နင့်ရဲ့ စကေးတွေ အပေါ်မှာပဲ မူတည်တယ်
Vol. 76 Ch. 1132
ရှန်းရှုရီ၏ ဖုန်းကို ချပြီးနောက် လင်းရီ နှုတ်ခမ်း တွန့်ကွေးတက်သွားခဲ့၏။ သူတို့ အားသွန်ခွန်စိုက် ကြိုးပမ်းတိုက်ခိုက်သည်ပင် ဝမ်မိသားစုက ခွန်အားတစ်ချို့ကို ထိန်းသိမ်းထားနိုင်နေဆဲ ဖြစ်၏။ ဤသည်က လင်းရီ ထင်မှတ်ထားသည်ထက်ကို အနည်းနှင့်အများ ကျော်လွန်နေသည်။
သို့သော်လည်းပဲ ဟွာရှရှိ နံပါတ်တစ် မိသားစုကြီးအကြောင်းနှင့် ပတ်သက်ပြီးမှတော့ နားလည်မှု အသစ်တစ်ခု တိုးသွားခဲ့ရသည်။
သူ၏ ယခင် အတွေးအခေါ်များက အမှန်ပင် အနည်းငယ် တစ်ဖက်သတ်ဆန်နေသည်။ ဝမ်မိသားစု၏ ခွန်အားနှင့် အုတ်မြစ်က သူထင်ထားသည်ထက်ကို ကျော်လွန်နေခဲ့၏။
ဤဖြစ်စဉ်အတွင်းမှာပဲ လျန်မိသားစု၏ ခွန်အားသည်လည်း မည်မျှသန်မာအားကောင်းကြောင်း သက်သေပြရန် မလိုပါချေ။
လင်းရီ မေးစေ့ ပွတ်သပ်၍ ၎င်းဘာသာ ရေရွတ်လိုက်သည်။
“ ပြောကြတာ ရန်ကျင်းက ရေက နက်ရှိုင်းတယ်တဲ့… ဒီနေ့တော့ ငါကိုယ်တိုင် မြင်လိုက်ရပြီပဲ…”
ကလင် ကလင် ကလင်…
ဖုန်းချပြီးနောက် သိပ်မကြာခင်မှာပဲ လင်းရီ၏ ဖုန်းသံ မြည်လာခဲ့သည်။
ဤတစ်ကြိမ်တွင် ဆက်သွယ်လာခဲ့သူကတော့ ရန်စီပင်။
“ ဘာလုပ်နေတာလဲ… အလုပ်တွေ ရှုပ်နေတာလား..”
“ နတ်ကလောက်က ငါ့ကို ပြောတာတော့ အမျိုးသမီးတစ်ယောက်က ကိုယ့်ကို ဘာလုပ်နေလဲ မေးလာပြီဆိုရင် သူတို့က ကိုယ့်အကြောင်း စဉ်းစားနေလို့ပဲတဲ့…”
“ ခစ်ခစ်…” ရန်စီ ရှက်တက်တက် ငန်းလေးတစ်ကောင်ကဲ့သို့ ရယ်မောလိုက်ရင်း “ နင် အဲ့လို စဉ်းစားနေတယ်ဆိုရင်လည်း ဒီက မငြင်းလိုပါဘူး..”
“ ငါ အခု ဟွမ်ရှီးကျေးရွာကို သွားတဲ့လမ်းပေါ်မှာ…” လင်းရီ စကားလမ်းကြောင်း လွဲလိုက်ပြီး “ ပြောချင်တာ ပြောလို့ရတယ်…”
“ နင့် အသီးတွေ ကုန်သွားပြီပေါ့…”
“ မနေ့တုန်းကပဲ ရောင်းလို့ ကုန်သွားခဲ့တာ… အဲ့တာ ဒီနေ့ ရွာပြန်ပြီး အပင်တွေ ပြန်သွားကြည့်မလို့ပဲလေ..”
“ ကောင်းတယ်…. ငါလည်း ဟွမ်ရှီးကျေးရွာကို ရောက်နေတာ… ထွေထူး ကိစ္စကြီးတော့ မဟုတ်ပါဘူး.. ငါတို့ တွေ့မှ ပြောဆိုလို့လည်း အဆင်ပြေပါတယ်..”
“ နေ့ခင်းကြီး ရှိသေးတာနော်… မင်း ရယ်စရာ အတွေးတွေတော့ ရှိမနေဘူးမလား…”
“ လဲသေလိုက်လေ… ပေါက်တတ်ကရတွေ လာပြီး ပြောမနေနဲ့.. ဒီက နင်နဲ့ လေးလေးနက်နက် တိုင်ပင်စရာ ရှိနေတာ….”
“ ဇီဝ ဆဲလ်ပေါင်းစည်းခြင်း ပြဿနာအကြောင်း ဆွေးနွေးတာကလည်း အရေးကြီးတဲ့ ကိစ္စပဲ မဟုတ်ဘူးလား…”
“ ကျစ်… နင့်ကြောင့်နဲ့တော့ ဆက်ပြီး စိတ်ရှုပ်မခံတော့ဘူး… ကားကိုသာ ဖြေးဖြေးလေးမောင်းခဲ့..”
ပြောပြီးနောက် ရန်စီ ဖုန်းချသွားခဲ့သည်။ လင်းရီ ကားကို အရှိန်တင်လိုက်ပြီး ဟွမ်ရှီးကျေးရွာသို့ ဦးတည်လိုက်တော့၏။
သူ အိမ်ကို ရောက်တော့ လင်းရီ စားပွဲပေါ်တွင် လက်တော့ အပိုတစ်လုံး ရှိနေသည်ကို မြင်တွေ့လိုက်ရလေသည်။ ရန်စီကတော့ ကိုင်းမျက်မှန် အမည်းရောင် တစ်လက်ကို တပ်ဆင်ထားပြီး တစ်တောက်တောက်နှင့် စာများ ရိုက်နေတော့၏။
ကျိုးဟိုင် ပြန်သွားသည့် ပထမညမှ လွဲ၍ ရန်စီ ဤနေရာ၌ ရှိနေသည်မှာ နှစ်ရက် သုံးရက်ခန့် ရှိနေပြီ ဖြစ်သည်။
ရှုတင်ကလည်း တည်ဆောက်နေဆဲ ဖြစ်သောကြောင့် နေ့ခင်းဘက်တွင် ကြီးကြပ်ရပြီး ညပိုင်း၌ အစီအစဉ်များကို ရေးဆွဲရသည်။ သူမ သိပ်ကို အလုပ်ရှုပ်နေပေတော့၏။
လက်ရှိ လုပ်ငန်းများနှင့် တရင်းတနှီး သိပ်မရှိသော်လည်း အကောင်းဆုံး အခြေအနေဖြစ်အောင်တော့ အတတ်နိုင်ဆုံး ထိန်းသိမ်းထားသည်။
“ ပြောစမ်းပါဦး… ငါ့ကို ဘာကိစ္စ ရှာနေတာလဲ…”
“ ငါ သန်ဘက်ခါကျရင် စပွန်ဆာရှစ် မီတင်(ရင်းနှီးမြုပ်နှံသူများ အစည်းအဝေး) ကျင်းပချင်တယ်… နေရာကိုတော့ နင့်ရဲ့ ပန်နီဆူလာမှာ လုပ်ချင်တယ်..”
ရန်စီ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ခန်းမ ငှားရမ်းခက ယွမ် တစ်သိန်းဆို အဆင်ပြေတယ်မလား…”
“ မင်းက ငါနဲ့ ပိုက်ဆံစကား လာပြောနေတာလား..”
“ နင့်ကို ပေးရမှာက ပေးရမှာပဲလေ… အခွင့်အရေးချည်း ယူနေလို့ပဲ ဘယ်ဖြစ်မှာလဲ.. ငါကလည်း ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ဂရုစိုက်တဲ့ လူစားမျိုးပါပဲနော်..”
“ အဲ့လိုပြောကြေးဆိုရင် သေချာလေး တွက်ချက်တော့မှနဲ့ တူတယ်…” လင်းရီ ပြောလိုက်ပြီး “ ပန်နီဆူလာ ဟိုတယ်ရဲ့ အရွယ်အစားနဲ့ ဆိုရင် …. မင်းခန်းမ ငှားရမ်းဖို့ အနည်းဆုံး ယွမ် တစ်သိန်းခွဲ ပေးရမယ်… တစ်သိန်းက နည်းနည်းလေး သိပ်နည်းလွန်းတယ်…”
“ ငါတို့ချင်း ရင်းနှီးနေတာကို နင်က လျှော့ဈေး မထားပေးတော့ဘူးလား..”
“ မင်းက မျက်နှာနှစ်ဖက်နဲ့ လူပဲ… ခုလေးတင် ပရော်ဖက်ရှင်နယ် ဆန်ချင်တယ်ပြောပြီး သူပဲ လျှော့ဈေး လာတောင်းနေပြန်ပြီ… ဟမ့်… မိန်းမတွေများ…”
ရန်စီ မျက်လုံးလှန်ကြည့်လိုက်၏။ “ ရတယ်လေ… အဲ့တာဆိုလည်း အတည်ဖြစ်သွားပြီ.. တကယ်လို့ နင် အရမ်းတင်းမာလာခဲ့ရင် ကိုယ့်ဘာကိုယ်ပဲ ဖြေရှင်း… ငါ မကူညီပေးတော့ဘူး….”(အဟမ်း သိကြမှာပါ.. )
“ ငါမင်းကို လျှော့ဈေးပေးလို့ရတယ်… ဒါပေမယ့် မင်းဘက်က မင်းရဲ့ သဘောထားကို ပြပေးရမယ်လေ.. ငါကလည်း ပရဟိတလုပ်နေတာမှ မဟုတ်တာ….”
“ နင့်စိတ်ထဲ ရှိတာ ငါ့ကိုပြောလိုက်….”
“ ခုက နေ့ခင်းဘက်ကြီး ရှိသေးတယ်… လရောင်အောက်မှာ ကဗျာဆန်ဆန် အကြောင်းအရာလေးတွေ သီကုံးရေးဖွဲ့ချင်တဲ့ လူငယ်တစ်ယောက်အတွက် ဒီလို အကြောင်းတွေကို ညဘက်မှ ပြောတာ အကောင်းဆုံးပဲ… ညမှ ဒီအကြောင်း ဆက်ကြစို့…”
“ ဒီညဆိုရင်လည်း ဖြစ်ပါတယ်… ဒါပေမယ့် နင့်ကို တစ်ခုလောက်တော့ ပြောရဦးမယ်… ညကျရင် ရေပြတ်လပ်မှု တစ်ချို့ ရှိနိုင်တယ်နော်… ကိစ္စတစ်ချို့ကို ကြန့်ကြာစေလိမ့်မယ်…”
“ ဒီအတွက် ဖြေရှင်းဖို့ နည်းလမ်း တစ်ခုခုတော့ ရှာတွေ့နိုင်မယ် မထင်ဘူးလား…”
“ အခုကျတော့ ရေက အလာကောင်းနေတယ်… ဒါပေမယ့် သေချာလေး မစီမံနိုင်ဘူးဆိုရင် လျှံလာနိုင်တယ်နော်….”
“ သေစမ်း… မင်း ငါ့ရဲ့ သည်းခံနိုင်စွမ်းကို လာစမ်းသပ်နေတာလား…”
“ နင် ဘယ်လိုထင်လဲ…”
ရန်စီကိုယ်တိုင်လည်း သူမ အဘယ်ကြောင့် ယခုလိုမျိုး ဖြစ်လာခဲ့မှန်း သူမကိုယ်တိုင်ပင် မသိတော့ချေ။
ပထမ အနှစ်သုံးဆယ် ကာလတွင် ဤကဲ့သို့သော ကလူကျီစယ်မှုတို့က ဘဝတွင် မလိုအပ်သည့် ကိစ္စရပ်များဟု တွေးထင်ထားခဲ့သည်။
သို့ပေမယ့် ထိုညမှ စတင်၍ ရန်စီအဖို့ ပန်ဒိုရာ သေတ္တာကို ဖွင့်လှစ်လိုက်သည့်နှယ်ပင်။
ခံစားချက်များက အရိုးအသားထဲထိ စိမ့်ဝင်သွားခဲ့ပြီး ထိန်းချုပ်မရနိုင်အောင် ဖြစ်လာစေတော့၏။
လင်းရီ တုံ့ဆိုင်းခြင်း မရှိပါဘဲနှင့် ရန်စီ၏ ခါးကို ပွေ့ဖက်လိုက်သည်။
ရန်စီ ခေတ္တမျှ ရုန်းကန်လိုက်သော်လည်း မကြာမီပင် စိတ်ပြောင်းသွားခဲ့ပြီး လင်းရီ၏ လည်ပင်းကို လက်မောင်းဖက်ထားပြီး ခြေထောက်နှစ်ဖက်ကိုလည်း ခါးတွင် ရစ်ပတ်ထားလိုက်၏။
“ ငါက နင့်ကို စပဲ စနေတာနော်.. ပေါက်တတ်ကရတွေ လျှောက်လုပ်မယ် မကြံနဲ့… နေ့ခင်းကြီး ရှိသေးတာ.. တစ်ယောက်ယောက် ရောက်လာခဲ့ရင် ဘယ်လိုလုပ်မှာလဲ…. တကယ်လို့ တစ်ယောက်ယောက် ငါတို့ကို မြင်သွားခဲ့ရင် ငါက ဘယ်လို သရုပ်ဆောင်ရမှာ..”
“ ညကျ ရေမရှိရင် ထမင်းချက် မရမှာကို စိုးလို့လေ..”
“ ကျစ်.. နင်က ၁၇ နှစ် ၁၈ နှစ်ကောင်လေးလည်း မဟုတ်… ငါပြောလိုက်တာနဲ့ပဲ နင်က ယုံနေတယ်ပေါ့…” ရန်စီ မကျေမနပ် နှုတ်ခမ်းစူပြလိုက်သည်။
“ ရေကို ရပ်တန့်ဖို့က နင့်အပေါ်မှာပဲ မူတည်တယ်..”
“ ငါ့အပေါ် မူတည်တယ်ဆိုတဲ့ နေရာကိုတော့ ငါ နည်းနည်းလွတ်သွားပုံပဲ..”
“ ဒါပေါ့ .. နင့် အပေါ် မူတည်နေတာပဲလေ… ရေ လာနိုင်မလာနိုင်က နင့်စကေးတွေအပေါ် မူတည်နေတာကိုး….”
“ သေစမ်း… ငါလည်း ကိုယ့်အသက်ကို ချစ်ရင် မင်းလို မြေခွေးမနားကနေ ဝေးဝေးနေသင့်ပြီ….”
ရန်စီ လင်းရီ ကိုယ်ပေါ်မှ ဆင်းလိုက်၏။ “ နင် လုပ်စရာရှိတာ သွားလုပ်တော့… ငါ အလုပ်လေး ရှိသေးလို့ နင့်ကို မနှောင့်ယှက်တော့ဘူး..”
လင်းရီ ရန်စီ၏ တင်ပါးကို ရိုက်ပုတ်လိုက်ရင်း “ ဒါဆိုလည်း လုပ်စရာရှိတာ သွားလုပ်တော့….”
ရန်စီ သူမ၏ စားပွဲသို့ ပြန်လာပြီး ယခင် သူမ အလုပ်ကို ဆက်လက်လုပ်နေလိုက်သည်။
လင်းရီကတော့ ရေပိုက်ဆွဲထုတ်၍ ဝက်ခြံအား သန့်ရှင်းရေး ပြုလုပ်လိုက်သည်။
ထို့နောက် ဖန်လုံအိမ်နှင့် စိုက်ခင်းများကို ရေသွင်းလေသည်။
အပင်များကို ရေလောင်းပြီးနောက် လင်းရီ စိုက်ခင်းထဲဝင်၍ ဟင်းသီး ဟင်းရွက် တစ်ချို့ ဝင်ကောက်ကာ တစ်ချို့တစ်ဝက်ကို အိမ်စားရန် ဖယ်၍ အနည်းငယ်ကို လက်ဆောင်ပေးရန် ပြင်ဆင်ထားလိုက်သည်။
ဝက်ခြံထဲရှိ ဝက်ပေါက်လေးကိုတော့ သူ နည်းနည်းကြာကြာ ထပ်မွေးထားဖို့ ဆုံးဖြတ်လိုက်ပြီး တောင်သူ အလုပ်အကိုင် ပြီးဆုံးတော့မှ ပေါ်ရန် ဆုံးဖြတ်ထားလိုက်သည်။
လင်းရီ ဤအလုပ်များ ပြီးစီးသည့် အချိန်၌ မွန်းလွဲ နှစ်နာရီပင် ထိုးနေချေပြီ။
သူ တစ်ဖက်သို့ လှည့်လိုက်တော့ ရန်စီမှ သူ့ကို ပြုံးပြုံးကြီး ကြည့်နေသည်ကို လင်းရီ မြင်တွေ့သွားခဲ့သည်။
“ ငါလေ… နင်သာ ဘယ်သူမှန်း ကြိုမသိထားခဲ့ရင် နင် အလုပ်လုပ်တဲ့ ပုံစံကိုကြည့်ပြီး တကယ့် လယ်သမား တစ်ယောက်ဆိုပြီး အမှတ်မှားမိလောက်တယ်..”
“ ငါလုပ်ရမယ့်ဟာကို လုပ်တာပဲ…. ဘယ်တတ်နိုင်မှာ… ငါက အမြဲတမ်း ငါ့ကိုယ်ငါ မြင့်မြင့်မှန်းထားတဲ့သူကိုး..”
“ အရှက်လည်း မရှိဘူး…” ရန်စီ ပြုံးလိုက်ပြီး “ မြန်မြန် နေ့လည်စာ စားကြရအောင်… ငါ ဗိုက်ဆာနေပြီ..”
“ သွားစို့… ငါလည်း ပြီးနေပြီပဲ…”
လင်းရီ ရန်စီနှင့်အတူ ကားမောင်းထွက်လာပြီး မြို့ထဲ တစ်နေရာရှိ သန့်ရှင်းပြီး သေးငယ်သည့် စားသောက်ဆိုင်လေး တစ်ဆိုင်ကို ရှာတွေ့သွားခဲ့သည်။ ထိုနေရာ၌ နေ့လည်စာ ဖြေရှင်းပြီးနောက် ဟွမ်ရှီးကျေးရွာသို့ ပြန်မောင်းလာခဲ့ကြ၏။
“ ခြံထဲ အလုပ်များနေလို့တာ သတိမထားမိလိုက်တာ .. မင်း လုပ်တာ တော်တော်လေး မြန်တာပဲ… ပြီးလုပြီးခင်တောင် ဖြစ်နေပြီ…”
ငါးကန်အနီးတွင် လေးရာ စတုရန်း မီတာလောက်ကို စည်းရိုးခတ်ထားပြီး ရန်စီမှ သစ်လုံးအိမ်လေး နှစ်လုံး တည်ဆောက်ထားခဲ့သည်။ အပင်များစိုက်ရန်အတွက် ဘေးနှင့် ရှေ့မျက်နှာစာတွင် မြေကွက်အနည်းငယ်ကို ဘောင်ခတ် မြေလှန်ထားပြီး ကျေးလက် ဒေသ လူမှုပုံစံကို အပြည့်အဝ အသက်သွင်းထား၏။
“ ဒီ အိမ်တွေက ရိုးရှင်းတော့ ဆောက်ရတာလည်း မြန်တယ်လေ… သုံးရက်ကနေ ငါးရက်အတွင်း ပြီးစီးမယ်လို့တော့ ခန့်မှန်းထားတယ်… အတွင်းပိုင်း အပြင်အဆင်နဲ့ အပြင်ဘက် ရှုခင်းတွေကလည်း ပြီးစီးလု နီးပါးပဲ… တစ်ချို့ ပြင်ဆင်စရာလေးတွေ ပြင်ဆင်ပြီးသွားရင် စရိုက်လို့တောင် ရနေပြီ…”
“ မျှော်လင့်ထားတဲ့အတိုင်းပဲ ဒါရိုက်တာရန်က သိပ်ကို တိကျပြတ်သားပြီး လုပ်နိုင်စွမ်း ရှိတာပဲ…. ဟော့ဒီက မြင့်မြင့်မှန်ထားတယ်နော..”
“ နင့် နှုတ်သီးက လူတွေကို အရူးလုပ်ဖို့ဆို သိပ်တတ်တာပဲ … လုပ်နိုင်စွမ်းချင်းယှဉ်ရင် ငါက နင်နဲ့ အဝေးကြီးမှာပါနော်….”
“ ငါ မလုပ်ပါဘူးဟ… မင်းမှာ တကယ်ကြီး အရည်အချင်းကောင်းတွေ ရှိနေတာ… ငါတွေ့ဖူးသမျှ အမျိုးသမီးတွေထဲ မင်းက အတော်ဆုံးတွေထဲက အတော်ဆုံးတစ်ယောက်ပဲ…”
“ ကျစ်…. နင်က ငါ့ရဲ့ အိပ်ရာပေါ်က အရည်အချင်းတွေကို ပြောနေတယ်ဆိုတာ ငါ လောင်းရဲတယ်…”