← Chapters

အခန်း (၁၃၄၇)

Vol. 97 Ch. 1347

အခန်း (၁၃၄၇)

Vol. 97 Ch. 1347

ဝမ်မိသားစုသို့ ဆရာဟန်ရောက်လာခြင်းသည် အခွင့်အရေးတစ်ခု ဖြစ်သင့်သည်။

ဝမ်ကျီကျင်းက စိတ်ဓာတ်ကျနေသောမျက်နှာထားဖြင့် ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။

“ကျွန်တော်က မိသားစုကို သေချာစီမံဖို့ ပျက်ကွက်ခဲ့တယ်။ မိသားစုခေါင်းဆောင်ရာထူးကနေ နုတ်ထွက်ချင်ပါတယ်”

အကြီးအကဲများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“ငါတို့က မိသားစု‌‌ခေါင်းဆောင်ရာထူးကို ယာယီအစားထိုးလိုက်မယ်။ မင်းက ဒီကိစ္စကို ဖြေရှင်းနိုင်မလား ကြည့်ကြတာပေါ့”

....

ပိုင်မိသားစု ....

ရုပ်သေးရုပ်ဆယ်ခုကျော်သည် အတန်းလိုက်ရှိနေကြသည်။

ကမ္ဘာဦးရုပ်သေးရုပ်များ ဖြစ်ကြသည်။ ထိုရုပ်သေးရုပ်များက အပြင်းအထန် ထိခိုက်ထားကြသည်။

ရုပ်သေးရုပ်နှစ်ရုပ်သည် ပျက်စီးနေသည်။

နတ်ဘုရားအဆင့် အကြီးအကဲများက စကားမပြောကြပေ။ သူတို့က ရုပ်သေးရုပ်များအား ထိကြည့်နေသော ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

“ဒီဓားချက်က နတ်ဘုရားအဆင့် ချပ်ဝတ်သခင်တစ်ယောက်ကြောင့် ဖြစ်လာတာပဲ။ ဓားသွားမှာ အအေးဓာတ်နဲ့ ပြည့်နေတယ်။ စည်းမျဉ်းအဖြစ် စုစည်းသွားတော့မယ်”

“ဒီရုပ်သေးရုပ်က ခုခံနိုင်စွမ်းကောင်းပေမဲ့ ဝိုင်းရံခံခဲ့ရတယ်။ စွမ်းအင်မကုန်ခင်မှာ ဝိုင်းရံမှုကို ချိုး‌ဖောက်နိုင်ခဲ့ပေမဲ့ အတွက်မှားပြီး ထိခိုက်သွားတယ်”

“ဒီရုပ်သေးရုပ်က အသန်မာဆုံးဖြစ်လိမ့်မယ်။ ကောင်းကောင်းမွန်မွန် ဂရုစိုက်ခံထားရတယ်။ ဒီရုပ်သေးရုပ်မှာရှိတဲ့ ဒဏ်ရာတွေက အရမ်းအားကောင်းတယ်။ စကြဝဠာနယ်မြေကနေ ရောက်လာတာဖြစ်လိမ့်မယ်”

ဟန်မူယဲ့၏ စကားကြောင့် ပိုင်မိသားစု၏ အကြီးအကဲများက မျက်လုံးပြူးသွားကြသည်။

နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များသည် ဝမ်ကျင်းမြို့တွင် ရှိနေကြသည်။ သို့သော် သူတို့က ဆရာဟန်ကဲ့သို့ သေချာအကဲဖြတ်နိုင်မည်မဟုတ်ပေ။

ထိုသို့ အကဲဖြတ်နိုင်ရန်အတွက် ပန်းပဲပညာတွင် ကျွမ်းကျင်မှုရှိရမည်။ ထို့အပြင် တိုက်ခိုက်ရေးနှင့် အမျိုးမျိုးသော စွမ်းအားများကိုလည်း နားလည်ရမည်။

အရေးအကြီးဆုံးအနေဖြင့် စည်းမျဉ်းများလည်း ရှိနေသည်။

ဆရာဟန်က ပန်းပဲပညာရပ်တွင် ကျွမ်းကျင်ရုံသာမက ကျင့်ကြံခြင်းနှင့် တိုက်ခိုက်နိုင်စွမ်းတွင်လည်း သန်မာလိမ့်မည်။

သူက ပင်မအကြီးအကဲတစ်ယောက် ဖြစ်လာသည့်အတွက် မထူးဆန်းတော့ပေ။

ဟန်မူယဲ့က တည်ငြိမ်စွာ ရပ်နေသည်။

သူက ရုပ်သေးရုပ်များကို လေ့လာပြီး အများအပြား ရခဲ့သည်။

တချို့ရုပ်သေးရုပ်များသည် စကြဝဠာနယ်မြေတွင် တိုက်ခိုက်ခဲ့ကြသည်။

လွန်ခဲ့သောနှစ်တစ်သန်းတွင် စကြဝဠာနယ်မြေက အလွန်ဖရိုဖရဲဖြစ်နေသည်။ ယခုအချိန်တွင် ဖြည်းဖြည်းချင်း တည်ငြိမ်သွားပြီး တိုက်ပွဲများကို သိပ်မတွေ့ရတော့ပေ။

စကြဝဠာနယ်မြေတွင် တိုက်ပွဲဖြစ်လာလျှင် ပါဝင်ဆင်နွှဲရန်အတွက် နတ်ဘုရားအဆင့် ကျွမ်းကျင်သူများကို စုစည်းလေ့ရှိသည်။ လူအများအပြားက သေဆုံးသွားကြသည်။ သို့သော် အကျိုးအမြတ်ရသော လူများလည်း ပေါ်ထွက်လာကြသည်။

စကြဝဠာနယ်မြေသည် တခြားနေရာများတွင် ရှာဖွေရန်ခက်ခဲသော ရတနာ၊ အရင်းအမြစ်နှင့် အမွေအနှစ်အမျိုးမျိုးကို ထောက်ပံ့ပေးနိုင်သည်။

ဟန်မူယဲ့က စကြဝဠာအဆင့် ကျွမ်းကျင်သူများ၏ တိုက်ပွဲကို မြင်ခဲ့ရသည်။

ဒါဇင်ချီသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများသည် စကြဝဠာအဆင့် ကျွမ်းကျင်သူကို မခုခံနိုင်ကြပေ။

သူတို့က စကြဝဠာအဆင့် ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို တစ်ဦးတည်း ထိန်းချုပ်နိုင်သည်။

သူတို့သည် စကြဝဠာနယ်မြေ၏ အထွတ်အထိပ်တွင် တည်ရှိကြသည်။

စကြဝဠာအဆင့် ကျွမ်းကျင်သူနှစ်ယောက် တိုက်ခိုက်သောအခါ ကမ္ဘာဦးအဆင့် ကျွမ်းကျင်သူများကပင် ဝင်မပါနိုင်ကြပေ။

ဒါဇင်ချီသော လေဟာနယ်မြို့များက ပျက်စီးသွားကြသည်။

မြို့၏ အခြေခံအုတ်မြစ်ဖြစ်သော နတ်ဘုရားသားရဲများသည် ပျောက်ကွယ်သွားကြသည်။

“ဆရာဟန်၊ ဒါတွေကို ပြင်လို့ရသေးလား”

ပိုင်မိသားစု၏ အကြီးအကဲတစ်ယောက်က ဦးညွတ်လိုက်ပြီး တီးတိုးမေးသည်။

ထိုရုပ်သေးရုပ်များသည် ပိုင်မိသားစု၏ရတနာ ဖြစ်သည်။ အကယ်၍ သူတို့ကို ပြန်ပြင်နိုင်လျှင် ပိုင်မိသားစု၏ ခွန်အားက တိုးတက်လာလိမ့်မည်။

သို့သော် ပိုင်မိသားစု၏ နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များဖြစ်စေ၊ မြို့ထဲတွင်ရှိသော တခြားလူများဖြစ်စေ ထိုရုပ်သေးရုပ်များကို မပြင်နိုင်ကြပေ။

ပင်မအကြီးအကဲတချို့ကတော့ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များကို ပြင်နိုင်သည်။ သို့သော် တန်ဖိုးက ထူးခြားသည်။

ပင်မအကြီးအကဲများ၏ တောင်းဆိုချက်ကို ပိုင်မိသားစုက လွယ်ကူစွာ သဘောမတူနိုင်ပေ။

“ပြင်နိုင်တယ်”

ဟန်မူယဲ့က ပွင့်လင်းစွာ ပြောလိုက်သည်။

သူက လက်မြှောက်ပြီး အလင်းစီးကြောင်းတစ်ခုကို ပစ်ပေးသည်။

“ဒီထဲမှာပါတဲ့ ဝိညာဉ်သတ္တုတွေကို လိုအပ်တယ်။ တိတ်ဆိတ်တဲ့ အခန်းတစ်ခန်းကို ပြင်ထားပေးပါ”

ပိုင်ရှစ်ကျူးက အလင်းတန်းကို ဖမ်းယူလိုက်သည်။ သူက နတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီး ခေါင်းညိတ်သည်။

“ကျွန်တော်တို့ ပိုင်မိသားစုက ဒါကို အခုပဲ ပြင်ဆင်လိုက်ပါမယ်”

ဝမ်ကျင်းမြို့တွင် လိုအပ်သော ဝိညာဉ်သတ္တုတိုင်းကို ရရှိနိုင်သည်။

လောက၏ အကြီးမားဆုံး ပန်းပဲပညာမြို့တွင် ဝိညာဉ်သတ္တုတိုင်းကို ရှာဖွေနိုင်သည်။

ထို့အပြင် ပိုင်မိသားစုက နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ ကူးသန်းရောင်းဝယ်ရေးခန်းဆောင် တစ်ခုကိုလည်း ထိန်းချုပ်ထားသည်။

ချက်ချင်းဆိုသလိုပင် ဟန်မူယဲ့ကို တိတ်ဆိတ်သောအခန်းထဲသို့ ဖိတ်ခေါ်လိုက်သည်။

“ဟန်လေး၊ မင်းပေးလိုက်တဲ့ ဝိညာဉ်သတ္တုတွေက နှစ်ဆလောက်ပိုများတယ်”

ရွှေရောင်ငှက်က ပြောလိုက်သည်။

“မင်းက နားမလည်ဘူးလား”

ခေးအော့က ခပ်ဟဟရယ်လိုက်ပြီး ဂုဏ်ယူစွာပြောသည်။

“ကောင်လေးဟန်က လုံလောက်တဲ့ ဝိညာဉ်သတ္တုတွေကို မတောင်းဘူးဆိုရင် တခြားလူတွေက သံသယဝင်လာမှာပေါ့”

“ပြီးတော့ သူလည်း အကျိုးအမြတ်ရနိုင်မယ်လေ”

အမှန်ပင်ဖြစ်သည်။

ဟန်မူယဲ့က ရုပ်သေးရုပ်များထဲတွင် ပါဝင်သော မှတ်ဉာဏ်နှင့် အချက်အလက်ကိုသာ စိတ်ဝင်စားသည်။ သူက မူလဒင်္ဂါးနှင့် ဝိညာဉ်သတ္တုများကို ဂရုမစိုက်ပေ။

သူက ဂရုမစိုက်သော်လည်း မလိုအပ်ဟု မဆိုလိုပေ။

အဆင့်မြင့်ဝိညာဉ်သတ္တုများကို စုဆောင်းထားလျှင် ပိုများသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များကို သန့်စင်နိုင်လိမ့်မည်။

လုံလောက်သောရုပ်သေးရုပ်များ ရှိနေလျှင် သူက မူလစကြဝဠာကို လွှမ်းမိုးနိုင်သည်။

သူက မူလစကြဝဠာ၏ ကပ်ဘေးကို စတင်ခဲ့သည်။

ထို့ကြောင့် ကပ်ဘေးတွင် အသန်မာဆုံးလူ ဖြစ်လာချင်သည်။

ကမ္ဘာဦးအဆင့်ရုပ်သေးရုပ် တစ်ထောင်ခန့်ရှိနေလျှင် သူက နတ်ဘုရားလောကကို လွှမ်းမိုးပြီး ကောင်းကင်စက်ဝန်းစစ်မြေပြင်တွင် ပုန်းအောင်းနေသော လူအိုကြီးများကို ဆွဲထုတ်နိုင်မည်။

“ဆရာဟန်၊ တောင်းဆိုထားတဲ့ ဝိညာဉ်သတ္တုတွေကို ပို့လိုက်ပါပြီ”

အခန်း၏ အပြင်ဘက်တွင် လူတစ်ယောက်က ပြောလိုက်သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။ သူက ရွှေရောင်သေတ္တာများကို အခန်းထဲသို့ ထည့်သည်။

ဝိညာဉ်မီးတောက်တစ်ခု ပေါ်ထွက်လာသည်။

ခေးအော့နှင့် ဓာတ်စင်ငါးပါးမီးပြင်းဖိုတို့က ပျံသန်းလာပြီး အမျိုးမျိုးသော အစိတ်အပိုင်းများကို စတင်သန့်စင်လိုက်ကြသည်။

ဆရာဟန်က ပိုင်မိသားစုတွင် လက်နက်သန့်စင်နေသည်ဟူသော စကားသည် ပျံ့နှံ့သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် လူတိုင်းက ပိုင်မိသားစုကို အာရုံစိုက်လိုက်ကြသည်။

သူတို့က ဝိညာဉ်သတ္တုများကို စုဆောင်းခဲ့သောကြောင့် သူလျှိုအများအပြား ရောက်လာကြသည်။

သို့သော် ထိုသူလျှိုများက နေ့တစ်ဝက်ခန့်သာ တောင့်ခံနိုင်ပြီး ပျောက်ဆုံးသွားကြသည်။

ထိုဖြစ်ရပ်ကြောင့် ဆရာဟန်က ၁၉ယောက်မြောက် ပင်မအကြီးအကဲ ဖြစ်နိုင်သည်ဟု အင်အားစုများက သတ်မှတ်လိုက်ကြသည်။

ပင်မအကြီးအကဲကသာ ထိုကာကွယ်မှုမျိုးကို ရနိုင်သည်။

ဝမ်ကျင်းမြို့သည် ပန်းပဲပညာရှင်အစည်းအရုံး၏ ဌာနချုပ်ဖြစ်သည်။ ဤနေရာတွင် ပင်မအကြီးအကဲတစ်ယောက်ကို မည်သူက စုံစမ်းရဲမည်နည်း။

ဟန်မူယဲ့က အခန်းထဲတွင် ရှိနေသည်။ ဝူကျောက်က ကျူကျင်းကုန်သွယ်ရေးအဖွဲ့နှင့် ပိုင်မိသားစုကြားတွင် ဆက်သွယ်ပေးနေရသည်။

ကျူကျင်းကုန်သွယ်ရေးအဖွဲ့က သူ့ကို နေရာတစ်ခု ပေးထားသည်။

သူက ခြံဝိုင်းထဲသို့ ပြန်လာပြီး အိမ်ထဲသို့ ဝင်လိုက်သည်။ ထို့နောက် အေးစက်သောမျက်နှာထားဖြင့် စားပွဲတွင်ထိုင်နေသော လူတစ်ယောက်ကို မြင်ရသည်။

ဝမ်မိသားစု၏ ကိုးယောက်မြောက်သခင်မလေး ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်တွင် ဝမ်မိသားစုက သူမကို လာပို့သွားသည်။

သူမက ဝူကျောက်၏ကိုယ်လုပ်တော် ဖြစ်လာမည်ဟု သူတို့က ပြောသွားသည်။

ဤရက်များတွင် ဝူကျောက်က သူမကို ရှောင်နေခဲ့သည်။

သူမကို ကိုယ်လုပ်တော်တစ်ယောက်အဖြစ် မဆက်ဆံရဲပေ။

ဝူကျောက် ပြန်လာသောအခါ ဝမ်ယုယောင်က မတ်တပ်ရပ်လိုက်သည်။

“ဆရာဟန်ရဲ့ အခြေအနေက ဘယ်လိုလဲ”

ဝမ်ယုယောင်၏စကားကြောင့် ဝူကျောက်၏ မျက်လုံးများက အေးစက်သွားသည်။

“ဖြန်း”

သူက လက်မြှောက်ပြီး ဝမ်ယုယောင်ကို ရိုက်ချလိုက်သည်။ သူမက လဲကျသွားသည်။

နှုတ်ခမ်းထောင့်တွင် သွေးစီးကျလာသော ဝမ်ယုယောင်က အံကြိတ်ထားပြီး ဝူကျောက်ကို မုန်းတီးစွာကြည့်သည်။

“ငါ့ရဲ့ကျင့်ကြံဆင့်ကို ချိပ်ပိတ်မထားရင် နင့်ကို တစ်ခါတည်းသတ်ပစ်လိုက်တယ်”

“မင်းက ဝမ်မိသားစုရဲ့ ကိုးယောက်မြောက်သခင်မလေး မဟုတ်ဘူးဆိုရင် ငါကလည်း မင်းကို တစ်ခါတည်း သတ်ပစ်လိုက်တယ်”

ဝူကျောက်က အေးစက်စွာ နှာမှုတ်လိုက်ပြီး လှည့်ထွက်သွားသည်။

သူက အရာအားလုံးကို ဆရာဟန်ဆီမှ ရရှိလာသည်။ ဆရာဟန်၏ အချက်အလက်များကို အဘယ်ကြောင့် ပြောပြရမည်နည်း။

ဝူကျောက်က ဝမ်ယုယောင်ကို ချန်ထားခဲ့ပြီး ထွက်သွားသည်။

သူမက သခင်မလေးတစ်ယောက်အဖြစ်မှ ဤနေရာသို့ရောက်လာသော အကြောင်းအရာများကို နားမလည်နိုင်ခဲ့ပေ။

သူမက အမှားလုပ်မိလျှင်ပင် ဝမ်မိသားစုက ဖြေရှင်းနိုင်ရမည်။

မိသားစုထဲတွင်ရှိသော တစ်ယောက်ယောက်က သူမကို ချောက်ချလိုက်ခြင်း ဖြစ်နိုင်သည်။

‘အဲဒီလိုပဲဖြစ်ရမယ်’

‘ပြီးတော့ အဆင့်ငါးချပ်ဝတ်သခင်ပဲဖြစ်နေတဲ့ အဲဒီဝူကျောက်က ငါ့ကို ဒီလိုမျိုး ဆက်ဆံရဲတယ်ပေါ့’

‘သေရမယ်’

‘နင်သေရမယ်’

အခန်းထဲတွင် ဝမ်ယုယောင်က အစိမ်းရောင်သံမဏိပြားတစ်ခုကို ထုတ်ယူပြီး ခေါင်းငုံ့ထားလျက် ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည်။

“သခင်မလေး”

တံခါးဝတွင် မီးခိုးရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က လက်မြှောက်ပြီး ဝမ်ယုယောင်ကို တားဆီးလိုက်သည်။

သူမကို စောင့်ကြပ်ရန်အတွက် ဝမ်မိသားစုက စေလွှတ်လိုက်သော အမျိုးသမီး ဖြစ်သည်။

“ဒါကို ကျူးမိသားစုရဲ့ တတိယသခင်မလေးဆီ ပေးလိုက်ပါ။ သူမက မူလဒင်္ဂါးတစ်သောင်း ပြန်ပေးလိမ့်မယ်”

ဝမ်ယုယောင်က အစိမ်းရောင်သံမဏိပြားကို ပစ်ပေးလိုက်ပြီး ဂရုမစိုက်စွာပြောသည်။

“ကျူးမိသားစုရဲ့ တတိယသခင်မလေးက ငါနဲ့ ရင်းနှီးတယ်။ ကျူးမိသားစုက ဝမ်မိသားစုရဲ့ မဟာမိတ်တစ်ခုပဲ”

“ငါက သူမနဲ့ သဘောတူထားတယ်။ တကယ်လို့ ငါက ကတိမတည်ဘူးလို့ ထင်သွားရင် ဝမ်မိသားစုအတွက် ကောင်းမှာမဟုတ်ဘူး”

ထို့နောက် ဝမ်ယုယောင်က အိမ်ထဲသို့ ပြန်ဝင်သွားသည်။

မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူက သံမဏိပြားကို ကိုင်ထားပြီး တုံ့ဆိုင်းနေသည်။ ထို့နောက် ခြံဝိုင်းထဲမှ ထွက်သွားခဲ့သည်။

....

ပိုင်မိသားစု၏ တိတ်ဆိတ်နေသောအခန်းတွင် ဖြစ်သည်။

သောင်းချီသော ရုပ်သေးရုပ်အစိတ်အပိုင်းများသည် ဟန်မူယဲ့၏ရှေ့တွင် လွင့်မျောနေကြသည်။

ထိုအစိတ်အပိုင်းများအားလုံးသည် ကမ္ဘာဦးရုပ်သေးရုပ်အတွက် ဖြစ်သောကြောင့် အရည်အသွေးမြင့်မားသည်။

“ကောင်လေး၊ ဝိညာဉ်သတ္တုတွေကို သန့်စင်ပြီးသွားပြီ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ မင်းရဲ့ တောင်းဆိုချက်က ထူးဆန်းတယ်။ သာမန် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နဲ့ မတူဘူး”

လေထုထဲတွင် လွင့်မျောနေသော ဓာတ်စင်ငါးပါးမီးပြင်းဖိုက ညင်သာစွာပြောလိုက်သည်။

သူက ခန္ဓာကိုယ်အတွက် အဓိကအစိတ်အပိုင်းများကို သန့်စင်ပေးခဲ့သည်။ ထို့ကြောင့် အနည်းငယ် ထူးဆန်းနေသည်။

“ကမ္ဘာဦးအဆင့်နဲ့ စကြဝဠာအဆင့်ကြားမှာ အဆင့်တစ်ဆင့် ရှိသင့်တယ်လို့ ခံစားရတယ်”

ဟန်မူယဲ့က အစိတ်အပိုင်းများကို ကြည့်လိုက်ပြီး ပြောသည်။

‘အဆင့်တစ်ဆင့်လား’

ရွှေရောင်ငှက်က တောင်ပံခတ်လိုက်သည်။ ခေးအော့က လည်ပတ်နေသည်။

“ငါတို့ နတ်ဘုရားသားရဲတွေရဲ့ ခွန်အားလိုမျိုးလား”

ခေးအော့က ပြောသည်။

“ဒါမှမဟုတ် နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်ဆီကနေ အကြံရလာတာလား”

သူ့စကားကြောင့် ဟန်မူယဲ့က ခေခါင်းညိတ်သည်။

ဘေးတွင်ရှိသော ဓာတ်စင်ငါးပါးမီးပြင်းဖိုက အရပ်ပုသော လူအိုကြီးတစ်ယောက်အဖြစ် အသွင်ပြောင်းလိုက်ပြီး နားလည်သွားပုံပေါ်သည်။

လက်ရှိအချိန်တွင် နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်၏ တိုက်ခိုက်နိုင်စွမ်းက ကမ္ဘာဦးအဆင့်နှင့် စကြဝဠာအဆင့်ကြားတွင် ရှိနေသည်။

သူက စကြဝဠာအဆင့်နှင့် မယှဉ်နိုင်သေးသော်လည်း ကမ္ဘာဦးအဆင့်များကို ချေမွပစ်နိုင်သည်။

အရေးအကြီးဆုံးအနေဖြင့် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ကိုယ်တိုင် လှုပ်ရှားနိုင်သည်။

သူ့မှာ အသိဉာဏ်ရှိသည်။

“နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ရေမှင်စာရဲ့ ဝိညာဉ်ကနေ မွေးဖွားလာတယ်။ မင်းက ဝိညာဉ်ကို သယ်ဆောင်နိုင်တဲ့ ရုပ်သေးရုပ်မျိုးကို သန့်စင်ချင်တာလား ....”

ရွှေရောင်ငှက်က တီးတိုးပြောလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

All Chapters