← Chapters

အခန်း (၁၃၄၈)

Vol. 97 Ch. 1348

အခန်း (၁၃၄၈)

Vol. 97 Ch. 1348

“မင်းက မူယွဲ့ရုပ်သေးရုပ်လိုမျိုး ဇီဝရုပ်သေးရုပ်ကို ဖန်တီးချင်တာလား”

ခေး‌အော့က ရေရွတ်လိုက်သည်။

မူယွဲ့ရုပ်သေးရုပ်သည် ဇီဝရုပ်သေးရုပ် ဖြစ်သည်။

ထိုရုပ်သေးရုပ်မျိုး၏ အဓိကအားသာချက်သည် ထိန်းချုပ်ရန် မလိုအပ်ခြင်း ဖြစ်သည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းကလည်း လုံလောက်သည်။

သို့သော် စကြဝဠာအဆင့် ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရလျှင် ဖိနှိပ်ခံရလိမ့်မည်။

သို့သော် တစ်ဖက်မှကြည့်လျှင် စကြဝဠာအဆင့်သို့ မရောက်သေးသော ရုပ်သေးသခင်နှင့် ချပ်ဝတ်သခင်များက ကိုယ်ပိုင်ဝိညာဉ်ကို ရုပ်သေးရုပ်ဆီသို့ အပ်နှင်းလိုက်လျှင် ယခင်ထက် အဆပေါင်းများစွာ ပိုမိုသန်မာလာလိမ့်မည်။

ထိုရုပ်သေးရုပ်မျိုးသည် စစ်ပွဲအတွက် ဖြစ်သည်။

တိုက်ခိုက်နိုင်စွမ်းအတွက် ရုပ်ခန္ဓာကို စွန့်လွှတ်ချင်သောလူများ သေချာပေါက် ရှိနေမည်။

“မင်းက ကြယ်စင်စုစကြဝဠာရဲ့ တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်ပေးချင်တာလား။ ဒါမှမဟုတ် သူတို့ရဲ့ အမွေအနှစ်ကို ဖျက်ဆီးပစ်ချင်တာလား”

ခေးအော့က ပြောသည်။

သူ့စကားကြောင့် ရွှေရောင်ငှက်က တုန်ခါသွားပြီး မျက်လုံးတွင် ရွှေအလင်းများ တောက်ပလာသည်။

ရုပ်ခန္ဓာကို စွန့်လွှတ်ပြီး ဝိညာဉ်ကို ရုပ်သေးရုပ်နှင့် ပေါင်းစပ်လိုက်လျှင် တိုက်ခိုက်နိုင်စွမ်း တိုးတက်လာမည်ဖြစ်သော်လည်း ဆက်လက်ကျင့်ကြံရန် မဖြစ်နိုင်တော့ပေ။

ထိုအပြုအမူသည် ကြယ်စင်စုစကြဝဠာ၏ ခွန်အားကို အချိန်တိုအတွင်း တိုးမြှင့်ပေးနိုင်သော်လည်း ရေရှည်တွင် ကျင့်ကြံသူများက ကျင့်ကြံရန် ဆန္ဒမရှိတော့ဘဲ အမွေအနှစ်ကို ပြတ်တောက်သွားစေမည်။

မူလစကြဝဠာ ဖြစ်နေလျှင် ရွှေရောင်ငှက်က သေချာပေါက် တားဆီးမည်ဖြစ်သည်။

သို့သော် ဤနေရာသည် ကြယ်စင်စုစကြဝဠာ ဖြစ်သည်။

ကြယ်စင်စုစကြဝဠာသည် မူလကမ္ဘာကို ဖျက်ဆီးပြီး မရေမတွက်နိုင်သော နတ်ဘုရားသားရဲများကို ကျွန်ပြုခဲ့သည်။

မူလစကြဝဠာ၏ အမွေအနှစ်အများအပြားသည် ပျောက်ဆုံးသွားခဲ့ရသည်။

ရွှေကျီးကန်းနှင့် တခြားလူများအတွက် ကြယ်စင်စုစကြဝဠာသည် ရန်သူဖြစ်သည်။

ဟန်မူယဲ့က ကြယ်စင်စုစကြဝဠာသို့ ရောက်လာပြီး သူတို့က ဘာမှမပြောခဲ့သော်လည်း ကြယ်စင်စုစကြဝဠာအား ထိခိုက်နိုင်သော ကိစ္စရပ်များတွင် ညှာတာနေမည်မဟုတ်ပေ။

ဥပမာအနေဖြင့် ဟန်မူယဲ့၏ အဏုကြည့်မျက်လုံးနှင့် ပေါင်းစပ်ရုပ်သေးရုပ်များသည် ကြယ်စင်စုစကြဝဠာကို ကူညီနိုင်သော်လည်း ထိပ်တန်းအဆင့်များအတွက် သက်ရောက်မှုသိပ်မရှိပေ။

စကြဝဠာများ၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သော တိုက်ပွဲတွင် ကမ္ဘာဦးအဆင့်ထက် အားနည်းနေလျှင် အသုံးမဝင်ပေ။

ထိပ်တန်းအဆင့် ကျင့်ကြံသူများကသာ စကြဝဠာတစ်ခုလုံး၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်ကြသည်။

“ကျွန်တော်က မူလစကြဝဠာရဲ့ ကပ်ဘေးကို စတင်ခဲ့တယ်။ အဲဒါကို အဆုံးသတ်ပေးရမယ်”

ဟန်မူယဲ့က ရှေ့တွင်ရှိသော အစိတ်အပိုင်းများကို လေးနက်စွာကြည့်သည်။

အဆုံးမရှိသော အလင်းစက်ကွင်းများသည သူ့ခန္ဓာကိုယ်တွင် တောက်ပနေပြီး သွေးရောင်အလွှာအဖြစ် ပြောင်းလဲသွားသည်။

သူက လက်မြှောက်ပြီး အစိတ်အပိုင်းများကို စုစည်းသည်။

“ဝီ”

စွမ်းအင်အလင်း ပေါ်ထွက်လာပြီး ရုပ်သေးရုပ်ပုံရိပ်ကို မြင်ရသည်။

ရွှေရောင်ငှက်ဖြစ်စေ၊ ခေးအော့ဖြစ်စေ အသက်ရှူအောင့်ထားပြီး ဖြည်းဖြည်းချင်းပေါ်လာသော ပုံရိပ်ကို ကြည့်နေကြသည်။

ထိုပုံရိပ်က ရှစ်ပေအရပ်မြင့်ပြီး ထက်မြိသော မျက်ခုံးနှင့် တောက်ပသောမျက်လုံးများကို ပိုင်ဆိုင်သည်။ သူ၏ ခန္ဓာကိုယ်တွင် ချပ်ဝတ်တစ်ခုကို မြင်ရသည်။

ရွှေအလင်းများသည် ချပ်ဝတ်တွင် ပေါ်လာပြီး အချင်းချင်းသွယ်ယှက်သွားသည်။ စွမ်းအင်က အလွန်ပြင်းထန်ပြီး ပေါက်ကွဲထွက်လာတော့မည်ဟု ထင်ရသည်။

“ဂရုစိုက်။ တကယ်လို့ ပေါက်ကွဲသွားရင် မိုင်တစ်ရာပတ်ဝန်းကျင်က အမှုန့်ဖြစ်သွားလိမ့်မယ်။ ကမ္ဘာဦးအဆင့်ကတောင် ခုခံနိုင်မှာမဟုတ်ဘူး”

ဓာတ်စင်ငါးပါးမီးပြင်းဖိုက လေးနက်စွာ သတိပေးသည်။

ထိုရုပ်သေးထဲတွင် ပါဝင်သော စွမ်းအားသည် ကမ္ဘာဦးအဆင့်ကို ကျော်လွန်နေသည်။ သို့သော် စည်းမျဉ်းများ ပေါင်းစပ်မှုမရှိသောကြောင့် စကြဝဠာအဆင့်သို့ မရောက်သေးပေ။

ထိုအရာသည် စကြဝဠာအဆင့်ကျွမ်းကျင်သူ၏ ဝိညာဉ်ကို လက်ခံထားပြီး ဆက်လက်တိုးတက်နိုင်သော မူယွဲ့ရုပ်သေးရုပ်နှင့် မတူပေ။

ဟန်မူယဲ့က ကမ္ဘာဦးအဆင့်နှင့် စကြဝဠာအဆင့်ကြားတွင် အဆင့်သစ်တစ်ခုကို ဖန်တီးလိုက်သည်။

ရုပ်သေးရုပ်က ဖြည်းဖြည်းချင်း ပုံပေါ်လာပြီး အစိမ်းပုပ်ရောင်ချပ်ဝတ်နှင့် ကျင့်ကြံသူတစ်ယောက်ဟု ထင်ရသည်။

သူ၏ အရှိန်အဝါက အလွန်နက်ရှိုင်းသည်။

သို့သော် ဝိညာဉ်စွမ်းအား ပေါင်းစပ်မှုမရှိသောကြောင့် ကိုယ်ထည်အခွံတစ်ခုသာ ဖြစ်နေသည်။

ထိုရုပ်သေးရုပ်ကို အသက်သွင်းရန်အတွက် ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်ကို လိုအပ်သည်။

“အနုပညာလက်ရာတစ်ခုပဲ”

ရွှေရောင်ငှက်က တောင်ပံခတ်လိုက်ပြီး တီးတိုးပြောသည်။

တစ်ဖက်တွင် ခေးအော့က ရေရွတ်လိုက်သည်။

သူကလည်း ထိုရုပ်သေးမျိုးနှင့် ကစားကြည့်ချင်သည်။

ဓာတ်စင်ငါးပါးမီးပြင်းဖို၏ မျက်လုံးများကပင် တောက်ပလာခဲ့သည်။

ထိုရုပ်သေးရုပ်၏ စွမ်းအားသည် သူတို့နှင့် ယှဉ်နိုင်သည်။

သူတို့ကို သယ်ဆောင်ထားနိုင်သော ရုပ်ခန္ဓာတစ်ခု ဖြစ်လာလိမ့်မည်။

သို့သော် သူတို့က ဝိညာဉ်နှင့် ပေါင်းစပ်ရန် ဆန္ဒမရှိပေ။

ထိုသို့ လုပ်လိုက်လျှင် သူတို့က နတ်ဘုရားသားရဲများ ပြန်ဖြစ်လာရန် အခွင့်အရေးမရှိတော့ပေ။

သူတို့က နတ်ဘုရားသားရဲခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး တက်လမ်းမရှိသော ရုပ်သေးရုပ်တစ်ရုပ် ဖြစ်မလာချင်ကြပေ။

ဟန်မူယဲ့က ရုပ်သေးရုပ်ကို သေချာစစ်ဆေးကြည့်လိုက်ပြီး စိတ်ကျေနပ်စွာ သိမ်းဆည်းသည်။

သူက အခန်းထဲမှ ထွက်လာသောအခါ သုံးလကြာသွားပြီဖြစ်သည်။

ထိုသုံးလတွင် ပိုင်မိသားစုကို စစ်ဆေးရန် မည်သူမှ ရောက်မလာခဲ့ပေ။ သို့သော် သူတို့က အပြင်ဘက်မှနေ၍ ပိုင်မိသားစုကို စောင့်ကြည့်နေကြသည်။

နှစ်နာရီအကြာတွင် ဟန်မူယဲ့က အခန်းထဲမှထွက်လာကြောင်း သတင်းပြန့်သွားသည်။

ပင်မအကြီးအကဲတချို့က ပိုင်မိသားစုသို့ တိုက်ရိုက်ရောက်လာကြသည်။ အရည်အချင်းပြည့်မီသော တချို့လူများကလည်း ရောက်လာကြသည်။

ပိုင်ကျန်းတင်က သူတို့ကို ဧည့်ခံရန် အဆင့်မမီတော့ပေ။ ပိုင်မိသားစု၏ နတ်ဘုရားအဆင့် အကြီးအကဲများက အပြုံးနှင့်အတူ ဧည့်သည်တော်များကို ကြိုဆိုလိုက်ကြသည်။ သူတို့အားလုံးက ပိုင်မိသားစု၏ ကွင်းပြင်တစ်ခုတွင် ရှိနေကြသည်။

ဤနေရာသည် ချပ်ဝတ်နှင့် ရုပ်သေးရုပ်များ၏ စမ်းသပ်ရေးကွင်း ဖြစ်သည်။

ဟန်မူယဲ့ ပြုပြင်ထားသော ရုပ်သေးရုပ်များသည် အတန်းလိုက် ရှိနေကြသည်။

“ဆရာဟန်က တကယ်ထူးခြားတာပဲ”

အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောလိုက်သည်။

“ဆရာဟန်ရဲ့ ပန်းပဲပညာစွမ်းရည်က ပင်မအကြီးအကဲတွေကြားမှာ ထိပ်တန်းအဆင့်လို့ ပြောကြတယ်။ အဲဒီသတင်းက မှန်ရဲ့လား ကြည့်ကြတာပေါ့”

ရွှေသရဖူကို ဆောင်းထားပြီး ရင်ဘတ်တွင် နတ်ဘုရားအဆင့်ပန်းပဲပညာရှင် တံဆိပ်ပြားကို တပ်ဆင်ထားသော လူတစ်ယောက်က တောက်ပနေသော မျက်လုံးများနှင့်အတူ ပြောလိုက်သည်။

“ဂိုဏ်းတူအစ်ကိုဟန်”

နတ်ဘုရားအဆင့် တံဆိပ်ပြားနှင့် ကျူးယုဟယ်က ဟန်မူယဲ့ဆီသို့ လျင်မြန်စွာလျှောက်လာပြီး ဦးညွတ်သည်။

သူက ဟန်မူယဲ့ကို မှတ်မိနေဆဲဖြစ်သည်။

စမ်းသပ်ပွဲနယ်မြေမှ ပြန်ထွက်လာသောလူများသည် မှတ်ဉာဏ်အများအပြားကို မေ့လျော့သွားကြသည်။

ကျူးယုဟယ်က ကိစ္စအများအပြားကို မေ့လျော့သွားသော်လည်း အံ့ဖွယ်ကိုးပါးတောင်ကိုတော့ မှတ်မိနေသေးသည်။

ဟန်မူယဲ့က ပါရမီဖြင့် မရေမတွက်နိုင်သောလူများကို ဖိနှိပ်ထားပြီး ဓားသွေး၍ လောကကို လွှမ်းမိုးခဲ့သည်။ ထိုဖြစ်ရပ်သည် သူ့စိတ်ထဲတွင် စွဲထင်နေသည်။

သူက ဟန်မူယဲ့ကို အလွန်လေးစားနေသည်။

ကျူးယုဟယ်၏စကားကို ကြားရသောအခါ ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ခေါင်းညိတ်သည်။

“ဂိုဏ်းတူညီလေးကျူး၊ လျန်ထျန်းဂိုဏ်းရဲ့ အမွေအနှစ်နဲ့ ပတ်သတ်ပြီး တစ်ခုခုမေ့သွားရင် ငါ့ကို လာမေးလို့ရတယ်”

ဟန်မူယဲ့၏စကားကြောင့် ကျူးယုဟယ်က အံ့အားသင့်သွားသည်။

ဟန်မူယဲ့က လျန်ထျန်းဂိုဏ်း၏ အမွေအနှစ်ကို မှတ်မိနေမည်ဟု ထင်မထားခဲ့ပေ။

သူက လျန်ထျန်းဂိုဏ်း၏ သာမန်တပည့်တစ်ယောက်သာဖြစ်ပြီး လက်ရွေးစင်ဖြစ်သော ဟန်မူယဲ့နှင့် မယှဉ်နိုင်ပေ။

ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးတောင်တွင် ဆယ်စုနှစ်များစွာကြာမြင့်အောင် ကျမ်းစာများကို လေ့လာခဲ့သည်။

အကယ်၍ သူက ထိုကျမ်းစာများအားလုံးကို မှတ်မိနေလျှင် ကြယ်စင်စုစကြဝဠာ၏ တည်ဆောက်ပုံကို ပြောင်းလဲပစ်နိုင်လိမ့်မည်။

ထိုသို့တွေးမိသောအခါ ကျူးယုဟယ်က တစ်ကိုယ်လုံး တုန်ခါသွားပြီး ဟန်မူယဲ့ကို ခေါင်းမော့ကြည့်သည်။

‘ဂိုဏ်းတူအစ်ကိုဟန်က ကြယ်စင်စုစကြဝဠာကို တကယ်ပဲ ပြောင်းလဲနိုင်မှာလား’

သူက စမ်းသပ်ပွဲနယ်မြေမှ ထွက်လာပြီး အချိန်တိုအတွင်း ထင်ရှားလာသော ဟန်မူယဲ့၏အကြောင်းကို သိခဲ့ရသည်။

ဟန်မူယဲ့က လွှမ်းမိုးနိုင်စွမ်းရှိပြီး မရေမတွက်နိုင်သော ကြွယ်ဝမှုကို ပိုင်ဆိုင်သည်။

ထို့အပြင် တခြားလူများနှင့် ယှဉ်လိုက်လျှင် ဟန်မူယဲ့က လေးစားစရာကောင်းအောင် ရက်ရောသည်။

သူက ငွေကြေးနှင့် အရင်းအမြစ်များကို သိမ်းဆည်းမထားပေ။

နှစ်စဉ်နှစ်တိုင်း တီထွင်မှုဆုကြေးအဖြစ် သန်းထောင်ချီသော မူလဒင်္ဂါးများကို ခွဲဝေပေးလေ့ရှိသည်။

ထိုသို့ အမြင်ကျယ်သောလူမျိုး မရှိနိုင်ပေ။

ထို့ကြောင့် ကျူးယုဟယ်က ဟန်မူယဲ့ကို ပိုမိုလေးစားနေသည်။

လူအများအပြားက စမ်းသပ်ရေးကွင်းတွင် စုစည်းလာကြသည်။

ပိုင်ရှစ်ကျူးက ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

ပိုင်ရှစ်ကျူးက လက်မြှောက်လိုက်သည်။ ပိုင်မိသားစု၏ နတ်ဘုရားအဆင့် ကျွမ်းကျင်သူ အနည်းငယ်နှင့် သူတော်စင်အဆင့် ကျွမ်းကျင်သူ ဆယ်ယောက်ကျော်တို့က ရှေ့တက်လာကြသည်။

“ဝီ”

ရုပ်သေးရုပ်တစ်ရုပ် လှုပ်ရှားလာသည်။

ရွှေအလင်းလွှာသည် စမ်းသပ်ရေးကွင်းကို လွှမ်းခြုံလိုက်သည်။

ထိုအလင်းလွှာသည် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များ၏ ပုံမှန်စွမ်းအားကို ခုခံနိုင်သည်။

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို အပြည့်အဝခုခံနိုင်သော နည်းလမ်းသည် မိသားစုကြီးများတွင် မရှိကြပေ။

သူတို့က ကမ္ဘာဦးရုပ်သေးရုပ်ကို ခုခံချင်လျှင် မြို့စောင့်ဝင်္ကပါကို အသက်သွင်းရမည်။

“ဘုန်း”

ကမ္ဘာဦးရုပ်သေးရုပ်က လှုပ်ရှားလိုက်သည်။ ပေတစ်ထောင်ကြီးမားသော ချပ်ဝတ်ပုံရိပ်သည် ရုပ်သေးရုပ်၏ ခန္ဓာကိုယ်တွင် ပေါ်လာသည်။

ထိုပုံရိပ်က တုန်ခါနေပြီး သိပ်သည်းသွားသည်။

ရွှေရောင်ချပ်ဝတ်နှင့် ရုပ်သေးရုပ်က လှံဖြင့် ထိုးချလိုက်ပြီး ပတ်ဝန်းကျင်တွင်ရှိသော အလင်းလွှာကို တုန်ခါသွားစေသည်။

ရုပ်သေးရုပ်က လှုပ်ရှားလိုက်ပြီး ပျောက်ကွယ်သွားသည်။

ဒုတိယမြောက် ရုပ်သေးရုပ်က စတင်လှုပ်ရှားခဲ့သည်။

ရုပ်သေးရုပ်များအားလုံးသည် လုံလောက်သော သွက်လက်မှုနှင့် လှုပ်ရှားနိုင်စွမ်းကို ဖော်ပြခဲ့ကြသည်။

ပိုင်မိသားစု၏ နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက တစ်ယောက်ကိုတစ်ယောက် ပျော်ရွှင်စွာ ကြည့်လိုက်ကြသည်။

တခြားလူများက အားကျနေကြသည်။

ဤတစ်ကြိမ်တွင် ပိုင်မိသားစုက ပွပေါက်တိုးသွားသည်။

အနာဂတ်တွင် ပိုင်မိသားစုသည် ဝူယွင်လမ်းကြားတွင်ရှိသော မိသားစုကြီးများအားလုံးကို လွှမ်းမိုးနိုင်လိမ့်မည်။

“အကြီးအကဲဟန်၊ ဒီနေရာမှာ စမ်းသပ်ကြည့်တာက ကျေနပ်စရာမကောင်းဘူး။ အစည်းအရုံးရဲ့ လေ့ကျင့်ရေးခန်းဆောင်ကို သွားကြမလား”

ပိုင်ရှစ်ကျူးက စကားပြောတော့မည့်အချိန်တွင် ပင်မအကြီးအကဲ ကျင်းဝူ၏အသံကို ကြားလိုက်ရသည်။

သူက ပင်မအကြီးအကဲတစ်ယောက် ဖြစ်သောကြောင့် ပိုင်မိသားစုက သူနှင့် တိုက်ရိုက်စကားပြောရန် အခွင့်အရေးမရှိပေ။

ဟန်မူယဲ့ကသာ သူနှင့် စကားပြောနိုင်သည်။

‘အစည်းအရုံးရဲ့ လေ့ကျင့်ရေးခန်းဆောင်မှာ စမ်းသပ်ချင်တာလား’

တခြားလူများက အနည်းငယ် ကြောင်အသွားကြသည်။

‘သူက ဆရာဟန်ကို နှိမ့်ချချင်တာလား။ ဒါမှမဟုတ် မြှင့်တင်ပေးချင်တာလား’

ပြုပြင်ထားသော ရုပ်‌သေးရုပ်များတွင် ချို့ယွင်းချက်ရှိနေလျှင် အစွမ်းကုန်ထုတ်သုံးနိုင်သော လေ့ကျင့်ရေးခန်းဆောင်တွင် ပေါ်လာလိမ့်မည်။

တစ်ဖက်တွင် ရုပ်သေးရုပ်၏ လုပ်ဆောင်ချက်က ကောင်းမွန်နေလျှင် ဆရာဟန်၏ ဂုဏ်သတင်းက ခိုင်မာသွားလိမ့်မည်။

ဆရာဟန်က နတ်ဘုရားတစ်သောင်းဘုရားကျောင်းတွင် နာမည်ကြီးသော်လည်း အပြင်လူများက ထိုအကြောင်းကို မသိနိုင်ကြပေ။

သူက ဆယ့်ကိုးယောက်မြောက် ပင်မအကြီးအကဲအသစ် ဖြစ်နေသော အကြောင်းကိုပင် ဝမ်ကျင်းမြို့၏ လူအနည်းငယ်ကသာ သိကြသည်။

ထို့ကြောင့် လူအများ၏အမြင်တွင် အကြီးအကဲကျင်းဝူက ဆရာဟန်ကို မကျေမနပ်ဖြစ်နေသည်ဟု ထင်သွားသည်။

ပိုင်ရှစ်ကျူးနှင့် ပိုင်ကျန်းတင်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး မျက်လုံးထဲတွင်ရှိသော ပျော်ရွှင်မှုများကို ဖိနှိပ်ထားသည်။

ရုပ်သေးရုပ်က ယခင်ထက် ပိုမိုကောင်းမွန်လာကြောင်း သူတို့က သိနိုင်သည်။

ထို့အပြင် သူတို့က ဟန်မူယဲ့၏ အဆင့်အတန်းကိုလည်း သိထားသည်။

ယခုအခြေအနေအရ အကြီးအကဲကျင်းဝူက ဆရာဟန်ကို နာမည်ကြီးအောင်လုပ်ပေးတော့မည်။

All Chapters