မျှဝေထားသော ပိုင်ဆိုင်မှု
Vol. 79 Ch. 1104
“ဒီနေရာကို ကျုပ်တို့ ခရီးစဉ်ရဲ့ ဘာလို့ သုံးနေရာမြောက် အဖြစ် ဘာလို့ သတ်မှတ်လိုက်တာလဲ...”
ဝေ့ဝူယင်က လျူစုယင်ကို ကြည့်ရင်း မေးလိုက်၏။ သူမက မည်သည့် အရာကို မြင်စေချင်သနည်း။ အမှန်အတိုင်း ဝန်ခံရပါက အထွတ်အမြတ် စာကြည့်တိုက်လို အခွင့်အေရးမျိုးကို သူ မျှော်လင့်ထားခြင်း ဖြစ်သည်။ သို့သော်လည်း... လျူယင်လန်း၏ လွှမ်းမိုးမှုက ဤနေရာသို့ မေရာက်တာ ရှင်းလင်းလှသည်။
“မင်းရဲ့ အလားအလာကို ပြဖို့...”
လျူစုယင်က တိုတိုတုတ်တုန်ပင် အဖြေပေးလိုက်၏။
"..."
ဝေ့ဝူယင်မှာ တစ်ခဏမျှ တိတ်ဆိတ်သွား၏။ ထို့နောက် သူက လက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ လျူစုယင်၏ အဖြေမှာ တိုတောင်းသော်လည်း အဓိပ္ပာယ်များစွာ ပါဝင်နေပေသည်။
အထွတ်အမြတ် စာကြည့်တိုက်မှု ချိပ်ပိတ်နယ်မြေ၏ သိမ်နုပ်မှုများကို ပြန်ရန် ဖြစ်ကာ အချိန်လေပွေကတော့ ချိပ်ပိတ်နယ်မြေ၏ နည်းလမ်းများထက် သာလွန်သည့် ကြီးထွားမှုနှင့် အကူ ရင်းမြစ်များကို ပြသရန် ဖြစ်သည်။ အနန္တ အသွင်ပြောင်းခြင်း ခရီးသွား အကယ်ဒမီကတော့ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် အနေဖြင့် သူ့ အလားအလာ အတိမ်အနက်ကို ပြသရန် ဖြစ်သည်။
လျူယင်လန်း၏ သြဇာအာဏာ လွှမ်းမိုးမှု မပါဝင်လျှင်ပင် တာအို လမ်းညွှန်သူ တစ်ယောက် အနေဖြင့် ခရီးသွား အကယ်ဒမီ အတွင်း မြင့်မားသည့် ခံစားခွင့်များကို သူ ရရှိနိုင်ပေသည်။ သူ့အနေဖြင့် အဂ္ဂိရတ် တိုက်ပွဲ ပြီးသည့် အချိန်ကို စောင့်ဆိုင်းဖို့သာ လိုအပ်ပေသည်။
“ဟူး... တကယ်လို့ ငါသာ အနန္တ အသွင်ပြောင်းခြင်း ရှန့်ထိုရဲ့ အမွေအနှစ်တွေကို ရရင် လွယ်လွယ်ကူကူနဲ့ အဂ္ဂိရတ် ရှန့်ထို ဖြစ်လာမှာ သေချာတယ်”
ထျန်းေရှာင်လော့ထံတွင် ရှုံးနိမ့်ခဲ့သည့် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်က သက်ပြင်းတစ်ချက် ချရင်း ဆိုလိုက်၏။
"ဘာဖြစ်ဖြစ် စိတ်ဓာတ်မကျနဲ့... ခင်ဗျားမှာ မျှော်လင့်ချက် ရှိပါသေးတယ်...”
ဘေးနားရှိ ကျောင်းတော်သား ဝတ်စုံ ဝတ်စုံဝတ် အမျိုးသား တစ်ဦးက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ရင်း နောက်ပြောင်လိုက်သည်။
သို့သော်လည်း... သူ့စကားထဲမှ မျှော်လင့်ချက် ဆိုသည့် အသုံးအနှုန်းက ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ လူများ၏ အာရုံများကို ဆွဲဆောင်သွား၏။
ထင်မှတ်မထားပဲ အားလုံးထံမှ စိတ်ဝင်စားမှုကို လက်ခံ ရရှိလိုက်ရာ ကျောင်းတော်သားမှာ မြောက်ကြွမြောက်ကြွ ဖြစ်သွားခဲ့သည်။ သူက အလိုက်သင့်ပင် ချောင်းတစ်ချက် ဟန့်လိုက်ရင်း ဉာဏ်အလင်း ဖွင့်ပေးနိုင်သည့် ဆရာသခင် တစ်ယောက်၏ လေသံမျိုးဖြင့်...
“အနန္တ အသွင်ပြောင်းခြင်း ရှန့်ထို ချမှတ်ထားတဲ့ စည်းမျဉ်းတွေထဲမှာ နာမည်ခံ တပည့် လက်ထဲကို မှော်သန့်စင် ဆေးအိုး မေရာက်မချင်း ပြိုင်ဆိုင်မှုတွေ အတွက် တံခါးဖွင့်ထားတယ်လို့ အတိအလင်း ပြဌာန်း ထားတယ်...”
“ဟမ့်...”
စက္ကန့် မခြားပင် အထင်သေး နှာခေါင်းရှုံ့သံ တစ်ချက် ထွက်ပေါ်လာ၏။ အသံပိုင်ရှင်က မျက်မှန် အဝိုင်း တပ်ဆင်ထားသည့် မိန်းကလေး တစ်ယောက် ဖြစ်သည်။
“စည်းမျဉ်း ရှိတော့ေရာ ဘာလုပ်လို့ ရမှာလဲ... ဝင်ပြိုင်မယ်ဆို အကယ်ဒမီ တစ်ခုလုံးမှာ အတော်ဆုံး ဖြစ်ကြောင်း သက်သေပြရမှာ... တာအို လမ်းညွှန်သူ ထျန်းေရှာင်လော့က ရွှင်းစုတာအို တိုက်ပွဲတွေနဲ့ လူတိုင်းကို အနိုင်ယူပြီးပြီ... နောက်တစ်ကြိမ် ထပ်အနိုင်ယူဖို့ သူ့အတွက် ခက်ခဲမှာ မဟုတ်ဘူး... အရူးပဲ မျှော်လင့်ချက် ရှိတယ်လို့ ယုံလိမ့်မယ်”
သူမက ထျန်းေရှာင်လော့၏ ပရိသတ် တစ်ယောက် ဖြစ်တာ ရှင်းလင်းလှသည်။
“မျက်တောင်တစ်ဆုံးပဲ မြင်တတ်တာပဲ...”
ကျောင်းတော်သားက ခြောက်ကပ်ကပ် ရယ်မောလိုက်၏။ သူ၏ အထင်သေးသည့် လေသံက မိန်းကလေး၏ အမူအရာကို ဒေါသများဖြင့် လွှမ်းခြုံ သွားစေခဲ့သည်။ သို့သော်လည်း... သူမ တစ်စုံတစ်ရာ မတုန့်ပြန် ရသေးခင်မှာပင် အဂ္ဂိရတ် အာဏာရှင် လူအိုကြီး တစ်ယောက်က ဝင်ေရာက် ထိန်းသိမ်း ဖျန်ဖြေဖို့ ကြိုးပမ်း လိုက်လေသည်။
“ကျေးဇူးပြုပြီး ခင်ဗျားရဲ့ အတွေးကို ရှင်းပြပေးပါဦး... တာအို လမ်းညွှန်သူဟွာ...”
ဒေါသထွက်နေသည့်တိုင် မိန်းကလေးမှာ ငြိမ်သက်သွားကာ စောင့်ဆိုင်းလိုက်၏။ သို့သော်လည်း သူမ၏ မျက်ဝန်းများက စူးစူးရဲရဲ တောက်ပနေဆဲ ဖြစ်ကာ တစ်ညတူ အတူ အချိန်ဖြုန်းဖူးသည့် အရူးအား ဖိနှိပ်ရန် အခွင့်အေရးကို စောင့်ဆိုင်း နေခဲ့သည်။
သို့သော်လည်း... ကျောင်းတော်သားက သူမကို အခွင့်အေရး ပေးလိမ့်မည် မဟုတ်ပါချေ။
“တကယ်လို့ သေရကျရင် ချူးစို့သာ မှော်သန့်စင် ဆေးအိုးကို သူတို့ နှစ်ယောက်စလုံး အတူတူ ပိုင်ဆိုင်နိုင်လိမ့်မယ်... အခွင့်အေရးက အဲဒီ ကယ်ပေါက်ကို ဖမ်းဆုပ်ဖို့ပဲ... အကယ်ဒမီရဲ့ စည်းမျဉ်းတွေ အရ မျှဝေထားတဲ့ ပိုင်ဆိုင်မှုကို ဘယ်လို ယှဉ်ပြိုင်နိုင်တယ် ဆိုတာ ခင်ဗျားတို့ သိပြီးသား ဖြစ်မှာပါ”
အားလုံး၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွား၏။ ကျောင်းတော်သား ပြောတာ အမှန်ပင် ဖြစ်သည်။ အကယ်၍ ချူးစို့သာ မှော်သန့်စင် ဆေးအိုးကိုသာ မျှဝေထားသော ပိုင်ဆိုင်မှု အဖြစ် ကြေညာလိုက်ပါက ဥပဒေ အရ ပြိုင်ဆိုင်ခွင့်များ ရှိလာလိမ့်မည် ဖြစ်သည်။
“ဒါဆိုရင် ထန်းေရှာင်လော့ကို အနိုင်ယူစရာ မလိုတော့ဘူးပေါ့”
ဉာဏ်ပညာ ရင့်ကျက်သည့် မျက်ဝန်းများနှင့် အဂ္ဂိရတ် ပညာရှင် လူအိုကြီး တစ်ယောက်က ဆိုလိုက်သည်။ ပိုင်ဆိုင်ခွင့်ကို မျှဝေလိုလျှင် သင့်အနေဖြင့် ပိုင်ဆိုင်သူ တစ်ယောက်ကို အနိုင်ယူဖို့ လိုအပ်သည်။ ပိုင်ဆိုင်သူတိုင်းကို အနိုင်ယူဖို့ မလိုအပ်ပါချေ။
ထျန်းေရှာင်လော့မှာ အလွန်ပင် ကြောက်စရာ ကောင်းလွန်းလှသည်။ သူမက အကယ်ဒမီ အတွင်းရှိ တာအို လမ်းညွှန်သူ များစွာကို အပြတ်အသတ်ပင် အနိုင်ယူခဲ့ဖူးသည်။ သူမကို အနိုင်ရရှိဖို့က မဖြစ်နိုင်လောက်အောင်ပင် ဖြစ်သည်။
သို့သော်လည်း ချင်ကူးယဉ်ကတော့ သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကိုပင် မေရာက်သေးသူ တစ်ယောက် ဖြစ်သည်။ သူမထံတွင် သေမျိုး အဂ္ဂိရတ် ကြယ်တာရာများ မရှိသေးခြင်းက ထိုအချက်ကို သက်သေထူနေသည်။ မြင့်မားသည့် ကျင့်ကြံခြင်း အခြေခံများ အပါအဝင် သူတို့ ပိုင်ဆိုင်ထားသည့် သေမျိုး အဂ္ဂိရတ် ကြယ်တာရာများ၊ သုံးရက်ဆိုသည့် အချိန် ကန့်သတ်ချက်ဖြင့် ဆိုပါက ချင်ကူးယဉ်ကို သူတို့ အနိုင်ယူကောင်း ယူနိုင်ပေလိမ့်မည်။
အားလုံး၏ မျက်ဝန်းများက မျှော်လင့်ချက် အလင်းေရာင်များဖြင့် တောက်ပလာခဲ့၏။ ချင်ကူးယဉ်နှင့် ထျန်းေရှာင်လော့တို့သာ သေရကျပါက သူတို့ အတွက် အခွင့်အေရး တစ်ခု ပေါ်လာပေတော့မည် ဖြစ်သည်။
“နေဦး... ပိုင်ဆိုင်မှု တစ်ခုကို အများဆုံး လူသုံးယောက်ပဲ မျှဝေခွင့် ရှိတာမလား... နောက်ပြီး ဦးစားပေး စည်းမျဉ်းနဲ့ အချိန်ကာလ သတ်မှတ်ချက်လည်း ရှိသေးတယ်”
ရုတ်တရက် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်က ပြောလိုက်သည်။
"..."
"..."
"..."
တိတ်ဆိတ်မှုလှိုင်း တစ်ခုက ဝိညာဉ်ကွန်ယက် တစ်ခုလုံးကို သိမ်းကြုံး နေရာယူ သွားသည်။ သေမျိုး အဂ္ဂိရတ် ပညာရှင်များ၏ မျက်နှာများက မည်းမှောင်ကာ အုံ့မှိုင်းသွား၏။ အခြား ဖန်တီးခြင်း ပညာရှင်များ၏ အမူအရာများကတော့ ရွှင်မြူးမှု၊ စိတ်ဝင်တစားမှုတို့နှင့် ပြည့်နှက် သွားသည်။ သို့သော်လည်း တူညီတာ တစ်ခုက အားလုံး၏ အကြည့်များမှာ အသက် နှစ်ဆယ်ကျော်ခန့် ရှိသည့် ချောမောသော လူငယ် တစ်ယောက်ထံတွင် စုပြုံကာ ကျေရာက်နေကြခြင်း ဖြစ်ပေသည်။
သို့သော်လည်း... ချောင်စွေ့ဖုန်းကတော့ ချောမောသည့် လူငယ်လေး အစား ဝေ့ဝူယင်ကိုသာ ကြည့်လိုက်သည်။ ငွေေရာင် မျက်လုံးများနှင့် လူငယ်ကတော့ တစ်ချိန်လုံး တိတ်တဆိတ် နားထောင်နေကာ ပြုံးရုံသာ ပြုံးနေခဲ့၏။ ကြည့်ရသည်က မိန်းမလှလေး နှစ်ယောက်အား စိန်ခေါ်လိုသူများမှာ ယခုအချိန်အထိ မရပ်တန့်သေးပုံ ပေါ်လေသည်။
“တာအို လမ်းညွှန်သူဝေ့...”
ချောင်စွေ့ဖုန်းက ဝေ့ဝူယင်၏ အင်္ကျီလက်ကို နူးညံ့စွာ ဆွဲလိုက်၏။ သူမ၏ ဝိုင်းစက်စက် မျက်ဝန်းလေးများက အလင်းေရာင် ခပ်ဖျော့ဖျော့ဖြင့် တောက်ပနေကာ ချောမွတ်သည့် ပါးပြင်မှာ အနည်းငယ် ရှက်သွေးေရာင် သမ်းနေ၏။ တစ်ချိန်တည်း၌ သူမ၏ ကိုယ်နေဟန်ထားက နူးညံ့ကာ ရိုကျိုးပုံ ပေါ်နေလေသည်။ ထိုအခိုက်၌ သူမ၏ ဖြစ်တည်မှု တစ်ခုလုံးက မည်သည့် ယောက်ျားကို မဆို အရည်ပျော်ကျသွားစေဖို့ လုံလောက်ပေသည်။ မိန်းကလေး၏ ရုတ်ချည်း အပြောင်းအလဲကို ကြည့်ကာ ဝေ့ဝူယင် ဆွံ့အသွားခဲ့၏။ သူမက သူ့ကို နောက်တစ်ကြိမ် ဆွဲဆောင်ဖို့ ကြိုးပမ်း နေသလော။
လျူစုယင်မှာ ချောင်စွေ့ဖုန်း၏ အမူအရာကို ကြည့်ကာ ဝိညာဉ် ကွန်ယက်ထဲမှ ဆွဲထုတ်ပစ်ချင်သလို ခံစားလိုက်ရသည်။ လက်ရှိ ထိုစုန်းမ၏ အမူအရာက သခင်ဆီမှ နို့ဆီရှာဖွေရန် ကြိုးပမ်းနေသည့် ကြောင်မလေး တစ်ကောင်လိုပင်။ ဘယ်လောက်တောင် ဒေါသထွက်စရာ ကောင်းလိုက်သနည်း။ သူမ ဝေ့ဝူယင်ကို လှမ်းကြည့် လိုက်မိ၏။ လူငယ်သာ ထိုဆွဲဆောင်မှု အတွင်း မြောပါသွားပါက သူမ ကျိန်းသေ အထင်သေးမိလိမ့်မည် ဖြစ်သည်။
“ဘာလို့လဲဗျ...”
ဝေ့ဝူယင်က မေးလိုက်၏။ သူ၏ မတုန်မလှုပ် အမူအရာက လျူစုယင်၏ မျက်ဝန်းများကို ပျော်ရွှင်မှုများနှင့် ပြည့်နှက် သွားစေခဲ့သည်။
သို့သော်လည်း ချောင်စွေ့ဖုန်းက ဘာမှ မဖြစ်သလို အမူအရာနှင့် ရှင်းပြလိုက်သည်။
"တာအို လမ်းညွှန်သူဝေ့... မျှဝေထားတဲ့ ပိုင်ဆိုင်မှုအတွက် ဆိုရင် အသက် အငယ်ဆုံး စိန်ခေါ်သူမှာ ဦးစားပေး အခွင့်အေရး ရှိတယ်...”
“အဲဒီလိုလား...”
ဝေ့ဝူယင်နှင့် လျူစုယင်တို့ နှစ်ယောက်စလုံး၏ အမူအရာများက နားလည် သဘောပေါက်သည့် အငွေ့အသက်များနှင့် လင်းလက် သွားခဲ့သည်။ သန်မာသည့် အဂ္ဂိရတ် အော်ရာနှင့် အသက် အငယ်ဆုံး ဖြစ်ဟန်တူသည့် လူငယ် အပေါ် အားလုံး၏ အကြည့်များ ကျေရာက် နေကြတာ မထူးဆန်းတော့ချေ။
ထိုအချိန် အတိအကျတွင်ပင် တရားသူကြီးများမှာ သူတို့၏ ဆုံးဖြတ်ချက်ကို ထုတ်ပြန် လိုက်ကြလေတော့၏။
“သေရကျတယ်...”
တရားသူကြီး သုံးယောက်၊ ယောက်ျားနှစ်ယောက် မိန်းမ တစ်ယောက်တို့၏ အသံများက ပြိုင်တူပင် ထွက်ပေါ်လာကာ ဝိညာဉ်ကွန်ယက် တစ်ခုလုံးကို ပဲ့တင်ထပ် သွားစေခဲ့၏။ လူတိုင်း၏ နှလုံးသားများက အဆုံးမဲ့စွာဖြင့် လှုပ်ရှားသွားကြသည်။ အသက်ရှူသံများ တိတ်ဆိတ်သွားသည့် အခိုက်၌ လေထု တစ်ခုလုံးမှာ သိပ်သည်းလေးလံမှုများနှင့် ပြည့်နှက် သွား၏။
အလွှာကြားက လောက၏ သမိုင်းကြောင်း တစ်လျှောက်လုံးတွင် သေရဖြင့် အဆုံးသတ်သွားသည့် အဂ္ဂိရတ် တိုက်ပွဲ တစ်ခု အဘယ်တုန်းက ဖြစ်ဖူးသနည်း။
ဝိညာဉ်ကွန်ယက် အတွင်းတွင်တော့ ဝေ့ဝူယင်က မေးစေ့ကို ရွှင်မြူးစွာ ပွတ်သပ် လိုက်သည်။ ကြည့်ရသည်က ကောင်းကင်တာအိုနှင့် ပတ်သက်သည့် သူ့ အမြင်များမှာ ပိုမို တိကျလာပုံ ရသည်။ အခြားလူများနှင့် ခြားနားစွာပင် အပိုင်းအစများစွာအား ဆက်ထားသည့် ကြိုးများကို သူ မြင်နိုင်စွမ်း ရှိပေသည်။ အသွင် သဏ္ဌာန်မဲ့ ယုံကြည်ချက် တစ်ခုက ဝေ့ဝူယင် နှလုံးသား အတွင်း ဖွဲ့စည်းလာကာ ကျင့်ကြံရန် ဆန္ဒမှာ ပိုမို ပြင်းထန် လာခဲ့လေ၏။
“တကယ့်ကို မကြုံစဖူး ကိစ္စမျိုးပဲ...”
ချောင်စွေ့ဖုန်းက အံ့အားသင့်စွာဖြင့် ေရရွတ် လိုက်သည်။ ထို့နောက် သူမက ဝေ့ဝူယင်ဘက်သို့ လှည့်လိုက်သည်။ သူမ၏ အတွေးများက အလွန် လျှင်မြန်စွာ ပြောင်းလဲနေပုံ ပေါ်ကာ မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
“တာအို လမ်းညွှန်သူဝေ့... ဒါက ရှင့်အတွက် အခွင့်အေရးပဲ...”
***