← Chapters

ပေါ်တင်လုပ်၊ ကြိတ်မလုပ်နဲ့

Vol. 76 Ch. 1131

ပေါ်တင်လုပ်၊ ကြိတ်မလုပ်နဲ့

Vol. 76 Ch. 1131

လင်းရီ နှုတ်ခမ်းတွန့်ကွေးသွားခဲ့ပြီး “ ဆင်ပိန် ကျွဲလောက်တော့ ကျန်ပါသေးတယ် ဆိုသလိုပဲ သူတို့က အဆင့်တစ်ခု ကျသွားခဲ့တယ်ဆိုရင်တောင် ဝမ်မိသားစုရဲ့ လွှမ်းမိုးမှုက သွားရှုပ်လို့ရတဲ့ အနေအထား မဟုတ်သေးဘူး..…”

“ သေချာပေါက်ပဲပေါ့…” ရှန်းရှုရီ ပြောလိုက်သည်။

“ ဒါပေမယ့် အရင်လို လုမိသားစုနဲ့ ရင်ဘောင်တန်းနိုင်မှာတော့ မဟုတ်တော့ဘူး … ငါတို့ လျန်မိသားစုနဲ့ အတူတူနီးပါးလောက် သွားဖြစ်မှာပဲ…”

“ ဒါလည်း ကောင်းတာပဲ… အရင်တုန်းကဆို အရမ်းကြီး ကွာဟနေခဲ့တာမဟုတ်ဘူးလား…”

“ အင်း… လျန်မိသားစုက ဒီတစ်ကြိမ်တော့ ခြေလှမ်းကြီးကြီး လှမ်းနိုင်ခဲ့တယ်… ဒါပေမယ့် ခြုံကြည့်လိုက်ရင် နင့်ကို ကျေးဇူးတင်ရမှာပဲ… ဒီအဖြစ်အပျက်ကြောင့်သာ မဟုတ်ရင် လျန်မိသားစုလည်း ဒီလို အခွင့်အရေးမျိုးနဲ့ ကြုံတွေ့လာမှာ မဟုတ်ဘူးလေ…”

“ မိသားစုတွေကိုပဲ.. မပြောပလောက်ပါဘူးဗျာ….” လင်းရီ ရယ်လျက် ပြောလိုက်သည်။

“ ဒါဆိုလည်း ငါနင့်ကို နောက်ထပ် သတင်း အတိုအထွာလေး တစ်ခု ပါးပေးလိုက်မယ်.. တစ်ချို့ ခေါင်းဆောင်ကြီးတွေက ဒီတစ်ကြိမ် နင့်ရဲ့ လုပ်ရပ်ကို သိပ်ပြီး သဘောတွေ့မနေကြဘူး.. အခု လူတော်တော်များက ဒီကိစ္စအကြောင်း ဆွေးနွေးနေကြပြီ… ဒါပေမယ့် သိပ်ပြီးလည်း စိုးရိမ်မနေပါနဲ့.. ဒီတိုင်း စကားသတိပေးရုံလောက်လေးပါပဲ…” ရှန်းရှုရီ ပြောလိုက်ပြီး “ ဒါပေမယ့် တစ်မျိုးကြည့်ပြန်ရင်လည်း ဒါက အချက်ပြမှုတစ်ခုလို့ ယူဆလို့ရတယ်… နင်က လက်ဝါးကြီးအုပ်မယ့် အလံကို လွင့်တင်ထားပြီးပြီ ဆိုတော့ ဝမ်မိသားစုကြောင့် မဟုတ်ရင်တောင် အထက်ကြီးပိုင်းတွေက ကျိန်းသေပေါက် နင့်ကို ဆန့်ကျင်လာကြမှာပဲ…”

“ အဲ့လိုဆိုရင်တော့ ဒီကိစ္စက ကိုင်တွယ်ဖို့ မလွယ်ကူလောက်ဘူး ထင်တယ်…”

သူ့ရဲ့ လင်းယွင်အုပ်စု လက်ဝါးကြီး အုပ်ရန် ကြိုးပမ်းနေသည့် အချက်က သိသာလွန်းပြီး လက်ဆုပ်လက်ကိုင် ပြနိုင်သည့် သတင်းအချက်အလက်များကလည်း ရှိထားလေသည်။

ကိုယ့်ဘက်က မှားလာခဲ့လျှင် ထိုအမှားကို ဝန်ခံသင့်သည်။ အပြစ်ပေးခံရလာခဲ့လျှင်လည်း ခေါင်းမော့ရင်ကော့၍ ခံယူသင့်ပေသည်။ ဤတစ်ကြိမ်တွင်တော့ လင်းရီဘက်မှ အပြစ်ခံယူရမည့် အလှည့်ဖြစ်၏။

“ စိတ်အေးအေးထားပါ… နင်ထင်သလောက်ကြီးလည်း မပြင်းထန်ပါဘူး…” ရှန်းရှုရီ ညင်သာစွာ ပြောလိုက်ပြီး “ ကောင်းတဲ့ ကိစ္စတွေ များများလုပ်ပြီး လင်းယွင် ဖောင်ဒေရှင်းကတ်ကို ကောင်းကောင်း အသုံးချ.. အဲ့ဒီ အရင်းရှင်တွေကနေ ကြည့်ပြီး မသင်ယူနဲ့… နိုင်ငံခြားက အရင်းရှင်တွေ ချဉ်းကပ်တဲ့ နည်းလမ်းက တို့ဟွာရှမှာ အလုပ်မဖြစ်ဘူး…”

“ လင်းယွင် ဖောင်ဒေးရှင်းကတ်….. ဟုတ်လား “

“ ပေါ်တင်လုပ်…. ကြိတ်မလုပ်နဲ့…”

“ ပေါ်တင်လုပ်… ကြိတ်မလုပ်နဲ့… ဒီစကားက ဘာလို့ ဇာတ်ကားထဲက စာသားနဲ့ တူသလို ရှိနေရတာလဲ….. သိပ်ရင်းနှီးနေသလိုပဲ..”

“ အချိန်လည်း အတော်လေးကြာနေပြီဆိုတော့ နင့်ရဲ့ လင်းယွင် ဖောင်ဒေးရှင်းကလည်း ဒေသတွင်းမှာ လှူဒါန်းမှုတွေ အများကြီး လုပ်ထားပြီးလောက်ရောပေါ့…” ရှန်းရှုရီ မေးမြန်းလာခဲ့သည်။

“ သန်း ၈၀၀ လောက်လေးပါပဲ… မများပါဘူး…”

ဤသည်က လင်းရီ နားမလည်နိုင်သည့် ကိစ္စရပ်များထဲမှ တစ်ခု ဖြစ်လေသည်။

လင်းယွင် ဖောင်ဒေးရှင်းဆိုသည်မှာ သူ့တစ်ကိုယ်ရေ တစ်ကာယ သီးသန့် ဖွဲ့စည်းထားခြင်းဖြစ်၏။ ယင်းမှ တစ်ဆင့် တစ်ခုခု ပြန်လည်ရရှိဖို့ကိုလည်း သူ မမျှော်မှန်းထားခဲ့ချေ။ သူ့ဘက်က လူများကို ကူညီပေးချင်ရုံမျှသာ ဖြစ်သည်။ သို့သော်လည်း သူကိုယ်၌က တစ်ကိုယ်တည်း ထောက်ပံ့ပေးနေသောကြောင့် အကြီးစား ဖောင်ဒေးရှင်းကြီး တစ်ခုတော့ မဟုတ်ပါဘဲ နိုင်ငံတွင်းရှိ အကြီးစား ပရဟိတ ဖောင်ဒေးရှင်းများနှင့်တော့ သွားပြီး နှိုင်းယှဉ်လို့တော့ မရချေ။ အထက်ကြီးပိုင်းရှိ ဒိတ်ဒိတ်ကျဲကြီးများ၏ အာရုံစူးစိုက်မှုကို ရရှိရန် ဝေးကွာနေလေသည်။

သို့သော် ယခု ရှန်းရှုရီက လင်းယွင်ဖောင်ဒေးရှင်းဆိုသည့် ကတ်အား ကောင်းကောင်းကိုင်တွယ် ကစားရန် ပြောလာခဲ့ပြီး သူ့ကို ဇဝေဇဝါ ဖြစ်မိသွားစေခဲ့သည်က ဖောင်ဒေးရှင်းနှင့် ပတ်သက်၍ အလားအလာ သိပ်မရှိသောကြောင့်ပင်။ သို့အတွက်‌ကြောင့်လည်း သူ့အဖို့ အနည်းငယ် နားလည်ရခက်ခဲနေသည်။

ဤသည်က ဘာကြောင့်လဲဆိုတော့ သူ ကတ်ကို ကောင်းကောင်း မကစားနိုင်သောကြောင့်ဖြစ်သည်။ လင်းယွင်အုပ်စု၏ အဓိက ပရောဂျက်များက ပိုက်ဆံ မီးနှင့်ရှို့ရသည့် အလုပ်များဖြစ်ပြီး ပရဟိတ ပြုရန်အတွက် ပိုက်ဆံ အများကြီး သိပ်မကျန်ချေ။

လင်းရီ မူလက ရှန်းရှုရီထံမှ အဖြေရရန် မျှော်လင့်ထားခဲ့သော်လည်း မျှော်လင့်မထားစွာဖြင့် သူ ပြန်ရရှိလိုက်သည်က ဆည်းလည်းသံများကဲ့သို့ ချိုသာပြီး ဆွဲဆောင်မှုရှိလှသည့် တခစ်ခစ်ရယ်မောသံပင်။

သူ့ အနာဂတ် ယောက္ခမကြီးကတော့ သိပ်ကို ဆွဲဆောင်မှု ရှိနေဆဲပင်။

“ အခု နင် ဘာတွေ ချို့တဲ့နေလဲ နင့်ကိုယ်နင် သိသွားပြီမလား..”

“ ကျွန်တော်က အန်တီရှန်းလောက် မတော်ဘူးဆိုတာ လုံးဝကို ဝန်ခံပါတယ်..”

“ နင့်ရဲ့ အကြီးမားဆုံး အားသာချက်က အနုစိတ်တယ်၊ ပြတ်သားတယ်၊ ရဲရင့်တယ်။ ဒီအရည်အချင်းတွေက တမင်လုပ်ယူလို့မရဘူး.. တကယ်လို့ နင့်မှာ စုံလိုက် ရှိတယ်ဆိုရင် ရှိတာပဲ.. မရှိဘူးဆိုရင် မရှိဘူး… ကံကောင်းချင်တော့ နင့်မှာက ရှားပါးတဲ့ အရည်အချင်းတွေ တစ်ခုမှ ချို့တဲ့ မနေခဲ့ဘူးလေ… ဒါပေမယ့် နင် ချို့တဲ့နေတဲ့ဟာက ကျင့်ယူလို့ရတယ်.. ငါတို့ကတော့ နိုင်ငံတကာ ရှုထောင့်ဆိုပြီး ခေါ်တယ်..”

ရှန်းရှုရီ ပြောသည်က မှန်ကန်နေသောကြောင့် လင်းရီ ပြန်လည် တုံ့ပြန်ခြင်း မပြုခဲ့ချေ။

သူ ယခင်က ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့ကို နိုင်ငံတကာ ရှုထောင့်အမြင် မရှိသည့် အပေါ် တစ်ကြိမ်တစ်ခါ ဝေဖန်ခဲ့ဖူးသည်။ သို့သော်လည်းပဲ တကယ့်တကယ် လက်တွေ့တွင်တော့ သူသည်လည်း ၎င်းတို့ထက်ပိုပြီး ထူးမခြားနား ဖြစ်သည်။

မည်သို့ပင်ဆိုစေ သူ့အပါးရှိ အဆက်အသွယ်က နည်းပါးလွန်းလှပြီး များများစားစား သိရှိထားခြင်း မရှိချေ။

“ အန်တီရှန်း သဘောက ကျွန်တော့်ကို နိုင်ငံတကာ ဇာတ်ခုံပေါ်မှာ ကစားစေချင်တာလား…”

“ အနည်းနဲ့ အများပေါ့…” ရှန်းရှုရီ ပြောလိုက်ပြီး “ ကမ္ဘာကြီးက ငြိမ်းချမ်းနေသယောင် ရှိပေမယ့်လို့ စစ်ဘေးနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဒေသတွေက မနည်းဘူး… UN တောင်မှ ဒီ ကိစ္စကို ဖြေရှင်းဖို့ နှစ်တိုင်းနှစ် လူအင်အားနဲ့ အရင်းအမြစ်တွေ အများကြီး အသုံးပြုနေရတယ်… တကယ်လို့ နင်က ဒီအချိန်မှာ ရှေ့ထွက်ပြီး တစ်စုံတစ်ခု လုပ်ပေးလိုက်မယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးသက်ရောက်မှုတွေကို စဉ်းစားကြည့်ကြည့်လိုက်…”

“ အန်တီ ဆိုလိုချင်တာကို နားလည်ပြီ… “ လင်းရီ ညင်သာစွာ ပြောဆိုလိုက်၏။

အနှစ်ချုပ်ရသော်… ဤကိစ္စက ပရဟိတပြုရမည့် ကိစ္စ တစ်ခု ဖြစ်လေသည်။ သို့ပေမယ့် လှုဒါန်းရမည့် ပစ်မှတ်ကတော့ ပြောင်းလဲသွားခဲ့၏။

ဒေသတွင်း ဆင်းရဲနွမ်းပါးသူများကို ကူညီပေးနေရာမှ ကမ္ဘာ့ ဆင်းရဲနွမ်းပါးသည့် နေရာဒေသများ၌ သွားရောက်လှုဒါန်း ကူညီပေးရမည် ဖြစ်သည်။

ဤသည်က သူ့ကို မည်သို့ ကူညီပေးလာမလဲ ဆိုသည်ကတော့ များသောအားဖြင့် ထိုကဲ့သို့သော ကိစ္စရပ်များကို နိုင်ငံကပဲ ပြုလုပ်လေ့ရှိပြီး အကယ်၍ သူကိုယ်တိုင် ပြုလုပ်လိုက်မည် ဆိုပါက ဟွာရှ၏ ဩဇာကို ကူညီတည်ဆောက်ပေးသည့်အသွင် ရောက်လေသည်။

ယင်းက သိပ်ကို ခန့်ညားထည်ဝါသည့် ချဉ်းကပ်နည်းလမ်း တစ်ခုဖြစ်၏။

ဤသည်မှ တဆင့် ရလာမည့် အကျိုးအမြတ်တို့က ဂဏန်းနံပါတ်များထက်ကို ကျော်လွန်ပေလိမ့်မည်။

“ နင် စိတ်ဆိုးနေတာမလား… မကျေနပ်ဘူးမလား…” ရှန်းရှုရီ ရွှင်ပြသည့် အသံမျိုးဖြင့် မေးမြန်းလာခဲ့သည်။

“ မဟုတ်ပါဘူး.. ဒီရဲ့ လောဂျစ်ကို ကျွန်တော် ကောင်းကောင်း နားလည်ပြီးသားပါ..”

“ နင့်ရဲ့ လင်းယွင် ဖောင်ဒေးရှင်းက နင့်ရဲ့ ကိုယ်ပိုင် စိတ်ဆန္ဒ အကြောင်းပြချက်နဲ့ ဖွဲ့စည်းထားမှန်း ငါလည်းသိပါတယ်… နင့်ရဲ့ ရည်ရွယ်ချက်က ရှင်းတယ်.. သာမန်လူတွေအတွက် ကောင်းနိုးရာရာတွေ ဖြည့်ဆည်းပေးမယ်… ဒါပေမယ့် အခု ငါက နိုင်ငံခြားသားတွေကို အဲ့လို ကောင်းနိုးရာရာတွေ လုပ်ပေးဖို့ ပြောလာတော့ စိတ်ထဲ ကသိကအောက် ဖြစ်စရာပါပဲ… ဟုတ်တယ်ဟုတ်… ငါနားလည်ပါတယ်… နင်က အသက်နှစ်ဆယ်ကျော် အရွယ်ကောင်းလေး… မွန်မြတ်တဲ့ နှလုံးသားတစ်ခု ရှိတယ်ဆိုတာ ဒါ သိပ်ကောင်းတဲ့ အရာပဲ… ဒါပေမယ့် နင်က ဖြည်းဖြည်းချင်းနဲ့ ဘဝရဲ့ နောက်ထပ် ဇာတ်ခုံတစ်ခုပေါ်မှာ ကရတော့မယ်… ဒီခု အချိန်က နင့်အနာဂတ်အတွက် အုတ်မြစ်ချထားရမယ့် အချိန်ပဲ…”

ရှန်းရှုရီ တစ်ဆက်တည်း ပြောလိုက်ပြီး “ ဒီနှစ်တွေထဲမှာ ဟွာရန်အုပ်စုရဲ့ လှုဒါန်းမှု ၇၀ ရာခိုင်နှုန်းလောက်က ကမ္ဘာ့ ရောင်းဝယ်ဖောက်ကားမှု စက်ဝန်းကြီး တည်ဆောက်နိုင်ဖို့ နိုင်ငံခြားကို သွားကုန်ကြတာပဲ…. အရင်တုန်းက ငါတို့ သူများတွေ အတွက်လုပ်ပေးခဲ့တယ်.. အခု ကမ္ဘာကြီး တစ်ခုလုံးက ငါတို့ရဲ့ စက်ရုံကြီးတွေ ဖြစ်လာခဲ့ပြီ.. ကမ္ဘာ့ စီးပွားရေး စက်ဝန်းကြီး တစ်ခုလုံး ကောင်းကောင်းမွန်မွန် လည်ပတ်လာပြီဆိုတာနဲ့ နင် ပြန်ပြီး ရလာမယ့် အကျိုးအမြတ်တွေကို မြင်သာလာပါလိမ့်မယ်… အဲ့ခါကျရင် နင်က ဒီငွေတွေနဲ့ နင့်ရဲ့ လင်းယွင် ဖောင်ဒေးရှင်းကို ပြန်ပေးလို့ရပြီ… ဒါက အကုန်အကျလည်း မများသလို သိပ်လည်း ထိရောက်ကောင်းမွန်တဲ့ လမ်းကြောင်းပဲ….”

“ကျွန်တော်သိတယ်… အဲ့တာက ကောင်းမွန်တဲ့ လမ်းကြောင်းပဲ….”

“ နင်က ဉာဏ်ကောင်းပြီးသားပါ.. ဒီတော့ ထပ်ပြီး ပြောမနေတော့ဘူး… ငါ ခဏနေကျရင် နင့်ကို ကုမ္ပဏီနဲ့ ဆက်နွယ်နေတဲ့ ပရောဂျက် တာဝန်ခံရဲ့ ဖုန်းနံပါတ်ကို ပို့ပေးလိုက်မယ်… ငါ သူ့ကို ကြိုပြီး အသိပေးထားလိုက်မယ်… နင်လည်း လင်းယွင် ဖောင်ဒေးရှင်းက တာဝန်ရှိတဲ့ သူကို အကြောင်းကြားထားလိုက်…” ရှန်းရှုရီ ပြောလိုက်ပြီး “ အသေးစိတ်ကျတဲ့ အော်ပရေးရှင်းတွေနဲ့ ပတ်သက်လာရင် ငါ့ကို ကြိုတင်ပြီး အကြောင်းကြားလိုက်… နင့်ကိုယ်နင် လျှောက်မလုပ်နဲ့…. ငါ နင့်ကို ကူပြီး နိုင်ငံခြားငွေ တစ်ချို့လည်း လဲပေးမယ်… အခု ငါတို့မှာက အရန်သိမ်းထားတဲ့ ငွေတွေက သိပ်များနေတော့ နည်းနည်းပါးပါး သုံးပေးရမယ်လေ…”

“ ဘယ်လို… နိုင်ငံခြားငွေတွေ ကူသုံးပေးရမယ် ဟုတ်လား…”

လင်းရီ အံ့အားတကြီးဖြင့် ရေရွတ်မိသွားခဲ့၏။

“ များတယ်လို့ ထင်နေတာလား.. ငါ ဒီလိုမျိုး သုံးရင်တောင် အများကြီး မသုံးနိုင်ဘူး.. ရှိထားတဲ့ သီးသန့် နိုင်ငံခြားငွေတွေနဲ့ ယှဉ်ရင် သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပဲ ရှိသေးတာ…”

“ ပြီးတော့ ဒါက နိုင်ငံ အတွက်မဟုတ်ဘူး.. အထက် ခေါင်းဆောင်ကြီးတွေ နင့်အပေါ် အထင်ကြီးသွားအောင်လို့… ဥပမာပေးရရင် နင် နိုင်ငံခြားငွေ တစ်ဘီလီယမ် လဲလှယ်လိုက်တာက ပြည်တွင်းမှာ ဆယ်မီလီယမ် ငွေသား လှူဒါန်းတာထက် ပိုပြီး အဓိပ္ပာယ် ရှိတယ်..”

“ နားလည်ပြီ… အန်တီရှန်းက သိပ် အံ့ဩဖို့ကောင်းတာပဲ..”

“ ဒီတိုင်း သူများနား သင်ယူထားတဲ့ အတွေ့အကြုံတွေပါပဲဟယ်…” ရှန်းရှုရီ ရယ်မောလိုက်ရင်း “ နင်သာ လင်းယွင် ဖောင်ဒေးရှင်းကတ်ကို ကောင်းကောင်းကိုင်ပြီး ကစားမယ်ဆိုရင် တော်ရုံအမှားမျိုး မဟုတ်သရွေ့ ဟွာရှမှာ ဘယ်လို ပြဿနာမျိုးမှ ကြောက်နေစရာ မလိုတော့ဘူး…. ဒါပေမယ့် ဒီဇာတ်ခုံကလည်း အကန့်အသတ်ဆိုတာ ရှိတယ်… နင့်ရဲ့ အနာဂတ် တိုးတက်နိုင်စွမ်းက အကန့်အသတ်နဲ့ ဖြစ်မှာပဲ….”

“ အန်တီရှန်းက ဘာကို ဆိုလိုချင်နေတာလဲ….”

“ ငါထပ်ပြီး မပြောပြပေးနိုင်တော့ဘူး.. ကျန်တာကိုတော့ နင့်ဘာနင်ပဲ သိအောင်လုပ်တော့.. “ ရှန်းရှုရီ ပြုံးလျက် ဆိုလိုက်ပြီး “ ဒါနဲ့ ငါခုနတုန်းက နင့်ကို အင်တာဗျူး အကြောင်း ပြောပြီးပြီလားမသိဘူး.. လောက ဓမ္မတာ ကိစ္စရပ်တွေကိုတော့ ငါနင့်ကို ထပ်ပြီး ရှင်းပြမနေတော့ဘူးနော်… တကယ်လို့ တစ်ယောက်ယောက်က အပြစ်ပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောလာခဲ့ရင် ကောင်းကောင်းလေး ဖြေပေးလိုက်.. ဒီရဲ့ အထိအခိုက် မခံတဲ့ အချိန်အပိုင်းခြားသာ ပြီးသွားခဲ့ရင် အကုန်လုံး အိုကေပြီ..”

“ ကျွန်တော် နားလည်ပါပြီ…”

All Chapters