← Chapters

ထူးဆန်းသည့် မိန်းကလေး

Vol. 79 Ch. 1098

ထူးဆန်းသည့် မိန်းကလေး

Vol. 79 Ch. 1098

စိတ်ပျက်သည့် အငွေ့အသက်လှိုင်းလုံးများမှာ များလှစွာသော ကျင့်ကြံသူများ၏ မျက်လုံးများထဲ၌ ပေါ်လာခဲ့သည်။ သို့သော်လည်း မည်သူမှ ထွက်ခွာ မသွားကြပါချေ။

ရွေ့ဆိုင်းမှုက နေ့ပိုင်းလား... ရက်ပိုင်းလား... လပိုင်းလား... သူတို့ ဂရုမစိုက်ချေ။ နှစ်ပိုင်း အထိ စောင့်ရမည် ဆိုလျှင်ပင် ထိုအခွင့်အရေး အတွက် ဆက်လက် တိုးကြိတ် တန်းစီနေဦးမည်သာ ဖြစ်သည်။

ကျွီ...

နောက်ဆုံး၌ ဂိတ်တံခါးမှာ အပြည့်အဝ ပွင့်ဟသွားကာ လှပသည့် မိန်းမငယ်လေး တစ်ဦး ထွက်ပေါ်လာခဲ့လေသည်။ နူးညံ့ ချိုသာသည့် အသံကို ပိုင်ဆိုင်ထားသည့်တိုင် မိန်းကလေးမှာ ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် မတ်တပ်ရပ်နေကာ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း အဂ္ဂိရတ် အော်ရာများဖြင့် ပြည့်ဝနေသည်။

“သွားကြရ‌အောင်...”

လျူစုယင်က ပြောလိုက်၏။ ဝေ့ဝူယင် ဆွံ့အစွာဖြင့် သူမကို ကြည့်လိုက်မိသည်။ သူတို့ ပြန်လည် ထွက်ခွာ ကြတော့မည်လော။

သို့သော်လည်း... စိတ်ကူးနှင့် လက်တွေ့ ခြားနားစွာပင် လျူစုယင်မှာ ခြေထောက်များကို စတင် လှုပ်ရှားလိုက်ကာ ဂိတ်တံခါးထံကို ဦးတည် လိုက်လေသည်။ ချက်ချင်း ဆိုသလိုပင် မိန်းကလေးထံ၌ ထွက်ခွာရန် ရည်ရွယ်ချက် မရှိကြောင်း ဝေ့ဝူယင် သဘောပေါက်လိုက်သည်။ စိတ်လှုပ်ရှားစွာပင် သူ နောက်မှ လိုက်သွားခဲ့၏။

ဂိတ်တံခါးမှ ထွက်လာခဲ့သည့် မိန်းကလေးမှာ လှပကာ ပိန်ပါးသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ လျူစုယင်ကို တွေ့လိုက်ရသော အခိုက်၌ သူမက ပြုံးပြလိုက်၏။ အနည်းငယ် အကဲခတ်လိုက်ရုံဖြင့်ပင်... ဆယ့်ခြောက်နှစ် ကျော်ပုံ မရသေးသည့် ထိုမိန်းမငယ်လေးမှာ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်ကြောင်း ဝေ့ဝူယင် သဘောပေါက်လိုက်သည်။ သူမ၏ ကျင့်ကြံခြင်း အခြေခံက လျူစုယင်နှင့် တူညီပေသည်။

“တမန်တော်... ဒီမှာ တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး... ကျွန်မ ဘာကူညီရမလဲ...”

သူမက လေစားမှု အနည်းငယ်သာ ပါသည့် ပေါ့ပေါ့ပါးပါး လေသံဖြင့်ပင် မေးလိုက်၏။ မိန်းမငယ်လေး အတွက် လျူစုယင်မှာ အရေးကြီး ပုဂ္ဂိုလ် တစ်ယောက် မဟုတ်ကြောင်း ရှင်းလင်းလှပေသည်။

လျူစုယင်က ဝေ့ဝူယင်ကို လက်ညိုးထိုးပြလိုက်၏။

“သူက သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ပဲ... အကယ်ဒမီရဲ့ လမ်းညွှန်သူတွေနဲ့ အဂ္ဂိရတ် တာအို အကြောင်း ဆွေးနွေးချင်လို့တဲ့”

"...”

လျူစုယင်လို မိန်းကလေးမျိုးထံမှ ထိုကဲ့သို့ ပလိမ်းပကျံ စကား ထွက်လာလိမ့်မည်ဟု ဝေ့ဝူယင် လုံးဝ မျှော်လင့် မထားခဲ့ပါချေ။

ချက်ချင်းပင် အားလုံး၏ မျက်ဝန်းများက သံသယ၊ အံ့သြမှုများနှင့် ပြည့်နှက်သွားကာ ဝေ့ဝူယင်ကို ဝိုင်းကြည့်လိုက်ကြသည်။

အမျိုးသမီးငယ်ကလည်း ဝေ့ဝူယင်ကို စိုက်ကြည့် အကဲခတ် လိုက်၏။ လူငယ်၏ ချောမောသည့် ရုပ်ရည်ကို သတိထားမိသော အခိုက်၌ သူမ အနည်းငယ် အံ့အားသင့် သွားခဲ့သည်။ သို့သော်လည်း စက္ကန့် အနည်းငယ်မျှ အတွင်းမှာပင် သူမ၏ အမူအရာမှာ ထပ်မံ ပြောင်းလဲ သွားခဲ့၏။

လူငယ်မှာ သေမျိုး တစ်ယောက်သာ ဖြစ်သည်။ ထို့အပြင်... အသက်အော်ရာ အရ တစ်ရာပင် ပြည့်သေးပုံ မရချေ။ မည်ကဲ့သို့ သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့် ဖြစ်နိုင်ပါမည်နည်း။

“အချိန် မဖြုန်းနဲ့... ပြလိုက်...”

လျူစုယင်က စိတ်မရှည်စွာဖြင့် ပြောလိုက်၏။ ဝေ့ဝူယင် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ နောက်ဆုံး၌ အကယ်ဒမီကို ဝင်ရန်သော့က သူ ကိုယ်တိုင်သာ ဖြစ်နေခဲ့ပေသည်။

သို့သော်လည်း... မတုန့်မဆိုင်းပင် သူ၏ ငွေရောင် မျက်လုံးများမှာ သေမျိုး အဂ္ဂိရတ် ကြယ်တာရာများနှင့် ပြည့်သွားခဲ့၏။ ၎င်းက သူ သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်ကြောင်း အကောင်းဆုံးသော အထောက်အထားပင် ဖြစ်လေသည်။

“အဂ္ဂိရတ် ကြယ်တာရာတွေ...”

မိန်းမငယ်လေးထံမှ မယုံကြည်နိုင်သည့် အာမေဋိတ်သံ ထွက်ပေါ်လာ၏။ သို့သော်လည်း တစ်ခဏချင်းပင် သူမ၏ အမူအရာက ပြောင်းလဲသွားကာ လေးစားစွာဖြင့် ဦးညွှတ်လိုက်သည်။

“အရှင် သေမျိုး အဂ္ဂိရတ် အာဏာရှင်... ကျေးဇူးပြုပြီး အထဲကို ကြွပါ...”

ဝေ့ဝူယင် တစ်စုံတစ်ရာ မတုန့်ပြန်ရသေးခင်မှာပင် လျူစုယင်မှာ လက်ကို ဖမ်းဆွဲကာ ဂိတ်တံခါး အတွင်း လှမ်းဝင် လိုက်၏။ ဝေ့ဝူယင် ဂိတ်တံခါး အတွင်း ယောင်ချာချာနှင့် ရောက်ရှိသွားပြီးသည့် တစ်ခဏချင်းမှာပင် ဂိတ်တံခါးမှာလည်း ပြန်လည်ကာ ပိတ်သွားတော့သည်။ အပြင်လောကတွင်တော့ ဆွေးနွေးသံများသာလျှင် စီစီညံကာ ကျန်ရစ်နေခဲ့လေတော့၏။

...

လျူစုယင်၏ ဆွဲခေါ်မှုနှင့် အတူ ဝေ့ဝူယင်မှာ အကယ်ဒမီဝန်း အတွင်း ရောက်ရှိလာခဲ့လေသည်။ အမှတ်မထင် ကြည့်လိုက်မိသော မိန်းကလေး၏ မျက်ဝန်းများမှာ ထူးခြားစွာ တောက်ပနေကြောင်း ဝေ့ဝူယင် သတိထားမိလိုက်သည်။ ကြည့်ရသည်က အနန္တ အသွင်ပြောင်းခြင်း ခရီးသွား အကယ်ဒမီထဲကို ဝင်ရောက်ရန် အခွင့်အရေးမှာ အာကာသ ဝေဟင်ဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ် တစ်ဖြစ်လည်း အဆုံးမဲ့ မြို့တော် တမန်တော် အတွက်ပင် မလွယ်ကူပုံ ပေါ်လေသည်။

ထို့အပြင်... အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖြစ်ဟန်တူသည့် မိန်းမငယ်လေး၏ အမူအရာ ပြောင်းလဲသွားပုံကို ထောက်ချင့်ရပါက ဖန်တီးခြင်း ပညာရှင်များမှာ အလွှာကြားက လောကတွင် အလွန် တန်ဖိုးထားခံရဟန် ရသည်။

ဂိတ်တံခါး မပိတ်ခင် အပြင်ဘက်၌ လျှို့ဝှက် အာဏာရှင် အဆင့်များ အပါအဝင် မရေမတွက်နိုင်သည့် လူများ စောင့်ဆိုင်းနေကြောင်း ဝေ့ဝူယင် တွေ့ခဲ့ရသည်။ သူတို့အထဲမှ အချို့ဆိုလျှင် သေမျိုးတစ်ပိုင်း အရှင် အဆင့်များပင် ဖြစ်သည်။ မရေမတွက်နိုင်သည့် မေးခွန်းများနှင့် အတူ ထူးဆန်းသည့် ခံစားချက် တစ်ရပ်မှာ ဝေ့ဝူယင် စိတ်အတွင်း ဖြစ်ပေါ်လာခဲ့လေသည်။

“အရှင် သေမျိုး အဂ္ဂိရတ် အာဏာရှင်...”

ရုတ်တရက် မိန်းမငယ်လေးက ကောက်ခါငင်ကာ ခေါ်လိုက်၏။ ဝေ့ဝူယင်၏ မျက်ဝန်းများထဲမှ သေမျိုး အဂ္ဂိရတ် ကြယ်တာရာများမှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားကာ မိန်းမငယ်လေးဘက်သို့ လှည့်လိုက်သည်။ ထိုအခါက ချစ်စဖွယ် မိန်းမပျိုလေး၏ မျက်နှာထက်တွင် ပန်းရောင် ဖျော့ဖျော့နှင့် ရှက်ကိုးရှက်ကန်း အငွေ့အသက် တစ်ချို့ ဖြစ်ပေါ်နေသည်ကို သူ သတိထားမိလိုက်၏။ သို့သော်လည်း ထိုအချက်ကပင် သူမ၏ ဆွဲဆောင်မှုကို နောက်တစ်ဆင့်သို့ ခုန်ပေါက် တိုးတက်သွားစေခဲ့ကာ သူ့ အသိစိတ် ပင်လယ်ကိုပင် တုန်ခါ သွားစေခဲ့သည်။

ဝေ့ဝူယင် အံ့အားသင့် သွားခဲ့၏။ မိန်းမပျိုလေးမှာ ဝိညာဉ် ဆွဲဆောင်ခြင်း အစီအရင် တစ်ချို့ကို အသုံးချ နေသည်လား။ ချက်ချင်း ဆိုသလိုပင် ဝေ့ဝူယင်၏ အသိစိတ် ပင်လယ်မှာ အသိမ်မွေ့ဆုံးသော လှိုင်းများကို ထုတ်လွှတ်လာကာ မည်သည့် လွှမ်းမိုးမှုကို မဆို ပိတ်ဆို့လိုက်၏။ သို့တိုင်အောင်... သက်ရောက်မှု တစ်ချို့ကို သူ ခံစားနေရဆဲ ဖြစ်သည်။

“...”

လျူစုယင်၏ မျက်ဝန်းများက မည်းမှောင်ကာ အေးစက်လာ၏။ သို့သော်လည်း အကယ်ဒမီ၏ မြင့်မြတ်သော နယ်မြေ အတွင်းတွင် မည်သည့် စွမ်းအင် အမျိုးအစားမဆို အသုံးပြုခြင်းကို ကန့်သတ်ထားလေရာ သူမထံ၌ ဝင်ရောက် စွက်ဖက်နိုင်ခြင်း မရှိပါချေ။ မရေမတွက်နိုင်သည့် မျက်ဝန်းများက အဘက်ဘက်မှ စောင့်ကြည့်နေသည်ကို အစောကြီး ကတည်းကပင် သူမ သတိထားမိပြီး ဖြစ်သည်။

သို့သော်လည်း.... ဝေ့ဝူယင် အကြောင်း သေသေချာချာ ဂဃဏန သိလျှင်တော့ လျူစုယင် စိုးရိမ်မိလိမ့်မည် မဟုတ်ပါချေ။ လူငယ်မှာ သေမျိုး တစ်ယောက်သာ ဖြစ်သည့်တိုင် ကြယ်တာရာ သခင်များထက်ပင် အဆပေါင်းများစွာ သာလွန်သည့် ဝိညာဉ် အင်အားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထို့အပြင်... သူ့ထံတွင် ကျင့်ကြံခြင်း ဝိညာဉ် ‌လေးခု ရှိကာ တစ်ခုချင်းစီမှာလည်း လောကသခင် အဆင့်၏ အမြင့်ဆုံးသော အထွတ်အထိပ်ကို ရောက်ရှိခဲ့ပြီး ဖြစ်သည်။ ထိုလေးခု စလုံးမှာလည်း သဟဇာတ ဖြစ်စွာ ပေါင်းစည်းနိုင်စွမ်း ရှိပေသည်။

ကာကွယ်သူ မြို့တော် ဂိတ်တံခါးမှာတုန်းက လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်မှာ ဝေ့ဝူယင်ကို သတိလက်လွတ် စစ်ဆေးရန် ကြိုးပမ်းခဲ့ကာ အကျိုးဆက် အနေဖြင့် သေခြင်းတရားနှင့်သာ ကြုံတွေ့ခဲ့ရသည်။ ၎င်းနှင့် နှိုင်းယှဉ်ပါက မိန်းမငယ်လေး၏ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးရန် မသိမသာ ကြိုးပမ်းမှုမှာ ကလေးကွက်သာသာ ဖြစ်ပေသည်။ သူ့အပေါ် မည်ကဲ့သို့ အလုပ်ဖြစ်မည်နည်း။

သို့သော်လည်း... ဝေ့ဝူယင်မှာ သူမ၏ ရည်ရွယ်ချက်ကို စိတ်ဝင်စားမိရာ ပါဝင် ကစားပေးရန် ဆုံးဖြတ်လိုက်၏။ သူက ငွေရောင် မျက်ဝန်းများထဲတွင် တပ်မက်သော အရိပ်အ‌ယောင်တို့ကို ပုံဖော်လိုက်ကာ မိန်းမငယ်လေးကို စိုက်ကြည့်လိုက်သည်။

“တစ်ခုခုများ ဖြစ်လို့လား...”

သူ၏ လေသံက တိတ်တခိုး ချစ်ရသည့် မိန်းမပျိုလေးအား စကားပြောရန် ကြိုးပမ်းနေသည့် လူငယ်လေးလို ကတုံကယင်နိုင်ကာ ညင်သာလှသည်။

ဝေ့ဝူယင်၏ တုန့်ပြန်မှုကို မြင်တွေ့ပြီးနောက် မိန်းမငယ်လေး၏ မျက်ဝန်းများက တောက်ပသွားကာ လှပစွာ ပြုံးလိုက်၏။

“မဟုတ်ပါဘူး... ခုလောလောဆယ်မှာ အဂ္ဂိရတ် တိုက်ပွဲကြောင့် အကယ်ဒမီကို ချိပ်ပိတ်ထားတယ်လေ.... အဲဒီတော့ အခြား သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေနဲ့ ဆွေးနွေးချင်ရင် အဲဒီနေရာကို သွားရမယ်လို့ ပြောမလို့ပါ”

မိန်းကလေးက ရှက်ရွံ့သည့် လေသံကလေးဖြင့် ရှင်းပြလိုက်၏။

“ဒါပေမဲ့ ရှင်ဆန္ဒရှိရင်တော့ အကယ်ဒမီရဲ့ အပြင်စည်းကို ကျွန်မ ကိုယ်တိုင် လိုက်ပြမယ်လေ... တိုက်ပွဲက အတော်လေး ကြာမှာ... ဒါပေမဲ့ မပူပါနဲ့... စောင့်ရင်း လုပ်လို့ရတဲ့ဟာ‌တွေ အများကြီး ရှိပါတယ်”

“မလိုဘူး... ငါတို့ အဂ္ဂိရတ် တိုက်ပွဲကိုပဲ သွားလိုက်မယ်...”

ဝေ့ဝူယင် ဘာမှ မပြောရသေးခင်မှာပင် လျူစုယင်က အေးစက်စက် လေသံဖြင့် ဖြတ်ပြောလိုက်၏။ သူမ၏ အမြင်အရ ဆိုလျှင် ထိုစုန်းမကိုသာ ဆက်လက် ခွင့်ပြုထားပါက... ဝေ့ဝူယင်၏ စိတ်မှာ လုံးဝ ထိန်းချုပ်ခံသွားရတော့မည် ဖြစ်သည်။

မိန်းမငယ်လေးက မကျေနပ်ဟန်ဖြင့် နှင်းဆီရောင် နှုတ်ခမ်းကလေးကို စူလိုက်၏။ ဝေ့ဝူယင် အတွက် ထိုအမူအရာလေးက ချစ်စရာ ကောင်းလွန်းလှသည်။ သို့သော်လည်း... တစ်ချိန်တည်း၌ လျူစုယင်ထံမှ ရန်လိုသည့် အကြည့်များကို သူ ခံစားနေမိခဲ့၏။

“လုပ်လို့ရတဲ့ဟာတွေ ဟုတ်လား...”

ဝေ့ဝူယင် မိန်းမငယ်လေးကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း မေးလိုက်၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ထူးခြားသော အတွေးနှင့် အတူ မရိုးမရွ ဖြစ်လာသည်။ သူ့ဘောင်းဘီ ခွကြားပင်လျှင် ဖောင်းကားစ ပြုလာခဲ့သည်။

“...”

လျူစုယင်၏ မျက်ဝန်းများမှာ အန္တရာယ် ကြီးမားစွာ ကျဉ်းမြောင်းသွားခဲ့၏။ အစစ်အမှန် ကံကြမ္မာ ခရီးသည် ဖြစ်လာနိုင်သည့် ကျင့်ကြံသူ တစ်ယောက်၏ စိတ်ခွန်အားမှာ ထိုမျှလောက် အထိ ညံ့ဖျင်းရသလော။ သူမ ဒေါသများ အလိပ်လိုက်ထွက် နေခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင်၏ ပေါင်ကြားကို လှမ်းကြည့်ရင်း မိန်းမပျိုလေး၏ မျက်နှာက ရှက်သွေးဖြင့် ရဲတွတ်သွား၏။

“ဟုတ်တာပေါ့... လုပ်လို့ရတဲ့ ဟာတွေ...”

လျှို့ဝှက် အာဏာရှင် အဆင့်များမှာ သေမျိုးများနှင့် နှစ်ကိုယ့်တစ်စိတ် ကျင့်ကြံရန် မလွယ်ကူသော်လည်း သွေးဆူနေသည့် ယောက်ျားလေး တစ်ယောက်၏ စိတ်နှလုံးကို သိမ်းပိုက်ရန် အတွက် ဆိုလျှင်တော့ သူမထံတွင် နည်းလမ်းများစွာ ရှိပေသည်။

ဝေ့ဝူယင်၏ အတွင်းစိတ်က အနည်းငယ် တုန်လှုပ်သွား၏။ အမှန်အတိုင်း ဝန်ခံရပါက ထိုအမျိုးသမီး၏ ရည်ရွယ်ချက်ကို သူ ယခုတိုင် နားမလည်နိုင်သေးပါချေ။ သူက သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်သည်။ ချိပ်ပိတ် နယ်မြေ၏ ပြင်ပ လောကတွင် အလွန် များပြားလှသည့် အဂ္ဂိရတ် ရှန့်ထိုများစွာ ရှိပေသည်။ ကျင့်ကြံခြင်း အဆင့်အတန်း အနေဖြင့် ဆိုလျှင်လည်း အလွှာကြားက လောကတွင်ပင် လောကရှန့်ထို အဆင့် သုံးယောက် ရှိသည်။ သူ့လို သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ထံမှ မိန်းကလေး ဘာကို လိုချင်နေကြောင်း ဝေ့ဝူယင် ယခုထိ စဉ်းစား မရသေးပါချေ။

လျူစုယင်မှာ စတင်ကာ မတည်မငြိမ် ဖြစ်လာခဲ့၏။ အကယ်၍ ဝေ့ဝူယင်သာ သဘောတူလိုက်ပါက အရာအားလုံး ပြီးဆုံး သွားလိမ့်မည် ဖြစ်သည်။ အကျိုးဆက်ကို သူမ အသိဆုံး ဖြစ်သည်။ ဝင်ရောက် စွက်ဖက် ရအောင်လည်း လက်ရှိ၌ သူတို့မှာ အကယ်ဒမီ ခြံဝန်း အတွင်း ရှိနေခြင်း ဖြစ်သည်။ မျက်စိများ၊ နားများမှာ နေရာတိုင်း၌ ရှိနေပေသည်။

ကံကောင်းထောက်မစွာပင် အချစ်စိတ် မွှန်ထူနေဟန် ရသည့် ဝေ့ဝူယင်၏ အမူအရာမှာ ရုတ်ချည်း ပျောက်ကွယ် သွား၏။ သူ၏ ငွေရောင် မျက်ဝန်းများက ကျဉ်းမြောင်းသွားကာ အဂ္ဂိရတ် ကြယ်တာရာများမှာ နောက်တစ်ဖန် ပြန်လည် အသက်ဝင်လာခဲ့သည်။ ဒေါသအငွေ့အသက်များက သူ့ မျက်နှာထက်၌ ရေးခြယ်လာကာ မိန်းမပျိုလေးကို စိုက်ကြည့်လိုက်၏။

“မင်း ငါ့ကို အစီအရင် သုံးရဲတယ်...”

“ဟမ်...”

ဝေ့ဝူယင်ထံမှ ထွက်ပေါ်လာသည့် ဒေါသသံကြောင့် မိန်းမငယ်လေးမှာ ထိတ်လန့် သွားခဲ့၏။ သို့သော်လည်း လျှို့ဝှက် အာဏာရှင် အဆင့် ဆိုသော ဂုဏ်ပုဒ်နှင့် လိုက်ဖက်ညီစွာပင် သူမ၏ တုန့်ပြန်မှုက မြန်ဆန်လှသည်။ မိန်းကလေးက ချင်ချင်းပင် ခေါင်းကို ငုံ့ကာ တောင်းပန်လိုက်၏။

“ခွင့်လွှတ်ပေးပါ သေမျိုး အဂ္ဂိရတ် အာဏာရှင်... အရှင်ရဲ့ ရုပ်ရည်နဲ့ စွမ်းရည်ကို လေးစား တပ်မက်မိတဲ့ အတွက် ကျွန်မ မှားယွင်းစွာ ပြုမူမိတာပါ”

မိန်းမပျိုလေး၏ လေသံက ထိုစကားလုံးများကို အကြိမ်ပေါင်းများစွာ အလွတ်ကျက် လေ့ကျင့် ထားသည့် အလား တစ်ချက်တစ်လေပင် အထစ်အငေါ့ မရှိလှပါချေ။ ဝေ့ဝူယင်နှင့် လျူစုယင်တို့ နှစ်ယောက်ပင်လျှင် စိတ်ထဲမှ အံ့အားသင့် သွားခဲ့မိ၏။ သူမက ထိုအရာကို မျှော်လင့်ထားပြီး ဖြစ်သည်လား။

အဆင့်နိမ့် အစီအရင်ထဲမှ ဝေ့ဝူယင် ရုန်းထွက်နိုင်လိုက်သည်ကို ကြည့်ကာ လျူစုယင်၏ ခံစားချက်များမှာ ပြေလျော့ သွားခဲ့၏။ သူမ စိတ်ထဲမှ ချီးကျူး လိုက်မိသည်။ အနည်းဆုံး ထိုကောင်စုတ်ကလေးက အစစ်အမှန် ကံကြမ္မာ ခရီးသည် ဖြစ်ဖို့ ထိုက်တန်ပေသေးသည်။

***

All Chapters