ပါဝင်ခြင်း
Vol. 79 Ch. 1106
ကာကွယ်သူ မြို့တော်နှင့် အလွန် ကွာဝေးလှသော နေရာ တစ်ခု၌ လျူယင်လန်းမှာ ကြာပန်း သဏ္ဌာန် ထိုင်နေခဲ့၏။ သူမ၏ နံဘေးတွင်တော့ တိတ်တဆိတ် ကျင့်ကြံနေသည့် ရဲ့ကျိလင် တစ်ယောက် ရှိနေခဲ့လေသည်။ ထိုအခိုက်၌ အာကာသ ဝေဟင်ဂိုဏ်းကြီး၏ ဂိုဏ်းချုပ် တစ်ဖြစ်လည်း အဆုံးမဲ့ မြို့တော် သခင်မှာ အတွေးနက်ဟန်ဖြင့် မျက်မှောင်ကြုတ် ထားခဲ့လေ၏။
ချူးစို့သာ မှော်သန့်စင် ဆေးအိုး အတွက် အဂ္ဂိရတ် တိုက်ပွဲ၏ ရလဒ်ကို သူမ ယခုလေးတင် လက်ခံ ရရှိခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲက သေရကျခဲ့လေရာ ထူးဆန်းသော နောက်ဆက်တွဲများ ဖြစ်ပေါ်လာတော့မည် ဖြစ်သည်။ မြို့တော်သုံးခုထဲမှ တစ်ခု၏ အရှင်သခင် အနေဖြင့် အမျိုးမျိုးသော ဥပဒေသများနှင့် စည်းမျဉ်းများ အပေါ် သူမ၏ ဗဟုသုတများမှာ အလွန်ပင် နက်ရှိုင်းလှပေသည်။ ထို့ကြောင့်ပင်... ချူးစို့သာ မှော်သန့်စင် ဆေးအိုးအား မျှဝေ ပိုင်ဆိုင်နိုင်သူ နောက်တစ်ယောက် ပေါ်လာနိုင်ကြောင်း ဖြစ်နိုင်ချေကို သူမ သတိပြုမိပြီး ဖြစ်သည်။ ထို့အပြင်... ဝေ့ဝူယင်မှာ ၎င်းအား ရယူနိုင်ရန် ပြီးပြည့်စုံသော အနေအထား တစ်ရပ်တွင် ရှိသည်။
လျူယင်လန်း ပိုမို၍ စိတ်လှုပ်ရှား လာမိ၏။ အကယ်၍ ဝေ့ဝူယင်သာ ထိုမှော်သန့်စင် ဆေးအိုးကို အရယူနိုင်ပါက အလွှာကြားက လောကမှ ထွက်ခွာလိုသည့် သူ့ဆန္ဒမှာ မှိန်ဖျော့သွားနိုင်ပေသည်။ သဘော သဘာဝ အရ မှော်သန့်စင် ဆေးအိုးကို အလွှာကြားက လောက အပြင်ဘက်ကို ယူဆောင်သွားလို့ မရပါချေ။ ၎င်းက လူငယ်အတွက် အစစ်အမှန် ကံကြမ္မာ ခရီးသည် ရာထူးအား လက်ခံရန် ပြင်းထန်သော တွန်းအားတစ်ခု ဖြစ်ပေလိမ့်မည်။
“ဘာပဲဖြစ်ဖြစ် သူ အရင်ဆုံး နိုင်ဖို့ လိုတယ်... ဒါပေမဲ့ အဂ္ဂိရတ် ဝိညာဉ် မရှိ၊ အသက် ငယ်ငယ်၊ အဂ္ဂိရတ် တာအို ချို့တဲ့တဲ့ နေရာက လာတဲ့ လူငယ်လေး တစ်ယောက် အတွက် ချင်ကူးယဉ်ကို နိုင်ဖို့ နည်းလမ်း ရှိပါ့မလား”
အဂ္ဂိရတ် ဝိညာဉ် တစ်ခုမှာ ရွှင်းစု တာအို တိုက်ပွဲများတွင် လုံးဝ ရပ်တန့်လို့ မရနိုင်သည့် အားသာချက် ဖြစ်သည်။
“ငါ သူ့ကို ကူညီသင့်လား...”
သူမက နူးညံ့ ချောမွတ်သည့် နှုတ်ခမ်းကို ထိတွေ့ရင်း ခပ်တိုးတိုး ေရရွတ်လိုက်လေ၏။
...
ဒိုင်လူကြီးများမှာ မြေကြီး ရှန့်ထို အဆင့် ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်များ ဖြစ်ကြပေသည်။ သူတို့မှာ အလွန်ပင် ကျော်ကြားကာ အနာဂတ်တွင် အဂ္ဂိရတ် ရှန့်ထို ဖြစ်လာနိုင်သည့် အလားအလာများကို ပိုင်ဆိုင်ထားကြသည်။ အခွင့်အေရးက သေးငယ်သည် ဆိုသည့်တိုင် သူတို့မှာ များစွာသော လိုအပ်ချက်များနှင့် ကိုက်ညီသူ ဖြစ်သည်။ ကံတရား၊ အားထုတ်မှုနှင့် လေ့ကျင့်မှုတို့က သာလျှင် ဂိတ်တံခါးကို ဖွင့်ပေးနိုင်ပေလိမ့်မည်။
သူတို့က ဒိုင်လူကြီးများသာ မဟုတ်ပါချေ။ အများစု၏ မဲပေး ေရွးချယ် တင်မြှောက်မှုကို စွဲကိုင်ထားသည့် တာအို လမ်းညွှန်သူ ခေါင်းဆောင်များလည်း ဖြစ်သည်။ ထို့အပြင် သူတို့ တစ်ယောက်ချင်းစီမှာ ဆေးရည်၊ ဆေးလုံး၊ ဆေးပြား တည်းဟူသော လမ်းစဉ် တစ်ရပ်ချင်းစီကို ကျွမ်းကျင်ကြကာ ထိုအဂ္ဂိရတ် တာအိုများ၌ အတော်ဆုံး သေမျိုး အဂ္ဂိရတ် အာဏာရှင်များ အဖြစ် ကျော်ကြားသည်။ ဆေးတောင့်သာလျှင် တစ်ခုတည်းသော ချွင်းချက် ဖြစ်သည်။
ချောင်စွေ့ဖုန်းမှာ ဒိုင်လူကြီးများ ေရှ့၌ ရပ်နေကာ မျှဝေ ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်သည့် ဥပဒေသများ အကြောင်းကို ရှင်းလင်း ပြောဆို နေခဲ့၏။ ပရိသတ်များမှာ တိတ်ဆိတ် ငြိမ်သက် နေကြကာ အာရုံစိုက်၍ နားထောင် နေကြသည်။ သူမက စင်မြင့်ထက်၌ ရပ်နေခြင်း ဖြစ်ကာ သူမနောက် ခြေလှမ်း အနည်းငယ် အကွာတွင်တော့ ချင်ကူးယဉ်နှင့် ထျန်းေရှာင်လော့တို့ ရှိနေခဲ့၏။ မိန်းမလှလေး နှစ်ယောက်၏ အမူအရာများက စိတ်ရှုပ်ထွေးနေပုံ ပေါ်လေသည်။ ထိုကဲ့သို့ နောက်ဆက်တွဲများ ရှိသည်ကို သူမတို့ မသိခဲ့တာ အမှန်ပင် ဖြစ်သည်။
မကြာခင်မှာပင် ချောင်စွေ့ဖုန်းက သူမ၏ စကားကို အဆုံးသတ်လိုက်၏။
“အဆုံးမဲ့ ခရီးသွားခြင်း နယ်မြေရဲ့ မျှဝေ ပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေသ အခန်း ၃ အပိုဒ် ၁၇ အရ တာအို လမ်းညွှန်သူ ဝေ့ဝူယင်ရဲ့ ကိုယ်စား စိန်ခေါ်ခွင့် အခွင့်အေရးကို တောင်းဆိုပါတယ်”
“ဝေ့ဝူယင်...”
ထျန်းေရှာင်လော့နှင့် ချင်ကူးယဉ်တို့ နှစ်ယောက် စလုံး၏ အမူအရာများက အကြီးအကျယ်ပင် ပြောင်းလဲ သွား၏။ တစ်ချိန်တည်း၌ မေရမတွက်နိုင်လှသော ပရိသတ်များကတော့ ထိုနာမည်ကို တစ်ခါမှ မကြားဖူးလေရာ စိတ်ရှုပ်ထွေး သွားကြလေသည်။
ဒိုင်လူကြီးများထဲမှ တစ်ယောက်ပင်လျှင် မျက်မှောင်ကြုတ် သွား၏။
“မျှဝေထားတဲ့ ပိုင်ဆိုင်မှု အတွက် စိန်ခေါ်ခွင့်က အသက် အငယ်ဆုံးလူရဲ့ လက်ထဲမှာပဲ ရှိရတယ်... ကျုပ် သိထားသလောက် ဆိုရင် အကယ်ဒမီမှာ အသက် အငယ်ဆုံး သေမျိုး အဂ္ဂိရတ် အာဏာရှင်က ကျောင်းလမ့်မလား”
အခြား ဒိုင်လူကြီး နှစ်ယောက်ကလည်း ခေါင်းညိတ်လိုက်ကြ၏။ ဝေ့ဝူယင်ဆိုတာက ဘယ်သူနည်း။
ချောင်စွေ့ဖုန်းက အနည်းငယ် ပြုံးလိုက်၏။
“တာအို လမ်းညွှန်သူဝေ့က အသက် တစ်ရာတောင် မပြည့်သေးပါဘူး”
ထို့နောက် သူမက ဝေ့ဝူယင် ရှိနေသည့် အထူးခန်းကို လှမ်းကာ လက်ညွှန်ပြလိုက်လေသည်။ ချက်ချင်းပင် ဒိုင်လူကြီး သုံးယောက်မှာ သူတို့၏ ဝိညာဉ် အာရုံများကို ထိုနေရာသို့ ပို့လွှတ် လိုက်ကြလေ၏။
ချက်ချင်း ဆိုသလိုပင် ဝိညာဉ် မျက်နှာပြင်များထက်၌ ချောမောလှပသည့် လူငယ်လေး တစ်ယောက်၏ ပုံရိပ် ပေါ်လွင်လာခဲ့၏။ သူ၏ ငွေေရာင် မျက်ဝန်းများ အတွင်းတွင်တော့ အဂ္ဂိရတ် တာအို လမ်းစဉ် ခုနစ်ရပ်ကို ကိုယ်စားပြုသည့် ကြယ်တာရာ ခုနစ်ခုက တဖျပ်ဖျပ် တောက်ပနေခဲ့လေသည်။
“...”
ဒိုင်လူကြီး သုံးယောက်မှာ ဆွံ့အ သွား၏။
“သူ ေရာက်လာပြီပေါ့...”
ချင်ကူးယဉ်၏ နှလုံးသားက တဒိတ်ဒိတ် တုန်ရီသွားသည်။
"ဆိုတော့ အဲဒါက သူပေါ့...”
ထျန်းေရှာင်လော့၏ အမူအရာက ပိုမို၍ တည်ငြိမ်လာသည်။ ထိုအရာကပင် သူမ၏ အလှတရားနှင့် ဂုဏ်သိက္ခာကို နောက်တစ်ဆင့်သို့ တိုးမြင့်သွားစေကာ လူတိုင်း၏ နှလုံးသားကို ဖမ်းစားနိုင်သည့် မြင်ကွင်း တစ်ခု ဖြစ်ပေါ်လာသည်။
ကြည့်ရသည်က မိန်းမလှလေး၏ အစီအစဉ်မှာ မမြင်နိုင်သည့် ကိန်းရှင် တစ်ခုနှင့် သွားေရာက် ကိုက်ညီနေသည့်ပုံ ပေါ်လေသည်။
...
“တကယ့်ကို သူပဲ...”
ချင်ကူးယဉ်က လက်သီးကို ခပ်ဖွဖွ ဆုပ်လိုက်၏။ လွန်ခဲ့သည့် ဆယ်စုနှစ်များဆီတုန်းက သူမ၏ ဘိုးဘေးမှာ ဝေ့ဝူယင်ထံမှ ပါရမီ တစ်စိတ်တစ်ပိုင်းနှင့် အတူ သူမ ခံစားနေရသည့် ထာဝရ ဆေးလုံး၏ မသန့်စင်သော အကျိုးဆက်များကို ကုသဖို့ မျှော်လင့်ခဲ့ဖူးသည်။ ချင်ကူးယွင်မှာ အလွန် စိတ်ရှည်ကာ မှန်ကန်သည့် အခွင့်အေရး ပေါ်လာသည် အထိ စောင့်ဆိုင်းခဲ့သည်။ ထို့နောက်... မဟာ ဝိညာဉ် စမ်းသပ်ပွဲ အဆုံးသတ်တွင် သူတို့ စတင် လှုပ်ရှားခဲ့ကြသည်။
ထို့နောက် လူသန်းပေါင်း ဆယ်ချီ၏ အေရှ့တွင် သူတို့ နှစ်ယောက် အကြီးကျယ်ဆုံးသော အဂ္ဂိရတ် တိုက်ပွဲကို ဆင်နွှဲခဲ့ကြသည်။ ၎င်းအား ထောင်စုနှစ် အတွင်း အကြီးကျယ်ဆုံးသော အဂ္ဂိရတ် တိုက်ပွဲ အဖြစ်ပင် တင်စား ခဲ့ကြသည်။ သို့သော်လည်း... ထိုတိုက်ပွဲ၌ သူမ ရှုံးနိမ့်ခဲ့ရသည့် အပြင် အဂ္ဂိရတ် အစည်းအရုံးပါ ဝေ့ဝူယင်၏ ထိန်းချုပ်မှု လက်အောက် ကျေရာက် သွားခဲ့ရသည်။
အရာရာ အနှုတ်ဘက်သို့ ကျဆင်းသွားသည့်တိုင် ချင်ကူးယွင်မှာ လွယ်လွယ်ကူကူနှင့် လက်လျှော့ခဲ့သည်တော့ မဟုတ်ချေ။ သူမ၏ အနာဂတ်ကို ကယ်တင်ပေးဖို့ နောက်ဆုံး တစ်ကြိမ် ကမ်းလှမ်းခဲ့ပါသေးသည်။ သို့သော်လည်း.. ဝေ့ဝူယင်က ငြင်းပယ်ခဲ့သည်။
ထိုကာလများ၌ ချင်ကူးယဉ်မှာ အဆုံးတိုင် စိတ်ဓာတ်ကျ အားငယ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ကောင်းကင် နိမိတ်ဖတ်သူ တစ်ယောက်ေရာက်ရှိလာကာ မျှော်လင့်ချက် ပေးခဲ့ခြင်းကြောင့်သာ မဟုတ်ပါက သူမ အရာရာကို အဆုံးသတ်ခဲ့လောက်ပြီး ဖြစ်သည်။ ကျင့်ကြံခြင်း လောကတွင် မကျင့်ကြံနိုင်ပဲ ဆက်လက် အသက်ရှင်သန်ရပါက ဘဝက ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။
သူမ အမြင်အရ ဆိုလျှင်... အဂ္ဂိရတ် လမ်းစဉ်၌ ဝေ့ဝူယင်၏ အနာဂတ်မှာ သူမလောက် ကြီးကျယ် ခမ်းနားခြင်း မရှိပါချေ။ သူ့ထံတွင် အဂ္ဂိရတ် ဝိညာဉ် မရှိလေရာ အဂ္ဂိရတ် တာအို၏ အထွတ်အထိပ်ကို ဘယ်တော့မှ ေရာက်နိုင်လိမ့်မည် မဟုတ်ပါချေ။
ကံကောင်း ထောက်မစွာပင် လျှို့ဝှက် ဆန်းကြယ်သည့် ကောင်းကင် နိမိတ်ဖတ် ပညာရှင်မှာ သူမ ကံကြမ္မာအား အပြောင်းအလဲ ဖြစ်စေမည့် ဟောကိန်း တစ်ခုကို ဆောင်ယူလာပေးခဲ့သည်။ ထိုဟောကိန်းနှင့် အတူ သူမ စစ်မိစ္ဆာ လောကနယ်မြေကို ဝင်ေရာက်ခဲ့သည်။ ထိုနေရာတွင် သူမနှင့် နာမည်ချင်း ဆင်တူသည့် ထိပ်တန်း အဂ္ဂိရတ် ပါရမီ ပိုင်ရှင် မိန်းကလေး တစ်ယောက်ကို ရှာဖွေခဲ့သည်။ ထို့နောက်... စွမ်းအင် သွေးကြော ကူးယူခြင်း နည်းလမ်းနှင့် အတူ သူမ၏ ပြဿနာများကို ဖြေရှင်းခဲ့သည်။
အရာအားလုံး အဆင်ပြေမယ် ကြံပြန်တော့ ဒုတိယံပိ ကပ်ဘေးက စတင် လာခဲ့ပြန်သည်။ ဝေ့ဝူယင် မီးမွှေးခဲ့သည့် စစ်မိစ္ဆာ လောက၏ အပြောင်းအလဲများက သူမကို ကျေးကျွန် တစ်ယောက် အဖြစ် ပြောင်းလဲပစ်ခဲ့ကာ သက်ရှိ ဆေးအိုးသဖွယ် နေ့ရက်များကို ကုန်ဆုံးခဲ့ရပြန်သည်။ ထို့နောက်... နွေဦး၏ အလင်းေရာင် တစ်ခု အလား ဝေ့ဝူယင်၏ လူများ ေရာက်ရှိလာကာ သူမကို လွှတ်ပေးခဲ့သည်။
“ကျွန်မတို့ အသက်ရှင်နေသမျှ ရှင့်ကို အဂ္ဂိရတ် အစည်းအရုံးဆီ ပြန်ပို့ပေးမယ်... ဒါပေမဲ့ မှတ်ထားပါ... ဒါတွေ အားလုံးက အရှင်ဝေ့ကြောင့်ပဲ”
ဟုန်ချွင်းဟွာ၏ ထိုစကားလုံးများကို သူမ ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပါချေ။ ထိုအချိန်မှ စ၍ ဝေ့ဝူယင် အပေါ် သူမ၏ အမြင်များမှာ လုံးဝ ပြောင်းလဲ သွားခဲ့လေသည်။ ဝေ့ဝူယင်မှာ သူမ အပေါ် အသက် တစ်ချောင်း အကြွေးတင်နေပေသည်။
သူမအား အနိုင်ယူခဲ့ဖူးသလို ကယ်လည်း ကယ်တင်ခဲ့ဖူးသည့် လူငယ်လေး၏ ပုံရိပ်ကို လှမ်းကြည့်ရင်း ချင်ကူးယဉ်၏ မျက်ဝန်းများမှာ အမျိုးမျိုးသော ခံစားချက်များနှင့် ပြည့်လျှံ နေခဲ့လေ၏။ ဝေ့ဝူယင်၏ မျက်ဝန်းများထဲမှ သေမျိုး အဂ္ဂိရတ် ကြယ်တာရာများကို တွေ့မြင်ရသော အခါတွင်တော့ သူမ၏ ခန္ဓာကိုယ်လေးက ဆတ်ခနဲပင် တုန်ရီသွားခဲ့လေသည်။
အခြားတစ်ဖက်၌ ထျန်းေရှာင်လော့၏ အတွေးများကတော့ ခြားနားလှသည်။ ဝေ့ဝူယင် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်နေခြင်းမှာ သူမ အတွက်တော့ သာမန် ကိစ္စ တစ်ခုသာ ဖြစ်သည်။ အလွှာကြားက လောကမှာ ဆုံတွေ့ရခြင်း ဆိုလျှင် ပိုမို၍ပင် သမာရိုးကျ ဆန်သေးသည်။ ဝေ့ဝူယင်မှာ လျှို့ဝှက် ဆန်းကြယ်သည့် နောက်ခံကို ပိုင်ဆိုင်ထားနိုင်ကြောင်း သူမ အစောတည်းက သံသယ ရှိနေခဲ့ခြင်း ဖြစ်သည်။ သူ့ နောက်ကွယ်ရှိ အဖွဲ့အစည်းမှာ အလွှာကြားက လောကမှ အင်အားစု တစ်ခုခု ဖြစ်နိုင်ပေသည်။
ထိုကဲ့သို့ ယုံကြည်နေသည်က သူမ တစ်ယောက်တည်း မဟုတ်ချေ။ အရှင် အစားကျူးသူ အပါအဝင် အခြားလူများမှာလည်း အလားတူပင် ယုံမှား နေကြခြင်း ဖြစ်သည်။ ဝေ့ဝူယင်မှာ လောကရှန့်ထို အဆင့်လို ပုဂ္ဂိုလ်ကြီး တစ်ယောက်ယောက်၏ အစီအစဉ် တစ်ခု ဖြစ်နိုင်ပေသည်။
သို့သော်လည်း... ထိုအရာက သူတို့ အတွက်တော့ ဂရုစိုက်စရာ ကိစ္စ တစ်ခု မဟုတ်ချေ။ သူတို့က ပထမံ မွေးဖွားခြင်းများ ဖြစ်ကြသည်။ ေရစက်ကြိုး ပိုင်ရှင်များ၊ ရှာဖွေသူများနှင့် လောကအား လွှမ်းမိုးရန် ဆန္ဒရှိသူများ၏ တိုက်ပွဲများတွင် သူတို့က ပါဝင်လေ့ မရှိပါချေ။
ဝှစ်...
ဝေ့ဝူယင်မှာ ဖြည်းညင်းစွာပင် အထူးခန်းထဲမှ ထွက်လာခဲ့၏။ မကြာခင်မှာပင် ဒိုင်လူကြီး သုံးယောက်နှင့် မျက်နှာချင်းဆိုင်နေသည့် ချောင်စွေ့ဖုန်း အနားသို့ ေရာက်ရှိလာခဲ့လေသည်။ ဝေ့ဝူယင်ကို အနီးကပ် ကြည့်ရင်း ဒိုင်လူကြီး သုံးယောက်၏ အမူအရာများမှာ ပိုမို၍ ပြောင်းလဲလာခဲ့ကြ၏။
လူငယ်မှာ အလွန်ပင် ငယ်ရွယ်လွန်းလှသေးသည်။ သူက အသက် ခုနစ်ဆယ်ပင် ပြည့်သေးပုံ မရချေ။ သို့သော်လည်း... အဂ္ဂိရတ် ကြယ်တာရာများကို မျက်ဝန်းများ အတွင်း ေရးထိုး နိုင်ခဲ့ပြီ ဖြစ်သည်။ ချင်ကူးယဉ်နှင့် ထျန်းေရှာင်လော့တို့ပင် သူ့ထက် အသက်ကြီးကြသေးသည်။
ပိုမို၍ အံ့အားသင့်ဖို့ ကောင်းသည့် အရာက ဝေ့ဝူယင်ထံတွင် အဂ္ဂိရတ် ဝိညာဉ် ကျင့်ကြံသူ တစ်ဦး၏ အော်ရာမျိုး မရှိခြင်း ဖြစ်သည်။ ထိုကဲ့သို့ အော်ရာမျိုးမှာ ဖုံးကွယ်ရန် အလွန် ခက်ခဲကာ မဖြစ်နိုင်လောက်အောင်ပင် ဖြစ်သည်။ မည်သို့ပင် ဆိုစေ... ကျင့်ကြံခြင်း ဝိညာဉ်၏ အော်ရာမှာ ခန္ဓာကိုယ်၏ သွေး၊ အရိုးနှင့် ကလီစာများကိုပင် သက်ေရာက်စေနိုင်သည် မဟုတ်ပါလား။
အဂ္ဂိရတ် ဝိညာဉ် မရှိသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်...
နောက်ပြီး အသက် ခုနစ်ဆယ်အောက်...
ဒိုင်လူကြီး သုံးယောက်၏ အမူအရာများက အလွန်ပင် သုန်မှုန် နေကြ၏။ တစ်ချိန်တည်း၌ သူတို့၏ မျက်ဝန်းများကတော့ စိတ်လှုပ်ရှားမှု၊ နှမြောမှု၊ ဝမ်းနည်းမှု အငွေ့အသက် တစ်ချို့ဖြင့် လွှမ်းခြုံနေသည်။
“ဘယ်လောက်တောင် နှမြောဖို့ ကောင်းလိုက်လဲ...”
ဆေးရည် လမ်းစဉ်တွင် အလွန် ကျော်ကြားသည့် အမျိုးသား ဒိုင်လူကြီးက လေးပင်စွာဖြင့် သက်ပြင်း တစ်ချက် ရှိုက်လိုက်လေတော့၏။
***