← Chapters

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး

Vol. 010 Ch. 941

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး

Vol. 010 Ch. 941

ယွီပြည်နယ်တွင် တော်ဝင်မြေ နှစ်ခုနှင့် ရှန့်ထိုသုံးပါး ရှိသည်။

ကျိရှမ်းကမ်းပါး၌ ရှန့်ထိုနှစ်ပါးရှိပြီး သူတို့မှာ ရှန့်ထိုကျဲနှင့် မီးတောက် ရှန့်ထိုတို့ ဖြစ်ကြ၏။ ကျိရှမ်းကမ်းပါးသည် ယွီပြည်နယ်၏ အင်အားအကြီးဆုံး အင်အားစု ဖြစ်သည်။ သို့တိုင်အောင် ယွီပြည်နယ်၊ မြေရိုင်းပြည်နယ်၊ အဆုံးမဲ့ပင်လယ်၌ တည်ရှိသော ပင်လယ်ပြည်နယ်တို့မှာ ပြည်နယ်ကိုးခု အတွင်း၌ အင်အား အနည်းဆုံး ဖြစ်ကြသည်။

ဤတွင် ကျိရှမ်းကမ်းပါးသည် ရှန့်ထိုမရှိသော မြေရိုင်းပြည်နယ်အား အမြဲတမ်းအားဖြင့် လိုချင် တပ်မက်ခဲ့သည်။ သူတို့သာ မြေရိုင်းပြည်နယ်အား သိမ်းပိုက်နိုင်ခဲ့လျှင် တော်ဝင်ကျဲ နန်းတော်မှ ရှန့်ထို အမွေအနှစ်များ၊ တော်ဝင် ရတနာများနှင့် အရည်အသွေး မြင့်မားသော လူငယ် ပါရမီရှင်များကို ပိုင်ဆိုင်နိုင်ပေမည်။

တော်ဝင်ကျဲနန်းတော် အပြင်ဘက် တိုက်ပွဲ၏ အကြောင်းအရင်း မှာလည်း ထိုရည်ရွယ်ချက်ပင် ဖြစ်သည်။ ပြဿနာ၏ အရင်းအမြစ်မှာ ကျန်းရှာနှင့် ဂူတုံးလျိုတို့အကြား ရန်ငြိုးကြောင့် ဖြစ်လာခဲ့သော်လည်း နောက်ကွယ်၌ ရှန့်ထိုကျဲ၏ လောဘရမ္မက်များ ကပ်ငြိနေမည်မှာ သေချာပေသည်။ ဖြစ်စဉ် တစ်ခုလုံး၌ ရှန့်ထိုကျဲ၏ တွန်းအားသာ မပါခဲ့လျှင် ခွန်ယိုတို့လည်း ထိုမျှ အတင့်ရဲခဲ့မည် မဟုတ်ပေ။ ယခင် နန်းတော် သခင်ဟောင်းနှင့် လျူချန်းတို့၏ မိမိကိုယ်ကိုယ် စတေးကာ အင်ပါယာရှားအား ဖိတ်ခေါ်ခြင်း မပြုခဲ့လျှင် ထိုစဉ်ကတည်းက တော်ဝင်ကျဲ နန်းတော်မှာ အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။

ကျိရှမ်းကမ်းပါးမှာ များစွာသော တောင်ကမ်းပါးများ တည်ရှိရာနေရာ၌ တည်ဆောက် ထားသည်။ ထိုနေရာကား မရေမတွက်နိုင်သော ယွီပြည်နယ်သားများ အထွတ်အမြတ် ထားရာ နေရာလည်း ဖြစ်သည်။ ယခု ထိုနေရာကား တိတ်ဆိတ် နေသည်။ တောင်နောက်တွင် လူတစ်ယောက် တိတ်ဆိတ်စွာ လေ့ကျင့်နေသည်။ သူကား ကျိရှမ်းကမ်းပါး သားတော်ကိုးပါး၏ ခေါင်းဆောင် ဖြစ်သော ကီဖုန်းဖြစ်သည်။ သူကား ပြည်နယ်ကိုးခု ရှီအဆင့်ဝင်လည်း ဖြစ်၏။ သူကား ကျင့်ကြံခြင်းတွင်သာ အားစိုက် လေ့ကျင့်နေခဲ့သည်မှာ အတော်ကြာပြီ ဖြစ်ကာ လာမည့် ပြည်နယ်ကိုးခု ရှန့်ထိုတိုက်ပွဲအတွက် ကြိုတင် ပြင်ဆင်နေသည်။

နောက်ထပ် ပြည်နယ်ကိုးခု ရှန့်ထိုတိုက်ပွဲ ရောက်လာရန် သိပ်မလိုတော့ပေ။ ထိုအချိန်တွင် ပြည်နယ်ကိုးခုမှ ရှီတန်ခိုးရှင်များ အားလုံး အပြင်းအထန် ယှဉ်ပြိုင် ကြပေလိမ့်မည်။ သူက ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်၌ ရှိသော်လည်း သူ့တွင် ဖိအားများစွာ ရှိပေသည်။ ရှန့်ထို တိုက်ပွဲတိုင်း၌ ရှန့်ထိုဖြစ်လာရန် ထိုက်တန်သည်ဟု သက်သေပြနိုင်သူများမှာ လက်ချိုးရေ၍ ရပေသည်။

ထို့အပြင် ကျိရှမ်းကမ်းပါးမှာ တော်ဝင်ကျဲ နန်းတော်နှင့် စစ်ခင်းရန် ဆုံးဖြတ်ပြီး ဖြစ်သည်။ သူက မြေရိုင်းပြည်နယ်မှ တန်ခိုးရှင်များဖြင့် မိမိကိုယ်ကို လေ့ကျင့် နိုင်ပေသည်။

ကမ်းပါးကို လေပြင်းများ တိုက်ခတ်လာခဲ့ရာ ကီဖုန်းက သူ၏ မျက်လုံးများအား ဖွင့်လိုက်သည်။ ထိုစဉ် မသက်မသာ ခံစားချက်တစ်ခုက အလိုအလျောက် ဖြစ်ပေါ်လာသည်။ သူကား စိတ်ကို တည်ငြိမ်အောင် မည်သို့မှ ထား၍ မရပေ။ ထိုခံစားချက် မည်သည့်နေရာက လာကြောင်း သူမပြောတတ်။

ကီဖုန်း လေ့ကျင့်ခြင်းကို ရပ်တန့်လိုက်ကာ ထိုနေရာမှ လျှပ်တစ်ပြက် ထွက်ခွာ လာခဲ့သည်။ တန်ခိုးရှင်များ အတွက် ကောင်းကင်နှင့် မြေပြင်တို့၏ သဘာဝ စွမ်းအားများကို ခံစား သိမြင်နိုင်ရာ မမြင်နိုင်သော အကြောင်း တရားများလည်း ထိုအထဲတွင် ပါဝင်သည်။ သူ၏ တန်ခိုးအဆင့်ဖြင့် မသက်မသာ ခံစားရသည် ဆိုရာတွင် တစ်ခုခု ဖြစ်လာတော့မည်ဟု သူ ထင်မြင်သည်။

မကြာမီ ကီဖုန်းက ခန်းမဆောင် တစ်ခုသို့ ရောက်လာခဲ့ပြီး နောက်ထပ် တန်ခိုးရှင် တစ်ယောက် ဖြစ်သော နေ့ရန်နှင့် တွေ့သည်။ ပြည်နယ်ကိုးခု ရှီအဆင့်၌ ကျိရှမ်းကမ်းပါးမှ သုံးယောက် စာရင်းဝင်ကာ သူတို့မှာ ခွန်ယို၊ နေ့ရန်နှင့် ကီဖုန်းတို့ ဖြစ်ကြသည်။ သူတို့အားလုံး တော်ဝင်ကျဲနန်းတော် အပြင်ဘက် တိုက်ပွဲ၌ ပါဝင်ခဲ့ကြ၏။

“စီနီယာအစ်ကို...” ကီဖုန်းက အော်သည်။

နေ့ရန်က သူ့အား ကြည့်ကာ မေးသည်... “မင်း တံခါးပိတ် လေ့ကျင့်နေရမှာ မဟုတ်ဘူးလား”

“ကျုပ်က ဘာမှန်းမသိဘူး၊ မသက်မသာ ခံစားနေရတယ်။ ဆရာက ရှီဟွာတောင်သို့ သွားခဲ့တယ်။ အဲဒီမှာများ တစ်ခုခု ဖြစ်နေတာလား” ကီဖုန်းက ပြောသည်။

“ရှန့်ထို ခေါင်းဆောင်ရဲ့ အဆင့်နဲ့ သူဘာမှ ဖြစ်မှာ မဟုတ်ဘူး” နေ့ရန်က ပြောသည်။

“ကျွန်တော် မသက်မသာ ခံစားနေရတုန်းပဲ။ ဆရာဦးလေးကို အစ်ကိုက ဘာလို့ သွားမတွေ့တာလဲ” မီးတောက်ရှန့်ထိုကား နေ့ရန်၏ ဆရာဖြစ်သည်။

“ဆရာ အခု ကျင့်ကြခြင်းကို အားစိုက် နေတယ်။ ငါသူ့ကို အနှောင့်အယှက် ပြုလို့မရဘူး။ တစ်ခုခု ဖြစ်ရင်တောင် ရှန့်ထို ခေါင်းဆောင်နဲ့ ဆရာ ဖြေရှင်းနိုင်တယ်” နေ့ရန်က ပြောသည်။

ကီဖုန်းက အသာအယာ ခေါင်းညိတ်ကာ အဝေးသို့ ကြည့်သည်။ သူက စိုးရိမ်လွန် နေခြင်းလည်း ဖြစ်မည်။ ဘာဖြစ်မည်ကို သူ မသိပေ။

***

ထိုအခိုက်တွင် လူတစ်စုသည် လေထဲမှနေ၍ မြေရိုင်းပြည်နယ်မှ ယွီပြည်နယ်ရှိရာ အရပ်သို့ ဦးတည် သွားနေကြသည်။ ရှေ့ဆုံးမှ ဦးဆောင် ပျံသန်းနေသူကား တုတ်ခိုင် သန်မာကာ နတ်ဘုရားအလား ထည်ဝါ ခန့်ညားသည်။ သူ၏ခန္ဓာကိုယ်ကား တော်ဝင် အလင်းများဖြင့် ပြည့်နှက်နေကာ ဘေးမှ တန်ခိုးရှင်များသို့ပင် ခြုံလွှမ်းထားနိုင်၏။ သူ၏ခြေထောက်မှ အလင်းများ ဖြာထွက်လာခဲ့ကာ သွေးကြောမများ ပွင့်လာခဲ့သည်။ ယခု ထောင်ကျန်းသည် ရှန့်ထိုဖြစ်ရကား သူ့အမြန်နှုန်းမှာလည်း အလွန် မြန်ဆန်လွန်းသည်။

ရီဖူရှင်းက သူ့အား မြေရိုင်းပြည်နယ်မှ လူများအား ကျိရှမ်းကမ်းပါးသို့ ခေါ်ဆောင်လာရန် ညွှန်ကြားခဲ့၏။ သူက သည်နေ့ သည်ရက်အား စောင့်စားနေသည်မှာ အလွန် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခင်နှစ်များစွာ အကြာက မြေရိုင်းပြည်နယ် အပေါ်တွင် ကျိရှမ်းကမ်းပါးမှ လုပ်ဆောင်ခဲ့သည်များအား သူ မမေ့ပေ။

ယခု ထိုကိစ္စအား အဆုံးသတ် ရပေတော့မည်။

သိမ်းငှက်နက် သည်လည်း သူ့နောက်မှ လိုက်ပါ လာနေခဲ့၏။ သိမ်းငှက်နက်ထံမှ ရီဖူရှင်း၏ သတင်းများကို အချိန်နှင့် တစ်ပြေးညီ သူ သိနိုင်ပေသည်။

ယွီပြည်နယ်ကား မြေရိုင်းပြည်နယ်နှင့် အလွန် နီးကပ်ပေသည်။ သို့တိုင်အောင် ကျေးရွာ ခေါင်းဆောင်ကား ရှေးဦးစွာ ရောက်ခဲ့သည်။ သူက ကျိရှမ်းကမ်းပါးနှင့် သိပ်မဝေးသော တစ်နေရာမှ စောင့်ဆိုင်းနေ၏။ ထို့နောက်တွင် ထောင်ကျန်း အမှူးပြုသော နန်းတော်မှ တန်ခိုးရှင်များ ရောက်လာကြသည်။ လူက သိပ်မများသော်လည်း အားလုံးမှာ အကောင်းဆုံး လက်ရွေးစင် တိုက်ခိုက်ရေး သမားများ ဖြစ်ကြသည်။ သူတို့အားလုံးမှာ တိုက်ခိုက်ရေး ဝင်္ကပါအား ဖွဲ့စည်းနိုင်ကြသည်။

တော်ဝင်ကျဲ နန်းတော်နှင့် ကျောက်ပြည်ထောင်တို့ အကြား တိုက်ခိုက်ရေး ဝင်္ကပါ အသုံးပြု မရသော်လည်း ယခုက ကျိရှမ်းကမ်းပါးကို တိုက်ခိုက်ခြင်း ဖြစ်သည်။

“ဆရာ...” ထောင်ကျန်း ရောက်လာသည်တွင် ရီဖူရှင်းက ခေါ်သည်။

ထောင်ကျန်းက ရီဖူရှင်းအား ကြည့်သည်။ ဓားမိစ္ဆာ၊ ကျူးကော့ချန်းဖန်၊ ယူစီနှင့် တခြားလူများ၏ မျက်လုံးများ ထဲတွင်လည်း သတ်ဖြတ်လိုသော အငွေ့အသက်များ ယှက်သန်း လာခဲ့သည်။ ကျိရှမ်းကမ်းပါးနှင့် တိုက်ပွဲမှာ ပြည်နယ်ကိုးခု ရှန့်ထိုပြိုင်ပွဲ အပြီး၌သာ ဖြစ်လိမ့်မည်ဟု သူတို့ ထင်မှတ်ခဲ့ ကြသော်လည်း သူတို့ မျှော်မှန်းထားသော နေ့ကား မြန်ဆန်စွာ ရောက်လာခဲ့ပြီ ဖြစ်သည်။

“သွားစို့...” ရီဖူရှင်းက ပြောသည်။ အားလုံးကလည်း ကျိရှမ်းကမ်းပါးသို့ ဦးတည် လိုက်ကြ၏။

ကျိရှမ်းကမ်းပါးကား ယွီပြည်နယ်တွင် အင်အား အကြီးဆုံး ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာသည့်တိုင် သူတို့ကား ပြည်နယ် အတွင်း၌ ပြိုင်ဘက်မဲ့ကာ ငြိမ်းချမ်းခဲ့သည်။ တော်ဝင်ကျဲ နန်းတော်ကို တစ်ကြိမ် သွားရောက် တိုက်ခိုက်ပြီး နောက်ပိုင်း သူတို့ကား တိုက်ခိုက်ခြင်း မရှိသည်မှာ အချိန်လွန်စွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ခုခံခြင်းနှင့် ပတ်သက်၍ ထိုမျှ အလေးအနက် ထားခြင်း မရှိခဲ့ကြပေ။ ထို့ကြောင့် ကျိရှမ်းကမ်းပါးမှာ တိုက်ပွဲအတွက် လုံလောက်သော ပြင်ဆင်မှုများ လုံးဝ ကင်းမဲ့ နေခဲ့သည်ဟု ပြောရပေမည်။

ကျိရှမ်းကမ်းပါး၏ ခန်းမဆောင်ထဲတွင် အဘိုးအို တစ်ယောက်ထံမှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာပြီး မျက်လုံးများအား ဖွင့်လိုက်သည်။ သူက ပြင်းထန်သော အန္တရာယ် အငွေ့အသက်များအား ခံစားရသည်။ မမြင်ရသော လေလှိုင်းများ အခန်းထဲ လှုပ်ခတ် လာခဲ့၏။ သူ၏ စိတ်စွမ်းအားများ ကျိရှမ်းကမ်းပါး တစ်ခုလုံးသို့ ဖြန့်ကြက်လာခဲ့သည်။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားတစ်ခု ကောင်းကင်သို့ ပြည့်နှက်လာခဲ့ကာ ရုတ်တရက် သူ၏ စိတ်စွမ်းအားက ထိုနေရာသို့ တိုးဝင်သွားခဲ့သည်။ ကြီးမားသော စစ်တပ်တစ်ခု ချီတက် လာသည်ကို သူ ခံစားမိသည်။

ချက်ချင်းပင် မီးတောက်ရှန့်ထိုမှာ အလွန် ထိတ်လန့် လာခဲ့သည်။

“ဘယ်သူတွေလဲ...” မီးတောက်ရှန့်ထို၏ စိတ်အသိက မီးနဂါးတစ်ကောင် အဖြစ် ပြောင်းလဲ သွားကာ အပြင်သို့ ထွက်သွားသည်။

ကျေးရွာ ခေါင်းဆောင်က သူရှိရာ အရပ်သို့ ပျံသန်းလာသော မီးနဂါးအား မြင်သည်။ သူ၏စိတ်အသိက ဓားတစ်လက် အဖြစ် ပြောင်းလဲသွားကာ မီးနဂါးအား အစိတ်စိတ် အမြွှာမြွှာ ဖြစ်စေသည်။

ကျိရှမ်းကမ်းပါး ခန်းမ အပြင်ဘက်၌ မီးတောက် ရှန့်ထို၏ သဏ္ဌာန် ရုတ်တရက် ပေါ်လာခဲ့ကာ ကောင်းကင်သို့ ကြည့်လျက် အော်ဟစ်လိုက်သည်... “ကျိရှမ်းကမ်းပါးက လူတွေ အကုန်လုံး... ကျုပ်အမိန့်ကို နာခံကြ။ ရန်သူတွေ ကျူးကျော် လာတယ်။ တိုက်ပွဲအတွက် ပြင်ဆင်ကြ” သူ၏အသံက ကျိရှမ်းကမ်းပါး တစ်ခုလုံးကို ရိုက်ခတ် သွားသည်။ အားလုံး၏ စိတ်နှလုံးများ တုန်ခါ သွားကြသည်။ နှစ်ပေါင်းများစွာ ငြိမ်းချမ်းခဲ့သော ကျိရှမ်းကမ်းပါးကား ရန်သူများ ကျူးကျော်ခြင်းကို ခံရသည်။

ဘာဖြစ်ခဲ့သနည်း။

ချက်ချင်းပင် မရေမတွက်နိုင်သော ကိုယ်ရောင် ကိုယ်ဝါများ ထွက်ပေါ်လာကာ တန်ခိုးရှင်များ လေထဲသို့ ထိုးတက် လာခဲ့ကြသည်။ သူတို့က ကမ်းပါး အပြင်ဘက်သို့ ရောက်လာကာ မော့ကြည့်ကြသည်။ သူတို့အားလုံးမှာ ကျိရှမ်းကမ်းပါးထံသို့ ဦးတည် လာနေသော ကြောက်မက်ဖွယ်ရာ အရှိန်အဝါများအား ခံစားမိကြသည်။

ကုဖုန်းလည်း ကောင်းကင်ထက်၌ ပေါ်လာသည်။ သူကား မသက်မသာ ခံစားနေခဲ့ရသည်မှာ သူ၏ဆရာနှင့် ပတ်သက်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော်လည်း တကယ့် အန္တရာယ်မှာ ကျိရှမ်းကမ်းပါးနှင့် သက်ဆိုင်နေခဲ့သည်။

ကောင်းကင်မှ ပြင်းထန်သော အာကာသမုန်တိုင်း တစ်ခုနှင့်အတူ လူတစ်စု ဆင်းသက် လာသည်။ ရှေ့ဆုံးမှ သုံးယောက်တွင် ဘယ်မှမှ တစ်ယောက်ကား ပြင်းထန်သော ဓားအသိများ လွှမ်းခြုံနေပြီး ညာဘက် တစ်ယောက်မှာ နတ်ဘုရားအလား ကြီးမား တုတ်ခိုင်သောသူ ဖြစ်သည်။ အလယ်၌ ရပ်နေသူကား အလွန်ချောမောသော လူငယ်တစ်ယောက် ဖြစ်၏။ သူ၏ အဝတ်အစားမှာ နှင်းခဲများလို ဖြူဆွတ်သည်။ သို့သော် သူ၏ မျက်လုံးများက အေးစက် နေသည်။

“မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲ နန်းတော်” မီးတောက်ရှန့်ထို၏ မျက်နှာက အရုပ်ဆိုး သွားသည်။ မြေရိုင်းပြည်နယ်မှ ရှန့်ထိုနှစ်ပါး ရောက်လာသော်လည်း ယခု ကျိရှမ်းကမ်းပါး၌ ရှန့်ထိုဟူ၍ သူ တစ်ယောက်တည်းသာ ရှိသည်။ ထို့အပြင် ရှန့်ထိုကျဲမှာ ခွန်ယိုနှင့် တခြား စွမ်းအားမြင့် တန်ခိုးရှင်များအား ရှီဟွာတောင်သို့ ခေါ်ယူသွားခဲ့၏။

“ဒါ ဘာအဓိပ္ပာယ်လဲ” မီးတောက်ရှန့်ထို၏ မျက်လုံးများက ဒေါသခိုးများ ဆူဝေနေသည်။ သူ့အနီးမှလူများမှာ ပြင်းထန်သော အပူငွေ့များအား ခံစားကြရသည်။

“ကျိရှမ်းကမ်းပါးက မြေရိုင်းပြည်နယ်ကို တိုက်ခိုက်တဲ့အခါ သူတို့က နဂါးပတ်တောင်ကို အရင် တိုက်ခိုက်တယ်။ ပြီးတော့ ထိုက်ဟန်တောင်... ။ ကျုပ်တို့ ဆုံးရှုံးမှုက ကြီးတယ်။ ပြီးတော့ ခင်ဗျားတို့က တော်ဝင်ကျဲ နန်းတော်ကို တိုက်ခိုက်ပြီးတော့ ကျုပ်တို့ နန်တော်သခင် နှစ်ပါးကို သေစေခဲ့တယ်။ အခု ကျုပ်တို့မှာ ရှန့်ထို ရှိပြီဆိုမှတော့ သေချာပေါက် အလည် လာရမှာပေါ့” ရီဖူရှင်းက အော်ဟစ်သည်... “ကျုပ်တို့က တော်ဝင်စစ်ပွဲရဲ့ စည်းမျဉ်း စည်းကမ်း အတိုင်းပဲ တိုက်ခိုက်မယ်။ ရှန့်ထိုတွေက ရှန့်ထိုနဲ့ တိုက်ခိုက်မယ်။ ရှီတွေက ရှီတန်ခိုးရှင်တွေနဲ့ တိုက်ခိုက်မယ်။ ဒီစည်းမျဉ်းတွေကို ခင်ဗျားတို့ ချိုးဖျက်ရင် ကျုပ်တို့က ခင်ဗျားတို့ ကျိရှမ်းကမ်းပါးကို မြေလှန်ပစ်မယ် မှတ်ပါ”

“တောဝင်စစ်ပွဲရဲ့ စည်းကမ်း...” မီးတောက်ရှန့်ထိုက အေးစက်စွာ ပြောသည်… “ကျုပ်တို့အကြားမှာ တော်ဝင်စစ်ပွဲ မရှိဘူး။ မင်းက ငါတို့ကို အလစ် လာတိုက်ရဲတယ်။ အင်ပါယာရှား အပြစ်ပေးမှာ မကြောက်ဘူးလား” သူက မြေရိုင်းပြည်နယ်မှ ရှန့်ထိုနှစ်ပါးအား မည်သို့ ယှဉ်နိုင်မည်နည်း။ အထူးသဖြင့် ကျေးရွာ ခေါင်းဆောင်ကား ကျောက်ပြည်ထောင် ဘုရင်ကိုပင် ယှဉ်နိုင်သူ ဖြစ်သည်။ မီးတောက်ရှန့်ထိုကား ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်၌ အောက်ဆုံး၌ ရှိသူဖြစ်သည်။

“ခင်ဗျားတို့ တော်ဝင်ကျဲ နန်းတော်ကို တိုက်ခိုက်တုန်းက ကျုပ်တို့က အင်ပါယာရှားကို အသိပေးပြီးပြီ။ သူက ကျုပ်တို့အကြား ရန်ငြိုးကို သိတယ်။ ပြီးတော့ ခင်ဗျားတို့ ရှန့်ထိုခေါင်းဆောင်က ကျုပ်တို့ တော်ဝင်ကျဲနန်းတော်ကို တိုက်ခိုက်မယ်လို့ ရှီဟွာတောင်မှာ ကြေညာပြီးပြီ။ အင်ပါယာရှားက အဲဒါကို စုံစမ်း သိရှိနိုင်တယ်”

ကျိရှမ်းကမ်းပါးမှ လူများ၏ မျက်နှာများမှာ ပျက်ယွင်း သွားကြသည်။ ရှန့်ထိုရှားက တော်ဝင်ကျဲ နန်းတော်ကို တရားဝင် စစ်ကြေညာ ခဲ့သည်လား။

သို့သော် မြေရိုင်းပြည်နယ်က မည်သို့ သူတို့၏ စစ်တပ်အား မြန်ဆန်စွာ ရွေ့လျား နိုင်ခဲ့သနည်း။

“တိုက်...”

ရီဖူရှင်းက ပြတ်သားစွာ အမိန့်ပေးသည်။

ယနေ့ ကျိရှမ်းကမ်းပါးအား သွေးများ စွန်းစေမည်။

ဘုန်း...

ကျယ်လောင်သော အသံနှင့်အတူ ရီဖူရှင်း ရှေ့သို့ တိုးဝင်သွားသည်။ ထောင်ကျန်းထံမှ ရောင်စဉ်ရောင်ဝါများ ဖြာထွက်လာခဲ့၏။ သူ၏ သက်စောင့်ဝိညာဉ်နှင့် ထောင်ကျန်း ခန္ဓာကိုယ်တို့မှာ တစ်ခုတည်း အဖြစ် ပေါင်းစည်းသွားခဲ့ပြီး ပင်ကိုမူလ အရွယ်အစားမှာ ဧရာမ ကြီးမားလာခဲ့၏။ သူက နတ်ဘုရား တစ်ပါးအလား မီးတောက် ရှန့်ထိုထံသို့ ဆင်းသက် လာခဲ့သည်။

မီးတောက်ရှန့်ထိုက မော့ကြည့်သည်တွင် သူ၏မီးတောက်များ ကောင်းကင် တစ်ခွင်သို့ ထိုးတက် လာခဲ့သည်။ သို့သော်လည်း နတ်ဘုရားအလား သဏ္ဌာန်မှာ အကြောက်အရွံ့ ကင်းမဲ့၏။ မီးတောက်များ သူ့အပေါ်သို့ လောင်ကျွမ်းစေကာ နတ်ဘုရား အလင်းအား ပိုမို ထည်ဝါစေခဲ့၏။ မီးတောက်များမှာ ရွှီလင်သတ္တဝါဆန်း အသွင်သို့ ပြောင်းသွားပြီး ကောင်းကင်နှင့် မြေပြင်အား ဝါးမျိုတော့မည့် အသွင်ဖြင့် ထောင်ကျန်းထံသို့ ရောက်လာခဲ့၏။

ထောင်ကျန်းက ဆက်လက်၍ ဆင်းသက် လာသည်။ သူကား သွေးကြောမ ခုနစ်ခုအား ဖွင့်လျက် မြန်ဆန်စွာ ဆင်းသက်လာခြင်း ဖြစ်သည်။ သူ့ထံသို့ နတ်ဘုရား အလင်းများ စုစည်းလာလျှင် မြေပြင်အား လက်သီးဖြင့် ထုရိုက်သည်။ ကျယ်လောင်သော အသံနှင့်အတူ ထောင်ကျန်းက ရွှီလင်အား ထိုးခွင်း ပျက်စီးစေခဲ့သည်။ ပြင်းထန်သော တိုက်ခိုက်မှုက ကျိရှမ်းကမ်းပါး တစ်ခုလုံးအား တုန်ခါစေသည်။ မြေပြင်၌လည်း များစွာသော အက်ကွဲကြောင်းများ ဖြစ်လာခဲ့၏။ အဆောက်အဦ များစွာ ပျက်စီးပြိုလဲ ကြသည်။

“မင်း အပေါ်မှာ တိုက်ခိုက်ချင်လား။ ကျိရှမ်းကမ်းပါးမှာ တိုက်ရိုက် တိုက်ခိုက်မလား” ထောင်ကျန်း၏ နတ်ဘုရား အလားသဏ္ဌာန်က မီးတောက်ရှန့်ထို ရပ်နေခဲ့သော နေရာသို့ ရောက်လာပြီး ပြောသည်။ မီးတောက်ရှန့်ထိုကား လေထဲတွင် ပျံသန်းရင်း ရုန့်ရင်းကြမ်းတမ်းသော ထောင်ကျန်းအား အေးစက်စွာ ပြန်ကြည့်သည်။

***

All Chapters