← Chapters

ချင်ကူးယဉ်နှင့် ထန်း‌ေရှာင်လော့

Vol. 79 Ch. 1101

ချင်ကူးယဉ်နှင့် ထန်း‌ေရှာင်လော့

Vol. 79 Ch. 1101

ဝေ့ဝူယင် မိတ်ဆက်ပြီးသည့် နောက်မှ စ၍ ချောင်စွေ့ဖုန်းမှာ ဝေ့ဝူယင်ကို တာအို လမ်းညွှန်သူဝေ့ဟုသာ သုံးနှုန်း ခေါ်ဆိုတော့သည်။ ဝေ့ဝူယင်သည် သူမ၏ အကြံပြုချက် အတိုင်းပင် အထူးခန်းသို့ သွားရာလမ်း တစ်လျှောက်၌ အဂ္ဂိရတ် ကြယ်တာရာများကို အသက်သွင်း ထုတ်ဖော်ထားခဲ့၏။ အပေါ်ကို ရောက်ရှိပြီးနောက် သူတို့ သုံးယောက်မှာ ဗလာဖြစ်နေသည့် အထူးခန်းတစ်ခန်းကို တွေ့ရှိလိုက်ရ၏။ စားစရာ၊ သောက်စရာများနှင့် လှပသည့် အကူ မိန်းကလေး နှစ်ယောက် ရှိနေကြသော်လည်း သူတို့မှာ တိတ်ဆိတ် နေကြသည်။

ဝေ့ဝူယင်၏ ငွေ‌ေရာင် မျက်လုံးများထဲမှ အဂ္ဂိရတ် ကြယ်တာရာများကို မြင်သည်နှင့် အကူ မိန်းကလေး နှစ်ယောက်မှာ အပြုံးများနှင့် ဆီးကြို လာကြသည်။ သူတို့က ရိုသေလေးစားစွာပင် ဝေ့ဝူယင်ကို အရှင် အဂ္ဂိရတ် အာဏာရှင်ဟု သုံးနှုန်းကြ၏။ ထိုအသုံးအနှုန်းက ထုံးစံပင် ဖြစ်ကြောင်း ဝေ့ဝူယင် သဘောပေါက်လိုက်သည်။

“ဘယ်သူမှ မလာတာလား... ဒါက အထူးခန်း ဟုတ်တယ် မလား”

အထူးခန်းထဲတွင် အခြားတာအို လမ်းညွှန်သူများကို တွေ့ရှိရလိမ့်မည်ဟု ဝေ့ဝူယင် မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။ ချောင်စွေ့ဖုန်းက ခပ်မြန်မြန်ပင် ရှင်းပြလိုက်၏။

“အထူးခန်း ဆိုတာတော့ ဟုတ်ပါတယ်... ဒါပေမဲ့...”

သူမက ဝေဟင်ကို လက်ညိုးထိုးပြလိုက်ရင်း ဝိညာဉ် မျက်နှာပြင်များ၏ အထက်၌ ဖြည်းညင်းစွာ လှည့်ပတ်နေသည့် ရွန်းဗတ် သဏ္ဌာန် သလင်းကျောက် တစ်ခုကို ညွှန်ပြလိုက်သည်။

“အဲဒီနေရာမှာ တာအို လမ်းညွှန်သူ ဝိညာဉ် ကွန်ယက်နဲ့ ချိတ်ဆက်လို့ ရပါတယ်.... သူတို့က အဲဒီကနေ တစ်ဆင့်ပဲ ကြည့်ကြတာ များတယ်... တာအို လမ်းညွှန်သူဝေ့ အနေနဲ့ အဲဒီ ကွန်ယက်ထဲကနေ တစ်ဆင့် အခြား တာအို လမ်းညွှန်သူတွေနဲ့ ချိတ်ဆက်လို့ ရသလို အဂ္ဂိရတ် တိုက်ပွဲ အကြောင်း ဆွေးနွေးတာ၊ ခန့်မှန်းတာမျိုးတွေ လုပ်လို ရပါတယ်... ပရိတ်သတ် အများစုရဲ့ မျက်လုံးတွေက ဝိညာဉ်အလင်းတွေ ထုတ်လွှတ်နေတာတော့ တာအို လမ်းညွှန်သူဝေ့ သတိထားမိလိမ့်မယ် ထင်ပါတယ်... ဆိုလိုတဲ့ သဘောက အဲဒီ ကွန်ယက်ကနေ တစ်ဆင့် တာအို လမ်းညွှန်သူတွေရဲ့ ဆွေးနွေဝိုင်းကို နားထောင် နေကြတာပါ”

မိန်းကလေး၏ အဖြေစကားက ဝေ့ဝူယင် ဝေဝါးနေသည့် အကြောင်းအရာ အချို့ကို တစ်ဆက်တည်းပင် ဖြေရှင်း ပေးလိုက်သည်။

မကြာခင်မှာပင် ဝေ့ဝူယင်တို့မှာ အထူးခန်း အတွင်း ဝင်‌ေရာက်လာခဲ့၏။ လျူစုယင်မှာ နောက်မှ တစ်ပါတည်း လိုက်လာသော်လည်း ချောင်စွေ့ဖုန်းကတော့ အဝင်ဝတွင်ပင် ရပ်တန့်ကာ ကျန်ရစ်ခဲ့သည်။

“ခင်ဗျား သွားစရာ ရှိလို့လား...”

ဝေ့ဝူယင် နောက်ကို လှည့်ကြည့်ရင်း မေးလိုက်၏။ ချောင်စွေ့ဖုန်းက ခေါင်းကို ခါယမ်း လိုက်ရင်း ပြောခက်နေသည့် ပုံစံဖြင့်...

“ရှိတော့ မရှိပါဘူး... ဒါပေမဲ့ တာအို လမ်းညွှန်သူဝေ့... ကျွန်မ...”

“မရှိရင် ကျုပ်တို့နဲ့ အတူ လာထိုင်ပါ...”

ဝေ့ဝူယင်က အလိုက်တသိပင် ဖိတ်ခေါ်လိုက်၏။ ချက်ချင်းပင်... ချောင်စွေ့ဖုန်း၏ မျက်နှာက အပြုံးတစ်ခုနှင့် အတူ ရွှင်လန်းသွားကာ အခန်းထဲကို ဝင်လာ၍ ဘေးနားရှိ ထိုင်ခုံတွင် ဝင်‌ေရာက် နေရာယူလိုက်သည်။

ဝှစ်...

ဝေ့ဝူယင် ဝိညာဉ်အာရုံကို ရွန်းဗတ် သဏ္ဌန် သလင်းကျောက်ထံ ပို့လွှတ်ကြည့်လိုက်၏။ ချက်ချင်းပင် ၎င်းက သူ၏ ဝိညာဉ်ခွန်အားကို စုပ်ယူလိုက်ကာ အဆုံးမဲ့ ဝိညာဉ်အလင်း စီးကြောင်းထဲ ပို့လွှတ်လိုက်လေသည်။ မကြာခင်မှာပင် ထိုဝိညာဉ်ခွန်အားမှာ လူသား သဏ္ဌာန် စိတ်ကိုယ်ပွား အဖြစ် ဖွဲ့စည်းသွားကြောင်း ဝေ့ဝူယင် သတိထားမိလိုက်၏။

ရှေ့ဆင့် နောက်ဆင့် ဆိုသလိုပင် အလွန် လှပသည့် ခန္ဓာကိုယ်များနှင့် ကိုယ်တုံးလုံး မိန်းမပျို နှစ်ယောက်မှာလည်း သူ့နံဘေး၌ ဖွဲ့စည်းလာခဲ့သည်။ သူတို့က လျူစုယင်နှင့် ချောင်စွေ့ဖုန်းတို့ပင် ဖြစ်လေသည်။ ပထမဆုံး အနေဖြင့် သူတို့ နှစ်ယောက်၏ အသေးစိတ် အကျဆုံး အကွေ့အကောက် အမို့အမောက်များ၊ အထိမခံ နေရာများမှာ ဖွဲ့စည်းလာကာ ပြီးနောက်မှ အဝတ်အစားများမှာ ပေါ်လွင်လာကြသည်။ သူမတို့ နှစ်ယောက်မှာ မျက်လုံးများကို တင်းတင်းစေ့ မှိတ်ထားကြ၏။

ထိုအခိုက်တွင်ပင် စမ်းချောင်းတစ်ခုအား ဖြတ်သန်းလိုက်သလို အလွန် တောက်ပသည့် ဝိညာဉ် အလင်းများ ထွက်ပေါ်လာကာ ဝေ့ဝူယင်မှာ မျက်စိ ကန်းသွားသလိုပင် ခံစားလိုက်ရသည်။ ထိုအခါတွင်မှ ဝေ့ဝူယင်မှာ မိန်းကလေး နှစ်ယောက် မျက်လုံးများအား ကြိုတင် မှိတ်ထားကြသည့် အကြောင်းရင်းကို နားလည်သွားတော့၏၊

“ဘုရား‌ေရ...”

“ဘယ်လိုကြီးတုန်းကွ...”

“နည်းနည်းနောနောကြီးလား...”

စက္ကန့် အနည်းငယ် ကြာမြင့်ပြီးနောက် အာမေဋိတ်သံ မျိုးစုံက ဝေ့ဝူယင် နားထဲကို တိုးဝင်လာခဲ့သည်။ ဝေ့ဝူယင်၏ စိတ်အာရုံက ပြန်လည် တည်ငြိမ်သွားကာ မူလ တည်ငြိမ်မှုကို ပြန်လည် ရရှိလာ၏။ မျက်လုံးများကို ပြန်လည် ဖွင့်ဖွင့်ချင်းပင် သူ့နံဘေးတွင် များလှစွာသော လူအုပ်ကြီး ဝန်းရံနေကြောင်း တွေ့ရှိလိုက်ရ၏။ သူတို့ အားလုံးက ဝိညာဉ်ကိုယ်ပွားများ ဖြစ်ကြကာ ရေညှိစိမ်း‌ေရာင် အဆင်း ရှိကြပေသည်။

“တာအို လမ်းညွှန်သူဝေ့...”

ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်သံ တစ်ခုကို ဝေ့ဝူယင် ကြားလိုက်ရသည်။ အသံလာရာကို မျက်နှာမူလိုက်တော့ ချောင်ဆွေ့ဖုန်း တစ်ယောက် သူ့ ပေါင်ခွကြားထံ မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

မကြာခင်မှာပင်... လျူစုယင်သည်လည်း အလားတူ စိုက်ကြည့်နေကြောင်း ဝေ့ဝူယင် သတိထားမိလိုက်၏။ အေးစက်စက် အစိမ်း‌ေရာင် မျက်နှာထက်တွင် ရှက်ရွံ့သည့် အငွေ့အသက်တို့ ယှက်သမ်းနေပုံက တစ်မျိုးတစ်ဖုံ ချစ်စရာ ကောင်းလှသည်။

ရုတ်ချည်းဆိုလိုပင် မိန်းကလေး နှစ်ယောက်၏ ကိုယ်တုံးလုံး ပုံစံကို ဝေ့ဝူယင် ပြန်လည် သတိရသွား၏။ သူ အထိတ်တလန့်ပင် အောက်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် မြင်တွေ့လိုက်ရသည်က ဂုဏ်ယူဝင့်ကြွားစွာ တွဲလွဲကျနေသည့် ဝေ့ဝူယင် အ‌သေးစားက‌လေး...

“ချီးပဲ...”

ကျိန်ဆဲသံ တစ်ခုနှင့် အတူ ဝေ့ဝူယင်မှာ ပျောက်ကွယ်သွားခဲ့တော့၏။

...

စက္ကန့် အနည်းငယ် ကြာမြင့်ပြီးနောက် ဝေ့ဝူယင်မှာ ဝိညာဉ် ကိုယ်ပွားများစွာ ရှိနေသည့် ကွန်ယက်အတွင်း ပြန်လည် ပေါ်လာခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ သူ၏ ခန္ဓာကိုယ်မှာ အဝတ်အစားများကို ပြည့်စုံစွာ ဝတ်ဆင်ပြီး ဖြစ်သည်။

ဝိညာဉ်စမ်းချောင်းမှာ အသစ်‌‌ေရာက်ရှိလာသူများနှင့် မူလ ရှိနေသူများကို ခွဲခြားပေးသည့် နေရာ ဖြစ်ပုံရသည်။ အသစ်ဝင်‌ေရာက်လာသည့် ကျင့်ကြံသူများမှာ ထိုစမ်းချောင်းကို မဖြတ်ခင် အဝတ်အစားများကို ဖန်တီးရပုံ ‌ပေါ်သည်။

ဝေ့ဝူယင်မှာ ဝိညာဉ်ကွန်ယက်နှင့် ပတ်သက်ပါက အစိမ်းသက်သက် လူတစ်ယောက်သာ ဖြစ်သည်။ ဝိညာဉ်စမ်းချောင်းကို မဖြတ်ခင် ပြင်ဆင် မထားပါက လူအများကြားတွင် ကိုယ်တုံးလုံးနှင့် သွားပေါ်လိမ့်မည်ဟု မသိခဲ့ရိုး အမှန် ဖြစ်သည်။ ဝိညာဉ် ကွန်ယက်ထဲမှ ထွက်ခွာပြီးနောက်တွင် ဝေ့ဝူယင်မှာ ဒုတိယမြောက်စိတ်နှင့် ဆက်သွယ်ကာ ဝိညာဉ်ကွန်ယက် အကြောင်း ရှာဖွေခဲ့သည်။ ထို့နောက်တွင်‌တော့ အချက်အလက်များကို မူလစိတ်အတွင်း ကူးယူခဲ့သည်။

ထို့နောက်တွင်တော့ ဝိညာဉ် ကွန်ယက်၏ လုပ်ဆောင်ပုံ အကြောင်း အသေးစိတ် အချက်အလက်တိုင်းကို သူ သိရှိနားလည်လာခဲ့တော့သည်။

ထိုအဖြစ်အပျက်က ဝေ့ဝူယင် အတွက်တော့ ကြီးမားသည့် သင်ခန်းစာ တစ်ခုပင် ဖြစ်သည်။ နောင်တစ်ချိန် ချိပ်ပိတ်နယ်မြေ ပြင်ပသို့ ထွက်ခွာသည့် လမ်းကြောင်းတွင် ထိုသင်ခန်းစာမှာ သူ့ကို များစွာသော အကူအညီများ ပေးနိုင်ပေလိမ့်မည်။

လူများမှ အမှားမှ တစ်ဆင့် သင်ယူကြရလေ့ ရှိသည်။ ထိုအဖြစ်အပျက် အတွက် ဝေ့ဝူယင်ထံတွင် စိတ်အနှောက်အယှက်များစွာ မရှိပါချေ။

“...”

အဝတ်အစား အပြည့်အစုံနှင့် ပြန်လည် ပေါ်ထွက်လာ အပြီးတွင်ပင် များလှစွာသော အကြည့်များမှာ သူ့အပေါ် စုပြုံကျ‌ေရာက်နေဆဲ ဖြစ်ပေသည်။ တီးတိုး ဝေဖန်သံများ၊ ရှုံ့ချသံများကိုပင် ဝေ့ဝူယင် ကြားနေရ၏။ ဝေ့ဝူယင် ချက်ချင်းပင် သေမျိုး အဂ္ဂိရတ် ကြယ်တာရာများကို ကိုယ်ပွားထံ ဆင့်ခေါ် အသက်သွင်းလိုက်သည်။

ဟူး...

အလွန်ပြင်းထန်လှသည့် ဝိညာဉ်အင်အားနှင့် အတူ အားကောင်းသော အဂ္ဂိရတ် အော်ရာမှာ သူ့ ဝိညာဉ်ကိုယ်ပွားကို လွှမ်းခြုံသွား၏။

“တာအို လမ်းညွှန်သူ...”

အားလုံး၏ မျက်လုံးများမှာ ပြူးကျယ်ကာ ထိတ်လန့် တုန်လှုပ်သည့် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။ ခရီးသွား အကယ်ဒမီထဲတွင် သေမျိုး အဂ္ဂိရတ် ကြယ်တာရာများမှာ တာအို လမ်းညွှန်သူများ၏ လက္ခဏာ တစ်ရပ်ပင် ဖြစ်သည်။

“...”

လျူစုယင်သည်ပင် ဝေ့ဝူယင်ကို ကြည့်ကာ မျက်မှောင်ကြုတ် လိုက်၏။ ဝေ့ဝူယင်၏ အဂ္ဂိရတ် အော်ရာမှာ တက်‌ေရာက်လာသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်တိုင်းထက် ကျော်လွန်နေပေသည်။ အဂ္ဂိရတ် ဝိညာဉ် ပိုင်ရှင်များထဲတွင်ပင် သူနှင့် နီးနီးကပ်ကပ် နှိုင်းယှဉ်နိုင်သူ မရှိပါချေ။

“ရှင် အဆင်ပြေရဲ့လား...”

အခြားတစ်ဖက်တွင်တော့ ချောင်စွေ့ဖုန်းက ဝေ့ဝူယင် အနားကို တိုးကပ်ရင်း မေးလိုက်၏။ သူမ၏ မျက်ဝန်းများက တဖျပ်ဖျပ်ပင် တောက်ပနေကာ ရင်ထဲက ဆန္ဒကို သိသိသာသာပင် ဖော်ပြထားသည်။ ဝေ့ဝူယင်မှာ ဝိညာဉ်ကွန်ယက်ထဲကို အကြောင်းရင်းမဲ့ အဝတ်ဗလာဖြင့် ဝင်လာလိမ့်မည် သူမ မယုံကြည်ချေ။

မိန်းက‌လေး၏ မျက်ဝန်းများထဲမှ ဆန္ဒမီးတောက်က ဝေ့ဝူယင်ကို အနည်းငယ် မရိုးမရွ ဖြစ်သွားစေ၏။ သို့သော်လည်း... သူ့နှလုံးသားကို လှုပ်ရှားစေဖို့ အတွက်တော့ အလွှာပေါင်းများစွာ ခြားနားနေသေးဆဲ ဖြစ်သည်။

“အဆင်ပြေပါတယ်... ကွန်ယက် ဆက်သွယ်မှု စမ်းချောင်းကြောင့် နည်းနည်း စိတ်အနှောက်အယှက် ဖြစ်သွားရုံတင်...”

ဝေ့ဝူယင် ပြန်လည် ဖြေလိုက်၏။ ကံကောင်းထောက်မတာ တစ်ခုက လျူစုယင်နှင့် ချောင်စွေ့ဖုန်းတို့မှာ သူမတို့၏ ခန္ဓာကိုယ်များကို ဝိညာဉ်ကိုယ်ပွား ဖွဲ့စည်းခြင်း ဖြစ်စဉ်တွင် ဝေ့ဝူယင် တွေ့ရှိသွားကြောင်း ယခုတိုင် မရိပ်မိကြသေးခြင်း ဖြစ်သည်။

ဧဒင်နန်းတော်ထံမှ အချက်အလက်များ အရဆိုလျှင်... ဝိညာဉ် ကွန်ယက်မှာ ထိုကဲ့သို့ ကြည့်ရှုခြင်းကို လုံးဝ တားမြစ်ထားသည်ဟု ဆိုသည်။ ထိုကဲ့သို့ လုပ်ရပ်မျိုးမှာ ဝိညာဉ်စွမ်းအင် အပေါ် ကြီးမားသည့် သက်‌ေရာက်မှုများ ဖြစ်ပေါ်စေကာ လျှို့ဝှက်အာဏာရှင် အဆင့်များကိုပင် သေဆုံးသည် အထိ ဦးတည် သွားစေနိုင်သည်။ ဝေ့ဝူယင် ကြုံတွေ့ခဲ့ရသည့် မျက်စိကန်းမတတ် ဝိညာဉ် အလင်းတန်းမှာ ထိုဖြစ်စဉ်၏ အကျိုးဆက် တစ်ခုပင် ဖြစ်သည်။ အလွန် သန်မာသည့် ဝိညာဉ် ခွန်အားကို ပိုင်ဆိုင် မထားပါက ထိုအခိုက်အတန့်တွင်ပင် သေဆုံး သွားခဲ့လိမ့်မည် ဖြစ်သည်။

“ရှင် အဆင်ပြေရင် ပြီးတာပါပဲ...”

ချောင်စွေ့ဖုန်းက လှပစွာ ပြုံးလိုက်၏။ လျူစုယင်ကတော့ ဘာမှ မပြောပဲ အခြားတစ်ဖက်သို့သာ ပြန်လည် လှည့်သွားခဲ့သည်။

ဝိညာဉ်ကွန်ယက်၏ အလယ် တည့်တည့်တွင်တော့ ကြီးမား ထင်ရှားလှသည့် ပုံရိပ်များ ရှိနေခဲ့၏။ ၎င်းက ရာစုနှစ် တစ်ခု တစ်ခါသာ ကြုံရခဲသည့် မိန်းမလှလေး နှစ်ယောက်၏ အဂ္ဂိရတ် တိုက်ပွဲကို ဘက်ပေါင်းစုံမှ နေ၍ ပြသနေခြင်း ဖြစ်ပေသည်။

“ဒီအဂ္ဂိရတ် တိုက်ပွဲက ဘာလို့ ဖြစ်နေတာလဲ...”

ဝေ့ဝူယင်က ပုံရိပ်များကို လှမ်းကြည့်ရင်း မေးလိုက်၏။ ထာဝရ နတ်မိမယ်လေး ချင်ကူးယဥ်နှင့် ထျန်းမူယန်၏ ချစ်လှစွာသော တူမလေးတို့ နှစ်ယောက် အလွှာကြားက လောက တစ်နေရာတွင် အဂ္ဂိရတ် တိုက်ပွဲတစ်ခု ဆင်နွှဲနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ် မထားခဲ့ပါချေ။

လျူစုယင်ကလည်း ချောင်စွေ့ဖုန်းထံမှ အဖြေကို မျှော်လင့်နေဟန်ဖြင့် ကြည့်လိုက်၏။ ချိပ်ပိတ် နယ်မြေ၊ မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထို၏ တပည့်က နိမ့်ကျသည်ဟု သတ်မှတ်ခံထားရသည့် အယ်ဗန် မျိုးနွယ်ဝင် တစ်ယောက်နှင့် အဘယ်ကြောင့် ယှဉ်ပြိုင်နေရသနည်း။ ထို့အပြင်... များလှစွာသော ဝိညာဉ်ကိုယ်ပွားများကို ကြည့်ပါက အကယ်ဒမီ တစ်ခုလုံးမှာ ဤတိုက်ပွဲကို ကြီးမားစွာ မြှပ်နှံထားပုံ ပေါ်လေသည်။ အဘယ်ကြောင့်နည်း။

***

All Chapters