ကိုးရို့ကားယား အနိုင်ဆုံး အစည်းအဝေးပွဲ
Vol. 76 Ch. 1137
သက်လတ်ပိုင်း အမျိုးသမီးကြီးမှ လင်းရီကို မောက်မောက်မာမာနှင့် ကြည့်နေသည်ကို မြင်တော့ ရန်စီ အနည်းငယ် အံ့အားသင့်မိသွားခဲ့၏။
သူမ၏ အသက်အရွယ် ၊ သွင်ပြင်သဏ္ဌာန်၊ ကိုယ်လုံးကိုယ်ပေါက်နှင့် ဆိုပါက လင်းရီ သူမနှင့် ဇာတ်လမ်းများ ရှိထားသည်မှာ ဖြစ်နိုင်ပါ၏လော။
“ ဘာလဲဖြစ်တာ.. နင်တို့ချင်း သိနေကြတာလား…” ရန်စီနှုတ်မှ လွှတ်ကနဲ မေးမြန်းမိသွားခဲ့၏။
“ အင်း… ငါ အရင် အသီးရောင်းတုန်းက သူ ငါ့ဆီလာပြီး မွေးစားချင်နေတာလေ… ဒါပေမယ့် ငါသူ့ကို ဆဲဆိုပေးလိုက်တယ်… ဒီကိစ္စ စိတ်ဝင်စာဖို့ ကောင်းတယ် မထင်ဘူးလား…” “ နင့်ကို မွေးစားမလို့… ဟုတ်လား…”
ထိုစကားကြားတော့ ရန်စီ အော်ရယ်လု နီးပါး ဖြစ်သွားခဲ့သည်။ ဤကိစ္စက အမှန်ပင် စိတ်ဝင်စားဖို့ ကောင်းနေချေသည်။
“ အဲ့တာမျိုးကလွဲပြီး သူ့လိုလူစားမျိုးနဲ့ ငါက ဘာရှိထားရမှာလဲ…”
နောက်ဆုံးတန်းရှိ အဓိကရုဏ်းက ရှေ့တန်းရှိ လူများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
စုချန်နှင့် ကျန်းရွှီတို့လည်း ဘာဖြစ်နေလဲဆိုတာကို သိချင်စိတ်နှင့် လှည့်ကြည့်မိလိုက်ကြ၏။
“ အဲ့ သောက်ကလေးက ဒီဘာလာလုပ်တာလဲတဲ့..”
လင်းရီကို မြင်တော့ ကျန်းရွှီ ထိန်းချုပ်မရနိုင်စွာ တုန်ယင်သွားခဲ့တော့သည်။ သူ လင်းရီလက်ထဲတွင် ကောင်းကောင်းကြီး သမခံခဲ့ရပြီး ထိုစိတ်ဒဏ်ရာက ပျောက်စ ပြုနေစဉ်မှာပဲ လက်သည်တရားခံက သူ့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို ပြန်ပေါ်လာနေပြန်သည်။
“ နင်အဲ့လူကို သိလို့လား… ငါ မနေ့တုန်းက သူ အဲ့လူနဲ့ ထမင်း အတူစားနေတာကို တွေ့ခဲ့တယ်… ဒါပေမယ့် သေချာကြည့်တော့မှ အဲ့လူကြည့်ရတာ နည်းနည်းလေး ရင်းနှီးနေသလိုပဲနော်… ငါ သူ့ကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ…”
“ သူ့နာမည်က လင်းရီတဲ့… လူသားနဲ့ တောရိုင်း အစီအစဉ်မှာ ပါဝင်ပြီး ပထမဆု ရသွားခဲ့တဲ့လူလေ…”
“ ဆိုတော့ သူကိုး..” စုချန် ရုတ်ချည်း သတိရသွားခဲ့ပြီး “ ဒါကြောင့် ဘာလို့ ရင်းနှီးနေပါလိမ့်ဆိုပြီး ဖြစ်နေတာ….”
“ အဲ့ကောင်က သိပ်ကို ပုံမှန်မဟုတ်လွန်းဘူး.. သူ့ကြည့်ရသာ ချမ်းသာပြီးတော့ စကေးလည်း တော်တော် ရှိတဲ့ပုံပဲ…. မဟုတ်ရင် ပထမ နေရာကို ရဖို့ဆိုတာ မဖြစ်နိုင်ဘူး…”
“ ချမ်းတာတယ်.. ဟုတ်လား… ငါတော့ မထင်ပေါင်…” စုချန် ပြောလိုက်ပြီး “ သူပြောတာ သူ့ကိုယ်သူ အသီးရောင်းသမားပါတဲ့… အသီးရောင်းတဲ့သူက ချမ်းသာတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”
“ သူ့ ပိုက်ဆံတွေ အကုန် ကုန်သွားလို့လည်း နေမှာပေါ့…”
ကျန်းရွှီ လင်းရီ မည်သူမည်ဝါ ဖြစ်ကြောင်းကို ခေါင်းထဲ သိပ်ထားမနေချေ။
မည်သို့ပင်ဆိုစေ သူကိုယ်၌က အသီးရောင်းသည်ဟု ပြောနေသောကြောင့် ဆုကြေးငွေများ အားလုံး ကုန်ဆုံးသွားပြီး ယခု ကုန်စိမ်းရောင်းနေရသည့် ဘဝဖြင့် ရုန်းကန်နေရဖြင်း ဖြစ်မည်ဟုသာ ကောက်ချက်ချလိုက်သည်။
နှစ်ယောက်သား စကားပြောဆိုနေစဉ်မှာပဲ နောက်ဆုံးတန်းရှိ အငြင်းပွားမှုကလည်း တစထက် တစ အရှိန်အဟုန်ကောင်းလာခဲ့၏။
“ နင် မဟုတ်မဟတ်တွေ လျှောက်ပြောမနေနဲ့… မဟုတ်ရင် ငါနင့်ကို တရားစွဲပစ်လိုက်မယ်…” ဝမ်ဖန်း လင်းရီကို လက်ညိုးထိုးပြီး ပြောလိုက်သည်။
“ ဟက်…”
လင်းရီ နှာခေါင်းရှုံ့လိုက်ပြီး “ ခင်များ ကျုပ်ကို လက်ညိုးမထိုးတာ ကောင်းလိမ့်မယ်… အရင်က ခင်များလိုလူတွေ မနည်းဘူး ရှိခဲ့ဖူးတယ်… ဒါပေမယ့် သူတို့ အုတ်ဂူပေါ်က မြက်ပင်တွေ ဆယ်မီတာထုလောက် ရှိကုန်ကြပြီ…”
လင်းရီ ပြောလိုက်သည့် စကားကြောင့် ဝမ်ဖန်း ကြက်သေသေသွားခဲ့ပြီး ရန်စီ ဘက်သို့ လှည့်ကာ “ နင်က ဒီနေ့ ရင်းနှီးမြုပ်နှံမှု အစည်းအဝေးပွဲရဲ့ တာဝန်ခံမလား…”
“ ဟုတ်တယ် ကျမပဲ…”
ရန်စီ နားမလည်ပေ။ သူမက အဘယ်ကြောင့် သူမထံ မြားဦးလှည့်လာရသနည်း။
“ ငါ့ကိုယ်ငါ မိတ်ဆက်ပေးမယ်… ငါ့နာမည် ဝမ်ဖန်း… ဖေးယွမ် အစားအသောက် ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာဆိုလည်း ဟုတ်တယ်… ငါ ဒီလာခဲ့တာ စပွန်ဆာ လေးလံဆွဲဖို့ပဲ… ပွဲလာသူတွေကို အနှောင့်အယှက်မဖြစ်ရလေအောင် နင်သူ့ကို မောင်းထုတ်လိုက်သင့်တယ်…”
ဝမ်ဖန်း မည်သူမည်ဝါဖြစ်ကြောင်း သိရှိသွားပြီးနောက် ပွဲခန်းမထဲရှိ လူတစ်ချို့မှ တိုးတိုးတိတ်တိတ် စတင်ပြောဆိုကြတော့၏။
ဖေးယွမ် အစားအသောက် ကုမ္ပဏီသည်က အစားအသောက် နယ်ပယ်ထဲရှိ ကုမ္ပဏီ အသစ်လေးသာ ဖြစ်သည်။ သို့သော်လည်းပဲ စဉ်ဆက်မပြတ် တိုးတက်လာခဲ့ပြီး ကမ်းရိုးတန်း ဒေသ၌ ဈေးကွက်တစ်ချို့ကို အခိုင်အမာ နေရာယူထားလေသည်။ ၎င်းက အစားအသောက်နယ်ပယ်တွင် လွှမ်းမိုးမှုနှင့် အဆင့်အတန်း တစ်ချို့ ရှိထား၏။ သူမကို ယနေ့လိုမျိုး ရင်းနှီးမြုပ်နှံသူများ အစည်းအဝေးပွဲ၌ လာရောက်တွေ့ဆုံရလိမ့်မည်လို့ မည်သူကမျှ မျှော်လင့်မထားကြချေ။
ရန်စီ ဆံပင်ကို နောက်သို့ သပ်လျက် အပြုံးလေးဖြင့် “ အဲ့လိုလုပ်ပေးဖို့ ဖြစ်နိုင်မယ် မထင်ဘူး… သူက ကျမရဲ့ မိတ်ဆွေလေ… သူက ဒီနေ့ ကျမကို ပံ့ပိုးပေးဖို့ လာခဲ့တာ… သူ့ရည်ရွယ်ချက်က ဘယ်လိုပဲ ဖြစ်နေပါစေ ကျမ သူ့ကို မောင်းမထုတ်နိုင်ဘူး…”
ရန်စီ၏ လေသံက ညင်သာပြီး တစ်ချိန်တည်းတွင် ခိုင်မာမြဲမြံနေသည်။ ဝမ်ဖန်းကို လင်းရီထွက်သွားမှာ မဟုတ်ဟု ပြောဆိုနေခဲ့၏။အကယ်၍ သူမ မနေချင်ဘူးဆိုပါက လွတ်လွတ်လပ်လပ် ထွက်ခွာသွား၍ ရသည်။
ရှေ့တန်းတွင် ထိုင်နေသည့် စုချန်ကတော့ ရန်စီကို အထင်တသေး အကြည့်တို့ဖြင့် ကြည့်နေလျက် ရှိပြီး သူမကိုယ်သူမ ယခုလို တွေးတောလိုက်၏။
“ ဘာမဟုတ်တဲ့ အပျော်လင်လိုရုပ်နဲ့ အသီးရောင်းတဲ့ကောင်ကိုများ တခမ်းတနားလုပ်ပြီး ပြောနေလိုက်တာများ… ကြည့်ရတာ ကျက်သရေကို ယုတ်တယ်…”
နှစ်ပေါင်းများစွာ ကျင်လည်ဖူးသည့် အတွေ့အကြုံ ရှိထားသောကြောင့် ဝမ်ဖန်းသည် ရန်စီ၏ ဆိုလိုရင်း သဘောကို ချက်ချင်း နားလည်သဘောပေါက်သွားခဲ့လေသည်။
“ နင်က သူ့ကို မောင်းမထုတ်ချင်ဘူးဆိုမှတော့ ငါလည်း မနေနိုင်ဘူး.. ထွက်တယ်… variety show တွေမှ ရိုက်သတ်လို့ကို မကုန်နိုင်ဘူး.. ငါ့ပိုက်ဆံကို သုံးဖို့ အတွက် ခက်ခက်ခဲခဲ ရှာနေရမယ်များ နင်ထင်နေလား…”
ဝမ်ဖန်း ဒေါသတကြီးဖြင့် တစ်ဖက်သို့ လှည့်သွားခဲ့ပြီး ရှေ့တန်းသို့ လမ်းလျှောက်သွားလိုက်သည်။ သူမ သက်လတ်ပိုင်း အမျိုးသမီးကြီး နှစ်ဦးကို ကြည့်၍ “ ငါတော့ ဒီလိုမျိုး ပရိုဂရမ် အသေးစားလေးက ရေပန်းစားလာမယ် မထင်ဘူး.. သူတို့ကို စပွန်ဆာပေးတယ်ဆိုတာ ပိုက်ဆံ မီးရှို့တာနဲ့ အတူတူပဲ.. ပြန်ကြစို့…”
“ ကောင်းပြီလေ.. ငါလည်း စကတည်းကရင် မလာချင်ပါဘူး..”
ဝမ်ဖန်း၏ ခေါ်ဆိုမှုအောက်မှာပဲ သူမ၏ သူငယ်ချင်းနှစ်ယောက်မှ အိတ်ကိုယ်စီလွယ်လျက် မတ်တပ်ရပ်လိုက်ကြသည်။ သို့သော်လည်းပဲ ဝမ်ဖန်းက ထိုမျှနှင့် ရပ်တန့်ရန် ရည်ရွယ်ချက် မရှိ။ လက်ရှိ ရှိနေကြသူများဘက်သို့ လှည့်၍ “ လူတိုင်းပဲ… ကျွန်မတို့ အချင်းချင်း မသိကြဘူးဆိုပေမယ့် နယ်ပယ် တစ်ခုတည်းက လောကသားအချင်းချင်းမို့ အနာဂတ်ကျရင် အတူလက်တွဲပြီး အလုပ်မလုပ်ရပါဘူးလို့ မပြောနိုင်ဘူး… လူတိုင်းက ကျွန်မကို မျက်နှာသာပေးပြီး ဒီရဲ့ ရင်းနှီးမြုပ်နှံမှု အစည်းအဝေးပွဲထဲမှာ မပါဝင်ဖို့ မျှော်လင့်ပါတယ်…”
ဝမ်ဖန်း စကားဆုံးတော့ လူတော်တော်များများမှ အချင်းချင်း တီးတိုးပြောဆို ဆွေးနွေးကြတော့၏။
ဖေးယွမ် အစားအသောက် ကုမ္ပဏီက နယ်ပယ်ထဲတွင် အကောင်ကြီးကြီး တစ်ကောင် ဖြစ်မလာသေးသော်လည်း လွှမ်းမိုးမှုနှင့် အဆင့်အတန်း တစ်ချို့တော့ ရှိထားလေသည်။
နှိုင်းယှဉ်ရမည်ဆိုပါက variety show မှာ အရေးမပါတော့ချေ။
မည်သို့ပင်ဆိုစေ သူတို့ ရင်းနှီးမြုပ်နှံနိုင်သည့် အခြား variety show တော်တော်များများ ရှိနေလေသည်။ ယခုလို အသေးအမွှား ကိစ္စလေးကြောင့်နှင့်တော့ နယ်ပယ်ထဲရှိ အကောင်ကြီးကြီး တစ်ကောင် ဖြစ်လာနိုင်သည့် သူအား ရန်စဖို့ မထိုက်တန်ချေ။
ဝမ်ဖန်း၏ လွှမ်းမိုးမှုအောက်တွင်ပဲ လူဆယ်ယောက်ကျော်မှာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။ ၎င်းတို့က ယခုလက်ရှိ အစည်းအဝေးပွဲတွင် ဆက်လက်ဆင်နွှဲလိုခြင်း မရှိကြတော့ချေ။
ဝမ်ဖန်း ရန်စီကို ကြည့်၍ ဟမ့်ခနဲ ပြုလိုက်ပြီး “ နင်က ငါ့ကို အပြစ်ပြုဖို့ ဆန္ဒရှိနေမှတော့ နင့်ဘက်ကလည်း တန်ကြေးကို ပေးဆပ်ဖို့ အသင့်ဖြစ်နေသင့်တယ်… နင့်ရဲ့ လေလံ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်….”
ရန်စီ၏ အမူအရာ ပြောင်းလဲသွားခြင်း မရှိချေ။ “ ဖြည်းဖြည်းသွားဦးနော်… ကျမ လိုက်မပို့တော့ဘူး…”
မူလက ဝမ်ဖန်း ယခု ဖြစ်ရပ်ကို ခုတုံးလုပ်၍ ရန်စီကို ခြိမ်းခြောက်ရန် စဉ်းစားထားသည်။ သို့ပေမယ့် တစ်ဖက်က မတုန်မလှုပ် ရှိနေလိမ့်မည်လို့ မည်သူက ထင်ထားလိမ့်မည်နည်း။ ယင်းက သူမကို ပို၍ပင် ဒေါပွလာစေပြီး စိတ်တိုတိုနှင့် လှည့်ထွက်သွားခဲ့တော့၏။
သူမစိတ်ထဲတွင် ရန်စီကို ပယ်စားရင်း သွင်းထားပြီး သူမ၏ အသိုင်းအဝိုင်းမှ မိတ်ဆွေတစ်ချို့ကိုပါ စုစည်းပြီး ဤရှိုးကို ဘွိုင်းကော့လုပ်ရန်ပင် စီစဉ်ဆုံးဖြတ်ထားလိုက်သည်။
“ ဒါ သောက်ကျိုးနည်း ကံဆိုးတာပဲ..” လင်းရီ ဒေါသထွက်ထွက်နဲ့ ကျိန်ဆဲလိုက်ပြီး “ ငါက ဒီကို မိတ်ဆွေ တစ်ယောက်လိုမျိုး ပံ့ပိုးပေးဖို့ လာခဲ့တာ ချီးကားက တကူးတကလာပြီး ဝင်တိုက်မယ်လို့ ထင်မထားဘူး..”
“ ရပါတယ်… နင် အဲ့လောက်ကြီးလည်း ဒေါသထွက်နေစရာ မလိုပါဘူး… အဲ့တာ သိပ်ကို ရုပ်ချော ခန့်ညားလွန်းနေတဲ့ နင့်အပြစ်ပဲလေ..” ရန်စီ လင်းရီ၏ ပခုံးကို ပုတ်ပေးရင်း ပြောလိုက်သည်။
“ ကောင်းပြီ… မင်း လုပ်စရာ ရှိတာ လုပ်တော့…”
လူဆယ်ယောက်ထက် မနည်း ထွက်ခွာသွားခဲ့သော်လည်း လင်းရီ စိတ်ထဲ ထားမနေချေ။ ထိုသူများ ပေးနိုင်သည့် စပွန်ဆာ ခေါင်းစဉ် ကြေးက သူ့အတွက် ကားတစ်စင်း ဝယ်ရန်ပင် လုံလောက်လိမ့်မည် မဟုတ်ချေ။
မုန်တိုင်းတစ်ခု ပြီးဆုံးသွားခဲ့ပြီးနောက် တည်ငြိမ်သည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး အစည်းအဝေး ဖွင့်ပွဲကျင်းပမည်ကိုသာ စောင့်ဆိုင်းရန် လိုအပ်တော့သည်။ စုချန် ပြုံးလိုက်ပြီး “ ရန်စီက တကယ့်ကို သစ္စာကြီးတာပဲ… သူ့ရဲ့ ဇာတ်လမ်းဟောင်းလေး အတွက်နဲ့ ရင်းနှီးမြုပ်နှံသူ အများကြီးကို အပြစ်ပြုပစ်လိုက်တယ်… ဒီနေ့တော့ အောင်အောင်မြင်မြင်နဲ့ ရင်းနှီးမြုပ်နှံသူတွေ ရဖို့ဆိုတာ မေ့ပစ်လိုက်လို့ရပြီ….”
“ သူ ထင်နေတာ ပွဲတက်လာတဲ့သူက သိပ်များတော့ တစ်ဒါဇင်လောက် ထွက်သွားကြလည်း ကိစ္စ မရှိဘူးလို့ ထင်နေတာ နေမှာပေါ့….”
“ ဒါကြောင့်မို့ ငါပြောတာ သူက တုံးအပြီး ဈေးကွက်အကြောင်း ဘာမှ နားမလည်ပါဘူးလို့…” စုချန် ပြောလိုက်ပြီး “ ငါ ရှိုးမစခင်တုန်းက စပွန်ဆာပေးဖို့ အလားအလာရှိတဲ့ သူတွေကို စနစ်ကျကျ စာရင်း ပြုစုဖူးတယ်.. ဒီခု ရောက်လာတဲ့ထဲ အဲ့ဒီ ဝမ်ဖန်းဆိုတာ တကယ့်ကို အလားအလာကောင်းတဲ့ တစ်ယောက်ပဲ… ပြီးတော့ သူက လူကိုယ်တိုင် ရောက်လာခဲ့တာဆိုတော့ စပွန်ဆာပေးနိုင်မယ့် အခွင့်အရေးအတွက် ကျိန်းသေပေါက် တိုက်ခိုက်မှာပဲ… အခု စပွန်ဆာ အကြီးစားပေးမယ့်သူကို ဒေါသထွက်စေပြီးတော့ ပွဲကနေ ထွက်ခွာသွားစေတယ်.. ကျန်တဲ့လူတွေက အနုပ်စုတ် ဂုတ်စုတ်တွေပဲ ဆိုတာ ငါပြောရဲတယ်…”
“ မိန်းကလေးစု ပြောသလိုဆိုရင် ယွမ်သန်း ငါးဆယ်ကတောင် အခု တော်တော်မြင့်တဲ့ ပမာဏလို့ ပြောလို့ရနေပြီ…” ကျန်းရွှီ လှောင်ရယ်လိုက်သည်။
စုချန် ကျန်ရှိနေသည့် လူများကို တစ်ချက်ကြည့်လိုက်ပြီး “ ကျန်ခဲ့တဲ့ အရုပ်ဆိုးဆိုး လူတွေကို ကြည့်စမ်းပါဦး… ငါဆို သူတို့နာမည် တစ်ယောက်မှလည်း မသိဘူး… အသေးစား စီးပွားရေး လုပ်ငန်းရှင်လေးတွေပဲနေမှာ… ဒါကြောင့်မို့ နောက်ဆုံး ရင်းနှီးမြုပ်နှံမှုက ယွမ် သန်း သုံးဆယ် မကျော်ဘူးလို့ ငါမှန်းထားတယ်.. ဒါက သမိုင်းမှာ ကိုးရို့ကားယား အနိုင်ဆုံး အစည်းအဝေးပွဲ တစ်ခုလို့တောင် ပြောလို့ရနေပြီ….”