်းသည့်အတွက် လူသားမျက်နှာကုန်းမြေ၏ နဖူးထဲ ဝင်ရောက်သွားသည်။

ကုန်းမြေက လှုပ်ခတ်သွားသလို လူသားမျက်နှာကလည်း တုန်ခါလာသည်။

ဤသည်က မပြီးဆုံးသေးပေ။

ဝမ်ပေါင်လဲ့က လက်ဝေ့လိုက်သည့်အခါ နောက်ထပ် အလိုဆန္ဒတစ်ခုက အပြာရောင်အလင်းအဖြစ် ပြောင်းလဲသွားသည်။ ထိုအလင်းတန်းက ကြွားလုံးထုတ်လိုခြင်းကို ကိုယ်စားပြုသည်။ ထိုအခိုက်အတန့်၌ ထိုအရာက လူသားမျက်နှာကုန်းမြေဆီ ဝင်ရောက်သွားသည်။

ဤသည်က ဖော်ပြလိုခြင်း အလိုဆန္ဒ ဖြစ်ပေသည်။

ကုန်းမြေက လှုပ်ခတ်သွားပြီး တုန်ခါမှုက ပိုအားကောင်းလာ၏။

ထို့နောက်  တတိယအလင်းတန်း ပေါ်ထွက်လာသည်။ ဤသည်က သွေးနီရောင် ဖြစ်၏။ ဤသည်က ရမ္မက်အရောင် ဖြစ်သလို မီးတောက်နှင့် တူပြီး လူအများအား နွေးထွေးမှု ပေးနိုင်သလို လောင်မြိုက်မှုလည်း ပေးနိုင်သည်။ သို့သော်လည်း ထိုမီးတောက်ထဲ တိုးဝင်လိုသည့် မီးဖလံများစွာ ရှိနေဆဲသာ ဖြစ်၏။

“ဒါက ရမ္မက်ပဲ ”

ဝမ်ပေါင်လဲ့၏ အသံက ခပ်ဩဩဖြစ်နေကာ သူ့အရှိန်အဝါကလည်း အတော်လေး လျော့ကျလာသည်။ သို့သော်လည်း သူ့မျက်ဝန်းတို့က တောက်ပနေဆဲသာ ဖြစ်၏။ သူ့လက်တစ်ချက်အဝေ့တွင် လေးခုမြောက် အလင်းတန်း ပေါ်လာသည်။

ထိုအလင်းတန်းက ထုတ်ပြောလိုစိတ်ကို ကိုယ်စားပြုသည်။

“ဒါက ဝန်ခံလိုစိတ်ပဲ ”

လူသားမျက်နှာ ကုန်းမြေကြီးက မရပ်မနား တုန်ခါသွားပြီး စတင်ပြိုလဲလာသည်။ အထဲရှိ အနက်ရောင်မြူခိုးများကလည်း မျက်နှာများအဖြစ် ပြောင်းလဲသွားလေ၏။

“ဒါက ချမ်းမြေ့လိုစိတ်ပဲ  ”

ဝမ်ပေါင်လဲ့က ထပ်မံ ရယ်မောလိုက်သည်။ သူက လက်ကို အပြင်းအထန် ဝေ့ယမ်းလိုက်သည့်အခါ ငါးခုမြောက် အလင်းတန်း စုဝေးလာသည်။ ထိုအရာက ကုန်းမြေထဲ ဝင်သွားသည်နှင့် ဝမ်ပေါင်လဲ့က ပါးစပ်ဟကာ စကားပြောလိုက်သည်။ ထိုစဉ် သူ့ခန္ဓာကိုယ်က ဝေဝါးလာပြီး လိုအင်ဆန္ဒခြောက်ပါးအနက် တစ်ခုတည်းသာ ကျန်ရှိတော့သည်။

နောက်ဆုံးသောအရာက ရှင်သန်လိုစိတ် ဖြစ်၏။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က အသံကျယ်ကြီးနှင့်အတူ ပြိုလဲသွားသည်။ အရာအားလုံးက ခြောက်ခုမြောက် အလင်းတန်းအဖြစ် စုဝေးသွားသည်။ ထိုအရာက ဆုံးဖြတ်ချက်၊ အလိုဆန္ဒများဖြင့် ပြည့်နှက်နေပြီး လူသားမျက်နှာကုန်းမြေဆီ ဦးတည်သွားတော့သည်။

ထိုအခိုက်အတန့်၌ မြေကမ္ဘာပတ်လမ်းတစ်ခုလုံး အပြင်းအထန် တုန်ခါသွားသည်။ သက်ရှိအားလုံးလည်း တုန်ယင်သွားကြ၏။ ဝမ်ပေါင်လဲ့ရှိနေသည့် နေရာက အပြီးတိုင် ပျောက်ကွယ်သွားကာ သူ့ဘဝ၌ နောက်ဆုံးသော စကားက ကုန်းမြေထဲ ပျံ့လွှင့်လာသည်။

“ ဝမ်ပေါင်လဲ့ … ဒီနာမည်ကို မင်းဆီ ပြန်ပေးလိုက်မယ် ”

ထိုအသံ ပဲ့တင်ထွက်လာသည့်အခါ မြေကမ္ဘာပတ်လမ်းတစ်ခုလုံးအနှံ့ အသံက ပျံ့နှံ့သွားလေသည်။ ကုန်းမြေတစ်ခုလုံးက အပြီးတိုင် ပြိုလဲသွား၏။ ပြိုကွဲသွားသော ကျောက်တုံးများက ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။

ပြိုလဲမှုက ကုန်းမြေ ပျောက်ကွယ်သွားသည့်အထိ ဆက်ဖြစ်နေ၏။

ကြယ်တာရာကောင်းကင်ထဲ တစ်ခုတည်းသော မျှောလွင့်နေသည့်အရာကား ကုန်းမြေထဲ နှစ်ထောင်ပေါင်းများစွာ မြှပ်နှံခံထားရသည့် ခန္ဓာကိုယ်တစ်ခု ဖြစ်၏။

ထိုခန္ဓာကိုယ်က အနက်ရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်တို့က လေနှင့်အတူ လွှင့်နေသည်။ သူ့မျက်လုံးများက ပိတ်ထားဆဲ ဖြစ်ကာ မျက်နှာက ဖြူဖျော့နေလေ၏။

သေချာအနီးကပ်ကြည့်ပါက ထိုအရာသည် ဝမ်ပေါင်လဲ့၏ မူလခန္ဓာ ဖြစ်နေသည်။

ထိုသူ၏ မျက်တောင်များက အနည်းငယ် လှုပ်ခတ်သွားသော်လည်း မျက်လုံးက ပွင့်လာခြင်း မရှိပေ။ ကြည့်ရသည်မှာ အိပ်မက်ဆိုးတစ်ခုထဲ နစ်မျှောနေဟန်ပေါ်သည်။

All Chapters