အခန်း (၁၃၅၀)
Vol. 97 Ch. 1350
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး ဝူကျောက်၏ အကြွင်းအကျန်ဝိညာဉ်ကို ကြည့်သည်။
“ဘာဖြစ်သွားတာလဲ ငါ့ကို ပြောပြပါ”
ဝူကျောက်က လျင်မြန်စွာ ရှင်းပြလိုက်သည်။
နောက်တွင်ရပ်နေသော ယုစီကလည်း ပြောသည်။
“အဲဒီကိစ္စကို ကျူးမိသားစုနဲ့ ရှန်းမိသားစုက ကျူးလွန်ခဲ့တာပါ”
“ရှန်းမိသားစုရဲ့ လက်ရွေးစင်တစ်ယောက်က ဝမ်ယုယောင်နဲ့ ဆက်ဆံရေးတစ်ခု ရှိနေပါတယ်။ ကျူးမိသားစုရဲ့ သခင်မလေးက သူတို့နှစ်ယောက်ကို အောင်သွယ်ပေးနေတာပါ”
ကျူကျင်းကုန်သွယ်ရေးအဖွဲ့ဖြစ်စေ၊ ပန်းပဲပညာရှင်အစည်းအရုံးဖြစ်စေ အားကောင်းသော လွှမ်းမိုးနိုင်စွမ်းကို ပိုင်ဆိုင်သည်။ သူတို့က လူအများရှေ့တွင်ဖြစ်သွားသော လူသတ်မှုကို မစုံစမ်းနိုင်လျှင် ထိပ်တန်းအင်အားစုများ ဖြစ်နေမည်မဟုတ်ပေ။
“ပန်းပဲပညာရှင်အစည်းအရုံးက ရှန်းမိသားစုကို ရှင်းပစ်လိုက်ပါပြီ”
“ကျူးမိသားစုကိုတော့ ဝိုင်းရံထားပါတယ်။ ဒါပေမဲ့ ကျူးမိသားစုက စကြဝဠာနယ်မြေနဲ့ အဆက်အသွယ်ရှိတဲ့အတွက် တုံ့ဆိုင်းနေပါတယ်။ သူတို့ကို ရှင်းလင်းပစ်ရမလား၊ သူတို့ရဲ့ တောင်းဆိုချက်ကို လက်ခံရမလား စဉ်းစားနေပါတယ်”
ယုစီက ဟန်မူယဲ့ကို ကြည့်သည်။ ထို့နောက် ဝူကျောက်၏ အကြွင်းအကျန်ဝိညာဉ်ကို ဆက်ကြည့်သည်။
“ဝမ်မိသားစုက တောင်းပန်ဖို့အတွက် လူတစ်ယောက်လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ သူတို့ကို ငြင်းလွှတ်လိုက်ပါတယ်”
“ကျွန်တော်တို့ ကုန်သွယ်ရေးအဖွဲ့က ဝမ်မိသားစုကို ရှင်းလင်းဖို့ လျှို့ဝှက်အမိန့်ထုတ်ထားပါတယ်။ ဆရာဟန်ရဲ့အတည်ပြုချက်ကို စောင့်ဆိုင်းနေရုံတင်ပါပဲ”
ဝူကျောက်က ကျေးဇူးတင်နေသည်။
သူတစ်ယောက်တည်းအတွက် ပန်းပဲပညာရှင်အစည်းအရုံးက ရှန်းမိသားစုကို ရှင်းထုတ်ပြီး ကျူးမိသားစုကို ဝိုင်းရံထားသည်။
ထို့အပြင် ကျူကျင်းကုန်သွယ်ရေးအဖွဲ့က ဝမ်မိသားစုကို တိုက်ခိုက်တော့မည်။
“ဆရာဟန်၊ ကျွန်တော့်အသက်က အဖိုးမတန်ပါဘူး”
ဝူကျောက်က တီးတိုးပြောသည်။
မထိုက်တန်ပေ။
သူက အဆင့်ငါးကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။
ဝမ်ကျင်းမြို့တွင် အဆင့်ငါးကျင့်ကြံသူများသည် သဲပွင့်သဖွယ် များပြားသည်။
ထိုသို့ အရေးမပါသော လူမျိုးသည် ဆရာဟန်၏ ကြိုးစားအားထုတ်မှု၊ အရင်းအမြစ်တို့နှင့် မသက်ဆိုင်ပေ။
“ကျူးမိသားစုနဲ့ ဝမ်မိသားစုကို ရှင်းပစ်လိုက်ပါ”
ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။
သူ့စကားကြောင့် ဝူကျောက်က တစ်ကိုယ်လုံး တုန်ခါသွားသည်။ သူ၏ နူးညံ့သော ဝိညာဉ်ပုံရိပ်က ပျက်စီးသွားတော့မည်ဟု ထင်ရသည်။
ဘေးတွင်ရှိသော လူအိုကြီးနှစ်ယောက်က မျက်လုံးပြူးနေကြသည်။
နိမ့်ကျသော အဆင့်ငါးကျင့်ကြံသူတစ်ယောက်အတွက် ဆရာဟန်က ဝမ်ကျင်းမြို့၏ မိသားစုကြီးနှစ်ခုကို ရှင်းပစ်တော့မည်။
ထိုသို့ လွှမ်းမိုးနိုင်ပြီး ကြမ်းတမ်းသော အပြုအမူကို မည်သူက စိတ်ကူးထားမည်နည်း။
ယုစီက ခေါင်းညိတ်လိုက်ပြီး လှည့်ထွက်သွားသည်။
သူက တခြားလူများ၏အတွေးကို ဂရုမစိုက်ပေ။
ဆရာဟန်၏ ဆုံးဖြတ်ချက်ကို သူက အပြည့်အဝ လိုက်နာမည်။
တခြားကိစ္စများကိုတော့ အနာဂတ်အတွက် ထားလိုက်မည်။
မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ပြီး ဦးညွတ်၍ ထွက်သွားသည်။
“ကျေးဇူးပါဆရာဟန်”
ဝူကျောက်က ဟန်မူယဲ့ကို ဦးညွတ်သည်။
အဆင့်ငါးကျင့်ကြံသူ၏ အကြွင်းအကျန်ဝိညာဉ်သည် အချိန်ကြာမြင့်စွာ မရှိနိုင်ပေ။ သူ၏ ဝိညာဉ်က ဖြည်းဖြည်းချင်း ပျောက်ဆုံးသွားလိမ့်မည်။
“ကောင်လေးဟန်၊ သူ့ဝိညာဉ်က အတော်လေး သန့်စင်တယ်။ အသုံးပြုလို့ရတယ်”
အသံတစ်သံ ပေါ်ထွက်လာသည်။
ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။
ဝူကျောက်၏ အကြွင်းအကျန်ဝိညာဉ်က မှိန်ဖျော့နေသည်။ သူက မျက်လုံးဖွင့်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
“ဆရာဟန်၊ ကျွန်တော်က ကူညီပေးနိုင်ရင် တွန့်ဆုတ်နေမှာမဟုတ်ပါဘူး”
ဟန်မူယဲ့က ခေါင်းခါသည်။
ဝူကျောက်က စိုးရိမ်စွာပြောသည်။
“ဆရာဟန်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ဝိညာဉ်က အသုံးမဝင်တော့ပါဘူး။ တကယ်လို့ ဆရာဟန်ကို ကူညီပေးနိုင်မယ်ဆိုရင် ကျွန်တော်က ဆန္ဒရှိပါတယ်”
သူ့ဝိညာဉ်က တုန်ခါနေသည်။
“ကောင်လေးဟန်၊ သူ့ကို ကူညီလိုက်ပါ့လား”
ခေးအော့၏အသံ ပေါ်ထွက်လာသည်။
ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးပြောသည်။
“သူ့ဝိညာဉ်က အရမ်းအားနည်းတယ်။ သူက ဆန္ဒရှိတယ်ဆိုရင်တောင် ....”
“ငါက သူ့ဝိညာဉ်ကို အားဖြည့်ပေးနိုင်တယ်”
ခေးအော့က ဖမ်းစားနိုင်သောအသံဖြင့် ပြောသည်။
ရွှေရောင်ငှက်က ဟန်မူယဲ့၏ပခုံးပေါ်သို့ ရောက်လာပြီး ညင်သာစွာ တောင်ပံခတ်လိုက်သည်။
ဘေးတွင်ရှိနေသော ဓာတ်စင်ငါးပါးမီးပြင်းဖိုကလည်း ညင်သာစွာ တုန်ခါသွားသည်။
ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး ဝူကျောက်ကို ကြည့်သည်။
ဝူကျောက်၏ မျက်လုံးထဲတွင် မျှော်လင့်ချက်များကို မြင်ရသည်။
“ကောင်းပြီ”
နောက်ဆုံးတွင် ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။
“ဘုန်း”
ရုပ်သေးရုပ်တစ်ရုပ် ပေါ်ထွက်လာသည်။
ထိုရုပ်သေးရုပ်သည် လူသားနှင့်ဆင်တူပြီး ချပ်ဝတ်ကို ဝတ်ဆင်လျက် ဖြောင့်မတ်စွာ ရပ်နေသည်။
ရုပ်သေးရုပ်မှ ပေါ်ထွက်လာသော ပြင်းထန်သည့်စွမ်းအားသည် ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။
ခေးအော့၏ ပုတီးစေ့က ရှေ့ထွက်လာသည်။ ထို့နောက် ရွှေအလင်းကို ထုတ်လွှတ်၍ ဝူကျောက်၏ဝိညာဉ်ကို လွှမ်းခြုံသည်။
“အား”
အကြွင်းအကျန်ဝိညာဉ်က ရွှေအလင်းနှင့် ထိတွေ့သွားသောအခါ နာကျင်စွာ အော်ဟစ်လိုက်သည်။
ဝူကျောက်၏ ဝိညာဉ်က လျင်မြန်စွာ မှိန်ဖျော့လာပြီး ရွှေအလင်းနှင့် ပေါင်းစပ်သွားသည်။
ခေးအော့က အဆင့်ငါးကျင့်ကြံသူ၏ ဝိညာဉ်အား ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်ရန် အားသုံး၍ အဆင့်မြှင့်ပေးနေသည်။
ထိုဖြစ်ရပ်သည် လေမှုတ်လိုက်သော ပူဖောင်းတစ်ခုနှင့် ဆင်တူပြီး ဝူကျောက်၏ ဝိညာဉ်ကို တစ်လွှာပြီးတစ်လွှာ ဖောင်းကြွလာစေသည်။
နာကျင်သော အော်ဟစ်သံများသည် အခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။
ဝိညာဉ်စွမ်းအင်ကို စတင်ထည့်သွင်းလိုက်သောအခါ နောက်ပြန်လှည့်ရန် လမ်းမရှိတော့ပေ။
“ဝူကျောက်၊ သည်းမခံနိုင်ရင် လက်လျော့လိုက်လို့ရတယ်”
ဟန်မူယဲ့က ညင်သာစွာပြောသည်။
ဝူကျောက်က သူ၏ နောက်လိုက်တစ်ယောက် ဖြစ်နေသော်လည်း အကျိုးအမြတ်များကို သိပ်မခံစားရသေးပေ။
“ဆရာဟန်၊ ဒီစွမ်းအားတွေ .... ကျွန်တော်က ဘယ်လိုလုပ်ပြီး လက်လျော့နိုင်မှာလဲ ....”
ဝူကျောက်၏အသံက တုန်ခါနေသည်။
သို့သော် ပြတ်သားသည်။
သူက လက်လျော့မည်မဟုတ်ပေ။
ဝိညာဉ်စွမ်းအားထည့်သွင်းခြင်းသည် အလွန်နာကျင်ရသော်လည်း သူ့ကို သန်မာလာစေသည်။
သုံးရက်ကုန်ဆုံးသွားသည်။ ခေးအော့၏ ပုတီးစေ့က အနည်းငယ် ပင်ပန်းနေပြီး နောက်ဆုတ်လာသည်။
“သေစမ်း၊ ငါအားနည်းနေပြီ”
ခေးအော့က ရေရွတ်သည်။
“ကျွန်တော့်ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အတွက် အကြီးအကဲကို ကျေးဇူးတင်ပါတယ်”
ယခုအချိန်တွင် အပြည့်အဝ ထင်ရှားနေသော ဝူကျောက်၏ နတ်ဘုရားဝိညာဉ်က ဦးညွတ်လိုက်သည်။
ထို့နောက် သူက ဘေးတွင်ရပ်နေသော ရုပ်သေးရုပ်ကို တောက်ပနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
စကားဆက်ပြောနေရန် မလိုတော့ပေ။
ဝူကျောက်၏ နတ်ဘုရားဝိညာဉ်က ရှေ့တက်လာပြီး ရုပ်သေးရုပ်နှင့် ပေါင်းစပ်သွားသည်။
“ဝီ”
ရုပ်သေးရုပ်က တုန်ခါသံကို ထုတ်လွှတ်သည်။
ရုပ်သေးရုပ်၏ ခန္ဓာကိုယ်က တုန်ခါနေပြီး ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။
ထို့နောက် လက်သီးဆုပ်သည်။
“ဘုန်း”
ပေါက်ကွဲသံတစ်ချက် ပေါ်ထွက်လာသည်။
ယခုအချိန်တွင် ဝူကျောက်က ရုပ်သေးရုပ်နှင့် ပေါင်းစပ်သွားသည်။
ဝူကျောက်၏ ဝိညာဉ်နှင့် ပေါင်းစပ်ထားသော ရုပ်သေးရုပ်သည် စကြဝဠာတစ်ဝက်အဆင့်တွင် ရှိနေသည်။
ထို့အပြင် ထိုရုပ်သေးရုပ်က ဇီဝရုပ်သေးရုပ်ဖြစ်ပြီး လူသားနှင့် မကွဲပြားပေ။
“ဘယ်လိုခံစားရလဲ”
ဟန်မူယဲ့က ဝူကျောက်ကိုကြည့်လိုက်ပြီး မေးသည်။
ဝူကျောက်က ခေါင်းညိတ်လိုက်ပြီး ဖြည်းဖြည်းချင်း ဒူးထောက်သည်။
“ကျွန်တော့်ရဲ့ အရာအားလုံးကို ဆရာဟန်က ပိုင်ပါတယ်”
အမှန်ပင်ဖြစ်သည်။ ဟန်မူယဲ့သာမရှိလျှင် သူက သေဆုံးသွားလိမ့်မည်။
သူ၏ ရုပ်ခန္ဓာအသစ်က အလွန်တန်ဖိုးရှိကြောင်း ဝူကျောက်က နားလည်သည်။
ဤရုပ်သေးရုပ်သည် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များကို လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးနိုင်ပြီး အလွန်အားကောင်းသော တည်ရှိမှုမျိုး ဖြစ်သည်။
ဝူကျောက်က ဝမ်ကျင်းမြို့တွင် နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့သောကြောင့် ပန်းပဲပညာရှင်အစည်းအရုံးနှင့် ရင်းနှီးနေသည်။
ပင်မအကြီးအကဲများကပင် ဤရုပ်သေးရုပ်မျိုးကို ဖန်တီးနိုင်မည်မဟုတ်ပေ။
ဟန်မူယဲ့က ဝူကျောက်၏ပခုံးကို ပုတ်ပေးလိုက်သည်။
“ငါက ဒီရုပ်သေးရုပ်ရဲ့ အသန်မာဆုံး တိုက်ခိုက်နိုင်စွမ်းကို မြင်ချင်တယ်”
ထိုသို့ဖြင့် သူက လှည့်ထွက်သွားသည်။
ဝူကျောက်၏ဝိညာဉ်က ရုပ်သေးရုပ်နှင့် ပေါင်းစပ်သွားသောကြောင့် သူက စိတ်ပူနေရန် မလိုတော့ပေ။
သူသန့်စင်ထားသော ရုပ်သေးရုပ်၏ခွန်အားကို ကြည့်ရှုရန် ဝူကျောက်၏အားထုတ်မှုကို လိုအပ်နေသည်။
“ဟုတ်ကဲ့ပါ”
ဝူကျောက်က ဟန်မူယဲ့၏နောက်ကျောကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း မတ်တပ်ရပ်၍ အခန်းထဲမှ ထွက်လာသည်။
သူက ခြေလှမ်းအနည်းငယ်အကွာတွင် တစ်ခုခုကို မှတ်မိသွားပြီး တခြားအခန်းဆီသို့ ဦးတည်လိုက်သည်။
“ဘန်း”
သူက တံခါးကို ကန်ဖွင့်လိုက်သည်။ အခန်းထဲမှ အံ့အားသင့်နေသောအသံကို ကြားနိုင်သည်။
“ဘယ်သူလဲ”
အထိတ်တလန့်ဖြစ်နေသော ဝမ်ယုယောင်က အခန်းထဲသို့ဝင်လာသော ဝူကျောက်ကို ကြည့်လိုက်သည်။
သူမက အသစ်ဖြစ်နေသော ဝူကျောက်ကို မမှတ်မိပေ။
“နင်က ဘယ်သူလဲ”
ဝူကျောက်၏ မျက်လုံးများက ရွှေရောင်သန်းနေသည်။
“ခဏနေရင် သိသွားမှာပါ”
ဝူကျောက်က လက်မြှောက်ပြီး ဝမ်ယုယောင်၏လည်ပင်းကို ဆုပ်ကိုင်သည်။
“ဗြိ”
သူမ၏ အဝတ်များက ဆုတ်ဖြဲခံလိုက်ရသည်။
အခန်းထဲတွင် အသနားခံနေသောအသံကို ကြားနိုင်သည်။
“စိတ်လျော့ထားပါ။ ငါက မင်းကို စိတ်မဝင်စားဘူး”
“ဒီခန္ဓာကိုယ်ကို ကောင်းကောင်းထိန်းချုပ်ကြည့်ချင်ရုံပဲ”
“မင်းကို ကျေးဇူးတင်ရမယ်”
“မဟုတ်ရင် ငါက တစ်ချက်တည်းနဲ့ ဒီလိုမျိုး သန်မာတဲ့လူတစ်ယောက် ဖြစ်လာမှာလဲ”
“မင်းက သေချာခံစားကြည့်ရမယ်။ ဒီခန္ဓာကိုယ်နဲ့ ပထမဆုံးအကြိမ်ပဲ”
ဆယ့်ငါးမိနစ်အကြာတွင် ဝူကျောက်က အခန်းထဲမှ ထွက်လာသည်။ သူက မျက်လုံးများ အသက်မဲ့နေပြီး ဖရိုဖရဲဖြစ်နေသော ဝမ်ယုယောင်ကို ဆွဲထုတ်လာသည်။
“ဘုန်း”
သူက ပြင်းထန်သော တိုက်ခိုက်လိုစိတ်ကို ထုတ်လွှတ်လိုက်သည်။
ထို့နောက် တစ်ချက်လှုပ်ရှားပြီး ဝမ်မိသားစုဆီသို့ ဦးတည်လိုက်သည်။
ထိုနေရာတွင် တိုက်ပွဲစတင်တော့မည်။
သူက လုံလောက်သော တန်ဖိုးကို ပြသပေးရမည်။
ယနေ့တွင် သွေးများစီးဆင်းသွားအောင် သတ်ဖြတ်မည်။