← Chapters

ရင်းနှီးနေသော မျှော်စင်

Vol. 79 Ch. 1096

ရင်းနှီးနေသော မျှော်စင်

Vol. 79 Ch. 1096

လျူစုယင်နှင့် ဝေ့ဝူယင်တို့မှာ အချိန်လေပွေမှ ထွက်ခွာကာ နောက်ထပ် ကောင်းကင် သင်္ဘောတစ်စင်းထဲကို ရောက်ရှိ နေကြပြီ ဖြစ်သည်။ လမ်းတစ်လျှောက်၌ လျူစုယင်၏ အမူအရာမှာ အနည်းငယ် ထူးဆန်းကာ တိတ်ဆိတ် နေခဲ့သည်။ တစ်ချက်တစ်ချက်တွင်တော့ စိတ်ဝင်စားသည့် အငွေ့အသက် တစ်ချို့မှာ သူမ မျက်ဝန်းများထဲတွင် ဖြတ်ပြေး သွားနေခဲ့၏။

ထိုင်ခုံ၌ အတန်ကြာ ထိုင်ပြီးနောက်တွင်တော့ သူမကပင် စတင်ကာ စကား ပြောလိုက်လေ၏။

“ကောင်လေး... အရမ်းကို အဖိုးတန်ပြီး ကောင်းကင်က ဖန်ဆင်းပေးသလို အခွင့်အရေးကို မင်း လွဲချော်သွားတော့မလို ဖြစ်သွားတာ သိရဲ့လား”

ဝေ့ဝူယင်က ပြုံးရင်း ကောင်းကင် သင်္ဘော၏ ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကာ ငေးကြည့်လိုက်သည်။

“ကာကွယ်သူ မြို့တော်ထဲမှာ အနန္တ အသွင်ပြောင်းခြင်း ခရီးသွား အကယ်ဒမီက တစ်ခုတည်းပဲ ရှိတဲ့ အကယ်ဒမီလား”

သူက စကားလမ်းကြောင်း ပြောင်းရန် ကြိုးပမ်းလိုက်၏။

“...”

လျူစုယင်က ပြန်မဖြေပဲ ဝေ့ဝူယင်ကို စိုက်ကြည့်လိုက်သည်။ သူမ စိတ်ထဲ၌ ပေါက်ကွဲထွက်စရာ ဒေါသများ အတောင့်လိုက် ရှိနေသော်လည်း လူငယ်၏ ချောမောလှသော မျက်နှာက လေအေး တစ်ချက် ဝှေ့လိုက်သလို တောက်လောင်နေသည့် မီးတောက် အားလုံးကို ပြန်လည် ငြိမ်းသေ သွားစေခဲ့သည်။ သူမက သက်ပြင်းတစ်ချက် ချလိုက်၏။

“အကယ်ဒမီတွေကတော့ တစ်ခုတည်းပဲ ရှိတာတော့ မဟုတ်ဘူးပေါ့... ဒါပေမဲ့ ဖန်တီးခြင်း ပညာရှင်တွေ အတွက် အကယ်ဒမီကတော့ အဲဒီ တစ်ခုတည်းရယ်... အနည်းဆုံးတော့ တင်းကြပ်တဲ့ စည်းမျဉ်းတွေ ရှိပေမဲ့ ခွင့်ပြုချက် တစ်ချို့ရှိတဲ့ တစ်ခုတည်းသော အကယ်ဒမီပေါ့လေ”

“အလွှာကြားက လောကမှာ တစ်ခြား အဖွဲ့အစည်းတွေ ရှိသေးတာလား...”

ဝေ့ဝူယင်က မေးလိုက်၏။ လျူစုယင်က အလိုက်သင့်ပင် ခေါင်းညိတ်လိုက်သည်။

“ဒါပေါ့.... အထူးသဖြင့် မြို့သုံးမြို့ကြားမှာပေါ့လေ... အခြေအနေ တစ်ခုလုံးက တစ်ထိုင်တည်းနဲ့ ရှင်းပြဖို့ အတွက် ရှုပ်ထွေးလွန်းတယ်... ဒါပေမဲ့ အရိုးရှင်းဆုံး ပြောရမယ် ဆိုရင် မြို့တော်သခင်တွေက အမွေအနှစ်တွေကို ထိန်းချုပ်ထားပြီး ဘာကို သိသင့်တယ် မသိသင့်ဘူး ဆိုတာ ဆုံးဖြတ်ပေးတယ်...“

“ချိပ်ပိတ် နယ်မြေတွေမှာရော အဲဒီလို စည်းမျဉ်းတွေ ရှိလား...”

အနည်းငယ် စဉ်းစားပြီးနောက် ဝေ့ဝူယင် ထပ်မေးလိုက်၏။ အကာသ ဝေဟင်ဂိုဏ်းနှင့် အဆုံးမဲ့ မြို့တော်တို့မှာ အဆုံးမဲ့ ကောင်းကင် အပါအဝင် ချိပ်ပိတ် နယ်မြေ တစ်ခုလုံးကို စောင့်ကြည့် နေကြကြောင်း အလွှာကြားက လောကို ရောက်ရှိပြီးနောက် သူ သိရှိလာရသည်။ သို့သော်လည်း... မှတ်တမ်းများ အရ ဆိုလျှင်တော့ သူတို့မှာ ချိပ်ပိတ် နယ်မြေ၏ သမိုင်းကြောင်းနှင့် တိုးတက်လာမှုတို့တွင် တစ်ကြိမ် တစ်ခါမှ ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွက်ဖက်ခြင်းမျိုး မရှိခဲ့ဖူးချေ။

“မရှိဘူး... အဲ... မရှိဘူး ဆိုတာထက် အခြေအနေချင်း မတူညီဘူးလို့ ပြောရင် ပိုမှန်လိမ့်မယ် ထင်တယ်... အလွှာကြားက လောကမှာ ချိပ်ပိတ် နယ်မြေ အတွက်လည်း သေချာတဲ့ ကန့်သတ်ချက်တစ်ချို့ ရှိတော့ ရှိတယ်... ဒါ‌ပေမဲ့ အဲဒါတွေက လမ်းညွှန်ချက်ဘက်ကို ပိုယိမ်းတယ်... အကြွင်းမဲ့ လိုအပ်တဲ့ အခြေအနေ မဟုတ်သရွေ့ ငါတို့ ဝင်မပါဘူး...”

စကားကို အဆုံးသတ်လိုက်ပြီး နောက်မှ လျူစုယင်၏ မျက်ဝန်းများက အနည်းငယ် အရောင်ပြောင်းသွားကာ ဆက်ပြောလိုက်သည်။

“အနည်းဆုံး ရေစက်ကြိုး ပိုင်ရှင်တွေ၊ ရှာဖွေသူတွေနဲ့ ဂိုဏ်းဝင်တွေပေါ့လေ”

ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။

“ဆိုတော့... အဂ္ဂိရတ် အချက်အလက်တွေကို ချိပ်ပိတ် နယ်မြေတွေမှာ ကန့်သတ် မထားဘူးပေါ့... နောက်ပြီး ပထမံ မွေးဖွားခြင်းလို ပုဂ္ဂိုလ်တွေကတော့ ချိပ်ပိတ်နယ်မြေတွမှာ လွတ်လွတ်လပ်လပ် ဝင်ပြီး စွက်ဖက်နိုင်တယ်ပေါ့”

“သေချာတဲ့ အခြေအနေ တစ်ခုမှာပေါ့လေ... ချိပ်ပိတ်နယ်မြေတွေရဲ့ တည်ငြိမ်မှု အတွက် တစ်ခါတစ်ရံမှာ အလွှာကြားက လောက သူတို့ကို ပါဝင်စေတယ်... ဒါပေမဲ့ မလိုအပ်တဲ့ အချက်အလက်တွေ ပျံ့နှံ့ မသွားစေဖို့ အတွက်တော့ သူတို့ရဲ့ ဗဟုသုတကို ကျိန်စာတွေနဲ့ ထိန်းချုပ်ထားတယ်”

"မလိုလားအပ်တဲ့ အချက်အလက်တွေ...”

ထိုအသုံးအနှုန်းကို ဝေ့ဝူယင် စိတ်ထဲမှ ပြုံးလိုက်မိ၏။ အကယ်၍ ချိပ်ပိတ်နယ်မြေ အတွင်းရှိ ကျင့်ကြံသူများသာ သူတို့ မှီတင်း နေထိုင်ရာ လောကကြီး တစ်ခုလုံးမှာ ဧရာမ မွန်းစတားကြီး တစ်ကောင်ကို ချိပ်ပိတ်ရန် တည်ဆောက်ထားသည့် လှောင်အိမ်ကြီး ဖြစ်ကြောင်း သိရှိသွားပါက ကမ္ဘာပျက်သလို ပုန်ကန်မှုများ ကျိန်းသေ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။

“ခုနက ပြောတဲ့ ကန့်သတ်ချက်တွေ ဆိုတဲ့ထဲမှာ လောကရှန့်ထိုတွေနဲ့ လောက အဂ္ဂိရတ် ရှန့်ထိုတွေရော ပါလား”

ဝေ့ဝူယင်က ဆက်လက်၍ မေးလိုက်၏။ မှတ်တမ်းများ အရဆိုလျှင်... ထာဝရ ဧကရာဇ်မှာ လောက အဆင့် အဂ္ဂိရတ် ရှန့်ထို အဆင့်ကို တက်လှမ်ပြီး အချိန်တို အတွင်းမှာပင် ချိပ်ပိတ် နယ်မြေထဲမှ ပျောက်ကွယ် သွားခဲ့ရခြင်း ဖြစ်သည်။ ယင်းက သံသယ ဖြစ်စရာ ကောင်းလွန်းလှကာ မည်သည့် အပေါင်းအဖော်ကိုမှ အတူခေါ်ဆောင် မသွားခဲ့ပါချေ။

“...”

လျူစုယင်မှာ ဝေ့ဝူယင် မည်သည့် ပုဂ္ဂိုလ်ကို ရည်ညွှန်းကာ မေးမြန်းခြင်း ဖြစ်ကြောင်း တန်းကာ သတိပြုမိလိုက်၏။ သို့သော်လည်း သူမက အဖြေ ဖြေဆိုဖို့ တုန့်ဆိုင်းနေခြင်း မရှိပါချေ။

“ပါတယ်...”

”ဒါဆို သူတို့က ချိပ်ပိတ်နယ်မြေ ပြင်ပမှာ လွတ်လပ်ခွင့် ရသွားကြလား”

"လောက အဂ္ဂိရတ် ရှန့်ထိုတွေကတော့ ရတယ်...”

လျူစုယင်က တစ်ပိုင်းတစ်စ အဖြေပေးလိုက်၏။ ဝေ့ဝူယင်၏ မျက်လုံးများက မသိမသာ တောက်ပသွားကာ ထပ်မံ၍ မေးလိုက်သည်။

“လောကရှန့်ထို အဆင့်တွေကျတော့ရော...”

"လောကရှန့်ထို အဆင့်ကို ရောက်ဖို့ မဖြစ်နိင်ဘူး...”

လျူစုယင်က ခေါင်းကို ခါလိုက်၏။ အသေးစိတ် ရှင်းပြဖို့ ဝေ့ဝူယင် မျှော်လင့်မိသေးသော်လည်း သူမက ထိုထက် ပို၍ ဘာကိုမှ မပြောတော့ချေ။

ယခုတစ်ကြိမ်တွင်တော့... ဝေ့ဝူယင် တိတ်ဆိတ် သွားခဲ့၏။ ချိပ်ပိတ်နယ်မြေများ အတွင်း လေကရှန်ထို အဆင့်ကို ရောက်ရှိရန် အဘယ်ကြောင့် မဖြစ်နိုင်ရသနည်း။ ဟင်းလင်းပြင် ကြေးမုံ၏ ချိပ်ပိတ် အစီအရင်ကပဲ လောကရှန့်ထို အဆင့်များ ဖြစ်ပေါ် မလာအောင် တားဆီးထားသလော။ ထိုသို့ဆိုလျှင် အဆုံးမဲ့ ကောင်းကင် အင်ပါယာကရော မည်ကဲ့သို့နည်း။

မဟာစက်ဝန်း ကြယ်ကွင်းပြင်ရှိ အင်အားစု အများစု ယုံကြည်ထားသလောက် ဆိုလျှင် ထိုပုဂ္ဂိုလ်ကြီးမှာ လောရှန့်ထို တစ်ယောက် ဖြစ်သည်။ ထိုအရာက တကယ် မဟုတ်သည်လော။

ဝေ့ဝူယင် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ အလွှာကြားက လောက ခရီးစဉ်မှာ သူ့အတွက် များစွာသော ပဟေဠိများ၊ မေးခွန်းများကို ဖြေရှင်းပေးခဲ့ပေသည်။ သို့သော်လည်း... တစ်ချိန်တည်း၌ နောက်ထပ် နောက်ထပ်သော ပဟေဠိများစွာကို မွေးဖွား လာစေခဲ့သည်။

ဟူး...

အသိစိတ် ပင်လယ် အတွင်းတွင်တော့ ဝေ့ဝူယင်၏ ပင်မ စိတ်နှင့် တိုက်ရိုက် ချိတ်ဆက်နေသည့် စိတ်ကိုယ်ပွားမှာ ဖြည်းညင်းစွာ ပေါ်လွင်လာခဲ့၏။ ၎င်းက လူသား အသွင်နှင့် အတူ ကောင်းကင် စစ်ဝိညာဉ် တည်ရှိရာ ဧဒင် အမြစ်များ ကြားကို ပျံသန်း သွားခဲ့သည်။ သူ့ထံတွင် မေးမြန်းစရာ တစ်ချို့ ရှိနေခဲ့ပြီ ဖြစ်သည်။

...

သုံးရက်တိတိ ခရီးနှင်ပြီး နောက်၌ ဝေ့ဝူယင်နှင့် လျူစုယင်တို့မှာ နောက်ထပ် ပန်းတိုင် တစ်ခုကို ထပ်မံ၍ ‌ရောက်ရှိလာခဲ့ကြသည်။ ခရီးသွား အကယ်ဒမီမှာ မိုးထိအောင် မြင့်မားလှသည့် ကြီးကျယ် ခမ်းနားလှသော ငွေရောင် မျှော်စင်ကြီး ဖြစ်သည်။ ၎င်း၏ ပတ်လည်တွင်တော့ များလှစွာသော အဆောက်အအုံများမှာ ဝန်းရံနေ၏။

ထိုအဆောက်အအုံများအား တွေ့တွေ့ချင်း ဝေ့ဝူယင် စိတ်အတွင်း ပထမဆုံး ဝင်ရောက်လာသည်က သုံးလွှာ ကြယ်တာရာ နယ်မြေမှ အဂ္ဂိရတ် အစည်းအရုံး၏ ဌာနချုပ် ဖြစ်သည်။

“လမ်းစဉ် ခုနစ်သွယ် အနန္တ မျှော်စင်...”

ခရီးသွား မျှော်စင်မှာ ထိုနေရာနှင့် ဒီဇိုင်း တည်ဆောက်ပုံချင်း အတိအကျ တူညီနေရုံမျှ မကချေ။ အော်ရာနှင့် ရည်ရွယ်ချက်ပင်လျှင် တစ်ထပ်တည်း တူညီနေသယောင် ခံစားရ၏။ သိပ်သည်းဆနှင့် အရွယ်အစားက အဆတစ်ထောင်ခန့် ပိုမို ကြီးကျယ်ရုံသာ ဖြစ်ပေသည်။

လျူစုယင်က အံ့သြဘနန်း ဖြစ်နေပုံ ပေါ်သည့် ဝေ့ဝူယင်ကို ကြည့်ကာ လှပစွာ ပြုံးလိုက်၏။ သို့သော်လည်း... ထိုအပြုံးက စက္ကန့်ဝက်စာမျှ အတွင်းမှာပင် မုန်တိုင်းကြားမှ မီးခိုးငွေ့ တစ်ခုလို မသိမသာ ပြန်လည် ပျောက်ကွယ် သွားသည်။

“အနန္တ အသွင်ပြောင်းခြင်း ခရီးသွား အကယ်ဒမီကနေ ကြိုဆိုပါတယ်...”

သူမက စတင် မိတ်ဆက် လိုက်လေတော့၏။

***

All Chapters