ဖဲချပ်များ
Vol. 76 Ch. 1129
“ ရှင် ကျွန်မတို့ကို ခြိမ်းခြောက်နေတာပဲ…” ဖန်းဖေး ဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်၏။
“ မင်းတို့ဘာမင်းတို့ ဘယ်လိုပဲ တွေးတွေး ကိစ္စ မရှိဘူး..” တင်းရိဝေ ပြောလိုက်ပြီး “ မင်းတို့ ရလဒ်လေးတွေက မဆိုးဘူးဆိုပေမယ့်.. ကျစ်…. အဆုံးသတ်ကျတော့ ဆုံးဖြတ်ပိုင်ခွင့်က ငါတို့ ဆရာတွေရဲ့ လက်ထဲမှာပဲလေ… မင်းတို့ ဘွဲ့လွန်တက်ချင်ရင် တခြားကျောင်း သွားကြတာပဲကောင်းမယ်… ပင်းချန် တက္ကသိုလ်မှာတော့ မင်းတို့ သေတဲ့အထိ တက်ရဖို့ စိတ်မကူးကြနဲ့…”
“ ရှင်- “
“ တော်ပြီ… ဖေးဖေး သူနဲ့ ငြင်းခုံ မနေနဲ့တော့..” အင်ထရိုဗာ့ အကျင့်စရိုက်ရှိသည့် သူယောင်မှာ ဤကိစ္စကို တရားနည်းလမ်း ကျကျသာ ကိုင်တွယ်ချင်နေပြီး တင်းရိဝေနှင့် စကားများ ရန်ဖြစ်မနေချင်ပေ။
“ ဟမ့်…. မင်းတို့ အချိန် နောက် တစ်နှစ် မဖြုန်းချင်ဘူးဆိုရင် ငါ အခွင့်အရေး ပေးလို့ရတယ်… ဘာလုပ်ဖို့ လိုလဲဆိုတာတော့ ကိုယ့်ဘာကိုယ် သိမှာပေါ့… သေချာစဉ်းစားကြ.. ငါ့အချိန်က တန်ဖိုးရှိတယ်… အကြာကြီး စောင့်ရအောင် မလုပ်နဲ့….”
ပြောပြီးနောက် တင်းရိဝေ သူ့ကားထဲ ဝင်သွားခဲ့သည်။
“ ထွီး… ကျွန်မတို့ကလည်း ရှင့်ကို ကြောက်မနေပါဘူး…” ဖန်းဖေး အော်ဟစ်လိုက်၏။
“ သေစမ်း… ငါ အရမ်း ဒေါသထွက်တယ်… ဒီလို ဖြစ်မယ်မှန်းသိရင် အစကတည်းက မထောင်နိုင်တော့အောင် ကန်ပစ်ခဲ့ပါတယ်…”
လင်းရီ “ …..”
ဘယ်လိုတောင် ကြမ်းတမ်းလိုက်လဲ..
“ ကောင်းပြီ… မြန်မြန်လေး စိတ်ကိုလျှော့လိုက်တော့… နောက်နှစ်ကျ တခြားကျောင်းမှာ ဝင်ခွင့်ရဖို့ ကြိုးစားကြတာပေါ့…” သူယောင် ဖန်းဖေးကို နှစ်သိမ့်ပေးလိုက်၏။
“ ဒီ တစ်နှစ်တည်းနဲ့ကို ပိုက်ဆံတွေ ကုန်ထားတာ မနည်းဘူးလေ…”ဖန်းဖေး ပြောလိုက်ပြီး “ အစက အကုန်လုံး အဆင်ပြေနေတာကို အဲ့ ခွေးသူတောင်းစားကြီးက အကုန်လုံးကို ဖျက်ဆီးလိုက်တာပဲ…”
သူယောင်လည်း နှုတ်ခမ်းကိုက်ထားလျက် ရှိပြီး စိတ်ထဲ ဝမ်းနည်းနေမိတော့၏။
“ သွားစို့… ငါတို့ တရားမျှတမှုကို သွားရှာကြမယ်…”
“ အစ်ကိုကြီးလင်း… ရှင့်မှာ ရဲ အဆက်အသွယ်လေး ဘာလေးများ မရှိဘူးလား…” ဖန်းဖေး လင်းရီကို မေးကြည့်လိုက်ပြီး “ ရှိရင် အဲ့ခွေးသူတောင်းစားကို ဖမ်းခိုင်းပြီး ထောင်ရှစ်နှစ်လောက် ချခိုင်းလိုက်စမ်းပါ…”
“ ဒါတွေက အသေးအမွှားလေးတွေရယ်…. အရင်ဆုံး ငါတို့ သူ့ကို မကိုင်တွယ်ခင် လက်ရှိ ကိစ္စကို အရင်ပြီးအောင် ဖြေရှင်းရမယ်… တစ်ကြိမ်မှာ ခြေတစ်လှမ်းပေါ့…”
လင်းရီ လက်ပြပြီး တက္ကစီကို ငှားလိုက်သည်။
“ သွားစို့… ကားထဲဝင်ကြ….”
ရဲဌာနက ကျိုးဟိုင် ပင်းချန် တက္ကသိုလ်နှင့် မဝေးသောကြောင့် ငါးမိနစ်အတွင်းပဲ ကျောင်းဂိတ်ပေါက်ဝသို့ ရောက်ရှိလာလေသည်။
“ အစ်ကိုကြီးလင်း… ဒီကို ဘာလုပ်ဖို့ လာတာလဲ..” ဖန်းဖေး ကြောင်အမ်းစွာ မေးမြန်းလိုက်၏။
“ မင်းတို့က ဒီမှာ ဝင်ခွင့်ရကြတာမလား.. ကျိန်းသေပေါက် ဒီကိုပဲ လာရမှာပေါ့…”
“ ဒါပေမယ့် အင်တာဗျူးက ပြီးသွားခဲ့ပြီလေ…”
“ အင်တာဗျူး ပြီးပြီဆိုပေမယ့် ရလဒ်က ထွက်မလာသေးဘူး.. ဒီတော့ ဘာမဆို အကုန် ဖြစ်နိုင်တယ်….”
“ အစ်ကိုက ဒီက ဆရာတစ်ယောက်နဲ့ သိနေလို့လား…”
“ တစ်ယောက်စ နှစ်ယောက်စတော့ သိတယ်… ဒါပေမယ့် သူတို့ရဲ လုပ်ပိုင်ခွင့်က အရမ်းသေးတော့ ဒီကိစ္စမှာ အသုံးဝင်မှာ မဟုတ်ဘူး… ငါ့နောက်သာ လိုက်ခဲ့…”
“ အွန်း အွန်း…”
လင်းရီ သူမတို့ နှစ်ယောက်ကို ကျိုးဟိုင် ပင်းချန် တက္ကသိုလ်၏ အဓိက အဆောက်အဦးသို့ ခေါ်ဆောင်လာပြီး ကျောင်းအုပ်ကြီး ရုံးခန်းသို့ ရောက်ရှိလာကြသည်။
တံခါးပေါက်ဝရှိ စာတန်းကို မြင်တော့ သူမတို့ နှစ်ယောက် ရှော့ခ်ရသွားခဲ့ကြတော့၏။
“ အစ်ကိုကြီးလင်း.. ညီမတို့ ဒီကို ကွန်ပလိန်းတက်ဖို့ လာကြတာတော့ မဟုတ်ဘူးမလား…” သူယောင် ညင်သာပျော့ပျောင်းစွာ မေးမြန်းလိုက်၏။
“ ဘာလို့ အဲ့လိုလုပ်ရမှာ… ဒီ အစ်ကိုကြီး နောက်သာ လိုက်ခဲ့စမ်းပါကွာ…”
ပြောရင်းဖြင့် လင်းရီ တံခါးပင် မခေါက်ဘဲ တွန်းဖွင့်လိုက်သည်။ သူယောင်နှင့် ဖန်းဖေးတို့ကတော့ အလွန်အမင်း ထိတ်ထိတ်ပျာပျာ ဖြစ်နေခဲ့ကြတော့၏။
သူမတို့ ဒီတိုင်းကြီး ကျောင်းအုပ်ရုံးခန်းထဲ ဝင်လို့ ဖြစ်ပါတယ်နော်။
ရုံးခန်းထဲတွင်တော့ ဖုန်းပြောနေသည့် ကျောက်ချီမှာ တစ်စုံတစ်ယောက် ရုံးခန်းထဲ ဝင်လာသည်ကို မြင်တော့ အံ့အားသင့်သွားခဲ့၏။ ကျိုးဟိုင် ပင်းချန် တက္ကသိုလ် တစ်ခုလုံးတွင် သူ၏ ရုံးခန်း တံခါးကို မခေါက်ဘဲ ဝင်လာဝံ့သည့်သူ မရှိချေ။
ဘယ်သူလဲ ဆိုတာကို မမြင်ခင် အချိန်အထိ သူယုံပင် မယုံနိုင်ချေ။ ဝင်လာခဲ့သည့် သူက လင်းရီဆိုတာကို သိလိုက်ရတော့ ကျောက်ချီ ရှော့ခ်ရသွားခဲ့တော့၏။
“ ကျောင်းအုပ်လင်း.. ဆိုင်းမဆင့် ဗုံမဆင့်ကြီးပါလား…”
လင်းရီ ဝင်ရောက်လာသည်ကို မြင်တော့ ကျောက်ချီ ချက်ချင်းပဲ ဖုန်းချလိုက်ပြီး ကြိုဆိုရန် မတ်တပ်ရပ်လိုက်တော့သည်။
“ ကျောင်းအုပ်လင်း… ဟုတ်လား…”
သူယောင်နှင့် ဖန်းဖေးတို့ နေရာတွင် ကျောက်ရုပ်များ ဖြစ်သွားခဲ့ကြတော့၏။ ကျောင်းအုပ်ကြီး ကိုယ်တိုင် ပြုံးပြီး ကြိုဆိုလာတာကတော့ ထားပါ၊ တစ်ကဏ္ဍ။ ဒါပေမယ့် သူက အစ်ကိုကြီးလင်းကို ကျောင်းအုပ်လို့တောင် ခေါ်လိုက်သေးတယ်။ ငါတို့ ထင်ယောင်ထင်တွေများ ဖြစ်နေမိကြတာလား။
“ ရုတ်တရက်ကြီး တစ်စုံတစ်ခု ထဖြစ်လာခဲ့တော့ ကျုပ် ဒီကိုပဲ တန်းလာခဲ့လိုက်တော့တာ…”
“ ကျောင်းအုပ်လင်းကို လူကိုယ်တိုင် ရောက်လာစေရအောင်ဆိုတော့ ဘာများဖြစ်လို့ပါလိမ့်… အသေးမွှား ကိစ္စလေးတော့ ဖြစ်မယ်မထင်ဘူး… “
လင်းရီ ခေါင်းညိမ့်လိုက်ပြီး သူယောင်နှင့် ဖန်းဖေးကို ကြည့်လိုက်ကာ “ သူတို့နှစ်ယောက်က ကျုပ်တို့ ကျောင်းမှာ ဒီနှစ် ဘွဲ့လွန်ဝင်ခွင့် ဖြေကြတဲ့ သူတွေပဲ… ဒါပေမယ့် အင်တာဗျူး ရလဒ်ကိုတော့ မသိရသေးဘူး… အဲ့တာ ကျုပ်ကိုယ်စား ကြည့်လုပ်ပေးလို့ရလား..”
“ အသေးမွှားလေးပါ..”ကျောက်ချီပြုံးလျက် ပြောပြီးနောက် ဆက်လက်၍ “ ကျုပ် သူတို့နှစ်ယောက်အတွက် မာစတာဘွဲ့နဲ့ စကောလားရှစ်ပါ လုပ်ပေးလို့ရတယ်… အဲ့လိုဆို သူတို့ အတွက်လည်း ငွေကုန်ကြေးကျ မများတော့ဘူးလေ… ကျောင်းအုပ်လင်း ဘယ်လိုထင်လဲ…”
လင်းရီ သူယောင်နှင့် ဖန်းဖေးကို ကြည့်လိုက်ပြီး “ မင်းတို့နှစ်ယောက် ဘယ်လိုထင်လဲ.. မာစတာဘွဲ့ကော ဆက်တက်ချင်ကြသေးလား…”
နှစ်ယောက်သား တုန်လှုပ်လွန်း၍ ခေတ္တမျှကြာအောင် စကားမပြောနိုင် ဖြစ်နေမိကြတော့သည်။ ထို့နောက် အထစ်ထစ် အငေါ့ငေါ့ဖြင့် “ အစ်- အစ်ကိုကြီးလင်း… ကျွန်မတို့ကို နောက်နေတာတော့ မဟုတ်ဘူးမလား…”
“ မင်းတို့ကို ဒီတောင် ခေါ်လာခဲ့ပြီကို ငါ့ပုံစံက နောက်နေတဲ့ ပုံစံ ပေါက်နေလို့လား…”
“ ဒါပေမယ့်- “
ကျောက်ချီ ရယ်မောလိုက်ရင်း “ ပျော်ရွှင်စရာကြီးတွေက ရုတ်တရက်ကြီး ရောက်လာခဲ့လို့ လက်ခံဖို့ ခက်ခဲနေတာလား…”
နှစ်ယောက်သား မသိစိတ်မှ ခေါင်းညိမ့်မိလိုက်ကြသည်။
“ ငါ ပြောပြမယ်… မင်းတို့ရဲ့ အစ်ကိုကြီးလင်းက ဒီတက္ကသိုလ်ကြီးရဲ့ ဂုဏ်သရေရှိ ဒုကျောင်းအုပ်ကြီးပဲ.. သူ့မှာ လုပ်ပိုင်ခွင့်တွေ အများကြီး ရှိတယ်… ပြီးတော့ မင်းတို့နှစ်ယောက်ရဲ့ ရေးဖြေ ရလဒ်တွေက လိုအပ်ချက်တွေနဲ့ ကိုက်ညီတယ်… အင်တာဗျူးဆိုတာ ဒီတိုင်း လုပ်ဖို့လိုတဲ့ ထုံးစံလေး တစ်ခုသာသာပဲ.. မင်းတို့နှစ်ယောက် ဒီမှာ မာစတာဘွဲ့အထိ လေ့လာခွင့်ရဖို့ ပြဿနာ မရှိဘူး…”
“ ဘယ်လို…”
နှစ်ယောက်သား မျက်လုံးကြီးများ ပြူးကျယ်သွားကြပြီး ပါးစပ်လည်း ပွင့်အာသွားခဲ့ကြသည်။ လင်းရီ၏ ဒုကျောင်းအုပ်ဟူသော ရာထူးကြီးက သူမတို့ နှစ်ယောက်ကို အမှန်ပင် ရှော့ခ်ရသွားစေခဲ့လေသည်။
“ အစ်ကိုကြီးလင်း.. ရှင်က စီးပွားရေး သမားတစ်ယောက်ပဲ မဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး ပင်းချန် တက္ကသိုလ်မှာ ဒုကျောင်းအုပ် ဖြစ်လာခဲ့တာလဲ…”
“ အရင်က ဒီမှာ အလုပ်လုပ်ခဲ့ဖူးတယ်.. တိုက်ဆိုင်မှု တစ်ချို့တွေ ရှိလာပြီးတော့ ဒုကျောင်းအုပ် ဖြစ်လာခဲ့တာပဲ..” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် အဲ့တာက အဓိက မဟုတ်သေးဘူး… မင်းတို့ ဒီမှာ PhD လေ့လာချင်သေးရင် ငါ ကျောင်းအုပ်ကျောက်ကို စီစဉ်ပေးဖို့ ပြောလိုက်မယ်…”
သူမတို့၏ အစွမ်းအစဖြင့် ဆိုပါက ကျိုးဟိုင် ပင်းချန် တက္ကသိုလ်သို့ ဝင်ခွင့်ရသည်ကပင် ဆန်းကြယ်မှုကြီး ဖြစ်နေပြီးဖြစ်၏။
သို့သော်လည်းပဲ ရှည်လျား ကြာရှည်သည့် ပညာရေး ခရီး၌ သူမတို့ နှစ်ယောက် အမှန်ပင် ခွန်အားများကို အသုံးချလိုခြင်း ရှိမရှိကတော့ မည်သူမျှ အာမ မခံနိုင်ချေ။ ထို့ကြောင့် လင်းရီ သူမတို့၏ အမြင်ကို မေးနေရခြင်း ဖြစ်၏။
“ ဟုတ်.. ဟုတ်ကဲ့… ဒါပေါ့… သေချာပေါက် ဆန္ဒရှိတာပေါ့…”
လင်းရီ ခေါင်းညိမ့်လိုက်ပြီး ကျောက်ချီကို ကြည့်လိုက်သည်။
“ ကျောင်းအုပ်ကျောက်… ဒီကိစ္စ ကူညီပေးဖို့ ခင်များကို အလုပ်ရှုပ်ခိုင်းရတော့မယ်…”
“ အသေးမွှားလေးပါ… သူတို့ ဘွဲ့လွန် ဝင်ခွင့် စာမေးပွဲ အောင်သရွေ့ ဘာပြဿနာမှ မရှိဘူး..” ကျောက်ချီ ပြောလိုက်ပြီး “ တကယ်လို့ နောင်ကျ ဒီလို ကိစ္စမျိုး ထပ်ရှိလာရင် ကျုပ်ကို ဖုန်းလေးပဲ တစ်ချက်ဆက်လိုက်… မိနစ်ပိုင်းအတွင်း စီစဉ်ပေးလိုက်လို့ရတယ်… ဒါပေမယ့် ကျောင်းကို ကိုယ်တိုင် လာမယ်ဆိုလည်း ကြိုဆိုနေလျက်ပါ ကျောင်းအုပ်လင်း…”
“ တကယ်တမ်းကျ.. ကျုပ် ကိုယ်တိုင် ဒီလာခဲ့တာ တခြား ကိစ္စ တစ်ခုလည်း ရှိသေးတယ်…” လင်းရီ ပြောလိုက်ပြီး “ ကျုပ်တို့ ကျောင်းမှာ တင်းရိဝေဆိုတဲ့ နာမည်နဲ့ ပါမောက္ခ တစ်ယောက် ရှိလား…”
“ တင်းရိဝေ…. တင်းရိဝေ…….”
ကျောက်ချီ တီးတိုး ရေရွတ်ရင်း “ မှတ်မိပြီ… တကယ်ပဲ အဲ့လိုနာမည်နဲ့ လူတစ်ယောက် ရှိတယ်… သူက ကျောင်းရဲ့ သံတမန်ရေးရာ(International relations) ဌာနမှာ ရှိနေတာ နှစ်ဝက်လောက် ရှိနေပြီ… သူ့ကို ဘာလို့ ရှာနေတာလဲ…”
“ အဲ့ တဏှာရူးအိုကြီးကလည်း အင်တာဗျူး တီချယ်တွေထဲက တစ်ယောက် မဟုတ်လား.. သူက ကျောင်းသူတွေကို ကာယိန္ဒြေ ထိပါးပြီးတော့တောင် ဘယ်တော့မှ ပင်းချန် တက္ကသိုလ်ထဲ ဝင်နိုင်မှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်သွားသေးတယ်… ကျုပ်တို့ ဒီကိစ္စ ဘယ်လိုလုပ်သင့်တယ် ထင်လဲ… ကျုပ်တို့ သေချာလေး မကိုင်တွယ်သင့်ဘူးလား..”
“ အဲ့လို ကိစ္စမျိုး တကယ်ကြီး ရှိခဲ့တယ်ပေါ့…”
ကျောက်ချီ ဒေါသကြောင့် မျက်နှာကြီး ရဲရဲနီလာခဲ့ပြီး “ ကျုပ်ကတော့ သူက ပုံမှန်ဆို ခွေးလိုပဲ အမြီးနှံ့ပြနေတတ်တဲ့ကောင်လို့ ထင်ခဲ့တာ… ဒါပေမယ့် ဒီလိုမျိုး ကိုယ်ကျင့်စရိုက်နဲ့ လူစားမျိုး ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး… ကျုပ် အခုပဲ သူ့ကို ဖုန်းဆက်ပြီး ကျောင်းအုပ်လင်းတို့ ရှေ့မှာပဲ ဖြေရှင်းချက် ပေးပါ့မယ်…”
ကျောက်ချီ၏ အဆင့်အတန်းနှင့် ဆိုပါက အကယ်၍ သူသာ ဤကိစ္စကို ကိုင်တွယ်ချင်လျှင် ဖုန်းတစ်ချက် ဆက်ရုံမျှနှင့် HR ဌာနကို တင်းရိဝေအား အထုပ်အပိုးပြင်ပြီး ထွက်ခွာခိုင်းလိုက်၍ ရသည်။
သို့သော်လည်း လင်းရီ ကိုယ်တိုင် ရောက်လာခဲ့သောကြောင့် သူ့ဘက်က ပိုပြီး လေးလေးနက်နက် ရှိသည့် ပုံစံ ဖြစ်စေချင်သည်။
ဤသည်ကို ကြည့်ချင်းအားဖြင့် ကျောက်ချီသည် လောကဓမ္မတာကို နောကြေနေသူ တစ်ဦးဖြစ်ကြောင်း သိသာထင်ရှားနေတော့၏။
ဖုန်းဆက်ပြီး မကြာမီမှာပဲ ရုံးခန်း တံခါးခေါက်သံ ထွက်ပေါ်လာခဲ့၏။ ထို့နောက် တင်းရိဝေ ရုံးခန်းထဲ လျှောက်လှမ်းလာခဲ့လေသည်။
“ ကျောင်းအုပ်ကျောက်… ကျွန်တော့်ကို ခေါ်တယ်ဆိုလို့ပါ…”