← Chapters

မင်း ထပ်ပြောရင် ငါလည်း ကြွရုံ ရှိတော့တာပဲ..

Vol. 76 Ch. 1135

မင်း ထပ်ပြောရင် ငါလည်း ကြွရုံ ရှိတော့တာပဲ..

Vol. 76 Ch. 1135

နှစ်ယောက်သား ကိုယ်စီ စီးကရက်များ မီးညှိလိုက်ကြပြီး ရုံးခန်းထဲတွင် အဖြူရောင် မီးခိုးငွေ့များဖြင့် ပြည့်နှက်သွားစေတော့၏။

နေရောင်ခြည်က အပြင်ဘက်မှ အလင်းရောင် ကျနေပြီး ဒိတ်ဒိတ်ကျဲကြီးများ တစ်စုံတစ်ခုကို ဆွေးနွေးနေသယောင် ရှိသကဲ့သို့ ထင်ဟပ်စေသည်။

လူတိုင်းက စီးပွားရေး သမားများဖြစ်ကြသောကြောင့် အကုန်လုံးက တစ်ချက်ကိုတော့ နားလည်သဘောပေါက်ထားကြသည်။

တကယ့် ကိစ္စကြီးများကို ဘယ်သောအခါမှ အစည်းအဝေးခန်းထဲတွင် ဆွေးနွေးကြခြင်း မရှိချေ။

ယခုလို သီးသန့်ရုံးခန်းများ သို့မဟုတ် တိတ်ဆိတ်သည့် နေရာများတွင်သာ စကားပြော ညှိနှိုင်းလေ့ ရှိကြ၏။

" ဒါရိုက်တာရှန်း... လီတိုဂရပ်ဖီစက်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ.. ထုတ်ဖို့ဆို ဘယ်လောက်ကြာနိုင်လောက်ဦးမလဲ..."

" နဂို အစီအစဉ်အတိုင်းဆိုရင်တော့ ခုလောက်ကို အဆင်သင့်ဖြစ်နေပြီ... ဒါပေမယ့် ငါတို့ဘက်က တချို့ အဓိကကျတဲ့ နည်းပညာတွေမှာ ထိုးဖောက်ကျော်လွှားနိုင်မှု တစ်ချို့ ရှိလာခဲ့တော့ အဲ့ဒီ စက် အစိတ်အပိုင်းတွေကို ပြည်တွင်းက စက်တွေနဲ့ပဲ အစားထိုးဖို့ ဆုံးဖြတ်လိုက်တယ်... တစ်လလောက်ဆို အဆင်သင့်ဖြစ်ပါပြီ... "

လင်းရီ ခေါင်းညိမ့်လိုက်သည်။ လီတိုဂရပ်ဖီစက်က မည်သည့်နိုင်ငံမဆို လွယ်လင့်တကူ ကိုင်တွယ်နိုင်သည့် စက်ပစ္စည်း တစ်ခု မဟုတ်ခဲ့ချေ။ ထို့ကြောင့် စလာစဉ်ကတည်းက သုတေသန စင်တာမှာ ဤပရောဂျက်ကြိ ပံ့ပိုးနိုင်ရန်အတွက် နိုင်ငံခြား ပရောဂျက်များကို ဆွဲဆောင်ခဲ့ရလေသည်။

အကယ်၍ အခြေအနေပေးခဲ့မည် ဆိုပါက သူတို့ ဒေသတွင်း ထုတ်လုပ်သည့် ပစ္စည်းများကိုသာ အသုံးချချင်သည်။ ယခုလက်ရှိ( သို့မဟုတ်) အနာဂတ်တွင် ဖြစ်စေ ဤသည်က အဓိက နည်းဗျူဟာ အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်၏။

" အလျင်လိုနေစရာ မလိုပါဘူး.. ကျုပ်ကလည်း ဘာမှလုပ်စရာ မရှိလို့သာ ဒီကို တစ်ချက်လာကြည့်လိုက်တာ .. ဒါရိုက်တာရှန်း ကိုယ်တိုင်ပဲ ဒီကိစ္စကို စိတ်ချလက်ချ ကိုင်တွယ်လို့ ရပါတယ်... "

လင်းရီ အတွက် ရေနွေးကြမ်း တစ်ခွက် ငဲ့ပေးရင်း ရှန်းထျန်းကျိုး ပြုံးလိုက်၏။

" မင်းရဲ့ သဘောကို ငါနားလည်တယ်... ဒါပေမယ့် ဘာတွေပဲ ဖြစ်နေပါစေ မင်းက သူဌေး ဖြစ်နေသေးတုန်းပဲလေ... ငါတို့ အလုပ်လုပ်တဲ့ အချိန်ကျ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးကို ဘေးကပ်ထားရတယ်... မဟုတ်ရင် ပရော်ဖက်ရှင်နယ် ဆန်မှုကို ထိန်းသိမ်းထားဖို့ဆိုတာ မလွယ်ကူဘူး... "

လင်းရီသည် ရှန်းထျန်းကျိုးကို အမြဲတစေ လေးစားမှု ရှိခဲ့သည်။

ပရော်ဖက်ရှင်နယ်ကျမှုက သူ လေးစားရခြင်း အကြောင်းပြချက်တို့ထဲမှ အရေးပါသည့် တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး ထိုမျှနှင့် မကသေး။

သူနှင့် အချိန်အတော်ကြာအောင် ထိတွေ့ဆက်ဆံကြည့်ပြီးသည့်နောက် ရှန်းထျန်းကျိုးသည်က ပဓာနကျသည့် လိုအပ်ချက်များအားလုံးတွင် အင်မတန် ပြောင်မြောက်ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်း လင်းရီ ဖြည်းဖြည်းချင်း သတိပြုမိလာခဲ့သည်။

သူက အပြောနှင့် အလုပ် တစ်ထပ်တည်းကျအောင် ပြုမူတတ်သည်။ လုပ်ပိုင်ခွင့် ရှိသည်ထက် ကျော်လွန်၍လည်း ဘာကိုမျှ မလုပ်ပါဘဲ ဟွာရှတွင် ၀န်ထမ်းကောင်းတစ်ယောက် အဖြစ် သတ်မှတ်၍ ရလေသည်။

တစ်ခါတစ်ရံ ထိုအကြောင်းများကို သူတွေးကြည့်မိတော့ ရှန်းထျန်းကျိုးနှင့် ချီရှန်းကျောက်ကဲ့သို့ ၀န်ထမ်းများ ရရှိထားတာ သူ သိပ်ကို ကံကောင်းပါလား ဟု ခံစားမိခဲ့သည်။

သို့သော် တစ်ဖက်က ပြန်စဉ်းစားကြည့်ပြန်တော့ ဟော်ယွမ်ယွမ်ကဲ့သို့ ၀န်ထမ်းမျိုးနှင့် လာဆုံရသည်မှာလည်း သူ့ အတိတ်ဘ၀ကြီး၏ မကောင်းသည့် ကမ္မများကြောင့် ဖြစ်သည်ဟုလည်း မှတ်ယူရမလို ဖြစ်နေပြန်သည်။

ရှန်းထျန်းကျိုးနှင့် လီတိုဂရပ်ဖီ စက်အကြောင်း ပြောဆို ဆွေးနွေးပြီးတော့ လင်းရီ လုံရှင်း သုတေသန စင်တာသို့ မောင်းထွက်လာခဲ့လိုက်၏။

ဖိုတိုလီဂရပ်ဖီစက်အပြင် ဖုန်း အော်ပရေးရှင်း စစ်စတမ် အသစ်ကလည်း လင်းယွင်အုပ်စု၏ အရေးကြီးဆုံး ပရောဂျက်များထဲမှ တစ်ခုဖြစ်၏။ ကဏ္ဍအားလုံးကို တစ်ပြေးညီ မျှခြေရှိနိုင်စေရန် သေချာအောင် ကြပ်မတ်ရမည်။

လုံရှင်း၏ ရုံခန်းထဲမှ လင်းရီ ပြန်ထွက်လာတော့ ညနေ လေးနာရီပင် ကျော်နေပြီး ဖြစ်သည်။ သို့နှင့် ကျီချင်းရန်ကို အလုပ်သွားကြိုရန်အတွက် ချောင်ရန်အုပ်စုသို့ ဦးတည်ထွက်လာခဲ့လိုက်တော့၏။

" ယွမ်ယွမ် နင့်ကို နိုင်ငံခြား ခရီးစဉ်အကြောင်း ပြောပြပြီးသွားပြီလား... " ကျီချင်းရန် မေးမြန်းလိုက်သည်။

" ဘာ ခရီးတုန်း... "

" ကုမ္ပဏီကနေ ကမ်းလှမ်းတဲ့ အကျိုးခံစားခွင့် ခရီးစဉ်လေ..."

" နင် ဒီမှာ အလုပ် လုပ်တုန်းကတောင် တစ်ခါကြုံဖူးသေးတယ်မလား... လင်းယွင် အုပ်စုက ဒီလောက်ကြီးတဲ့ ကုမ္ပဏီကြီးဥစ္စာ နင့်ဘက်က သေချာပေါက် အကျိုးအမြတ်ကောင်းတွေ ဝေငှပေးမှ ဖြစ်မှာပေါ့... မဟုတ်ရင် ၀န်ထမ်းတွေက နင့်ကို အသိအမှတ်ပြုမှာ မဟုတ်ဘူး... "

" အင်းနော်... ငါ အရင်က တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး... ဆိုကာမှ သူတို့လည်း ငါ့ကို တစ်ခါမှ လေမခေါ်ကြပဲကိုး... "

" ငါ့အထင် သူတို့ ရှေ့ရက်တွေတုန်းကမှ အစည်းအဝေးထိုင်ပြီး ဆွေးနွေးခဲ့ကြတယ်ထင်တယ်... ရလဒ် ထွက်မလာသေးလို့ ဖြစ်မယ်... အချိန်ကျလာရင် သူတို့ နင့်ရဲ့ အမြင်ကို သေချာပေါက် မေးကြမှာပါ... "

" နိုင်ငံခြားကို အားလပ်ရက် ခရီးပေးဖို့ ငါ စိတ်မရှိပါဘူး... ဒါပေမယ့် ဒီကိစ္စ ဟို ယွမ်ယွမ်က စလိုက်တယ်လို့ ငါ အာရုံရနေတယ်.. ဒီဟာမလေးကတော့ ကုမ္ပဏီ ရန်ပုံငွေတွေနဲ့ ခရီးထွက်ချင်နေပြန်ပြီနဲ့တူတယ်... "

" အဲ့လို မပြောစမ်းပါနဲ့ နင်ကလည်း.... ဘာပဲဆိုဆို ယွမ်ယွမ်က အမှုဆောင် ဒါရိုက်တာ တစ်ဦးပဲလေ... သူမက တစ်နှစ်တစ်နှစ် ယွမ် သန်းချီ ရနေတာကို ကုမ္ပဏီငွေတွေကို ကုန်းဆင်းဖို့ မလိုပါဘူး..."ကျီချင်းရန် ပြုံးလျက် ဆိုလိုက်ပြီး " ပြီးတော့... သူနဲ့ ကောင်းကျုံးယွမ်ရဲ့ ဆက်ဆံရေးကလည်း တော်တော်လေး တည်ငြိမ်နေပြီ... သူကလည်း ချမ်းသာတဲ့ မိသားစုကကိုပဲ... ဒီလို ငွေနည်းနည်းလေးကို မက်မောနေဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... "

" မဟုတ်ဘူး.. မင်း ယွမ်ယွမ်ကို နားမလည်သေးလို့ ဒီစကားမျိုး ပြောနေတာ... "လင်းရီ ပြောလိုက်ပြီး " သူ့လိုမျိုး ကျွမ်းကျင်တဲ့ ကစားသမားတစ်ယောက်က တခြားသူရဲ့ ပိုက်ဆံကို ဘယ်လို ဖြုန်းရမလဲပဲ ဂွင်ချောင်းနေတာ.. ဒီအခွင့်အရေးကို ကျိန်းသေပေါက် လက်လွှတ်ခံမှာ မဟုတ်ဘူး... "

ဒူ ဒူ ဒူ...

နှစ်ယောက်သား စကားပြောနေစဉ်မှာပဲ လင်းရီ ဖုန်း တုန်ခါလာခဲ့၏။ ချီရှန်းကျောက်မှ ဗွီဒီယိုကော ဆက်သွယ်လာခဲ့ခြင်းပင်။

လင်းရီ ထင်ထားခဲ့သည့်အတိုင်း ဗွီဒီယိုထဲတွင် ချီရှန်းကျောက် တစ်ဦးတည်းသာမက ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့ပါ ရှိနေခဲ့ကြ၏။

" ဥက္ကဌလင်း.. ကျုပ်တို့ ရှေ့ နှစ်ရက်လောက်တုန်းက အစည်းအဝေးထိုင်ပြီး ကုမ္ပဏီ ၀န်ထမ်းတွေကို အကျိုးခံစားခွင့် ပေးတဲ့အနေနဲ့ လင်းယွင်အုပ်စုကနေပြီး နိုင်ငံခြား ခရီးစဉ် တစ်ခုကို စီစဉ်ပေးဖို့ ဆုံးဖြတ်ထားတာ်.. အဲ့ကိစ္စ သူဌေးနဲ့ ဆွေးနွေးချင်လို့ပါ... "

" ကောင်းတဲ့ ကိစ္စပဲ.. ငါ ငြင်းစရာ အကြောင်း မရှိပါဘူး..."လင်းရီ ပြောလိုက်ပြီး " ဘယ်သွားမလဲကော ဆုံးဖြတ်ပြီးကြပြီလား... "

" အစကတော့ အနောက် ဥရောပနိုင်ငံတွေကို သွားလည်မို့ စီစဉ်ထားတာ ဒါပေမယ့် အမေရိကားမှာ ရှိတဲ့ ကုမ္ပဏီကိစ္စ ဖြစ်ထားတာ မကြာသေးဘူးဆိုတော့ ကျုပ်တို့ရဲ့ ဦးတည်ရာကို အာရှဘက် ပြောင်းလိုက်တယ်... ထိုင်းနဲ့ ဂျပန် အဲ့နှစ်နိုင်ငံကို မဲခွဲပြီးတော့ နောက်ဆုံး ဂျပန်ကို သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်... "

" ဒါ ဟော်ယွမ်ယွမ်ရဲ့ အကြံမလား... "

" ဝေ့ ဝေ့ ဝေ့ ... ကျွန်မ အကြံဆိုတာ ဘာစကားကြီးတုန်း... ဒါက လူတိုင်းရဲ့ မဲဆန္ဒပေါ် မူတည်ပြီး ဆုံးဖြတ်ထားတာနော်... "

" သေချာလို့လား... "

" သေချာပေါက်ပဲပေါ့.. ကျွန်မလည်း ဒီလိုမျိုး အချိန်ကုန် ငွေကုန်မယ့် ကိစ္စမျိုးကို လုံး၀ ဆန့်ကျင်တယ်... စံပြ ၀န်ထမ်း တစ်ယောက် အနေနဲ့ ကျွန်မရဲ့ အချိန်တွေကို ကုမ္ပဏီအတွက်ပဲ အမြဲတမ်း ပေးဆပ်နေရမယ်လေ... ဒါကြောင့်မို့ ဒီလိုမျိုး အဓိပ္ပာယ်မဲ့တဲ့ ခရီးသွားမှုမျိုးကို မထောက်ခံဘူး... "

" အဲ့တာကောင်းတယ်... မင်းက မသွားချင်ဘူးဆိုမှတော့ နေခဲ့ပြီး ကုမ္ပဏီကို စောင့်ကြည့်ထား... လူတိုင်းက အပြင်ထွက်ကြမယ်ဆိုတော့ အိမ်စောင့်ပေးမယ့် တစ်ယောက်ယောက်တော့ ရှိနေသင့်တယ်... မင်း ငါတို့ကို ကူညီလိုက်တာပဲ... "

" ချီးပဲ... " ဟော်ယွမ်ယွမ် ကျိန်ဆဲလိုက်ပြီး " ဒီမှာ.. ကျွန်မ အမှန်အတိုင်း ပြောလိုက်မယ်... ကျွန်မတစ်ယောက်တည်း သွားမှာမဟုတ်ဘူး... ကျွန်မရဲ့ ကောင်းကိုပါ ခေါ်လာခဲ့မှာ... ဒီလိုအခြေအနေမျိုးကို အပြည့်အ၀ အခွင့်အရေး ယူရမယ် ဟုတ်ပြီလား... "

လင်းရီ ကျီချင်းရန်ဘက် ချက်ချင်း လှည့်ကြည့်လိုက်ရင်း " ငါ ဘာပြောခဲ့လဲ တွေ့လား.. သူ့လို လူစားမျိုးက တစ်နေ့ ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီး ဖြစ်လာခဲ့ရင်တောင် သူများနား အခွင့်အရေးယူတတ်တဲ့ သန္ဓေကိုတော့ ဖျောက်နိုင်မှာ မဟုတ်ဘူး... "

ကျီချင်းရန် ကူကယ်ရာမဲ့စွာဖြင့် သူမ၏ မျက်မှောင်ကိုသာ ပွတ်သပ်နေလိုက်သည်။

" ကောင်းပြီ.. ခရီးသွားမယ့် အစီအစဉ်ကို မင်းတို့ချင်းပဲ ဆွေးနွေးလိုက်ကြ... တစ်ခုတော့ မှတ်ထား.. လူတိုင်းက ကောင်းကောင်းစား၊ ကောင်းကောင်းသောက်၊ ကောင်းကောင်းပျော်နိုင်ရမယ်... "

" နားလည်ပါပြီ ဥက္ကဌလင်း.. ကျုပ် ဒီကိစ္စ စီစဉ်ထားလိုက်ပါ့မယ်... "

ဖုန်းချပြီးနောက် လင်းရီ ဆိုဖာပေါ်တွင် လဲလျောင်း၍ ဖုန်းဂိမ်းကစားနေလိုက်သည်။ ကျီချင်းရန်ကတော့ သူမ၏ အလုပ်များကို ဆက်လက်လုပ်ကိုင်လေသည်။

ထိုညတွင် လင်းရီ ရန်စီထံမှ မနက်ဖြန် မနက် ကိုးနာရီတွင် ရင်းနှီးမြုပ်နှံသူများ အစည်းအဝေး တက်ရောက်ဖို့ မက်ဆေ့ခ်ျပို့လာခဲ့၏။

လင်းရီသည်လည်း အိုကေ အီမိုဂျီ ပြန်ပို့ပေးလိုက်သည်။

နောက်တစ်နေ့ နံနက်ခင်းတွင် လင်းရီ ကျီချင်းရန်ကို ချောင်ရန် အုပ်စုသို့ လိုက်ပို့ပြီးနောက် ပန်နီဆူလာဟိုတယ်ထံ ဦးတည်လိုက်လေသည်။

ဟိုတယ် ၀င်ပေါက်၀တွင် အမြင်ဖမ်းစားနိုင်သည့် ဆိုင်းဘုတ် တစ်ခုထောင်ထားပြီး ရင်းနှီးမြုပ်နှံသူများ အစည်းအဝေး တက်ရောက်လာသူတိုင်းကို ဒုတိယထပ်သို့ တက်သွားကြပါရန် လမ်းညွှန်ပေးထားခဲ့သည်။

ထို့အပြင် ရင်းနှီးမြုပ်နှံသူများ အစည်းအဝေးက သိပ်ကို နာမည်ကြီးနေကြောင်း လင်းရီ သတိပြုမိလိုက်၏။ နိုင်ငံ၏ အရပ်လေးမျက်နှာမှ သတင်းထောက်အားလုံးလည်း တက်ရောက်လာခဲ့ကြသည်။

ဤသည်ကိုတော့ ရှောင်လီတုံးနှင့် ကျန်သူများကို ကျေးဇူးတင်ရပေမည်။ ရန်စီ၏ အဆက်အသွယ် တစ်ခုတည်းနှင့်ဆိုပါက ဤမျှ အထင်ကြီးဖို့ ကောင်းရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

" ဥက္ကဌလင်း.. ရောက်လာပြီလားခင်ဗျ..." ၀မ်ထျန်းလုံ လင်းရီအနား ရောက်လာပြီး အပြုံးလေးဖြင့် ခရီးဦးကြိုပြုလိုက်၏။

" ဟိုတယ် အခြေအနေ ဘယ်လိုရှိလဲ... "

" သူဌေးရဲ့ ဦးဆောင်မှုမှာ ဒုတိယ သုံးလတစ်ကြိမ် မှတ်တမ်းရလဒ်က ယခင်နှစ်ထက်စာရင် ၁၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်... ပြီးတော့ သည့်ထက်မြင့်မားတဲ့ စံချိန်တွေ ဖန်တီးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်... "

" တော်လိုက်တော့ ... မင်း ငါ့ကို ဒီလောက်ထိမြှောက်ပင့်နေစရာ မလိုပါဘူးကွာ... "

" ကျုပ်က အမှန်တွေချည်း ပြောနေတာပါ သူဌေး... သူဌေးက ကုမ္ပဏီကို လာလေ့လာထ မရှိဘူးဆိုပေမယ့် သူဌေးရဲ့ စိတ်ဝိဉာဏ်က ကျုပ်တို့ ၀န်ထမ်းတွေကို အလုပ်ကြိုးစားချင်စိတ်ဖြစ်အောင်လို့ အမြဲတမ်း တွန်းတင်ပေးနေပါတယ်.... "

" တော် တော် တော်... မင်းတို့ကောင်တွေ အကုန်လုံး တစ်ခုခု သက်ရောက်မှု ရှိနေတာပဲ ဖြစ်မယ်....မင်းဆက် ပြောနေရင် ငါတကယ်ကို ကြွသွားလိမ့်မယ်... “

All Chapters